သစ္စာတရားလက်ကိုင်ထားတဲ့ တိရစ္ဆာန်များ

0
2100
photo internet

တိရစ္ဆာန်တွေအားလုံးဟာချစ်စရာကောင်းတဲ့ သတ္တဝါတွေချည်းပဲဖြစ်ပါတယ်။ ဒီချစ်စရာကောင်းတဲ့ တိရစ္ဆာန်တွေအများကြီးရှိတဲ့အထဲကမှ ပိုပြီးသစ္စာရှိတဲ့သတ္တဝါလေးတွေကတော့ ခွေးလေးတွေပဲဖြစ်ပါတယ်။ သူတို့ဟာ အိမ်လုံခြုံဖို့အတွက် နဲ့ တချို့ခွေးလေးတွေဟာဆိုရင် သက်ကြီးရွယ်အိုတွေကို စောင့်ရှောက် ကာကွယ်ဖို့အတွက် မွေးထားကြတာကို တွေ့ဖူးမြင်ဖူးကြမယ် ထင်ပါတယ်။ အဲဒါကြောင့် ချစ်စရာကောင်းတဲ့ တိရစ္ဆာန်တွေထဲကမှ ခွေးလေးတွေဟာလည်း သူတို့ကို လက်ပွန်းတတီးနေပြီး၊ ဂရုစိုက်ပေးတဲ့ သခင်ဖြစ်သူကို ပိုပြီး အနီးကပ်နေတတ်ကြတာမျိုးကိုမှ ကြိုက်နှစ်သက်ကြတာကို အားလုံးလည်း သတိထားမိမယ်လို့ထင်ပါတယ်။

photo internet

အသက်ရှင်နေစဉ်မှာအတူနေထိုင်ခဲ့တဲ့ မိသားစုဝင်များနဲ့ လက်ပွန်းတတီးနေကြတဲ့ ခွေးလေးများရဲ့ သစ္စာရှိမှုသမိုင်းဟာလည်း အများကြီးရှိနေတာကို ပြောပြချင်ပါတယ်။ တချို့အကောင်လေးတွေဆိုရင် သူတို့ရဲ့ သခင်ဖြစ်သူနဲ့ ဆော့နေကြအချိန်တိုင်းဆော့ရမှ ပြေးနေကြတိုင်း ပြေးရမှ လမ်းလျှောက် နေကြအတိုင်း လျှောက်ရမှဆိုတဲ့ နေ့စဉ်လုပ်နေကြအတိုင်း လုပ်မြဲလုပ်လျက်ရှိနေကြတာကို မှတ်ထားတာလေးတွေဟာ သူတို့သခင်တွေမရှိတဲ့အချိန်တစ်ခုမှာဆို လုပ်နေကြ အလုပ်တွေကို မလုပ်ရတဲ့အတွက် သူတို့ခမျာ နေမထိထိုင်မသာဖြစ်တတ်ကြတယ်ဆိုတာကို အပြင်မှာရော၊တကယ့် လက်တွေ့မှာပါမြင်တွေ့ဖူးကြလိမ့်မယ် လို့ပြောချင်ပါတယ်။

photo internet

တကယ်ဆို သူတို့တွေရဲ့သစ္စာရှိမှုကိုပြောရမယ်ဆိုရင်သူတို့ရဲ့နောက်ဆုံးအသက်ထွက်ချိန် အထိမှာေ တာင်သူတို့နဲ့ အနီးကပ် နေထိုင်ဆော့ကစားနေကြဖြစ်တဲ့သူကို အနားမှာအတူရှိနေပေးပြီး၊ ယုယမှု၊ ပွတ်သပ်ပေးမှုလေးတွေဟာ သူတို့အတွက်လိုအပ်နေတာကတော့ အသက်ထွက်သည့် တိုင်အောင် ပဲဖြစ်ပါတယ်။

