စပိုင်ဆိုတာစိတ်ဝင်စားသူများအတွက်

0
1383
photo internet

စပိုင်ဆိုတာဟာအင်အားကြီးနိုင်ငံတွေအတွက် အရေးပါတဲ့နေရာမှာရှိနေတာကိုရုပ်ရှင်တွေထဲမှာ မြင်ဖူးနေကြဖြစ်ပါတယ်။စပိုင်တွေရဲ့အလုပ်ဟာ သူ့လူကိုယ့်ဘက်သား လုပ်ပြီး၊ ရန်သူထံကနေ စစ်သတင်းများရယူပေးရခြင်း၊နယ်မြေထောက်လှမ်းမှုတွေကိုပါလုပ်ပေးရတာဖြစ်ပါတယ်။ သူတို့ဘယ်လောက်အထိအရေးပါသလဲဆိုရင်တော့ စစ်ပွဲကြီးတစ်ခုလုံးရဲ့ အနိုင်အရှုံးဟာလည်း စပိုင်တွေရဲ့ထောက်လှမ်းရသမျှသတင်းပေးမှုပေါ်မှာမူတည်နေတဲ့ အခြေအနေထိအောင် အရေးကြီးတဲ့သူများဖြစ်ပါတယ်။

photo internet

ပထမကမ္ဘာစစ်၊ဒုတိယကမ္ဘာစစ် စစ်အေးတိုက်ပွဲ ကာလတွေကနေယခုအချိန်ထိ စပိုင်တွေဟာ အင်အားကြီးနိုင်ငံတွေအတွက် အရေးပါတဲ့နေရာကရှိနေကြတာဖြစ်ပါတယ်။ စစ်ပြီးခေတ်နောက်ပိုင်းမှာတော့ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမှာပြုလုပ်ထားတဲ့ စပိုင်ပြတိုက်မှာဆိုရင် နိုင်ငံတကာရဲ့ အထူးအေးဂျင့်စပိုင်တွေအသုံးပြုခဲ့တဲ့ပစ္စည်းကိရိယာတွေကို ပြသထားတာတွေ့ရမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်အကောင်းဆုံးပြတိုက်တစ်ခုဖြစ်ကြောင်းပြောချင် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြတိုက်ကြီးဟာ ကမ္ဘာ့အလျှို့ဝှက်ဆုံး ပရော်ဖက်ရှင်နယ်စပိုင်တစ်ယောက်ရဲ့ ဘဝတစ်စိတ် တစ်ဒေသ ကို အမှတ်ရနေစေဖို့ပဲဖြစ်ပါတယ်။ ဒီလိုအမှတ်တရတွေဖြစ်စေအောင်ဖန်တီးပေးခဲ့သူတစ်ယောက်ကတော့ နာမည်ကျော် ပြတိုက် တည်ထောင်သူမစ်လ်တန် မော့လ်ဇ့် ဖြစ်ပြီး၊တည်ဆောက်ခဲ့လို့ကုန်ကျခဲ့တဲ့ငွေဟာသန်း၄၀တောင်ဖြစ် တယ်လို့ သိရပါတယ်။အဲဒီပြတိုက်ဟာ ၁၉၉၆ ခုနှစ်က ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။ ဒီပြတိုက်ကြီးကို၂၀၀၂ခုနှစ်ဇူလိုင်၁၉ ရက်မှာ တရားဝင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

photo internet

ပြတိုက်ရဲ့မူလနေရာဟာ ဝါရှင်တန်ဒီစီမြို့က Penn Quarter မှာတည်ရှိပြီး၊၂၀၁၉ခုနှစ် ဇန်နဝါရီလကနေစပြီးL’Enfant Plazaကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကာ၊ ပြတိုက်အတွင်းမှာလည်း စပိုင်အသုံးအဆောင်ပစ္စည်းအမျိုးပေါင်း ၇၅၀လောက်ကို ပြထားတာတွေ့ကြရမှာဖြစ်ပါတယ်။ ရောမအင်ပါယာ၊ဂရိတ်အင်ပါယာ၊အလယ်ခေတ်ကာလ၊အမေရိကန်တော်လှန်ရေးကာလ၊ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်ကာလ၊စစ်အေးတိုက်ပွဲကာလတွေအတွင်းကနေမျက်မှောက်ခေတ်ကာလတွေအထိစပိုင်တွေအသုံးပြုခဲ့တဲ့ထောက်လှမ်းရေးပစ္စည်း အဆုံးအဆောင်အထိပြသထားတယ်လို့သိရပါတယ်။

