အာလူးအိတ်နဲ့လည်းလှနေတဲ့မွန်ရိုး

0
1673
photo internet

မွန်ရိုးလို့ဆိုလိုက်တာနဲ့ ယောကျာ်းလေးတွေရဲ့ အသည်းစွဲမင်းသမီး တစ်ယောက်ဆိုတာသိကြမယ် ထင်ပါတယ်။ အခုအချိန်ထိလည်း သူမရဲ့နာမည်ဟာ အားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ တမ်းတမ်းစွဲရှိနေကြဆဲဖြစ်ပါတယ်။ သူမဟာ ယှဉ်ပြိုင်သူမရှိတစ်ယောက်တည်းဗိုလ်စွဲနေတဲ့ ဟောလိဝုဒ်မင်းသမီးလို့နာမည်ကြီးနေသူဖြစ်ပါတယ်။ နာမည်ကြီးလူကြိုက်များတဲ့သူတွေဟာ အစောဆုံးကြွေလွင့်သွားကြတယ်ဆိုတာမှန်နေတယ်လို့ထင်မိပါတယ်။ သူမသေဆုံးခဲ့တာဟာ နှစ်ပေါင်း၅၀ကျော်ရှိခဲ့ပြီဆိုပေမယ့်၊ တစ်ချိန်တုန်းက သူမရဲ့ကားတွေဟာလည်း ပရိသတ်အားလုံးအကြိုက်တွေ့ခဲ့ကြတဲ့ ကားများစွာရှိပါတယ်။ အဲဒီကားတွေထဲကမှ River Of No Returnဇာတ်ကားဟာဆိုရင်လည်း မမေ့နိုင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

photo internet

ဒီလောက်အောင်မြင်ခဲ့တဲ့ သူမရဲ့ပုံရိပ်နဲ့ နာမည်ကို အသုံးပြုခမှရရှိငွေဟာဆိုရင် ဒေါ်လာ သန်းပေါင်းများစွာဖြစ်ပါတယ်။ ဒီလောက်လှပပြီး ချစ်စရာကောင်းတဲ့ နာမည်ကြီး မင်းသမီး တစ်ယောက်ဟာ ဂုန်နီအိတ်ကြီးဝတ်ပြီးရိုက်ထားတာဟာ ဘာသဘောလဲလို့ တွေးနေကြမယ်ထင် ပါတယ်။ အမှန်တကယ်တော့ ဒီဝတ်စုံကြီးနဲ့ရိုက်ထားတဲ့သူမပုံဟာ အဓိပ္ပာယ် အများကြီးရှိနေ တာဖြစ်ပါတယ်။ ဒီဝတ်စုံရဲ့ဇာတ်လမ်းကိုပြန်ပြောရမယ်ဆိုရင်တော့ နောက်ကွယ်မှာ ဇာတ်လမ်း လေး တစ်ပုဒ်ရှိခဲ့တာကြောင့် အခုလိုပုံမျိုးနဲ့ ရိုက်ဖြစ်သွားတာဖြစ်ပါတယ်။ အရင်းစစ်လိုက်တော့ အမြစ်က သတင်းထောက်မတစ်ယောက်ကြောင့် ဖြစ်သွားတာလို့ပြောလို့ရနေပါတယ်။

