စိတ်ဝင်စားဖွယ်ရာ ရောမလမ်းများ

0
1042
photo internet

လမ်းတွေကဘာတွေများစိတ်ဝင်စားစရာကောင်းလို့ ပြောပြဦးမှာလဲလို့တွေးနေကြမယ်ထင်ပါတယ်။ လမ်းခင်းတာပဲ ဘယ်လောက်များစိတ်ဝင်စားစရာကောင်းမှာလဲအောက်မေ့နေတဲ့သူတွေအတွက် ကိုယ်တိုင်မသိချင်ဘူးဆိုပေမယ့်လည်း ကြုံလို့ဖတ်မိလိုက်ရင်ကိုပဲ ဒီလိုလုပ်ခဲ့ကြတာပါလားလို့ အံ့သြစွာသိလိုက်ရတဲ့အတွက် ဗဟုသုတအဖြစ်နဲ့ သူများတွေကို ပြန်ပြီး မျှဝေပေးလို့ရမှာဖြစ်ပါတယ်။ တခြားဗဟုသုတဆိုင်ရာမေးခွန်းလေးတွေနဲ့ ပဟေဠိအဖြေညှိကြမယ့် ဝါသနာရှင်များအတွက်လည်း ပြန်လည်မျှဝေပေးဖို့အတွက် မှတ်သား ထားနိုင်ရင်ကောင်းပါတယ်။

photo internet

တကယ်တော့ လမ်းတွေဆိုတာဟာစစ်တပ်တွေအတွက်သာမက ကုန်သည်တွေအတွက်လည်း အကျိုးရှိစေပါတယ်။ လမ်းကောင်းတဲ့ အတွက်ကြောင့် ကူးသန်းသွားလာရေး၊ ရောင်းဝယ် ဖောက်ကား ရေးတွေဟာလည်း လျင်မြန်လာမှာဖြစ်ပါတယ်။ ကုန်သွယ်ရေးတွေလည်း ကောင်းလာမှာဖြစ်တာ ကြောင့် တိုင်းပြည်စီးပွား တိုးတက်ရေးဟာလည်း ပိုမိုကောင်းမွန်သာယာဝပြော စည်ပင်လာ မှာဖြစ်ပါတယ်။

photo internet

စည်ပင်ဝပြောလာတဲ့အတွက်ကြောင့် ပြည်သူပြည်သားများ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာဖြစ်လာဖို့အတွက် အဓိကအချက်တွေလည်းဖြစ်ပါတယ်။ ဟိုးတုန်းက ရောမစစ်သား တွေဟာ မြို့တစ်မြို့ကိုရယူသိမ်းပြီးပြီဆိုရင် အဲဒီမြို့ကနေ ရောမကို သီးတည်တဲ့ လမ်းတစ်လမ်းကို စဖောက်တော့တာပဲလို့ဆိုပါတယ်။ဒီလိုဖောက်လုပ်တဲ့လမ်းတိုင်းဟာ ရောမဆီကိုပဲ ဦးတည်နေတာလို့ ဆိုပါတယ်။

photo internet

လွန်ခဲ့တဲ့ ဘီစီ ၂၇မှစပြီး၊ အေဒီ၄၇၆နှစ်အထိ မြေထဲပင်လယ်ကို အလယ်မှထားကာ အာရှ၊ ဥရောပ၊ အာဖရိကတိုက် သုံးတိုက်ကိုခွဲပြီး၊ နှစ်ပေါင်းငါးရာကျော်ကြာ တည်တန့်ခဲ့တဲ့ရောမအင်ပါယာခေတ် သက်တမ်းတစ်လျှောက်မှာ ရောမသားတွေဟာ လမ်းကီလိုမီတာ ၄သိန်းကျော်တောင်ဖောက်လုပ်ခဲ့ကြပါတယ်။ လမ်းတွေရဲ့ အပေါ်ဆုံးလွှာကိုတော့ ကျောက်ပြားတွေ ကိုပိုဇိုလန်ဘိလပ်မြေသရွတ်နဲ့တွဲပြီး၊ညီညီညာညာလုပ်ကာ၊ အလေးချိန်ကောင်းကောင်းခံနိုင်ရည်ရှိအောင် ခင်းကြတာပဲဖြစ်ပါတယ်။ လမ်း တစ်လျှောက်ရဲ့ လမ်းအကွာအဝေးပြမိုင်တိုင်တွေလည်းထားရှိပြီး၊ မိုင်တိုင်တွေမှာ လက်ရှိ နေရာနဲ့ရောမမြို့ အကွာအဝေးကိုဖော်ပြထားတာကိုလည်းတွေ့ရမှာဖြစ်တဲ့အပြင် တစ်ခါတလေ မှာဆိုရင် လမ်းတွေကို တာဝန်ယူဖောက်လုပ်သူ၊ပြုပြင်သူတို့ရဲ့ နာမည်များကိုလည်း ရေးသားဖော်ပြထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

