ရေပေါ်ဟိုတယ်ကြီးရဲ့ခရီးရှည်ဖြတ်သန်းခဲ့မှု

0
1238
photo internet

ရေပေါ်ဟိုတယ်ကြီးလို့ပြောလိုက်တာနဲ့ဘယ်လိုလုပ်ပြီးခရီးနှင်လာခဲ့တာလဲလို့တွေးနေကြမယ်ထင်ပါ တယ်။ဒီဟိုတယ်ကြီးဟာသြစတြေးလျလုပ်ငန်းရှင်DougTarcaနဲ့သားဖြစ်သူပီတာတို့ရဲ့စိတ်ကူးကနေတစ်ဆင့် ဖြစ်ပေါ်လာခဲ့တဲ့အစီအစဉ်ဖြစ်ပါတယ်။ သူတို့ဟာ မဟာသန္တာကျောက်တန်းကြီး အနီးက အပန်းဖြေ စခန်းမှာ ကမ္ဘာလှည့်ပြီးသွားရောက်နေကြတဲ့ ခရီးသည်တွေကို ဆွဲဆောင်ဖို့ အတွက် ဒီဟိုတယ်ကို ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။

photo internet

ဟိုတယ်ဆိုပေမယ့် သင်္ဘောကြီးတစ်စင်းလို ခုတ်မောင်း သွားလာနိုင်အောင် တည်ဆောက်ထားတာဖြစ် ပါတယ်။ ကုန်ကျစရိတ်ကိုပြောပြရမယ်ဆိုရင်ဒေါ်လာသန်း၄၀ကုန်ကျခဲ့တာပဲဖြစ်ပါတယ်။ ဒီဟိုတယ်ကို ဆောက်လုပ်ဖို့အတွက်လည်း စင်ကာပူကုမ္ပဏီတစ်ခုကတည်ဆောက်ပေးခဲ့တာလို့ဆိုပါတယ်။ ၁၉၈ရခုမှာတည်ဆောက်ပြီးစီးခဲ့ကြောင်း နဲ့ငွေပေးခြေမှုကြန့်ကြာခဲ့ခြင်းရှိခဲ့တာကြောင့်၁၉၈၈ခုမှသြစတြေးလျကိုရောက်ရှိခဲ့ကြောင်းသိရပါတယ်။ဟိုတယ်နာမည်ကိုတော့Haegumgang လို့အမည်ပေးထား ကြောင်းဆိုပါတယ်။

photo internet

တစ်ချိန်တုန်းကသြစတြေးလျနိုင်ငံ ကွင်းစလန်ကနေဗီယက်နမ်၊အဲဒီကနေမှလက်ရှိအချိန်မှာတော့ မြောက်ကိုရီးယားနိုင်ငံကစိတ်တောင်လို့လူသိများခဲ့တဲ့ ကမ်ဂန်းတောင်အပန်းဖြေစခန်းကို ရောက်ရှိနေခဲ့ တာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးကို ၁၉၈၈ခု မှာ မဟာသန္တာကျောက်တန်းကြီးထဲမှာအပါအဝင်ဖြစ်တဲ့ John Brewer သန္တာကျောက်တန်းမှာဆိုက်ကပ်ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်းဆိုပါတယ်။ ဟိုတယ်ကြီးဟာ ၇ထပ်ဖြစ်ပြီး၊ အခန်းပေါင်းအားဖြင့် ၂၀၀ကျော်ရှိပြီး၊ကလပ်၊ဘား၊ရဟတ်ယာဉ်ကွင်းနဲ့ တင်းနစ်ကွင်းတွေ ပါဝင်တယ်လို့ဆိုပါတယ်။

