တစ်နှစ်ကို ဝင်ငွေ ပေါင်တစ်သောင်းသုံးထောင်ရရှိနေတဲ့ စီးပွားရေးသမားကလေး

0
2147
photo internet

ကလေးတွေဆိုပေမယ့်လည်းသူတို့လုပ်ချင်နေတာလေးတွေနဲ့ လုပ်နိုင်တဲ့ အင်အားလေးတွေကို တတ်နိုင်သလောက် ဘေးကနေ ဝိုင်းဝန်းပြီး၊ ကြည့်ရှုစောင့်ရှောက်ထိန်းသိမ်းပေးကြတာဟာ ကလေးတွေအတွက် အားတစ်ခုဖြစ်စေတာအမှန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးဆိုတိုင်းလည်း အထင်သေးလို့မရသလို၊ လူကြီးတွေအတွက် သေးငယ်တဲ့အလုပ်တစ်ခုဖြစ်ပေမယ့်၊ကလေးတွေအတွက် တော့ သင့်တင့်တဲ့အလုပ်တစ်ခုအနေနဲ့ မလေးမစားတော့ သူတို့ကို မလုပ်သင့်ပါဘူးလို့ပြောချင်ပါတယ်။

photo internet

သူတို့လုပ်ချင်တာလေးတွေကို ဝိုင်းပြီးအားပေးနိုင်ပါမှ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို အလေးထား တယ်ဆိုတာသိရ တဲ့အတွက် သူတို့လေးတွေခမျာမှာလည်း ပိုပြီးကြိုးစား လုပ်ဆောင်ချင်တဲ့ သဘောထားလေးတွေဟာ ထက်မြက်လာမယ်ဆိုတာကို သတိထားသင့်ပါတယ်လို့ပြောချင်ပါတယ်။ ကလေးဆိုတိုင်း အထင်မသေးသင့်တဲ့အထဲမှာ အသက်၈နှစ်အရွယ်ကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ Junior Wyattဆိုတဲ့ စွန့်ဦးတီထွင်လိုစိတ်ရှိတဲ့ ကလေးတစ်ယောက်ဟာ ရိုးရိုးသားသားလုပ်ကိုင်ပြီး ချမ်းသာလာမယ့်နည်းနဲ့ အောင်မြင်အောင်ကြိုးစားလိုသူဖြစ်ပါတယ်။ သူ့အသက်၇နှစ်သားလောက်ကတည်းက သန်းကြွယ်သူဌေးကြီးများ အကြောင်းတွေကို ရုပ်သံအစီအစဉ်တွေမှာထုတ်လွှင့်ပြသခဲ့တာတွေကို မလွတ်တ မ်းကြည့်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

photo internet

ဒီလိုမျိုးတွေကို အမြဲတမ်းကြည့်ရှုခဲ့တဲ့ဂျူနီယာလေးဟာ အရွယ်နဲ့မလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုဟာ သူ့ကို အားပေးအားမြှောက်ဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ အမှန်ဆိုဒီကလေးလေးကလည်း ချမ်းသာတဲ့ ကလေးဖြစ်ချင်ခဲ့တာပဲဖြစ်ပါတယ်။ တချို့ကလေးတွေကိုလည်း ဒီအရွယ်မှာ ဘာလုပ်ချင်လဲ၊ဘာဖြစ်ချင်လဲ လို့မေးလိုက်ရင် ချမ်းသာချင်တာပေါ့ဆိုတဲ့ အဖြေကို ပဲဖြေကြမယ်ဆိုတာတော့ သိထားစေချင်ပါတယ်။ အဲဒီလိုမျိုးတွေကြောင့်အခုဆို လက်တွေ့အလုပ်လုပ်တဲ့Wyattဟာ တစ်နှစ်ကို ပေါင်တစ်သောင်းသုံးထောင်ရနေပြီဆို တာဟာ အံ့သြစရာတွေဖြစ်ခဲ့ရပါတယ်။

photo internet

သူတို့ရဲ့ငွေဟာ လက်ရှိပေါက်ဈေးနဲ့တွက်ကြည့်လိုက်မယ်ဆိုရင် ၁ပေါင်ကို ၁၇၅၀ကျပ်နဲ့ စုစုပေါင်း ၂၂၇သိန်းကျော်နေပြီဖြစ်ပါတယ်။ တကယ်ဆို ဗြိတိန်အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ သာမန်လုပ်ခလစာကို ကောင်းစွာယှဉ်နိုင်တဲ့ ပမာဏဖြစ်ပါတယ်။ အလုပ်အကိုင်ကိုပြောပြရရင် ဂျူနီယာလေးဖြစ်တဲ့ သူ့ရဲ့ အလုပ်ဟာ ကြက်ဥများရောင်းချတဲ့အလုပ်ပဲဖြစ်ပါတယ်။ ဒီကောင်လေးဟာ ကြက်ဥများကို လျှော့ဈေးပုံစံမျိုးနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ကြက်ဥအလုံးပေါင်း ၇၅၀ရောင်းချနိုင်လျင် ပေါင် ၂၅၀ အထိ အိတ်ထဲကို ထည့်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အင်တာနက်မှာ အမှာစာတွေများလာ နေပြီဖြစ်တာကြောင့် မြို့အနှံ့ကိုလည်းလိုက်ပို့နိုင်နေပြီဖြစ်ပြီး၊ အမေဖြစ်သူကလည်း ကူရောင်းပေးလာ တာကြောင့် ဒီနှစ်မှာဆိုရင် ပြီးခဲ့တဲ့ နှစ်က ဝင်ငွေထက်ပိုများတဲ့ ဝင်ငွေများရနိုင်တော့မယ်လို့ သိရလို့ ဝမ်းသာ အားရဖြစ်မိပါတယ်။

photo internet

(Zawgyi Version)