photo internet

မိုင်၂၀အကွာအဝေးရှိတဲ့ နေရာတိုင်းမှာ ခရီးသွားများခေတ္တအပန်းဖြေနိုင်ဖို့အတွက် ပြည်သူ့ကွန်းခိုစခန်းလေးတွေကို လုပ်ပေးထားတာလည်းရှိပါတယ်။ ဒီနေရာတွေမှာ ခရီးသွားများစားသောက်တာ၊အိပ်စက်အနားယူနိုင်တာနဲ့ မြင်းများအစာကျွေးခြင်းနဲ့ လှည်းရထားများပြုပြင်ခြင်းတို့ကိုပြုလုပ်လို့ရအောင် ထားပေးတာတွေလည်းရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် တစ်ခါတစ်ရံမှာ ဖျော်ဖြေမှုတွေ၊ အညောင်းအညာဖြေစရာတွေပါတဲ့ ဟိုတယ်ပုံစံ ဝန်ဆောင်မှု တွေလည်းရနိုင်တယ်လို့ဆိုပါတယ်။

photo internet

(Zawgyi Version)

စိတ္၀င္စားဖြယ္ရာ ေရာမလမ္းမ်ား

လမ္းေတြကဘာေတြမ်ားစိတ္၀င္စားစရာေကာင္းလို႔ ေျပာျပဦးမွာလဲလို႔ေတြးေနၾကမယ္ထင္ပါတယ္။ လမ္းခင္းတာပဲ ဘယ္ေလာက္မ်ားစိတ္၀င္စားစရာေကာင္းမွာလဲေအာက္ေမ့ေနတဲ့သူေတြအတြက္ ကိုယ္တိုင္မသိခ်င္ဘူးဆိုေပမယ့္လည္း ႀကံဳလို႔ဖတ္မိလိုက္ရင္ကိုပဲ ဒီလိုလုပ္ခဲ့ၾကတာပါလားလို႔ အံ့ၾသစြာသိလိုက္ရတဲ့အတြက္ ဗဟုသုတအျဖစ္နဲ႔ သူမ်ားေတြကို ျပန္ၿပီး မွ်ေ၀ေပးလို႔ရမွာျဖစ္ပါတယ္။ တျခားဗဟုသုတဆိုင္ရာေမးခြန္းေလးေတြနဲ႔ ပေဟဠိအေျဖညွိၾကမယ့္ ၀ါသနာရွင္မ်ားအတြက္လည္း ျပန္လည္မွ်ေ၀ေပးဖို႔အတြက္ မွတ္သား ထားႏိုင္ရင္ေကာင္းပါတယ္။

တကယ္ေတာ့ လမ္းေတြဆိုတာဟာစစ္တပ္ေတြအတြက္သာမက ကုန္သည္ေတြအတြက္လည္း အက်ိဳးရွိေစပါတယ္။ လမ္းေကာင္းတဲ့ အတြက္ေၾကာင့္ ကူးသန္းသြားလာေရး၊ ေရာင္း၀ယ္ ေဖာက္ကား ေရးေတြဟာလည္း လ်င္ျမန္လာမွာျဖစ္ပါတယ္။ ကုန္သြယ္ေရးေတြလည္း ေကာင္းလာမွာျဖစ္တာ ေၾကာင့္ တိုင္းျပည္စီးပြား တိုးတက္ေရးဟာလည္း ပိုမိုေကာင္းမြန္သာယာ၀ေျပာ စည္ပင္လာ မွာျဖစ္ပါတယ္။

