နိုင်ငံအဆင့်ထိဂုဏ်ပြုခံလိုက်ရတဲ့ မိန်းကလေး

0
1388
photo internet

ဖိလစ်ပိုင်သူလေးဖြစ်တဲ့ ဆရာမတစ်ဖြစ်လဲ ပရဟိတ စေတနာရှင်လေးတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။သူကတော့ဒါရာလို့ခေါ်ပြီး၊ စာသင်ကြားရေးမှာလည်း အသင်အပြ ကောင်းလွန်းလို့ ကလေးတို့ရဲ့ စာသင်ဝိုင်းတွေမှာနာမည်ကြီးနေတဲ့ ဆရာမလေးဖြစ်ပါတယ်။ ကလေးတို့ကလည်း သိပ်ချစ်ကြတာကြောင့် နာမည်ကြီးနေတဲ့ဆရာမလေးဖြစ်ပါတယ်။

photo internet

ဒီလောက် နာမည်ကျော်ကြား နေတာကြောင့် ဆရာမလေးကို The One National ကချီးမြှင့်တဲ့ The Oneဖိလစ်ပိုင် လူသားချင်း စာနာထောက်ထားမှုဆုကိုတောင်ပေးအပ်ခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။ ဆရာမလေးအနေနဲ့ ကျောင်းမနေရတဲ့ကလေးတွေကို ရေးတတ်ဖတ်တတ်ရုံမကဘဲ ပိုပြီးကျွမ်းကျင်စွာ လိုက်နိုင်အောင် သင်ကြားပေးတာကြောင့် ပထမဆုံးစသင်တဲ့အချိန်တုန်းကတော့ ၃ယောက်လောက် ပဲရှိတဲ့သူ့ရဲ့ စာသင်ဝိုင်းလေးမှာ အခုဆိုရင် ၃၅ယောက်အထိရှိနေခဲ့ပြီလို့သိလိုက်ရတဲ့ အတွက် ဝမ်းသာအားရဖြစ်မိပါတယ်။

photo internet

သူမရရှိခဲ့တဲ့ဆုဟာ ငွေသားသက်သက်က ဖိလစ်ပိုင်ပီဆို ၁.၅သန်း ရရှိခဲ့ပြီး၊ ထပ်ဆောင်းငွေကလည်း ပီဆို၂သိန်းခွဲကိုပါရရှိခဲ့ကြောင်းဆိုပါတယ်။ စိတ်ထားကလည်းကောင်း၊ လုပ်တဲ့အလုပ်ကလည်းမွန်မြတ် တဲ့အလုပ်ဖြစ်တာကြောင့် ထိုက်တန်တဲ့စေတနာဆုကို သူမရရှိခဲ့တာဖြစ်ပါတယ်။ ဒါရာရဲ့ကောင်း သတင်းတွေဟာ လွန်ခဲ့တဲ့ နှစ်များကမှ သူမအကြောင်းကို သတင်းလေးမွှေးနေခဲ့အောင် အင်တာနက်မှာ တင်ပြီးဖြန့်ကြက်ပေးခဲ့တာကနေစခဲ့တယ်လို့သိရပါတယ်။

photo internet

သူမဟာ တက္ကသိုလ်မှာလည်း မူလတန်းဆရာမ အတတ်သင် မေဂျာကိုတက်ရောက် သင်ကြားနေ သူဖြစ်ပြီး၊ သူမတက်ရောက်နေတဲ့ ကျောင်းနားမှာပင် ကျောင်းမတက်နိုင်ဘဲလမ်းပျောက်နေ တဲ့ကလေးတွေကို စုစည်းကာ သူတို့ရဲ့ အားလပ်ချိန်လေးတွေမှာ စာသင်ပြပေးပြီး လိမ္မာရေးခြားရှိဖို့၊ ပညာတတ်တွေဖြစ်ဖို့ ဆိုတဲ့ သူမရဲ့စိတ်ကူးကို အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ သူဖြစ်ပါတယ်။ ဒီလိုမျိုး ကလေးတွေရဲ့ရှေ့ရေးကို မျှော်ကိုးပြီး စေတနာသန့်သန့်နဲ့သင်ကြားပေးခဲ့တဲ့ ဆရာမလေးဒါရာ ဟာလူထုကို အကျိုးပြုမှုက နိုင်ငံအဆင့်ထိ ပါဂုဏ်ပြုခံလိုက်ရပြီဖြစ်တာကြောင့်ဝမ်းမြောက်ဝမ်းသာ လေးစားဂုဏ်ယူပေးလိုက်ပါတယ်။

photo internet

(Zawgyi Version)

