လှပလွန်းပေမယ့် သွားရောက်လည်ပတ်ဖို့အတွက် ခက်ခဲတဲ့နေရာများ

0
533
photo internet

အပျော်သဘောခရီးပဲဖြစ်ဖြစ်၊ဘယ်လိုခရီးပဲဆိုဆို ခရီးတစ်ခုသွားပြီဆိုမှတော့ ကိုယ်ရဲ့ သားသားမီးမီး၊ တူ၊ တူမလေးတွေနဲ့ နောက်လာမယ့် လူငယ်လူရွယ်တွေ အတွက်ဗဟုသုတ အနေနဲ့ပဲဖြစ်ဖြစ်၊ အကျိုးရှိရှိ အသုံးချတတ်၊မှတ်သားတတ်အောင် လေ့လာသင်ယူမှတ်သားနိုင်ကြစေဖို့ ပြောပြချင်ပါတယ်။ တောင်အမေရိကလို့ဆိုလိုက်တာနဲ့အားလုံးကသိနေကြတာMachu Picchu ပဲဖြစ်ပါတယ်။ ဒီတစ်ခုတည်းတင် မဟုတ်သေးဘဲ တခြားထင်ရှားတဲ့နေရာတွေလည်းရှိနေသေးတယ်ဆိုတာကို လူတွေသိတာနည်းနေတာကြောင့် အဲဒီနေရာတွေအကြောင်းလည်းပြောပြချင်ပါတယ်။ဒါကြောင့်တောင်အမေရိကမှာMachuPicchu အပြင် ဘာတွေ ရှိသေးတာလဲဆိုတော့ perito Moreno ရေခဲမြစ်ဟာလည်း အကြီးဆုံးနဲ့ အံ့ဖွယ် အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။အရှည်မိုင်ကတော့၁၉မိုင်ရှည်လျားပြီး၊အနက်ပေမှာ၂၄၀ရှိကြောင်းဆိုပါတယ်။အာဂျင်တီးနားနိုင်ငံဆန်တာခရုဒ်ပြည်နယ်အတွင်းက Los Glaciares အမျိုးသား ဥယျာဉ်ကြီးရဲ့နယ်မြေတစ်စိတ် တစ်ပိုင်းအဖြစ်နဲ့ ပါဝင်စီးဆင်းနေတဲ့ ရေခဲမြစ်ကြီးဖြစ်ပါတယ်။

photo internet

နေရာအကျယ်ဟာလည်း၉၇စတုရန်းမိုင်အထိဖြတ်သန်းစီးဆင်းတယ်လို့ဆိုပါတယ်။ဒီရေခဲမြစ်ကြီးမှာအံ့သြစရာအကောင်းဆုံးကတော့ Perito Moreno ရေခဲမြစ်ရဲ့အဓိကရေအရင်းအမြစ်ဖြစ်တဲ့ရေခဲထုတွေရဲ့ အဆက်မပြတ် တည်ရှိမှုဖြစ်စဉ်တွေပဲဖြစ်ပါတယ်။အဲဒီရေခဲမြစ်အနေနဲ့ ကမ္ဘာပေါ်မှာဆိုရင်တော့ တတိယမြောက် ရေချိုသယံဇာတ အများဆုံးမြစ်အဖြစ် တည်ရှိနေသလို၊ အာဂျင်တီးနားနိုင်ငံ ရဲ့ကမ္ဘာလှည့်ခရီးသွားများလည်း အများဆုံးလာရောက်တဲ့နေရာတွေထဲကတစ်ခုဖြစ်ပါတယ်။ Perito Moreno ရေခဲမြစ် အတွင်းကို လှေ၊သင်္ဘောငယ်တွေနဲ့ သွားရောက်လည်ပတ်ပြီး၊ သဘာဝပတ်ဝန်းကျင် အလှအပကို တစ်ဝကြီးခံစားနိုင်မှာဖြစ်ပါတယ်။ရာသီဥတုကပူနွေးတဲ့နွေရာသီကာလနဲ့တိုက်ဆိုင်ခဲ့ရင်တော့ မြစ်အတွင်းမှာ အရွယ်အစားကြီးမားပြီး၊ အရည်ပျော်နေတဲ့ရေခဲတောင်အပိုင်းအစကြီးတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