စည္ပင္၀ေျပာလာတဲ့အတြက္ေၾကာင့္ ျပည္သူျပည္သားမ်ား အားလံုးစိတ္ခ်မ္းသာ ကိုယ္က်န္းမာျဖစ္လာဖို႔အတြက္ အဓိကအခ်က္ေတြလည္းျဖစ္ပါတယ္။ ဟိုးတုန္းက ေရာမစစ္သား ေတြဟာ ၿမိဳ႕တစ္ၿမိဳ႕ကိုရယူသိမ္းၿပီးၿပီဆိုရင္ အဲဒီၿမိဳ႕ကေန ေရာမကို သီးတည္တဲ့ လမ္းတစ္လမ္းကို စေဖာက္ေတာ့တာပဲလို႔ဆိုပါတယ္။ဒီလိုေဖာက္လုပ္တဲ့လမ္းတိုင္းဟာ ေရာမဆီကိုပဲ ဦးတည္ေနတာလို႔ ဆိုပါတယ္။

လြန္ခဲ့တဲ့ ဘီစီ ၂၇မွစၿပီး၊ ေအဒီ၄၇၆ႏွစ္အထိ ေျမထဲပင္လယ္ကို အလယ္မွထားကာ အာရွ၊ ဥေရာပ၊ အာဖရိကတိုက္ သံုးတိုက္ကိုခဲြၿပီး၊ ႏွစ္ေပါင္းငါးရာေက်ာ္ၾကာ တည္တန္႔ခဲ့တဲ့ေရာမအင္ပါယာေခတ္ သက္တမ္းတစ္ေလွ်ာက္မွာ ေရာမသားေတြဟာ လမ္းကီလိုမီတာ ၄သိန္းေက်ာ္ေတာင္ေဖာက္လုပ္ခဲ့ၾကပါတယ္။ လမ္းေတြရဲ႕ အေပၚဆံုးလႊာကိုေတာ့ ေက်ာက္ျပားေတြ ကိုပိုဇိုလန္ဘိလပ္ေျမသရြတ္နဲ႔တြဲၿပီး၊ညီညီညာညာလုပ္ကာ၊ အေလးခ်ိန္ေကာင္းေကာင္းခံႏိုင္ရည္ရွိေအာင္ ခင္းၾကတာပဲျဖစ္ပါတယ္။
လမ္းတစ္ေလွ်ာက္ရဲ႕ လမ္းအကြာအေ၀းျပမိုင္တိုင္ေတြလည္းထားရွိၿပီး၊ မိုင္တိုင္ေတြမွာ လက္ရွိ ေနရာနဲ႔ေရာမၿမိဳ႕ အကြာအေ၀းကိုေဖာ္ျပထားတာကိုလည္းေတြ႔ရမွာျဖစ္တဲ့အျပင္ တစ္ခါတေလ မွာဆိုရင္ လမ္းေတြကို တာ၀န္ယူေဖာက္လုပ္သူ၊ျပဳျပင္သူတို႔ရဲ႕ နာမည္မ်ားကိုလည္း ေရးသားေဖာ္ျပထားတာကိုလည္းေတြ႔ရမွာျဖစ္ပါတယ္။

မိုင္၂၀အကြာအေ၀းရွိတဲ့ ေနရာတိုင္းမွာ ခရီးသြားမ်ားေခတၱအပန္းေျဖႏိုင္ဖို႔အတြက္ ျပည္သူ႔ကြန္းခိုစခန္းေလးေတြကို လုပ္ေပးထားတာလည္းရွိပါတယ္။ ဒီေနရာေတြမွာ ခရီးသြားမ်ားစားေသာက္တာ၊အိပ္စက္အနားယူႏိုင္တာနဲ႔ ျမင္းမ်ားအစာေကၽြးျခင္းနဲ႔ လွည္းရထားမ်ားျပဳျပင္ျခင္းတို႔က္ိိုျပဳလုပ္လို႔ရေအာင္ ထားေပးတာေတြလည္းရွိတယ္ လို႔ဆိုပါတယ္။ ဒါ့အျပင္ တစ္ခါတစ္ရံမွာ ေဖ်ာ္ေျဖမႈေတြ၊ အေညာင္းအညာေျဖစရာေတြပါတဲ့ ဟိုတယ္ပံုစံ ၀န္ေဆာင္မႈ ေတြလည္းရႏိုင္တယ္လို႔ဆိုပါတယ္။