photo internet

မူလအစမှာတော့ လူကြိုက်များလွန်းခဲ့ပေမယ့် ဟိုတယ်ရှိရာနေရာကိုလာရောက်ဖို့အတွက်မိုင်ပေါင်း၄၀ကျော် Water Taxi စီးလာမှသာ အဆင်ပြေနိုင် မှာဖြစ်တာကြောင့် နောက်ပိုင်းမှာတော့ မှန်းထား သလောက်ဧည့်သည်မရခဲ့တာဖြစ်ပါတယ်။ ကြယ်ငါးပွင့် သင်္ဘောဖြစ်တဲ့ ဒီဟိုတယ်ရဲ့ဝင်ငွေဟာထိန်းသိမ်းလည်ပတ်မှုနဲ့ စရိတ်ကိုမကာမိဘဲဖြစ်ခဲ့ပါတယ်။ စဖွင့်ပြီး တစ်နှစ် အတွင်းမှာ အရှုံးပြလာတဲ့အတွက်ဗီယက်နမ်ကုမ္ပဏီတစ်ခုကို ပြန်လည်ရောင်းချခဲ့ရပါတော့ တယ်။ဒီလိုနဲ့ပဲ၁၉၈၉ခုနှစ်မှာတော့ မိုင်ပေါင်း၃၁၀၀ခန့်ခရီးနှင်ခဲ့ပြီးနောက်မှာ ဗီယက်နမ်ကိုရောက်ရှိခဲ့ပါတယ်။ ဆိုင်ဂုန်ရေပေါ်ဟိုတယ်အဖြစ်ဖွင့်လှစ်ခဲ့ပြီး၊ မကြာခင်မှာတော့ ရေပန်းစား လူသိများခဲ့ပေမယ့်၊၁၀စုနှစ် တစ်စုအကြာမှာတော့ ငွေကြေးတတ်နိုင်တဲ့သူတွေလာတာနည်းပါးလာတဲ့ အတွက်ကြောင့် အရှုံးပြလာ ပါတော့တယ်။အရှုံးပြလိုက်တဲ့ဒီဟိုတယ်ကြီးဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားအကြားကMount Kumgang အပန်းဖြေစခန်းကို၁၉၉၈မှာရောက်ရှိခဲ့ပြီး၊Hotel Haegumgangလို့ ပြောင်းလဲဖွင့်လှစ် ခဲ့တာဖြစ်ပါတယ်။

photo internet

၂၀၀၈ခုနှစ်မှာတော့ တောင်ကိုရီးယားခရီးသွားအမျိုးသမီးတစ်ယောက်ကို မြောက်ကိုရီးယား စစ်သားတစ် ယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့မှုကြောင့် အပန်းဖြေစခန်းလာရောက်လည်ပတ်မှု တားမြစ်ခံခဲ့ရပြီး၊ ဟိုတယ်ကြီးကိုပါ ပိတ်ပင်ခံခဲ့ရတဲ့အတွက် လည်ပတ်သူကင်းမဲ့ဇုန်ဖြစ်ခဲ့ပါတယ်။ ၂၀၁၈မှာ တောင်နဲ့ မြောက်ကိုရီးယား နားလည်မှုရပြီး၊ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ဒါပေမယ့်လည်း အဲဒီဟိုတယ်ကြီးကို ၂၀၁၉ခုမှာတော့မြောက် ကိုရီၤးယားခေါင်းဆောင်ရောက်ရှိလာခဲ့ပြီး၊အပန်းဖြေစခန်းရှိခေတ်နောက်ကျနေတဲ့ ဒီဇိုင်းနဲ့ပုံစံတွေကို အကုန်ရှင်းလင်းဖို့ပြောကြားသွားခဲ့တဲ့အထဲမှာဒီရေပေါ်ဟိုတယ်ကြီးပါစာရင်းထဲမှာပါခဲ့ပါတယ်။
ဒီဇိုင်းအဟောင်းတွေကို အကုန်ဖယ်ရှားပြီးဖျက်ဆီးသင့်တာဖျက်ကာ တစ်ခုခုပြန် လုပ်တော့မှာဖြစ်တာ ကြောင့် မူရင်းစတင်ခဲ့တဲ့ သြစတြေးလျ ကွင်းစလန်ကနေမြောက်ကိုရီးယားအထိ ရွှေ့လာခဲ့တဲ့ မိုင်ပေါင်း ဟာ ၉၀၀၀နီးပါးရှိတယ်လို့ဆိုပါတယ်။ သြစတြေးလျ ကွင်းစလန်ပြည်သူတွေကတော့ အဲဒီရေပေါ် ဟိုတယ်ကြီးကို ပြန်လည်တမ်းတလွမ်းနေရတော့မှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်။

photo internet

(Zawgyi Version)

