ပင်လယ်ရေအောက်ဥမင်လှိုဏ်ခေါင်းများကိုဖြတ်သန်းသွားကြမယ်

0
1918
photo internet

တောင်တွေပေါများတဲ့တိုင်းပြည်များမှာလည်းခရီးလမ်းပန်းအဆင်ပြေဖို့ရာအတွက် လှိုဏ်ခေါင်းများတူးကာ ဆက်သွယ်ပေးထားတဲ့အတွက် လမ်းများဟာ ဥမင်လှိုဏ်ခေါင်းလမ်းများသာဖြစ်ပါတယ်။ Vartdaisfiorden ရဲ့ အောက်ဘက် ပင်လယ်ရေအနက် ၉၄၂ပေ မှာရှိပြီး၊ ၂၅၄၇၆ပေ အရှည်ရှိကာအကျယ်ပေမှာတော့ ၃၃ပေရှိပါတယ်။ ၃လမ်းသွားရေအောက်ဥမင်လမ်းဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ နော်ဝေမှာသာမက ကမ္ဘာ့ အဆင့်ထိ အနက်ဆုံးဖြစ်တဲ့ ပင်လယ်ရေအောက်ဥမင်လှိုဏ်ခေါင်းပဲဖြစ်ပါတယ်။

photo internet

Eiksund Tunnel ကိုတော့ Vartdaisfiorden လမ်းကြောင်းပေါ်မှာရှိတဲ့ ကျွန်းငယ်တွေကို နော်ဝေရဲ့ ကုန်းမကြီးနဲ့ဆက်သွယ်ရာမှာအသုံးပြုမယ့်တံတားနဲ့ဥမင်လမ်းကြောင်း၃ခုတည်ဆောက်ရေးစီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသအဖြစ်တည်ဆောက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ စပြီးတည်ဆောက်ချိန်မှာတုံးကတော့ Eiksund Tunnel ကို နေ့စဉ် ယာဉ်မျိုးစုံ အစီးရေပေါင်း ၁၀၀၀လောက်သာ ဖြတ်သန်းနိုင်ဖွယ်ရာရှိတယ်လို့ခန့်မှန်းခဲ့ကြပြီး၊ တာဝန်ရှိသူတွေရဲ့ ခန့်မှန်းထားချက်ထက်ပိုပြီး ၂ဆလောက်မြင့်မားခဲ့ပါတယ်။ ဒါကြောင့် ဆောက်လုပ်ပြီး ၆နှစ်လောက်ကြာချိန်မှာပဲ တည်ဆောက်မှုကုန်ကျစရိတ်ကို ဥမင်ဖြတ်သန်းခနဲ့ ကျေလည်ခဲ့ပေမယ့်၊ အခုချိန်မှာဆိုရင် နော်ဝေနိုင်ငံသားတွေအဖို့ ယာဉ်ဖြတ်သန်းခဟာ အခမဲ့ဖြစ်သွားတော့မှာဖြစ်ပါတယ်။

photo internet

Eiksund တံတားနဲ့ ဆက်စပ်တည်ရှိနေတဲ့ Hareidlandetကျွန်းကနေ တံတားကိုအသုံးပြုဖြတ်သန်းမယ်ဆိုရင် Eika လို့ခေါ်တဲ့ ကျွန်းကို ရောက်ရှိမှာဖြစ်ပါတယ်။ အဲဒီနေရာဟာ Eiksund Tunnel ရဲ့ အစဖြစ်ပြီး၊ အီကာကျွန်းကိုရောက်ချိန်မှာ တခြားကျွန်းတွေကို ဆက်လက်ဖြတ်သန်းဖို့Eiksund tunnel ကို စပြီးအသုံးပြုရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Eiksund Tunnelကို နေ့စဉ်ဖြတ်သန်းတဲ့ မော်တော်ယာဉ်ဟာ အစီးရေ၂၀၀၀ထက် မနည်းရှိနေပြီဖြစ်ပါတယ်။ Eik-Tunnelဟာ ယခုအချိန်မှာတော့ ကမ္ဘာ့အနက်ဆုံး ပင်လယ်ရေအောက် ဥမင် လှိုဏ်ခေါင်းအဖြစ်ရှိနေတယ်ဆိုပေမယ့်၊ အဲဒီနေရာကိုဝင်လုမယ့် ပင်လယ်ရေအောက် ဥမင်စီမံကိန်းတစ်ခုကို ၂၀၂၅နဲ့ ၂၀၂၁၆ခုနှစ်လောက်မှာ အကောင်အထည်ဖော်ဆောက်လုပ်ပြီးစီးဖို့ရှိနေကြောင်း သိရပါတယ်။

