ကားတိုက်မှာပူပင်စရာမလိုတဲ့မြို့

0
2077
photo internet

ခေတ်မီတိုးတက်လာနေတဲ့အခုလိုအချိန်တွေမှာ စပိန်နိုင်ငံက အဲဒီမြို့လေးကတော့ ကားတွေမတွေ့ရတဲ့အတွက် အံ့အားသင့်စရာဖြစ်နေခဲ့ပါတယ်။အလည်အပတ် သွားလာကြတဲ့သူတွေအားလုံးအတွက် တချို့ကတော့ ကားမရှိတာဟာ ကောင်းတယ်လို့ဆိုနိုင်ကြပေမယ့်၊တချို့ကတော့ ပင်ပန်းတဲ့ဒဏ်ကို တတ်နိုင်သလောက် ချိုးနှိမ်ပြီး ၊ ဘယ်သွားသွား ကားလေးနဲ့မှ အဆင်ပြေပြေ ဖြစ်အောင်သွားလာနိုင်မယ်လို့တွေးထားကြသူများအဖို့တော့ အခက်အခဲတော့ရှိနေမယ်လို့ထင်မိပါတယ်။ နာမည်ကျော်လူသိများတဲ့ဒီနေရာကိုတော့ စိတ်ဝင်စားစွာလာရောက်ကြတဲ့သူတွေပိုများလာတယ်လို့ သိရပါတယ်။

photo internet

မြို့အတွင်းမှာကားတွေမောင်းတာမတွေ့ရလေတော့ လမ်းလျှောက်သွားလာကြသူအများစုဟာ ကားပွတ်သွားမှာတော့ မကြောက်ရတော့ဘူးလို့ပြောလို့ရနေတာဟာ အဆင်ပြေနေပါတယ်လို့ပြောချင်ပါတယ်။
ခေတ်မီတိုးတက်နေတဲ့ ခေတ်ကိုရောက်ရှိနေချိန်မှာ ကားမရှိတဲ့မြို့ကိုရောက်တဲ့ အခါမျက်စိထဲမှာလည်းရှင်းလင်းနေပြီး၊ကားတွေမတွေ့ရတဲ့အတွက် ဟာနေသလိုပဲခံစားနေရမှာဖြစ်ပါတယ်။ မြို့တွင်းကားမောင်းခွင့်ကိုပိတ်ထားတာဟာ ကားကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ထုတ်လွှတ်တာတွေကြောင့် သဘာဝပတ်ဝန်းကျင် ကိုပါ ပျက်စီးစေတာကြောင့် ကန့်သတ်ပိတ်ပင်ထားတာဖြစ်ပါတယ်။

photo internet

လူဦးရေထူထပ်လာတာနဲ့ အမျှ စွန့်ပစ်ပစ္စည်းတွေကြောင့် ဂေဟစနစ်ကိုလည်း ပျက်စီးလာတာတွေ ရှိနေပါတယ်
ဒီအဖြစ်တွေကိုကျော်ဖြတ်ဖို့နည်းကတော့ လောင်စာဆီသုံးစက်သုံးယာဉ်တွေအစား လျှပ်စစ်ကားတွေအစားထိုး မောင်းနှင်ဖို့အတွက် နည်းပညာတွေနဲ့ အချိန်တွေဟာကြာဦးမယ်ဆိုပေမယ့်၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့လျှော့ချရေးအတွက်ကတော့ လုပ်ဆောင်ရပါမယ် ။
ကောင်းတဲ့ဘက်ကတွေးလိုက်ရင်တော့ လေထုညစ်ညမ်းတဲ့ဒဏ်ကနေကင်းစေရုံမကဘဲ ဟွန်းသံကင်းမဲ့ဇုန်အဖြစ်လည်း သတ်သတ် စည်းကမ်းထုတ်စရာမလိုတော့လောက်အောင်ဖြစ်နေပါတယ်။

photo internet

အမှန်တကယ်ဆို စပိန်နိုင်ငံရဲ့ ပြည်နယ်မြို့တော်ဖြစ်လာခဲ့ပြီးတဲ့အချိန်တစ်ခုမှာတော့ ကားမောင်းခွင့် ပြုထားခဲ့တာမှာ နေ့စဉ်သွားလာနေကြတဲ့ ကားတွေဟာ ၂၇၀၀၀လောက်ရှိခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကားကြပ်တာ၊ လမ်းပိတ်တာ၊ ဆူညံသံတွေအပြင် လေထူညစ်ညမ်းမှုတွေပါ များပြားလာတာကြောင့် မြို့ထဲကားမောင်းခွင့် ကို ပိတ်ပင်ထားတာဖြစ်ပါတယ်။ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ Capelia die Peregrinna ခရစ်ယာန်ဘုရားကျောင်းဟာဆိုရင်လည်း ဥရောပရဲ့ နာမည်ကျော် Baroqueနဲ့Neoclassica ဗိသုကာလက်ရာတွေ အတိုင်း တည်ဆောက်ခဲ့တာဖြစ်ပြီး၊ သာသနာ့နယ်မြေ သင်္ကေတတစ်ခုလည်းဖြစ်ပြီး၊ လာရောက်လေ့လာသူဘုရားဖူုးတွေလည်း များပြားလာပြီး၊ ဘုရားကျောင်းမအပေါ်ဆုံးအထိတက်ရောက်ကာ မြို့ရဲ့ ရှုခင်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

photo internet

(Zawgyi Version)




