မြေးတို့အတွက်ကျောင်းကားဝယ်ပေးခဲ့တဲ့အဘိုး

0
841
photo internet

အဘိုးတွေဟာမြေးတွေနဲ့နေရရင်ပျော်နေကြတယ်ဆိုတာ အခုပြောပြပေးမယ့်အကြောင်းအရာလေးကို ဖတ်ကြည့်လိုက်တာ နဲ့သိသာပါတယ်။မိတ်ဆွေတို့ရောကိုယ်ရဲ့မြေးတွေမြစ်တွေအတွက်ဆိုအကောင်းဆုံးနဲ့အဆင်ပြေမယ့်အရာတွေကိုပဲလုပ်ပေးချင်ကြတာမဟုတ်ပါလား။အခုလည်းအဘိုးဖြစ်သူ ဟာရက်စ်ဟာပြီးခဲ့တဲ့ခရစ်စမတ်နေ့တုန်းကသူ့ရဲ့မြေးတွေကို မနက်တိုင်းကျောင်းပို့၊ကျောင်းကြိုလုပ်ပေးချင်တာကြောင့်ကျောင်းကားကြီးတစ်စင်းဝယ်ယူပြီးမိသားစုဝင်တွေကိုပျော်ရွှင်စေခဲ့ပါတယ်။ကလေးတွေပြောပြောနေတဲ့ကျောင်းသွားဖို့ကျောင်းကားကြီးတစ်စီးလောက်ရှိရင်ကောင်းမယ်လို့အမြဲတမ်းပြောနေတာကြောင့်အခုလို အမှတ်တရဖြစ်အောင်လုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

photo internet

မြေးတို့ရဲ့ဘိုးဘိုးဟာရက်စ်ရဲ့ စေတနာမေတ္တာတွေကို မြင်လိုက်ရတဲ့ ကလေးတွေနဲ့မိသားစုဝင်အားလုံးဟာ အပျော်တစ်ပိုင်းနဲ့ ဖြစ်ခဲ့ပြီး၊ သူတို့လေးတွေရဲ့ဆန္ဒတွေပြည့်ဝခဲ့ကြလို့ပျော်နေကြတာမြင်ရပါတယ်။သူတို့ဆီက ကျောင်းကားဆိုတော့ အရောင်ကဝါဝါ ဖြစ်ကာ ကားဘေးမှာလည်း Grandfather Expressလို့ ရေးပြီးဆေးခြယ်ထားတာကိုလည်းကလေးတွေကသဘောကျနေကြတာကိုတွေ့ရပါတယ်။ အဘိုးဟာရက်စ်ရဲ့မြေး ၅ယောက်ဟာ ပုဂ္ဂလိကကျောင်းမှာတက်နေကြတာဖြစ်ကြောင်းသိရပါတယ်။အဲဒီမြေးတွေကို တစ်နေ့တစ်နေ့ ကျောင်းကိုအသွားအပြန်ကြိုပို့ရတာဟာမလွယ်လွန်းတာကြောင့်လည်းကျောင်းကားတစ်စီးဝယ်ဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါ တယ်။

photo internet

ကျန်နေတဲ့မြေးတွေက ကျောင်းမတက်ကြသေးပေမယ့်လည်း၊သူတို့ပါတက်ကြပြီဆိုရင် အဆင်ပြေသွားအောင်လို့ိဆိုတဲ့ အတွေးပလန်နဲ့စဉ်းစားပြီးဝယ်ယူခဲ့တာဖြစ်ပါတယ်။မြေးတွေရဲ့တောင့်တနေတာလည်းပြည့်ပြီး၊အဘိုးဖြစ်သူတစ်ယောက်လည်း မြေးအားလုံးကို ကျောင်းကားကြီးနဲ့တစ်စုတစ်ဝေးတည်းလိုက်ပို့နိုင်တာကြောင့် ပျော်ရွှင်နေကြပါတယ်။ အမှန်ဆိုရင် အဘိုးဖြစ်သူနေတဲ့အိမ်နဲ့မြေးတွေရဲ့အိမ်ဟာမိနစ်၂၀လောက်တော့မောင်းရတယ်လို့ဆိုပါတယ်။အဘိုးအိမ်နဲ့မြေးတွေတက်နေတဲ့ကျောင်းကတော့ ၂မိုင်၊၃မိုင်လောက်ဝေးကြောင်းသိရပါတယ်။

photo internet

အဘိုးဟာမြေးတွေနဲ့စကားပြောရင်းကျောင်းလိုက်ပို့နေရတာကိုပဲပျော်နေသူဖြစ်ပါတယ်။ ခရစ္စမတ်လက်ဆောင် အဖြစ်သူတို့လေးတွေရလိုက်တဲ့ အရာဟာ သူတို့လေးတွေအရမ်းလိုချင်နေတဲ့အရာဖြစ်နေတာကြောင့်ပျော်မဆုံး နိုင်ဖြစ်နေကြတဲ့ကလေးတွေအနေနဲ့ ဆန်တာဘိုးဘိုးဟာရက်စ်က တန်ဖိုးဖြတ်မရတဲ့လက်ဆောင်အကြီးကြီး ကိုပေးလိုက်တာလို့ပဲ သူတို့စိတ်ထဲ စွဲထင်နေကြပြီးအရမ်းကိုပျော်ရွှင်နေကြလိမ့်မယ်လို့ထင်ပါတယ်။

photo internet

(Zawgyi Version)