photo internet

အဖြစ်အပျက်လေးကတော့ ၁၉၅၁ ခုနှစ် သူမ အသက်၂၅နှစ် လှသွေးကြွယ်ပြီး၊ နာမည်ကြီး နေတဲ့ အချိန်တစ်ခုမှာစခဲ့တာဖြစ်ပါတယ်။ သူမရဲ့အဖြစ်အပျက်ဟာကယ်လီဖိုးနီးယား Beverly Hills ဟိုတယ်မှာ ကျင်းပခဲ့တဲ့ပါတီတစ်ခုမှာပဲဖြစ်ခဲ့ကြတာပါ။ အဲဒီပွဲကိုတက်ရောက်လာတဲ့ မွန်ရိုးဟာ အတိုဒီဇိုင်းအနီရောင်ကို ဝတ်ဆင်လာတာကိုမြင်ရတဲ့သူတိုင်းဟာ လှလွန်းနေတာကြောင့် လူတိုင်းကချီးကျူးခဲ့ကြပါတယ်။ တခြား လူတွေချီးကျူးနေပေမယ့်၊ သူများအကြောင်းဆိုရင် အတင်းအဖျင်းရေးရ၊ပြောရမှ ထမင်းစားဝင်တဲ့ ဂျာနယ်လစ်အမျိုးသမီးတစ်ယောက်ဟာ မွန်ရိုးရဲ့ဝတ်ဆင်လာတဲ့ ဒီဇိုင်းကို မြင်တွေ့လိုက်ရတဲ့အခိုက်အတန့်လေးမှာကိုပဲ သူမအပေါ်ကို ဒေါသပေါက်ကွဲထွက်ကာ အခုလိုမျိုးဝတ်ဆင်လာမယ့်အစား အာလူးအိတ်ဝတ်လာတာကမှပိုပြီး တောင်ကြည့်လို့ကောင်းနေဦးမယ်လို့ပြောခဲ့တာကနေစခဲ့တာဖြစ်ပါတယ်။

photo internet

ဒီလိုဝေဖန်အတင်းပြောခဲ့တဲ့ကြားကနေ မွန်ရိုးရဲ့အလှအပဟာ ပိုပြီးထင်ရှားလာပါတယ်။ ဒါကြောင့် ဂျာနယ်လစ်အမျိုးသမီးပြောခဲ့တဲ့ စကားတွေကို စိတ်ဆိုးရကောင်းမှန်းမသိဖြစ်နေခဲ့ပြီး၊မွန်ရိုးကတော့ ပိုပြီးနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဝေဖန်ခံရပြီးတဲ့နောက်မှာတော့ မွန်ရိုးဟာ နာမည်ကြီးရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Twentieth Centry Fox နဲ့ ပူးပေါင်းပြီး၊ အားလုံးအံ့အားသင့် အောင်ပုံစံတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ဂျာနယ်လစ်မမ ဝေဖန်သွားခဲ့တဲ့အတိုင်း ဂုန်နီအိတ် ကို အင်္ကျီချုပ်ကာဝတ်ခဲ့ပြီး၊ဓာတ်ပုံအရိုက်ခံခဲ့တာပဲဖြစ်ပါတယ်။

photo internet

တကယ်ဆိုလှပြီးသားပဲမို့၊ဘယ်လိုပဲလုပ်လုပ်၊ဘာကိုပဲဝတ်ဝတ် လှနေတာကြောင့် မြင်ရသူတိုင်း မအံ့သြဘဲမနေနိုင်အောင်ဖြစ်ခဲ့ပါတော့တယ်။ ဓာတ်ပုံများထွက်လာတဲ့အခါမှာလည်း မြင်ရသူတိုင်းတောင် ကြိုက်လွန်းလို့သူမအတိုင်းချုပ်ဝတ်လာကြတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဘယ်သူတွေဘာတွေပြောပြော ဂုန်နီအိတ်လေး ချုပ်ဝတ်တာတောင် လှနေတော့လည်း၊ နာမည်ကြီး သထက်ကြီးလာခဲ့ပါတယ်။ သူမဝတ်ပြလိုက်တဲ့ Monroe’s Popato Sack Dress ဟာအမေရိကမှာ နာမည်ကြီးခဲ့ပါတယ်။

photo internet

(Zawgyi Version)