photo internet

Randabergနဲ့ boknမြို့တွေကို ဆက်သွယ်ပေးမယ့် အဲဒီစီမံကိန်းကြီးသာ အောင်မြင်အောင် တည်ဆောက်ပြီး ခဲ့မယ်ဆိုရင်တော့ Rogaland Tunnelဟာကမ္ဘာ့အနက်ဆုံးပင်လယ်ရေမျက်နှာပြင်အောက် ဥမင်လှိုဏ်ခေါင်း စီမံကိန်း အသစ်ကြီးဖြစ်လာတော့မှာမလွဲတော့ပါဘူး။ အဲဒီ tunnel ဟာ ၁၇မိုင်လောက်ရှည်မှာဖြစ်ပြီး၊ ပင်လယ်ရေမျက်နှာပြင်အောက် ၁၂၈၆ ပေမှာဖောက်လုပ်မှာဖြစ်ပြီး၊ နော်ဝေလိုStatens vegvesen လို့သိထားကြတဲ့နော်ဝေအစိုးရရဲ့ လမ်းနဲ့တံတားတည်ဆောက်ရေးအဖွဲ့ ကဦးဆောင်တာဝန်ယူ တည်ဆောက်မှာဖြစ် တယ် လို့ဆိုပါတယ်။

photo internet

(Zawgyi Version)

ပင္လယ္ေရေအာက္ဥမင္လႈိဏ္ေခါင္းမ်ားကိုျဖတ္သန္းသြားၾကမယ္

ေတာင္ေတြေပါမ်ားတဲ့တိုင္းျပည္မ်ားမွာလည္းခရီးလမ္းပန္းအဆင္ေျပဖို႔ရာအတြက္ လိႈဏ္ေခါင္းမ်ားတူးကာ ဆက္သြယ္ေပးထားတဲ့အတြက္ လမ္းမ်ားဟာ ဥမင္လိႈဏ္ေခါင္းလမ္းမ်ားသာျဖစ္ပါတယ္။ Vartdaisfiorden ရဲ႕ ေအာက္ဘက္ ပင္လယ္ေရအနက္ ၉၄၂ေပ မွာရွိၿပီး၊ ၂၅၄၇၆ေပ အရွည္ရွိကာအက်ယ္ေပမွာေတာ့ ၃၃ေပရွိပါတယ္။ ၃လမ္းသြားေရေအာက္ဥမင္လမ္းျဖစ္ၿပီး၊ လက္ရွိအခ်ိန္မွာေတာ့ ေနာ္ေ၀မွာသာမက ကမၻာ့ အဆင့္ထိ အနက္ဆံုးျဖစ္တဲ့ ပင္လယ္ေရေအာက္ဥမင္လိႈဏ္ေခါင္းပဲျဖစ္ပါတယ္။