photo internet

ပြတိုက်ရဲ့တချို့အပိုင်းတွေမှာဆိုရင်လည်း အဖမ်းရအခက်ဆုံးစပိုင်တွေရဲ့နောက်ကွယ်က လုပ်ငန်းတာဝန်တွေကို ရုပ်သံဓာတ်ပုံမှတ်တမ်းတွေနဲ့ မှတ်တမ်းတင်ထားတာရှိပါတယ်။ ဒီပြတိုက်ကြီးအတွင်းမှာ ဆိုရင်လာရောက်လေ့လာသူတွေအတွက် စပိုင်တွေရဲ့အကြောင်းကို နားလည်လွယ်စေဖို့ စပိုင်တစ်ယောက်ရဲ့ နေ့ရက်အလိုက်၊အချိန်နဲ့နေရာအလိုက် ကွဲပြားပိရိတဲ့လုပ်ငန်း ဆောင်တာတွေကို ကွန်ပျူတာစနစ်အတွင်း ထည့်သွင်းထားရှိတာဖြစ်ပြီး၊လေ့လာသူတွေအနေနဲ့ စပိုင်တွေရဲ့ လျှို့ဝှက်လက်နက်အသုံးပြုပုံအထိ သိရှိနိုင်မှာဖြစ်ပါတယ်။ဒါတင်မကသေးဘဲ ပြတိုက်တာဝန်ရှိသူတွေဘက်က လာရောက်လေ့လာသူတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် စပိုင်လုပ်ငန်းဆိုင်ရာ ခရီးစဉ်တွေနဲ့ ရုပ်ရှင်တွေအပြင်၊Special eventsတွေ ကိုပြုလုပ်ပေးထားတာကို လည်း တွေ့ရမှာဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုရရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ စပိုင်ပြ တိုက်ကြီး ဟာ ကမ္ဘာ့ရှားပါးပြတိုက်တစ်ခုအဖြစ် ရှိနေရုံသာမက တစ်ဖက်ကလည်း စာသင်သား ကလေးငယ်တွေ အတွက် စာပေလေ့လာရေးဆိုင်ရာစာကြည့်တိုက်ကြီးအဖြစ်တည်ရှိနေပါတယ်။ နှစ်စဉ်လာ ရောက်လည်ပတ်သူ များဟာ၆သိန်းလောက်အထိရှိနေပြီး၊ ပြတိုက်ရဲ့တာဝန်ခံကတော့ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Christopher P.Costaဆိုသူဖြစ်ပါတယ်။

photo internet

(Zawgyi Version)

စပိုင္ဆိုတာစိတ္၀င္စားသူမ်ားအတြက္

စပိုင္ဆိုတာဟာအင္အားႀကီးႏိုင္ငံေတြအတြက္ အေရးပါတဲ့ေနရာမွာရွိေနတာကိုရုပ္ရွင္ေတြထဲမွာ ျမင္ဖူးေနၾကျဖစ္ပါတယ္။စပိုင္ေတြရဲ႕အလုပ္ဟာ သူ႔လူကိုယ့္ဘက္သား လုပ္ၿပီး၊ ရန္သူထံကေန စစ္သတင္းမ်ားရယူေပးရျခင္း၊နယ္ေျမေထာက္လွမ္းမႈေတြကိုပါလုပ္ေပးရတာျဖစ္ပါတယ္။ သူတို႔ဘယ္ေလာက္အထိအေရးပါသလဲဆိုရင္ေတာ့ စစ္ပြဲႀကီးတစ္ခုလံုးရဲ႕ အႏိုင္အရံႈးဟာလည္း စပိုင္ေတြရဲ႕ေထာက္လွမ္းရသမွ်သတင္းေပးမႈေပၚမွာမူတည္ေနတဲ့ အေျခအေနထိေအာင္ အေရးႀကီးတဲ့သူမ်ားျဖစ္ပါတယ္။

ပထမကမၻာစစ္၊ဒုတိယကမၻာစစ္ စစ္ေအးတိုက္ပြဲ ကာလေတြကေနယခုအခ်ိန္ထိ စပိုင္ေတြဟာ အင္အားႀကီးႏိုင္ငံေတြအတြက္ အေရးပါတဲ့ေနရာကရွိေနၾကတာျဖစ္ပါတယ္။ စစ္ၿပီးေခတ္ေနာက္ပိုင္းမွာေတာ့ အေမရိကန္ျပည္ေထာင္စု၀ါရွင္တန္ဒီစီမွာျပဳလုပ္ထားတဲ့ စပိုင္ျပတိုက္မွာဆိုရင္ ႏိုင္ငံတကာရဲ႕ အထူးေအးဂ်င့္စပိုင္ေတြအသံုးျပဳခဲ့တဲ့ပစၥည္းကိရိယာေတြကို ျပသထားတာေတြ႔ရမွာျဖစ္ပါတယ္။ရည္ရြယ္ခ်က္အေကာင္းဆံုးျပတိုက္တစ္ခုျဖစ္ေၾကာင္းေျပာခ်င္ ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီျပတိုက္ႀကီးဟာ ကမၻာ့အလွ်ိဳ႕၀ွက္ဆံုး ပေရာ္ဖက္ရွင္နယ္္စပိုင္တစ္ေယာက္ရဲ႕ ဘ၀တစ္စိတ္ တစ္ေဒသ ကို အမွတ္ရေနေစဖို႔ပဲျဖစ္ပါတယ္။ ဒီလိုအမွတ္တရေတြျဖစ္ေစေအာင္ဖန္တီးေပးခဲ့သူတစ္ေယာက္ကေတာ့ နာမည္ေက်ာ္ ျပတိုက္ တည္ေထာင္သူမစ္လ္တန္ ေမာ့လ္ဇ့္ ျဖစ္ၿပီး၊တည္ေဆာက္ခဲ့လို႔ကုန္က်ခဲ့တဲ့ေငြဟာသန္း၄၀ေတာင္ျဖစ္ တယ္လို႔ သိရပါတယ္။အဲဒီျပတိုက္ဟာ ၁၉၉၆ ခုႏွစ္က ဒီဇိုင္းေရးဆြဲ တည္ေဆာက္ခဲ့တာလို႔ ဆိုပါတယ္။ဒီျပတိုက္ႀကီးကို၂၀၀၂ခုႏွစ္ဇူလိုင္၁၉ ရက္မွာ တရား၀င္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