photo internet

ဂျာမန်ခွေးအမျိုးအစားလေးဖြစ်တဲ့ Kostya ခွေးလေးတစ်ကောင်ဟာ အဝေးပြေး လမ်းမကြီး ဘေးတစ်လျှောက်မှာနေပြီး၊ ဖြတ်သွားသမျှကားအားလုံးနောက်ကို ပြေးလိုက်သွားလိုက် နားလိုက် လုပ်နေတာဟာ နေ့တိုင်းဖြစ်နေတာကြောင့် သတိထားမိသွားတဲ့ လူတစ်ယောက်က ဒီခွေးလေးရဲ့ ဖြစ်စဉ်ကိုသိသွားခဲ့ပါတယ်။သူ့ကိုဘယ်လိုပဲခေါ်ခေါ်သူလုပ်နေကြအတိုင်းကားနောက်ပြေးလိုက်တဲ့အလုပ်ပဲလုပ်နေတာမြင်ရတဲ့သူတိုင်းဟာ စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ကြပါတယ်။ ဖြစ်ပုံကတော့ ခွေးလေးရဲ့သခင်ဖြစ်သူနဲ့သမီးဖြစ်သူဟာ ကားအက်ဆီးဒင့်ဖြစ်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြတာမှာ သူပဲအသက်ရှင်ကျန်ခဲ့တာကြောင့် အခုလိုမျိုး လာတဲ့ ကားတွေ နောက်ပြေးလိုက်နေတဲ့အလုပ်ကို မမောနိုင် မပန်းနိုင် လုပ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ ၇နှစ်ကြာမှာဘယ်သူမှမတွေ့ကြတော့တဲ့ အတွက် ရင်ထဲမှာဟာနေသလိုဖြစ် နေခဲ့ရာမှ တောထဲမှာသေဆုံးနေတာ တွေ့ကြတာကြောင့်ခွေးချစ်သူများရဲ့ကောင်းမှုနဲ့သူ့ရဲ့ရုပ်တုလေး ဖန်တီးပေးခဲ့ပါတယ်။

photo internet

နောက်တစ်ကောင်ကတော့ အမေရိကန်နိုင်ငံ မွန်တားနားပြည်နယ်မှာ နေထိုင်သူတစ်ယောက်ဟာ တစ်ရက်မှာအဖျားရှိနေတာကြောင့် ဆေးရုံသွားပြခဲ့ရာမှာ သခင်ဖြစ်သူဟာ ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံတက်နေခဲ့တဲ့အချိန်တွင်းမှာလည်း သူ့သခင်ရဲ့အခန်းနားမှာတင်နေထိုင်ရင်း သခင်ဖြစ်သူသေဆုံးသွားတဲ့ အချိန်မှာအလောင်းကိုပြန်သယ်ဖို့ဖြစ်လာခဲ့ပါတယ်။ ရထားနဲ့ပြန် သယ်ဖို့ လုပ်ခဲ့တဲ့အချိန်မှာ Shepဟာလည်း သခင်နဲ့အတူလိုက်ပါဖို့ကြိုးစားနေတုန်းမှာပဲ ရထားထွက်သွားခဲ့တာ ကြောင့်သခင်ပြန်လာနိုးနဲ့ စောင့်နေခဲ့လိုက် တာမှာ ၅နှစ်လောက်ကြာတဲ့ အချိန်အထိတစ်နေ့ကို လေးကြိမ်လောက်ထိ ရထားသံလမ်းတွေပေါ်သွား လာနေရင်းတဖြည်းဖြည်းနဲ့ကြာလာတဲ့အခါ ခွေးလေးဟာ နားတွေမကောင်းတော့တာကြောင့် ရထားလာသံကို မကြားရတော့ဘဲရထားတိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့သိရတံါအတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အဲဒီခွေးလေးShepအတွက် စိတ်မကောင်းဖြစ်ကြလွန်းတာကြောင့် ခွေးလေးအတွက် ဂုဏ်ပြုကြေးရုပ်တုလေး လုပ်ထားပေးတာကို မွန်းတာနားက Fort Bentonမှာတွေ့မြင်ကြရမှာဖြစ်ပါတယ်။