အာလူးအိတ္နဲ႔လည္းလွေနတဲ့မြန္ရိုး

မြန္ရိုးလို႔ဆိုလိုက္တာနဲ႔ ေယာက်ာ္းေလးေတြရဲ႕ အသည္းစြဲမင္းသမီး တစ္ေယာက္ဆိုတာသိၾကမယ္ ထင္ပါတယ္။ အခုအခ်ိန္ထိလည္း သူမရဲ႕နာမည္ဟာ အားလံုးရဲ႕ မွတ္ဥာဏ္ထဲမွာ တမ္းတမ္းစြဲရွိေနၾကဆဲျဖစ္ပါတယ္။ သူမဟာ ယွဥ္ၿပိဳင္သူမရွိတစ္ေယာက္တည္းဗိုလ္စြဲေနတဲ့ ေဟာလိ၀ုဒ္မင္းသမီးလို႔နာမည္ႀကီးေနသူျဖစ္ပါတယ္။ နာမည္ႀကီးလူႀကိဳက္မ်ားတဲ့သူေတြဟာ အေစာဆံုးေႀကြလြင့္သြားၾကတယ္ဆိုတာမွန္ေနတယ္လို႔ထင္မိပါတယ္။ သူမေသဆံုးခဲ့တာဟာ ႏွစ္ေပါင္း၅၀ေက်ာ္ရွိခဲ့ၿပီဆိုေပမယ့္၊ တစ္ခ်ိန္တုန္းက သူမရဲ႕ကားေတြဟာလည္း ပရိသတ္အားလံုးအႀကိဳက္ေတြ႕ခဲ့ၾကတဲ့ ကားမ်ားစြာရွိပါတယ္။ အဲဒီကားေတြထဲကမွ River Of No Returnဇာတ္ကားဟာဆိုရင္လည္း မေမ့ႏိုင္တဲ့ဇာတ္ကားတစ္ကားျဖစ္ပါတယ္။

ဒီေလာက္ေအာင္ျမင္ခဲ့တဲ့ သူမရဲ႕ပံုရိပ္နဲ႔ နာမည္ကို အသံုးျပဳခမွရရွိေငြဟာဆိုရင္ ေဒၚလာ သန္းေပါင္းမ်ားစြာျဖစ္ပါတယ္။ ဒီေလာက္လွပၿပီး ခ်စ္စရာေကာင္းတဲ့ နာမည္ႀကီး မင္းသမီး တစ္ေယာက္ဟာ ဂုန္နီအိတ္ႀကီး၀တ္ၿပီးရိုက္ထားတာဟာ ဘာသေဘာလဲလို႔ ေတြးေနၾကမယ္ထင္ ပါတယ္။ အမွန္တကယ္ေတာ့ ဒီ၀တ္စံုႀကီးနဲ႔ရိုက္ထားတဲ့သူမပံုဟာ အဓိပၸာယ္ အမ်ားႀကီးရွိေန တာျဖစ္ပါတယ္။ ဒီ၀တ္စံုရဲ႕ဇာတ္လမ္းကိုျပန္ေျပာရမယ္ဆိုရင္ေတာ့ ေနာက္ကြယ္မွာ ဇာတ္လမ္း ေလး တစ္ပုဒ္ရွိခဲ့တာေၾကာင့္ အခုလိုပံုမ်ိဳးနဲ႔ ရိုက္ျဖစ္သြားတာျဖစ္ပါတယ္။ အရင္းစစ္လိုက္ေတာ့ အျမစ္က သတင္းေထာက္မတစ္ေယာက္ေၾကာင့္ ျဖစ္သြားတာလို႔ေျပာလို႔ရေနပါတယ္။