photo internet

နောက်ထပ်တစ်နေရာကို ပြောပြရဦးမယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးရေတံခွန် အဖြစ်ရှိနေတဲ့နေ ရာဟာ ဗင်နီဇွဲလားနိုင်ငံ အရှေ့တောင်ပိုင်းမှ Canaimaအမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ အမြင့်ပေ ၃၂၁၂ရှိပြီး၊ အနက်ဆုံးတောရဲ့ အလယ်မှာ တည်ရှိနေတာဖြစ်ပ ါတယ်။ သွားချင်တဲ့သူတွေအနေနဲ့ အလွယ်တကူတော့ သွားလို့မရဘူးဆိုတာသိစေချင်ပါတယ်။ ခြေလျင်ခရီးနဲ့သွားမယ်ဆိုရင်တော့ ဒေသခံတွေရဲ့ အကူအညီနဲ့မှာသာ သွားရောက်နိုင်မှာဖြစ်ပြီး၊ ငွေကြေး တတ်နိုင်တဲ့သူတွေအတွက်တော့ ဟယ်လီကော်ပတာ ခရီးစဉ်ထားပေးထားကြောင်းသိရပါတယ်။

photo internet

ဒီရေတံခွန် ကိုရောက်တဲ့အခါ အချည်းနှီးမဖြစ်ရလေအောင် ရင်လှိုက်ဖိုစရာကောင်းလွန်းတဲ့ရေတံခွန်ရဲ့ အလှအပကို အံ့သြစွာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ မူလနာမည်ဟာလည်း ဂျင်မီလို့ နာမည်ပေးထားကြောင်းသိရ ပါတယ်။ဒီနာမည်လေး တွင်ဖြစ်ခဲ့ပုံကတော့ ၁၉၃၃ ခုနှစ်မှာ ပထမဆုံး ရှာတွေ့ခဲ့သူကို ဂုဏ်ပြုတဲ့အနေနဲ့ ခေါ်ဆိုခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ နတ်သမီးရေတံခွန်လို့ ခေါ်ဆိုတာဖြစ်ပါတယ်။ မိုးရာသီဆိုရင်တော့ ရေလမ်းနှစ်ခုခွဲထွက်ပြီး၊ကျဆင်းလာကြောင်းဆိုပါတယ်။

photo internet

မိုးတွင်းအချိန် အဲဒီရေတံခွန်အောက်ကိုသွားခဲ့သူများဟာ ရေရိုက်မှုဒဏ်ကိုခံကြရမှာဖြစ်ပြီး၊ပူပြင်းတဲ့ အချိန်တွေမှာဆိုရင်တော့ ရေတံခွန်ထိပ်ကရေများဟာ ရေငွေ့ပျံခြင်းတွေဖြစ်ပြီးမှ စီးဆင်းကျသွားတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတစ်ခုကတော့ ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ Machu Picchu ဟာ တောင်အမေရိကတိုက်ရဲ့ လူအများဆုံးစိတ်ဝင်စားမှုရှိနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီသမိုင်းဝင်နေရာဟာ ၅.၀၉ စတုရန်းအကျယ်ရှိနေတဲ့နေရာတစ်ခုဖြစ်ပြီး၊ အဆောက်အဦတွေအနေနဲ့ အင်ပါယာရဲ့ဘုရင်Pachacyti ကတည်ဆောက်ခဲ့တာဖြစ်ပြီး၊၁၆ရာစုမှာစပိန်တွေရဲ့ကျူးကျော်မှုကြောင့် Machu Picchuကို စွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။ ၁၉၃၈မှာတော့ Machu Picchuဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ်ထိန်းသိမ်းဖို့အတွက် သတ်မှတ်ပေးခံခဲ့ရပါတယ်။