ႏိုင္ငံအဆင့္ထိဂုဏ္ျပဳခံလိုက္ရတဲ့ မိန္းကေလး

ဖိလစ္ပိုင္သူေလးျဖစ္တဲ့ ဆရာမတစ္ျဖစ္လဲ ပရဟိတ ေစတနာရွင္ေလးတစ္ေယာက္အေၾကာင္းကို ေျပာျပခ်င္ပါတယ္။သူကေတာ့ဒါရာလို႔ေခၚၿပီး၊ စာသင္ၾကားေရးမွာလည္း အသင္အျပ ေကာင္းလြန္းလို႔ ကေလးတို႔ရဲ႕ စာသင္၀ိုင္းေတြမွာနာမည္ႀကီးေနတဲ့ ဆရာမေလးျဖစ္ပါတယ္။ ကေလးတို႔ကလည္း သိပ္ခ်စ္ၾကတာေၾကာင့္နာမည္ႀကီးေနတဲ့ဆရာမေလးျဖစ္ပါတယ္။

ဒီေလာက္ နာမည္ေက်ာ္ၾကား ေနတာေၾကာင့္ ဆရာမေလးကို The One National ကခ်ီးျမွင့္တဲ့ The Oneဖိလစ္ပိုင္ လူသားခ်င္း စာနာေထာက္ထားမႈဆုကိုေတာင္ေပးအပ္ျခင္းကိုခံခဲ့ရသူျဖစ္ပါတယ္။ ဆရာမေလးအေနနဲ႔ ေက်ာင္းမေနရတဲ့ကေလးေတြကို ေရးတတ္ဖတ္တတ္ရံုမကဘဲ ပိုၿပီးက်ြမ္းက်င္စြာ လိုက္ႏိုင္ေအာင္ သင္ၾကားေပးတာေၾကာင့္ ပထမဆံုးစသင္တဲ့အခ်ိန္တုန္းကေတာ့ ၃ေယာက္ေလာက္ ပဲရွိတဲ့သူ႔ရဲ႕ စာသင္၀ိုင္းေလးမွာ အခုဆိုရင္ ၃၅ေယာက္အထိရွ္ိေနခဲ့ၿပီလို႔သိလိုက္ရတဲ့ အတြက္ ၀မ္းသာအားရျဖစ္မိပါတယ္။

သူမရရွိခဲ့တဲ့ဆုဟာ ေငြသားသက္သက္က ဖိလစ္ပိုင္ပီဆို ၁.၅သန္း ရရွ္ိခဲ့ၿပီး၊ ထပ္ေဆာင္းေငြကလည္း ပီဆို၂သိန္းခြဲကိုပါရရွိခဲ့ေၾကာင္းဆိုပါတယ္။ စိတ္ထားကလည္းေကာင္း၊ လုပ္တဲ့အလုပ္ကလည္းမြန္ျမတ္ တဲ့အလုပ္ျဖစ္တာေၾကာင့္ ထိုက္တန္တဲ့ေစတနာဆုကို သူမရရွိခဲ့တာျဖစ္ပါတယ္။ ဒါရာရဲ႕ေကာင္း သတင္းေတြဟာ လြန္ခဲ့တဲ့ ႏွစ္မ်ားကမွ သူမအေၾကာင္းကို သတင္းေလးေမႊးေနခဲ့ေအာင္ အင္တာနက္မွာ တင္ၿပီးျဖန္႔ၾကက္ေပးခဲ့တာကေနစခဲ့တယ္လို႔သိရပါတယ္။

သူမဟာ တကၠသိုလ္မွာလည္း မူလတန္းဆရာမ အတတ္သင္ ေမဂ်ာကိုတက္ေရာက္ သင္ၾကားေန သူျဖစ္ၿပီး၊ သူမတက္ေရာက္ေနတဲ့ ေက်ာင္းနားမွာပင္ ေက်ာင္းမတက္ႏိုင္ဘဲလမ္းေပ်ာက္ေန တဲ့ကေလးေတြကို စုစည္းကာ သူတို႔ရဲ႕ အားလပ္ခ်ိန္ေလးေတြမွာ စာသင္ၿပေပးၿပီး လိမၼာေရးျခားရွိဖို႔၊ ပညာတတ္ေတြျဖစ္ဖို႔ ဆိုတဲ့ သူမရဲ႕စိတ္ကူးကို အေကာင္အထည္ ေဖာ္ႏိုင္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ သူျဖစ္ပါတယ္။ ဒီလိုမ်ိဳး ကေလးေတြရဲဲ႕ေရွ႕ေရးကို ေမွ်ာ္ကိုးၿပီး ေစတနာသန္႔သန္႔နဲ႔သင္ၾကားေပးခဲ့တဲ့ ဆရာမေလးဒါရာ ဟာလူထုကို အက်ိဳးျပဳမႈက ႏိုင္ငံအဆင့္ထိ ပါဂုဏ္ျပဳခံလိုက္ရၿပီျဖစ္တာေၾကာင့္၀မ္းေျမာက္၀မ္းသာ ေလးစားဂုဏ္ယူေပးလိုက္ပါတယ္။