ေရေပၚဟိုတယ္ႀကီးရဲ႕ခရီးရွည္ျဖတ္သန္းခဲ့မႈ

ေရေပၚဟိုတယ္ႀကီးလို႔ေျပာလိုက္တာနဲ႔ဘယ္လိုလုပ္ၿပီးခရီးႏွင္လာခဲ့တာလဲလို႔ေတြးေနၾကမယ္ထင္ပါ တယ္။ဒီဟိုတယ္ႀကီးဟာၾသစေၾတးလ်လုပ္ငန္းရွင္DougTarcaနဲ႔သားျဖစ္သူပီတာတို႔ရဲ႕စိတ္ကူးကေနတစ္ဆင့္ ျဖစ္ေပၚလာခဲ့တဲ့အစီအစဥ္ျဖစ္ပါတယ္။ သူတို႔ဟာ မဟာသႏၱာေက်ာက္တန္းႀကီး အနီးက အပန္းေျဖ စခန္းမွာ ကမၻာလွည့္ၿပီးသြားေရာက္ေနၾကတဲ့ ခရီးသည္ေတြကို ဆြဲေဆာင္ဖို႔ အတြက္ ဒီဟိုတယ္ကို ေဆာက္လုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ဟိုတယ္ဆိုေပမယ့္ သေဘၤာႀကီးတစ္စင္းလို ခုတ္ေမာင္း သြားလာႏိုင္ေအာင္ တည္ေဆာက္ထားတာျဖစ္ ပါတယ္။ ကုန္က်စရိတ္ကိုေျပာျပရမယ္ဆိုရင္ေဒၚလာသန္း၄၀ကုန္က်ခဲ့တာပဲျဖစ္ပါတယ္။ ဒီဟိုတယ္ကို ေဆာက္လုပ္ဖို႔အတြက္လည္း စင္ကာပူကုမၸဏီတစ္ခုကတည္ေဆာက္ေပးခဲ့တာလို႔ဆိုပါတယ္။ ၁၉၈ရခုမွာတည္ေဆာက္ၿပီးစီးခဲ့ေၾကာင္းနဲ႔ေငြေပးေျခမႈၾကန္႕ၾကာခဲ့ျခင္းရွိခဲ့တာေၾကာင့္၁၉၈၈ခုမွၾသစေၾတးလ်ကိုေရာက္ရွိခဲ့ေၾကာင္းသိရပါတယ္။ဟိုတယ္နာမည္ကိုေတာ့Haegumgang လို႔အမည္ေပးထား ေၾကာင္းဆ္ိုပါတယ္။

တစ္ခ်ိန္တုန္းကၾသစေၾတးလ်ႏိုင္ငံ ကြင္းစလန္ကေနဗီယက္နမ္၊အဲဒီကေနမွလက္ရွိအခ်ိန္မွာေတာ့ ေျမာက္ကိုရီးယားႏိုင္ငံကစိတ္ေတာင္လို႔လူသိမ်ားခဲ့တဲ့ ကမ္ဂန္းေတာင္အပန္းေျဖစခန္းကို ေရာက္ရွိေနခဲ့ တာျဖစ္ပါတယ္။ ဒီဟိုတယ္ႀကီးကို ၁၉၈၈ခု မွာ မဟာသႏၱာေက်ာက္တန္းႀကီးထဲမွာအပါအ၀င္ျဖစ္တဲ့ John Brewer သႏၱာေက်ာက္တန္းမွာဆိုက္ကပ္ဖြင့္လွစ္ခဲ့တာျဖစ္ေၾကာင္းဆိုပါတယ္။ ဟိုတယ္ႀကီးဟာ ၇ထပ္ျဖစ္ၿပီး၊ အခန္းေပါင္းအားျဖင့္ ၂၀၀ေက်ာ္ရွိၿပီး၊ကလပ္၊ဘား၊ရဟတ္ယာဥ္ကြင္းနဲ႔ တင္းနစ္ကြင္းေတြ ပါ၀င္တယ္လုိ႔ဆိုပါတယ္။