photo internet

ဒီအဆောက်အဦဆောက်ထားတဲ့ ကျောက်တုံးကြီးတွေဟာ အဆမတန်လေးလံကြီးမားကြပြီး၊ တချို့ဆိုတန်၅၀အထက် အလေးချိန်စီးတယ်လို့ဆိုပါတယ်။ အံ့သြစရာကောင်းတာကတော့ အဲဒီကျောက်တုံးတွေဟာ တစ်ခုနဲ့တစ်ခုကိုထပ်ပြီး ဖန်တီးထားတာဖြစ်ကြောင်းသိရပါတယ်။ ကျောက်သားထု အကြီးတွေကို လိုအပ်တဲ့ ပုံသဏ္ဍာန်ရအောင် အင်ကာလူမျိုးတွေဟာ ဘာတွေနဲ့ဖြတ်ပြီး၊အသုံးပြုနေကြတာလဲဆိုတာကို မေးစရာဖြစ်နေပါတယ်။ဒါကြောင့် အဲဒီအဆောက် အဦတွေကို လာရောက်လည်ပတ်ဖို့ဆိုရင်အကောင်းဆုံးကတော့ တောင်တက်ခရီးစဉ်နဲ့သွားရောက်ဖို့ အကြံပေးချင်ပါတယ်။ ခရီးအရှည်မိုင်၂၆မိုင်ရှိပြီး၊အနည်းဆုံးတော့ ၄ညအိပ် ၅ရက်အချိန်ပေးရမှာဖြစ် ပါတယ်။ ဒီလိုတောင်တက်ခရီးစဉ်နဲ့မှသာ ပီရူးနိုင်ငံရဲ့ တောင်စွယ်တောင်တန်းတွေကို အပြင် လှပစိမ်းစိုနေတဲ့ တော၊တောင်သဘာဝရေမြေအလှတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

photo internet

(Zawgyi Version)

လွပလြန္းေပမယ့္ သြားေရာက္လည္ပတ္ဖို႔အတြက္ ခက္ခဲတဲ့ေနရာမ်ား

အေပ်ာ္သေဘာခရီးပဲျဖစ္ျဖစ္၊ဘယ္လိုခရီးပဲဆိုဆို ခရီးတစ္ခုသြားၿပီဆိုမွေတာ့ ကိုယ္ရဲ႕ သားသားမီးမီး၊ တူ၊ တူမေလးေတြနဲ႔ ေနာက္လာမယ့္ လူငယ္လူရြယ္ေတြ အတြက္ဗဟုသုတ အေနနဲ႔ပဲျဖစ္ျဖစ္၊ အက်ိဳး႐ွိ႐ွိ အသံုးခ်တတ္၊မွတ္သားတတ္ေအာင္ ေလ့လာသင္ယူမွတ္သားႏိုင္ၾကေစဖို႔ ေျပာျပခ်င္ပါတယ္။ ေတာင္အေမရိကလို႔ဆိုလိုက္တာနဲ႔အားလံုးကသိေနၾက တာMachu Picchu ပဲျဖစ္ပါတယ္။ ဒီတစ္ခုတည္းတင္ မဟုတ္ေသးဘဲ တျခားထင္႐ွားတဲ့ေနရာေတြလည္း႐ွိေနေသး တယ္ဆိုတာကို လူေတြသိတာနည္းေနတာေၾကာင့္ အဲဒီေနရာေတြအေၾကာင္းလည္းေျပာျပခ်င္ပါတယ္။ ဒါေၾကာင့္ေတာင္အေမရိကမွာMachuPicchu အျပင္ ဘာေတြ ႐ွိေသးတာလဲဆိုေတာ့ perito Moreno ေရခဲျမစ္ဟာလည္း အႀကီးဆံုးနဲ႔ အ့ံဖြယ္ အေကာင္းဆံုး ေနရာတစ္ခုျဖစ္ပါတယ္။အ႐ွည္မိုင္ကေတာ့၁၉မိုင္႐ွည္လ်ားၿပီး၊ အနက္ေပမွာ၂၄၀ရိွေၾကာင္းဆိုပါတယ္။အာဂ်င္တီးနားႏိုင္ငံဆန္တာခ႐ုဒ္ျပည္နယ္အတြင္းက Los Glaciares အမ်ိဳးသား ဥယ်ာဥ္ႀကီးရဲ႕နယ္ေျမတစ္စိတ္ တစ္ပိုင္းအျဖစ္နဲ႔ ပါဝင္စီးဆင္းေနတဲ့ ေရခဲျမစ္ႀကီးျဖစ္ပါတယ္။
ေနရာအက်ယ္ဟာလည္း၉၇စတုရန္းမိုင္အထိျဖတ္သန္းစီးဆင္းတယ္လို႔ဆိုပါတယ္။ဒီေရခဲျမစ္ႀကီးမွာအ့ံၾသစရာအေကာင္းဆံုးကေတာ့ Perito Moreno ေရခဲျမစ္ရဲ႕အဓိကေရအရင္းအျမစ္ျဖစ္တဲ့ေရခဲထုေတြရဲ႕ အဆက္မျပတ္ တည္႐ွိမႈျဖစ္စဥ္ေတြပဲျဖစ္ပါတယ္။အဲဒီေရခဲျမစ္အေနနဲ႔ ကမၻာေပၚမွာဆိုရင္ေတာ့ တတိယေျမာက္ ေရခ်ိဳသယံဇာတ အမ်ားဆံုးျမစ္အျဖစ္ တည္ရွိေနသလို၊ အာဂ်င္တီးနားႏိုင္ငံ ရဲ႕ကမၻာလွည့္ခရီးသြားမ်ားလည္း အမ်ားဆံုးလာေရာက္ တဲ့ေနရာေတြထဲကတစ္ခုျဖစ္ပါတယ္။ Perito Moreno ေရခဲျမစ္ အတြင္းကို ေလွ၊သေဘၤာငယ္ေတြနဲ႔ သြားေရာက္လည္ပတ္ၿပီး၊ သဘာ၀ပတ္၀န္းက်င္ အလွအပကို တစ္၀ႀကီးခံစားႏိုင္မွာျဖစ္ပါတယ္။ရာသီဥတု ကပူေႏြးတဲ့ေႏြရာသီကာလနဲ႔တိုက္ဆိုင္ခဲ့ရင္ေတာ့ ျမစ္အတြင္းမွာ အရြယ္အစားႀကီးမားၿပီး၊ အရည္ေပ်ာ္ေနတဲ့ေရခဲေတာင္အပိုင္းအစႀကီးေတြကို ျမင္ေတြ႔ႏိုင္မွာျဖစ္ပါတယ္။