ျပတိုက္ရဲ႕မူလေနရာဟာ ၀ါရွင္တန္ဒီစီၿမိဳ႕က Penn Quarter မွာတည္ရွိၿပီး၊၂၀၁၉ခုႏွစ္ ဇန္န၀ါရီလကေနစၿပီးL’Enfant Plazaကို ေျပာင္းေရႊ႕ဖြင့္လွစ္ခဲ့ကာ၊ ျပတိုက္အတြင္းမွာလည္း စပိုင္အသံုးအေဆာင္ပစၥည္းအမ်ိဳးေပါင္း ၇၅၀ေလာက္ကို ျပထားတာေတြ႔ၾကရမွာျဖစ္ပါတယ္။ ေရာမအင္ပါယာ၊ဂရိတ္အင္ပါယာ၊အလယ္ေခတ္ကာလ၊ အေမရိကန္ေတာ္လွန္ေရးကာလ၊ပထမကမၻာစစ္နဲ႔ဒုတိယကမၻာစစ္ကာလ၊စစ္ေအးတိုက္ပြဲကာလေတြအတြင္းကေနမ်က္ေမွာက္ေခတ္ကာလေတြအထိစပိုင္ေတြအသံုးျပဳခဲ့တဲ့ေထာက္လွမ္းေရးပစၥည္း အဆံုးအေဆာင္အထိျပသထားတယ္လို႔သိရပါတယ္။

ျပတိုက္ရဲ႕တခ်ိဳ႕အပိုင္းေတြမွာဆိုရင္လည္း အဖမ္းရအခက္ဆံုးစပိုင္ေတြရဲ႕ေနာက္ကြယ္က လုပ္ငန္းတာ၀န္ေတြကို ရုပ္သံဓာတ္ပံုမွတ္တမ္းေတြနဲ႔ မွတ္တမ္းတင္ထားတာရွိပါတယ္။ ဒီျပတိုက္ႀကီးအတြင္းမွာဆိုရင္လာေရာက္ေလ့လာသူေတြအတြက္ စပိုင္ေတြရဲ႕အေၾကာင္းကို နားလည္လြယ္ေစဖို႔ စပိုင္တစ္ေယာက္ရဲ႕ ေန႔ရက္အလိုက္၊အခ်ိန္နဲ႔ေနရာအလိုက္ ကြဲျပားပိရိတဲ့လုပ္ငန္း ေဆာင္တာေတြကို ကြန္ပ်ဴတာစနစ္အတြင္း ထည့္သြင္းထားရွိတာျဖစ္ၿပီး၊ေလ့လာသူေတြအေနနဲ႔ စပိုင္ေတြရဲ႕ လွ်ိဳ႕၀ွက္လက္နက္အသံုးျပဳပံုအထိ သိရွိႏိုင္မွာျဖစ္ပါတယ္။ဒါတင္မကေသးဘဲ ျပတိုက္တာ၀န္ရွိသူေတြဘက္က လာေရာက္ေလ့လာသူေတြနဲ႔ ေက်ာင္းသား၊ေက်ာင္းသူေတြအတြက္ စပိုင္လုပ္ငန္းဆိုင္ရာ ခရီးစဥ္ေတြနဲ႔ ရုပ္ရွင္ေတြအျပင္၊Special eventsေတြ ကိုျပဳလုပ္ေပးထားတာကို လည္း ေတြ႔ရမွာျဖစ္ပါတယ္။ အခ်ဳပ္အားျဖင့္ဆိုရရင္ေတာ့ အေမရိကန္ျပည္ေထာင္စုရဲ႕ စပိုင္ျပ တိုက္ႀကီး ဟာ ကမၻာ့ရွားပါးျပတိုက္တစ္ခုအျဖစ္ ရွိေနရံုသာမက တစ္ဖက္ကလည္း စာသင္သား ကေလးငယ္ေတြ အတြက္ စာေပေလ့လာေရးဆိုင္ရာစာၾကည့္တိုက္ႀကီးအျဖစ္တည္ရိွေနပါတယ္။ ႏွစ္စဥ္လာ ေရာက္လည္ပတ္သူ မ်ားဟာ၆သိန္းေလာက္အထိရွိေနၿပီး၊ ျပတိုက္ရဲ႕တာ၀န္ခံကေတာ့ ဒါရိုက္တာ တစ္ေယာက္ျဖစ္တဲ့ Christopher P.Costaဆိုသူျဖစ္ပါတယ္။