Eiksund Tunnel ကိုေတာ့ Vartdaisfiorden လမ္းေၾကာင္းေပၚမွာရွိတဲ့ က်ြန္းငယ္ေတြကို ေနာ္ေ၀ရဲ႕ ကုန္းမႀကီးနဲ႔ဆက္သြယ္ရာမွာအသံုးျပဳမယ့္တံတားနဲ႔ဥမင္လမ္းေၾကာင္း၃ခုတည္ေဆာက္ေရးစီမံကိန္းရဲ႕ တစ္စိတ္တစ္ေဒသအျဖစ္တည္ေဆာက္ခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။ စၿပီးတည္ေဆာက္ခ်ိန္မွာတံုးကေတာ့ Eiksund Tunnel ကို ေန႔စဥ္ ယာဥ္မ်ိဳးစံု အစီးေရေပါင္း ၁၀၀၀ေလာက္သာ ျဖတ္သန္းႏိုင္ဖြယ္ရာရွိတယ္လို႔ခန္႔မွန္းခဲ့ၾကၿပီး၊ တာ၀န္ရွိသူေတြရဲ႕ ခန္႔မွန္းထားခ်က္ထက္ပိုၿပီး ၂ဆေလာက္ျမင့္မားခဲ့ပါတယ္။ ဒါေၾကာင့္ ေဆာက္လုပ္ၿပီး၆ႏွစ္ေလာက္ၾကာခ်ိန္မွာပဲ တည္ေဆာက္မႈကုန္က်စရိတ္ကို ဥမင္ျဖတ္သန္းခနဲ႔ ေက်လည္ခဲ့ေပမယ့္၊ အခုခ်ိန္မွာဆိုရင္ ေနာ္ေ၀ႏိုင္ငံသားေတြအဖို႔ ယာဥ္္ျဖတ္သန္းခဟာ အခမဲ့ျဖစ္သြားေတာ့မွာျဖစ္ပါတယ္။

Eiksund တံတားနဲ႔ ဆက္စပ္တည္ရွိေနတဲ့ Hareidlandetကၽြန္းကေန တံတားကိုအသံုးျပဳျဖတ္သန္းမယ္ဆိုရင္ Eika လို႔ေခၚတဲ့ ကၽြန္းကို ေရာက္ရွိမွာျဖစ္ပါတယ္။ အဲဒီေနရာဟာ Eiksund Tunnel ရဲ႕ အစျဖစ္ၿပီး၊ အီကာကၽြန္းကိုေရာက္ခ်ိန္မွာ တျခားကၽြန္းေတြကို ဆက္လက္ျဖတ္သန္းဖို႔Eiksund tunnel ကို စၿပီးအသံုးျပဳရမွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ Eiksund Tunnelကို ေန႔စဥ္ျဖတ္သန္းတဲ့ ေမာ္ေတာ္ယာဥ္ဟာ အစီးေရ၂၀၀၀ထက္ မနည္းရွိေနၿပီျဖစ္ပါတယ္။ Eik-Tunnelဟာ ယခုအခ်ိန္မွာေတာ့ ကမၻာ့အနက္ဆံုး ပင္လယ္ေရေအာက္ ဥမင္ လိႈဏ္ေခါင္းအျဖစ္ရွိေနတယ္ဆိုေပမယ့္၊ အဲဒီေနရာကို၀င္လုမယ့္ ပင္လယ္ေရေအာက္ ဥမင္စီမံကိန္းတစ္ခုကို ၂၀၂၅နဲ႔ ၂၀၂၁၆ခုႏွစ္ေလာက္မွာ အေကာင္အထည္ေဖာ္ေဆာက္လုပ္ၿပီးစီးဖို႔ရွိေနေၾကာင္းသိရပါတယ္။

Randabergနဲ႔ boknၿမိဳ႕ေတြကို ဆက္သြယ္ေပးမယ့္ အဲဒီစီမံကိန္းၾကီးသာ ေအာင္ျမင္ေအာင္ တည္ေဆာက္ၿပီး ခဲ့မယ္ဆိုရင္ေတာ့ Rogaland Tunnelဟာကမၻာ့အနက္ဆံုးပင္လယ္ေရမ်က္ႏွာျပင္ေအာက္ ဥမင္လိႈဏ္ေခါင္း စီမံကိန္း အသစ္ႀကီးျဖစ္လာေတာ့မွာမလြဲေတာ့ပါဘူး။ အဲဒီ tunnel ဟာ ၁၇မိုင္ေလာက္ရွည္မွာျဖစ္ၿပီး၊ ပင္လယ္ေရမ်က္ႏွာျပင္ေအာက္ ၁၂၈၆ ေပမွာေဖာက္လုပ္မွာျဖစ္ၿပီး၊ ေနာ္ေ၀လိုStatens vegvesen လို႔သိထားၾကတဲ့ေနာ္ေ၀အစိုးရရဲ႕ လမ္းနဲ႔တံတားတည္ေဆာက္ေရးအဖြဲ႔ ကဦးေဆာင္တာ၀န္ယူ တည္ေဆာက္မွာျဖစ္တယ္လို႔ဆိုပါတယ္။