photo internet

သနားစရာလေလွင့်နေတဲ့ ဖီဒိုဆိုတဲ့အကောင်လေးအကြောင်းကလည်း ရင့်နင့်စရာအဖြစ်လေးပါ။ ဒီကောင်လေးကတော့ အီတလီခွေးလေးဖြစ်ပြီး၊ သူ့ကိုနာမည်လှလှလေးပေးခဲ့တဲ့ သခင်ဖြစ်သူကို နေ့တိုင်းမျှော်နေပြီးသစ္စာစောင့် သိပြခဲ့တာကိုအသိအမှတ်ပြုပေးခဲ့ကြပါတယ်။ ဒီခွေးလေးရဲ့ ဘဝအမှန်ဟာ လမ်းဘေးမြောင်းတစ်ခုမှာပိတ် မိနေတာကြောင့် သူ့ရဲ့ သခင်ဖြစ်လာ မယ့်Carlo Soriani က လမ်းဘေး လေလွင့်နေတဲ့ ဘဝကနေ ကောက်ယူ မွေးထားခဲ့တာဖြစ်ပါတယ်။ ဖီဒိုလေးဟာ သူ့ကိုကယ်တင်စောင့်ရှောက်ထားခဲ့တဲ့ကာလိုရဲ့အနားကနေ တစ်ဖဝါးမှမခွဲဘဲရှိနေရာကနေ၁၉၄၃ခုနှစ်မှာတော့ ကာလိုဟာစက်ရုံမှာပေါက်ကွဲမှုတွေဖြစ်ပွား ခဲ့တာကြောင့် အသက်သေဆုံးခဲ့ရပါတယ်။ သခင်သေတာကိုမသိတဲ့ ဖီဒိုလေးကတော့ သခင်ပြန်လာနိုးနဲ့ မျှော်နေရင်း ၁၄နှစ်ဆိုတဲ့ အချိန်တစ်ခုကိုရောက်တဲ့တိုင် မမေ့နိုင်ဘဲ တစ်နေ့တော့ ရောက်လာနိုးဆိုပြီး၊ သူ့ကိုလမ်းဘေး ကနေကယ်တင်ပေးခဲ့ တဲ့သခင်ကို သစ္စာရှိစွာ စောင့်စားနေခဲ့တာကိုမြင်ရတဲ့ သူတိုင်းဟာ ရင်နင့်အောင်ခံစားခဲ့ကြရပါတယ်။ အလေလွင့်ခွေးတစ်ကောင်ပင်ဖြစ်ပေမယ့်လည်း ၊သူ့ကိုကောင်းမွန်တဲ့ ဘဝတစ်ခုရအောင် ကယ်တင်စောင့်ရှောက်ပေးခဲ့တဲ့ သူ့သခင်အတွက် သစ္စာတရားကို လက်ကိုင်ထားပြီး၊လက်တွေ့ပြသခဲ့တာမှာ သူလည်း ၁၄နှစ်လောက်ကြာတဲ့ အထိဖြစ်ခဲ့ ပါတယ်။ အဲဒီခွေးလေး အကြောင်းကိုှ ဇာတ်လမ်းစုံ သိကြသူတွေက စုပေါင်းပြီး၊ သူ့ရဲ့သခင် မျှော်နေတဲ့ ရုပ်တုလေးကို ထုပေးထားတာကိုမြင်ရတာဟာ ရင်ထဲကိုထိလွန်းတာကြောင့်ခံစားရပါတယ်။ မိသားစုတစ်စု မှာလူတွေဘယ်လောက်များများ တစ်ယောက်တည်းကပဲ သူတို့ကိုပိုပြီးချစ်ပြ၊ခင်ပြကာ ယုယကြင်နာပေးတဲ့ လူသာသခင်ဖြစ်တယ်လို့သတ်မှတ်ထားကြတာဟာ သူတို့လေးတွေအတွက် ခံစားမှုတွေကိုပေးလာမယ့် အချက်တွေပဲဖြစ်နေပါတော့တယ်။

photo internet

(Zawgyi Version)