ေျမးတို႔အတြက္ေက်ာင္းကားဝယ္ေပးခဲ့တဲ့အဘိုး

အဘိုးေတြဟာေျမးေတြနဲ႔ေနရရင္ေပ်ာ္ေနၾကတယ္ဆိုတာ အခုေျပာျပေပးမယ့္အေၾကာင္းအရာေလးကို ဖတ္ၾကည့္လိုက္တာနဲ႔သိသာပါတယ္။မိတ္ေဆြတို႔ေရာကုိယ္ရဲ႕ေျမးေတြျမစ္ေတြအတြက္ဆိုအေကာင္းဆံုးနဲ႔အဆင္ေျပမယ့္အရာေတြကိုပဲလုပ္ေပးခ်င္ၾကတာမဟုတ္ပါလား။အခုလည္းအဘိုးျဖစ္သူ ဟာရက္စ္ဟာၿပီးခဲ့တဲ့ခရစ္စမတ္ေန႔တုန္းကသူ႔ရဲ႕ေျမးေတြကိုမနက္တိုင္းေက်ာင္းပို႔၊ေက်ာင္းႀကိဳလုပ္ေပးခ်င္တာေၾကာင့္ေက်ာင္းကားႀကီးတစ္စင္းဝယ္ယူၿပီးမိသားစုဝင္ေတြကိုေပ်ာ္ရႊင္ေစခဲ့ပါတယ္။ကေလးေတြေျပာေျပာေနတဲ့ေက်ာင္းသြားဖို႔ေက်ာင္းကားႀကီးတစ္စီးေလာက္႐ွိရင္ေကာင္းမယ္လို႔အျမဲတမ္းေျပာေနတာေၾကာင့္အခုလို အမွတ္တရျဖစ္ေအာင္လုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ေျမးတို႔ရဲ႕ဘိုးဘိုးဟာရက္စ္ရဲ႕ ေစတနာေမတၱာေတြကို ျမင္လိုက္ရတဲ့ ကေလးေတြနဲ႔မိသားစုဝင္အားလံုးဟာ အေပ်ာ္တစ္ပိုင္းနဲ႔ ျဖစ္ခဲ့ၿပီး၊ သူတို႔ေလးေတြရဲ႕ဆႏၵေတြျပည့္ဝခဲ့ၾကလို႔ေပ်ာ္ေနၾကတာျမင္ရပါတယ္။သူတို႔ဆီကေက်ာင္းကားဆိုေတာ့ အေရာင္ကဝါဝါ ျဖစ္ကာ ကားေဘးမွာလည္း Grandfather Expressလို႔ေရးၿပီးေဆးျခယ္ထားတာကိုလည္းကေလးေတြကသေဘာက်ေနၾကတာကိုေတြ႔ရပါတယ္။ အဘိုးဟာရက္စ္ရဲ႕ေျမး၅ေယာက္ဟာ ပုဂၢလိကေက်ာင္းမွာတက္ေနၾကတာျဖစ္ေၾကာင္းသိရပါတယ္။အဲဒီေျမးေတြကို တစ္ေန႔တစ္ေန႔ ေက်ာင္းကိုအသြားအျပန္ႀကိဳပို႔ရတာဟာမလြယ္လြန္းတာေၾကာင့္လည္းေက်ာင္းကားတစ္စီးဝယ္ဖို႔ဆံုးျဖတ္ခဲ့တာပဲျဖစ္ပါတယ္။

က်န္ေနတဲ့ေျမးေတြက ေက်ာင္းမတက္ၾကေသးေပမယ့္လည္း၊သူတို႔ပါတက္ၾကၿပီဆိုရင္ အဆင္ေျပသြားေအာင္လို႔ိဆိုတဲ့အေတြးပလန္နဲ႔စဥ္းစားၿပီးဝယ္ယူခဲ့တာျဖစ္ပါတယ္။ေျမးေတြရဲ႕ေတာင့္တေနတာလည္းျပည့္ၿပီး၊အဘိုးျဖစ္သူတစ္ေယာက္လည္း ေျမးအားလံုးကို ေက်ာင္းကားႀကီးနဲ႔တစ္စုတစ္ေဝးတည္းလိုက္ပို႔ႏိုင္တာေၾကာင့္ ေပ်ာ္ရႊင္ေနၾကပါတယ္။ အမွန္ဆိုရင္ အဘိုးျဖစ္သူေနတဲ့အိမ္နဲ႔ေျမးေတြရဲ႕အိမ္ဟာမိနစ္၂၀ေလာက္ေတာ့ေမာင္းရတယ္လို႔ဆိုပါတယ္။အဘိုးအိမ္နဲ႔ေျမးေတြတက္ေနတဲ့ေက်ာင္းကေတာ့ ၂မိုင္၊၃မိုင္ေလာက္ေဝးေၾကာင္းသိရပါတယ္။

အဘိုးဟာေျမးေတြနဲ႔စကားေျပာရင္းေက်ာင္းလိုက္ပို႔ေနရတာကိုပဲေပ်ာ္ေနသူျဖစ္ပါတယ္။ ခရစၥမတ္လက္ေဆာင္အျဖစ္သူတို႔ေလးေတြရလိုက္တဲ့ အရာဟာ သူတို႔ေလးေတြအရမ္းလိုခ်င္ေနတဲ့အရာျဖစ္ေနတာေၾကာင့္ေပ်ာ္မဆံုးႏိုင္ျဖစ္ေနၾကတဲ့ကေလးေတြအေနနဲ႔ ဆန္တာဘိုးဘိုးဟာရက္စ္က တန္ဖိုးျဖတ္မရတဲ့လက္ေဆာင္အႀကီးႀကီးကိုေပးလိုက္တာလို႔ပဲ သူတို႔စိတ္ထဲ စြဲထင္ေနၾကၿပီးအရမ္းကိုေပ်ာ္ရႊင္ေနၾကလိမ့္မယ္လို႔ထင္ပါတယ္။