မူလအစမွာေတာ့ လူႀကိဳက္မ်ားလြန္းခဲ့ေပမယ့္ ဟိုတယ္ရွိရာေနရာကိုလာေရာက္ဖို႔အတြက္မိုင္ေပါင္း၄၀ေက်ာ္ Water Taxi စီးလာမွသာ အဆင္ေျပႏိုင္ မွာျဖစ္တာေၾကာင့္ ေနာက္ပိုင္းမွာေတာ့ မွန္းထားသေလာက္ဧည့္သည္မရခဲ့တာျဖစ္ပါတယ္။ ၾကယ္ငါးပြင့္ သေဘၤာျဖစ္တဲ့ ဒီဟိုတယ္ရဲ႕၀င္ေငြဟာထိန္းသိိမ္းလည္ပတ္မႈနဲ႔ စရိတ္ကိုမကာမိဘဲျဖစ္ခဲ့ပါတယ္။ စဖြင့္ၿပီး တစ္ႏွစ္ အတြင္းမွာ အရႈံးျပလာတဲ့အတြက္ဗီယက္နမ္ကုမၸဏီတစ္ခုကို ျပန္လည္ေရာင္းခ်ခဲ့ရပါေတာ့ တယ္။
ဒီလိုနဲ႔ပဲ၁၉၈၉ခုႏွစ္မွာေတာ့ မိုင္ေပါင္း၃၁၀၀ခန္႔ခရီးႏွင္ခဲ့ၿပီးေနာက္မွာဗီယက္နမ္ကိုေရာက္ရွိခဲ့ပါတယ္။ ဆိုင္ဂုန္ေရေပၚဟိုတယ္အျဖစ္ဖြင့္လွစ္ခဲ့ၿပီး၊ မၾကာခင္မွာေတာ့ ေရပန္းစား လူသိမ်ားခဲ့ေပမယ့္၊၁၀စုႏွစ္ တစ္စုအၾကာမွာေတာ့ ေငြေၾကးတတ္ႏိုင္တဲ့သူေတြလာတာနည္းပါးလာတဲ့အတြက္ေၾကာင့္ အရႈံးျပလာ ပါေတာ့တယ္။အရံႈးျပလိုက္တဲ့ဒီဟိုတယ္ႀကီးဟာ ေတာင္ကိုရီးယားနဲ႔ေျမာက္ကိုရီးယားအၾကားကMount Kumgang အပန္းေျဖစခန္းကို၁၉၉၈မွာေရာက္ရွိခဲ့ၿပီး၊Hotel Haegumgangလို႔ ေျပာင္းလဲဖြင့္လွစ္ ခဲ့တာျဖစ္ပါတယ္။

၂၀၀၈ခုႏွစ္မွာေတာ့ ေတာင္ကိုရီးယားခရီးသြားအမ်ိဳးသမီးတစ္ေယာက္ကို ေျမာက္ကိုရီးယား စစ္သားတစ္ ေယာက္က ေသနတ္နဲ႔ပစ္ခတ္ခဲ့မႈေၾကာင့္ အပန္းေျဖစခန္းလာေရာက္လည္ပတ္မႈ တားျမစ္ခံခဲ့ရၿပီး၊ ဟိုတယ္ႀကီးကိုပါ ပိတ္ပင္ခံခဲ့ရတဲ့အတြက္ လည္ပတ္သူကင္းမဲ့ဇုန္ျဖစ္ခဲ့ပါတယ္။ ၂၀၁၈မွာ ေတာင္နဲ႔ ေျမာက္ကိုရီးယား နားလည္မႈရၿပီး၊ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။ဒါေပမယ့္လည္း အဲဒီဟိုတယ္ႀကီးကို ၂၀၁၉ခုမွာေတာ့ေျမာက္ကိုရီၤးယားေခါင္းေဆာင္ေရာက္ရွိလာခဲ့ၿပီး၊အပန္းေျဖစခန္းရွိေခတ္ေနာက္က်ေနတဲ့ ဒီဇိုင္းနဲ႔ပံုစံေတြကိုအကုန္ရွင္းလင္းဖို႔ေျပာၾကားသြားခဲ့တဲ့အထဲမွာဒီေရေပၚဟိုတယ္ႀကီးပါစာရင္းထဲမွာပါခဲ့ပါတယ္။
ဒီဇိုင္းအေဟာင္းေတြကို အကုန္ဖယ္ရွားၿပီးဖ်က္ဆီးသင့္တာဖ်က္ကာ တစ္ခုခုျပန္ လုပ္ေတာ့မွာျဖစ္တာ ေၾကာင့္ မူရင္းစတင္ခဲ့တဲ့ ၾသစေၾတးလ် ကြင္းစလန္ကေနေျမာက္ကိုရီးယားအထိ ေရႊ႕လာခဲ့တဲ့ မိုင္ေပါင္း ဟာ ၉၀၀၀နီးပါးရွိတယ္လို႔ဆိုပါတယ္။ ၾသစေၾတးလ် ကြင္းစလန္ျပည္သူေတြကေတာ့ အဲဒီေရေပၚ ဟိုတယ္ႀကီးကို ျပန္လည္တမ္းတလြမ္းေနရေတာ့မွာျဖစ္ပါတယ္လို႔ေျပာခ်င္ပါတယ္။