သစၥာတရားလက္ကိုင္ထားတဲ့ တိရစၧာန္မ်ား

တိရစၧာန္ေတြအားလံုးဟာခ်စ္စရာေကာင္းတဲ့ သတၱ၀ါေတြခ်ည္းပဲျဖစ္ပါတယ္။ ဒီခ်စ္စရာေကာင္းတဲ့ တိရစၧာန္ေတြအမ်ားႀကီးရွိတဲ့အထဲကမွ ပိုၿပီးသစၥာရွိတဲ့သတၱ၀ါေလးေတြကေတာ့ ေခြးေလးေတြပဲျဖစ္ပါတယ္။ သူတို႔ဟာ အိမ္လံုျခံဳဖို႔အတြက္ နဲ႔ တခ်ိဳ႕ေခြးေလးေတြဟာဆိုရင္ သက္ႀကီးရြယ္အိုေတြကို ေစာင့္ေရွာက္ ကာကြယ္ဖို႔အတြက္ ေမြးထားႀကတာကို ေတြ႔ဖူးျမင္ဖူးၾကမယ္ ထင္ပါတယ္။ အဲဒါေၾကာင့္ ခ်စ္စရာေကာင္းတဲ့ တိရစၧာန္ေတြထဲကမွ ေခြးေလးေတြဟာလည္း သူတို႔ကို လက္ပြန္းတတိီးေနၿပီး၊ ဂရုစိုက္ေပးတဲ့ သခင္ျဖစ္သူကို ပိုၿပီး အနီးကပ္ေနတတ္ၾကတာမ်ိဳးကိုမွ ႀကိဳက္ႏွစ္သက္ၾကတာကို အားလံုးလည္း သတိထားမိမယ္လို႔ထင္ပါတယ္။

အသက္ရွင္ေနစဥ္မွာအတူေနထိုင္ခဲ့တဲ့ မိသားစု၀င္မ်ားနဲ႔ လက္ပြန္းတတီးေနၾကတဲ့ ေခြးေလးမ်ားရဲ႕ သစၥာရွိမႈသမိုင္းဟာလည္း အမ်ားႀကီးရွိေနတာကို ေျပာျပခ်င္ပါတယ္။ တခ်ိဳ႕အေကာင္ေလးေတြဆိုရင္ သူတို႔ရဲ႕ သခင္ျဖစ္သူနဲ႔ ေဆာ့ေနၾကအခ်ိန္တိုင္းေဆာ့ရမွ ေျပးေနၾကတိုင္း ေျပးရမွ လမ္းေလွ်ာက္ ေနၾကအတိုင္း ေလွ်ာက္ရမွဆိုတဲ့ ေန႔စဥ္လုပ္ေနၾကအတိုင္း လုပ္ၿမဲလုပ္လ်က္ရွိေနၾကတာကို မွတ္ထားတာေလးေတြဟာ သူတို႔သခင္ေတြမရွိတဲ့အခ်ိန္တစ္ခုမွာဆို လုပ္ေနၾက အလုပ္ေတြကို မလုပ္ရတဲ့အတြက္ သူတို႔ခမ်ာ ေနမထိထိုင္မသာျဖစ္တတ္ၾကတယ္ဆိုတာကို အျပင္မွာေရာ၊တကယ့္ လက္ေတြ႔မွာပါျမင္ေတြ႔ဖူးၾကလိမ့္မယ္လို႔ေျပာခ်င္ပါတယ္။

တကယ္ဆို္ သူတို႔ေတြရဲ႕သစၥာရွိမႈကိုေျပာရမယ္ဆိုရင္သူတို႔ရဲ႕ေနာက္ဆံုးအသက္ထြက္ခ်ိန္ အထိမွာေ တာင္သူတို႔နဲ႔ အနီးကပ္ ေနထိုင္ေဆာ့ကစားေနၾကျဖစ္တဲ့သူကို အနားမွာအတူရွိေနေပးၿပီး၊ ယုယမႈ၊ ပြတ္သပ္ေပးမႈေလးေတြဟာ သူတို႔အတြက္လိုအပ္ေနတာကေတာ့ အသက္ထြက္သည့္ တိုင္ေအာင္ ပဲျဖစ္ပါတယ္။