ေနာက္ထပ္တစ္ေနရာကို ေျပာျပရဦးမယ္ဆိုရင္ေတာ့ ကမၻာေပၚမွာ အျမင့္ဆံုးေရတံခြန္ အျဖစ္ရွိေနတဲ့ေန ရာဟာ ဗင္နီဇြဲလားႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွ Canaimaအမ်ိဳးသားဥယ်ာဥ္ရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ ဒီေရတံခြန္ဟာ အျမင့္ေပ ၃၂၁၂ရွိၿပီး၊ အနက္ဆံုးေတာရဲ႕ အလယ္မွာ တည္ရွိေနတာျဖစ္ပ ါတယ္။ သြားခ်င္တဲ့သူေတြအေနနဲ႔ အလြယ္တကူေတာ့ သြားလို႔မရဘူးဆိုတာသိေစခ်င္ပါတယ္။ ေျခလ်င္ခရီးနဲ႔သြားမယ္ဆိုရင္ေတာ့ ေဒသခံေတြရဲ႕ အကူအညီနဲ႔မွာသာ သြားေရာက္နိုင္မွာျဖစ္ၿပီး၊ ေငြေၾကး တတ္ႏိုင္တဲ့သူေတြအတြက္ေတာ့ ဟယ္လီေကာ္ပတာ ခရီးစဥ္ထားေပးထားေၾကာင္းသိရပါတယ္။

ဒီေရတံခြန္ ကိုေရာက္တဲ့အခါ အခ်ည္းႏီွးမျဖစ္ရေလေအာင္ ရင္လိႈက္ဖိုစရာေကာင္းလြန္းတဲ့ေရတံခြန္ရဲ႕ အလွအပကို အံ့ၾသစြာျမင္ေတြ႔ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ မူလနာမည္ဟာလည္း ဂ်င္မီလို႔ နာမည္ေပးထားေၾကာင္းသိရပါ တယ္။ဒီနာမည္ေလး တြင္ျဖစ္ခဲ့ပံုကေတာ့ ၁၉၃၃ ခုႏွစ္မွာ ပထမဆံုး ရွာေတြ႔ခဲ့သူကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေခၚဆိုခဲ့တာျဖစ္ၿပီး၊ ေနာက္ပိုင္းမွာေတာ့ နတ္သမီးေရတံခြန္လို႔ ေခၚဆိုတာျဖစ္ပါတယ္။ မိုးရာသီဆိုရင္ေတာ့ ေရလမ္းႏွစ္ခုခြဲထြက္ၿပီး၊ က်ဆင္းလာေၾကာင္းဆိုပါတယ္။