အျဖစ္အပ်က္ေလးကေတာ့ ၁၉၅၁ ခုႏွစ္ သူမ အသက္၂၅ႏွစ္ လွေသြးႀကြယ္ၿပီး၊ နာမည္ႀကီး ေနတဲ့ အခ်ိန္တစ္ခုမွာစခဲ့တာျဖစ္ပါတယ္။ သူမရဲ႕အျဖစ္အပ်က္ဟာကယ္လီဖိုးနီးယား Beverly Hills ဟိုတယ္မွာ က်င္းပခဲ့တဲ့ပါတီတစ္ခုမွာပဲျဖစ္ခဲ့ၾကတာပါ။ အဲဒီပြဲကိုတက္ေရာက္လာတဲ့ မြန္ရိုးဟာ အတိုဒီဇိုင္းအနီေရာင္ကို၀တ္ဆင္လာတာကိုျမင္ရတဲ့သူတိုင္းဟာ လွလြန္းေနတာေၾကာင့္ လူတိုင္းကခ်ီးက်ဴးခဲ့ၾကပါတယ္။ တျခားလူေတြခ်ီးက်ဴးေနေပမယ့္၊ သူမ်ားအေၾကာင္းဆိုရင္ အတင္းအဖ်င္းေရးရ၊ေျပာရမွ ထမင္းစား၀င္တဲ့ ဂ်ာနယ္လစ္အမ်ိဳးသမီးတစ္ေယာက္ဟာ မြန္ရိုးရဲ႕၀တ္ဆင္လာတဲ့ ဒီဇိုင္းကို ျမင္ေတြ႔လိုက္ရတဲ့အခိုက္အတန္႔ေလးမွာကိုပဲ သူမအေပၚကို ေဒါသေပါက္ကြဲထြက္ကာ အခုလိုမ်ိဳး၀တ္ဆင္လာမယ့္အစား အာလူးအိတ္၀တ္လာတာကမွပိုၿပီး ေတာင္ၾကည့္လို႔ေကာင္းေနဦးမယ္လို႔ေျပာခဲ့တာကေနစခဲ့တာျဖစ္ပါတယ္။
ဒီလိုေ၀ဖန္အတင္းေျပာခဲ့တဲ့ၾကားကေန မြန္ရိုးရဲ႕အလွအပဟာ ပိုၿပီးထင္ရွားလာပါတယ္။ ဒါေၾကာင့္ ဂ်ာနယ္လစ္အမ်ိဳးသမီးေျပာခဲ့တဲ့ စကားေတြကို စိတ္ဆိုးရေကာင္းမွန္းမသိျဖစ္ေနခဲ့ၿပီး၊မြန္ရိုးကေတာ့ ပိုၿပီးနာမည္ႀကီးလာခဲ့တာျဖစ္ပါတယ္။ အဲဒီလိုေ၀ဖန္ခံရၿပီးတဲ့ေနာက္မွာေတာ့ မြန္ရိုးဟာ နာမည္ႀကီးရုပ္ရွင္ကုမၸဏီတစ္ခုျဖစ္တဲ့ Twentieth Centry Fox နဲ႔ ပူးေပါင္းၿပီး၊ အားလံုးအံ့အားသင့္ ေအာင္ပံုစံတစ္ခုျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ ဂ်ာနယ္လစ္မမ ေ၀ဖန္သြားခဲ့တဲ့အတိုင္း ဂုန္နီအိတ္ ကို အက်ႌခ်ဳပ္ကာ၀တ္ခဲ့ၿပီး၊ဓာတ္ပံုအရိုက္ခံခဲ့တာပဲျဖစ္ပါတယ္။

တကယ္ဆိုလွၿပီးသားပဲမို႔၊ဘယ္လိုပဲလုပ္လုပ္၊ဘာကိုပဲ၀တ္၀တ္ လွေနတာေၾကာင့္ ျမင္ရသူတိုင္း မအံ့ၾသဘဲမေနႏိုင္ေအာင္ျဖစ္ခဲ့ပါေတာ့တယ္။ ဓာတ္ပုံမ်ားထြက္လာတဲ့အခါမွာလည္း ျမင္ရသူတိုင္းေတာင္ ႀကိဳက္လြန္းလို႔သူမအတိုင္းခ်ဳပ္၀တ္လာၾကတာကို ေတြ႔ၾကရမွာျဖစ္ပါတယ္။ ဘယ္သူေတြဘာေတြေျပာေျပာ ဂုန္နီအိတ္ေလး ခ်ဳပ္၀တ္တာေတာင္ လွေနေတာ့လည္း၊ နာမည္ႀကီး သထက္ႀကီးလာခဲ့ပါတယ္။ သူမ၀တ္ျပလိုက္တဲ့ Monroe’s Popato Sack Dress ဟာအေမရိကမွာ နာမည္ႀကီးခဲ့ပါတယ္။