ဂ်ာမန္ေခြးအမ်ိဳးအစားေလးျဖစ္တဲ့ Kostya ေခြးေလးတစ္ေကာင္ဟာ အေ၀းေျပး လမ္းမႀကီး ေဘးတစ္ေလွ်ာက္မွာေနၿပီး၊ ျဖတ္သြားသမွ်ကားအားလံုးေနာက္ကို ေျပးလိုက္သြားလိုက္ နားလိုက္ လုပ္ေနတာဟာ ေန႔တိုင္းျဖစ္ေနတာေၾကာင့္ သတိထားမိသြားတဲ့ လူတစ္ေယာက္က ဒီေခြးေလးရဲ႕ ျဖစ္စဥ္ကိုသိသြားခဲ့ပါတယ္။သူ႔ကိုဘယ္လိုပဲေခၚေခၚသူလုပ္ေနၾကအတိုင္းကားေနာက္ေျပးလိုက္တဲ့အလုပ္ပဲလုပ္ေနတာျမင္ရတဲ့သူတိုင္းဟာ စိတ္မေကာင္းျခင္းမ်ားစြာျဖစ္ခဲ့ၾကပါတယ္။ ျဖစ္ပံုကေတာ့ ေခြးေလးရဲ႕သခင္ျဖစ္သူနဲ႔သမီးျဖစ္သူဟာ ကားအက္ဆီးဒင့္ျဖစ္ကာ ပြဲခ်င္းၿပီး ေသဆံုးခဲ့ၾကတာမွာ သူပဲအသက္ရွင္က်န္ခဲ့တာေၾကာင့္ အခုလိုမ်ိဳး လာတဲ့ ကားေတြ ေနာက္ေျပးလိုက္ေနတဲ့အလုပ္ကို မေမာႏိုင္ မပန္းနိုင္ လုပ္ေနခဲ့ပါတယ္။အဲဒီေနာက္မွာေတာ့ ၇ႏွစ္ၾကာမွာဘယ္သူမွမေတြ႔ၾကေတာ့တဲ့ အတြက္ ရင္ထဲမွာဟာေနသလိုျဖစ္ ေနခဲ့ရာမွ ေတာထဲမွာေသဆံုးေနတာ ေတြ႔ၾကတာေၾကာင့္ေခြးခ်စ္သူမ်ားရဲ႕ေကာင္းမႈနဲ႔သူ႔ရဲ႕ရုပ္တုေလး ဖန္တီးေပးခဲ့ပါတယ္။

ေနာက္တစ္ေကာင္ကေတာ့ အေမရိကန္ႏိုင္ငံ မြန္တားနားျပည္နယ္မွာ ေနထိုင္သူတစ္ေယာက္ဟာ တစ္ရက္မွာအဖ်ားရွိေနတာေၾကာင့္ ေဆးရံုသြားျပခဲ့ရာမွာ သခင္ျဖစ္သူဟာ ေဆးရံုတက္ခဲ့ရပါတယ္။ ေဆးရံုတက္ေနခဲ့တဲ့အခ်ိန္တြင္းမွာလည္း သူ႔သခင္ရဲ႕အခန္းနားမွာတင္ေနထိုင္ရင္း သခင္ျဖစ္သူေသဆံုးသြားတဲ့အခ်ိန္မွာအေလာင္းကိုျပန္သယ္ဖို႔ျဖစ္လာခဲ့ပါတယ္။ ရထားနဲ႔ျပန္ သယ္ဖို႔ လုပ္ခဲ့တဲ့အခ်ိန္မွာ Shepဟာလည္း သခင္နဲ႔အတူလိုက္ပါဖို႔ႀကိဳးစားေနတုန္းမွာပဲ ရထားထြက္သြားခဲ့တာ ေၾကာင့္သခင္ျပန္လာႏိုးနဲ႔ ေစာင့္ေနခဲ့လိုက္တာမွာ ၅ႏွစ္ေလာက္ၾကာတဲ့ အခ်ိန္အထိတစ္ေန႔ကို ေလးႀကိမ္ေလာက္ထိ ရထားသံလမ္းေတြေပၚသြားလာေနရင္းတျဖည္းျဖည္းနဲ႔ၾကာလာတဲ့အခါ ေခြးေလးဟာ နားေတြမေကာင္းေတာ့တာေၾကာင့္ ရထားလာသံကို မၾကားရေတာ့ဘဲရထားတိုက္ခံရၿပီး ေသဆံုးသြားခဲ့တယ္လို႔သိရတံါအတြက္ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ အဲဒီေခြးေလးShepအတြက္ စိတ္မေကာင္းျဖစ္ၾကလြန္းတာေၾကာင့္ ေခြးေလးအတြက္ ဂုဏ္ျပဳေၾကးရုပ္တုေလးလုပ္ထားေပးတာကို မြန္းတာနားက Fort Bentonမွာေတြ႔ျမင္ၾကရမွာျဖစ္ပါတယ္။