မိုးတြင္းအခ်ိန္ အဲဒီေရတံခြန္ေအာက္ကိုသြားခဲ့သူမ်ားဟာ ေရရိုက္မႈဒဏ္ကိုခံၾကရမွာျဖစ္ၿပီး၊ပူျပင္းတဲ့ အခ်ိန္ေတြမွာဆိုရင္ေတာ့ ေရတံခြန္ထိပ္ကေရမ်ားဟာ ေရေငြ႕ပ်ံျခင္းေတြျဖစ္ၿပီးမွ စီးဆင္းက်သြားတယ္လို႔ ဆိုပါတယ္။ ေနာက္ဆံုးတစ္ခုကေတာ့ ေရွးေဟာင္းသမိုင္း၀င္ေနရာတစ္ခုျဖစ္တဲ့ Machu Picchu ဟာ ေတာင္အေမရိကတိုက္ရဲ႕ လူအမ်ားဆံုးစိတ္၀င္စားမႈရွိေနတဲ့ ေနရာတစ္ခုျဖစ္ပါတယ္။ ဒီသမိုင္း၀င္ေနရာဟာ ၅.၀၉ စတုရန္းအက်ယ္ရွိ္ေန တဲ့ေနရာတစ္ခုျဖစ္ၿပီး၊ အေဆာက္အဦေတြအေနနဲ႔ အင္ပါယာရဲ႕ဘုရင္Pachacytiကတည္ေဆာက္ခဲ့တာျဖစ္ၿပီး၊ ၁၆ရာစုမွာစပိန္ေတြရဲ႕က်ဴးေက်ာ္မႈေၾကာင့္ Machu Picchuကို စြန္႔ခြာထြက္ေျပးသြားခဲ့တယ္လို႔ဆိုပါတယ္။ ၁၉၃၈မွာေတာ့ Machu Picchuဟာ ယူနက္စကိုရဲ႕ ကမၻာ့အေမြအႏွစ္အျဖစ္ထိန္းသိမ္းဖို႔အတြက္ သတ္မွတ္ေပးခံခဲ့ရပါတယ္။

ဒီအေဆာက္အဦေဆာက္ထားတဲ့ ေက်ာက္တံုးႀကီးေတြဟာ အဆမတန္ေလးလံႀကီးမားၾကၿပီး၊ တခ်ိဳ႕ဆိုတန္၅၀အထက္ အေလးခ်ိန္စီးတယ္လို႔ဆိုပါတယ္။ အံ့ၾသစရာေကာင္းတာကေတာ့ အဲဒီေက်ာက္တံုးေတြဟာ တစ္ခုနဲ႔တစ္ခုကိုထပ္ၿပီး ဖန္တီးထားတာျဖစ္ေၾကာင္းသိရပါတယ္။ ေက်ာက္သားထု အႀကီးေတြကို လိုအပ္တဲ့ ပံုသ႑ာန္ရေအာင္ အင္ကာလူမ်ိဳးေတြဟာ ဘာေတြနဲ႔ျဖတ္္ၿပီး၊အသံုးျပဳေနၾကတာလဲဆိုတာကို ေမးစရာျဖစ္ေနပါတယ္။ဒါေၾကာင့္ အဲဒီအေဆာက္ အဦေတြကို လာေရာက္လည္ပတ္ဖို႔ဆိုရင္အေကာင္းဆံုးကေတာ့ ေတာင္တက္ခရီးစဥ္နဲ႔သြားေရာက္ဖို႔ အၾကံေပးခ်င္ပါတယ္။ ခရီးအရွည္မိုင္၂၆မိုင္ရွိၿပီး၊အနည္းဆံုးေတာ့ ၄ညအိပ္ ၅ရက္အခ်ိန္ေပးရမွာျဖစ္ ပါတယ္။ ဒီလိုေတာင္တက္ခရီးစဥ္နဲ႔မွသာ ပီရူးႏိုင္ငံရဲ႕ ေတာင္စြယ္ေတာင္တန္းေတြကို အျပင္ လွပစိမ္းစိုေနတဲ့ ေတာ၊ေတာင္သဘာ၀ေရေျမအလွေတြကိုျမင္ေတြ႔ရမွာျဖစ္ပါတယ္။