သနားစရာေလလြင့္ေနတဲ့ ဖီဒိုဆိုတဲ့အေကာင္ေလးအေၾကာင္းကလည္း ရင့္နင့္စရာအျဖစ္ေလးပါ။ ဒီေကာင္ေလးကေတာ့ အီတလီေခြးေလးျဖစ္ၿပီး၊ သူ႔ကိုနာမည္လွလွေလးေပးခဲ့တဲ့ သခင္ျဖစ္သူကို ေန႔တိုင္းေမွ်ာ္ေနၿပီးသစၥာေစာင့္သိျပခဲ့တာကိုအသိအမွတ္ျပဳေပးခဲ့ၾကပါတယ္။ ဒီေခြးေလးရဲ႕ ဘ၀အမွန္ဟာ လမ္းေဘးေျမာင္းတစ္ခုမွာပိတ္မိေနတာေၾကာင့္ သူ႔ရဲ႕ သခင္ျဖစ္လာ မယ့္Carlo Soriani က လမ္းေဘး ေလလြင့္ေနတဲ့ ဘ၀ကေန ေကာက္ယူ ေမြးထားခဲ့တာျဖစ္ပါတယ္။ ဖီဒိုေလးဟာ သူ႔ကိုကယ္တင္ေစာင့္ေရွာက္ထားခဲ့တဲ့ကာလိုရဲ႕အနားကေန တစ္ဖ၀ါးမွမခြဲဘဲရွိေနရာကေန၁၉၄၃ခုႏွစ္မွာေတာ့ ကာလိုဟာစက္ရံုမွာေပါက္ကြဲမႈေတြျဖစ္ပြားခဲ့တာေၾကာင့္ အသက္ေသဆံုးခဲ့ရပါတယ္။ သခင္ေသတာကိုမသိတဲ့ ဖီဒိုေလးကေတာ့ သခင္ျပန္လာႏိုးနဲ႔ ေမွ်ာ္ေနရင္း ၁၄ႏွစ္ဆိုတဲ့ အခ်ိန္တစ္ခုကိုေရာက္တဲ့တိုင္ မေမ့ႏိုင္ဘဲ တစ္ေန႔ေတာ့ ေရာက္လာနိုးဆိုၿပီး၊ သူ႔ကိုလမ္းေဘး ကေနကယ္တင္ေပးခဲ့ တဲ့သခင္ကို သစၥာရွိစြာ ေစာင့္စားေနခဲ့တာကိုျမင္ရတဲ့ သူတိုင္းဟာ ရင္နင့္ေအာင္ခံစားခဲ့ၾကရပါတယ္။ အေလလြင့္ေခြးတစ္ေကာင္ပင္ျဖစ္ေပမယ့္လည္း ၊သူ႔ကိုေကာင္းမြန္တဲ့ ဘ၀တစ္ခုရေအာင္ ကယ္တင္ေစာင့္ေရွာက္ေပးခဲ့တဲ့ သူ႔သခင္အတြက္ သစၥာတရားကို လက္ကိုင္ထားၿပီး၊လက္ေတြ႔ျပသခဲ့တာမွာ သူလည္း ၁၄ႏွစ္ေလာက္ၾကာတဲ့ အထိျဖစ္ခဲ့ ပါတယ္။ အဲဒီေခြးေလး အေၾကာင္းကိုွ ဇာတ္လမ္းစံု သိၾကသူေတြက စုေပါင္းၿပီး၊ သူ႔ရဲ႕သခင္ ေမွ်ာ္ေနတဲ့ ရုပ္တုေလးကို ထုေပးထားတာကိုျမင္ရတာဟာ ရင္ထဲကိုထိလြန္းတာေၾကာင့္ခံစားရပါတယ္။ မိသားစုတစ္စုမွာလူေတြဘယ္ေလာက္မ်ားမ်ား တစ္ေယာက္တည္းကပဲ သူတို႔ကိုပိုၿပီးခ်စ္ျပ၊ခင္ျပကာ ယုယၾကင္နာေပးတဲ့လူသာသခင္ျဖစ္တယ္လို႔သတ္မွတ္ထားၾကတာဟာ သူတို႔ေလးေတြအတြက္ ခံစားမႈေတြကိုေပးလာမယ့္ အခ်က္ေတြပဲျဖစ္ေနပါေတာ့တယ္။