အပြုသဘောဆောင်တဲ့ ပန်းချီများရေးဆွဲတဲ့ သူ့လက်ရာများ

0
1233
photo – SaveLG

ပညာရှင်တွေဆိုတော့လည်း ဘယ်နေရာဘာလေးနဲ့ ရေးဆွဲလိုက်ရင်ပိုပြီး သိသာထင်ရှားစေမှာလဲ ဆိုတာမျိုးကိုပဲတွေးတတ်ကြတဲ့သူတွေဖြစ်ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးမှုအားနည်းနေသေးတဲ့ တိုင်းပြည်အသီးသီးမှာ လမ်းပန်းဆက်သွယ်ရေးအရ ပိုလို့အားနည်းနေကြပါတယ်။ လမ်းဘေးမှာ ချိုင့်တစ်ခုဖြစ်နေတာကိုတောင် ကိုယ်ထူကိုယ်ထမပြုပြင်နိုင်ကြတဲ့ အနေအထားမျိုးမှာ မြောင်းအဖုံးမရှိတဲ့နေရာမျိုးကိုလည်း ပန်းချီဆရာက သူ့အနုပညာနဲ့ အဖုံးတပ်ပေးစေချင်တာမျိုးအပြင် လမ်းသွားလမ်းလာများအန္တရာယ်ကိုမြင်နိုင်အောင်ဆွဲပေးထားတဲ့ပုံတွေတွေ့ရမှာဖြစ်ပါတယ်။

photo – Red Bull

ဒါ့အပြင် လမ်းတွေချိုင့်အပေါက်နဲ့တွင်းကြီးတွေဖြစ်နေတာမျိုးကိုလည်း ပန်းချီဆရာက လက်ရာမြာက်စွာဆွဲပေးထားပြီး၊ ပြုပြင်စေချင်တဲ့သဘောကိုပြသခဲ့ပါတယ်။ ဒီလိုပြုပြင်မှုတွေ လုပ်ပေးနိုင်ကာမှ တော်ကာကျမှာဖြစ်ပါတယ်။ ဒီလိုမှမလုပ်ပေးရင်လည်း လမ်းသွားလမ်းလာပြည်သူတွေအားလုံး သေကြေမှုတွေဖြစ်နိုင်ပါတယ်။

photo – internet

မိုးတွင်းအချိန်တွေမှာဆို ပိုဆိုးတာကြောင့် ပြည်သူအားလုံး ချောချောမောမော လိုရာခရီးကို ရောက်ရှိသွားလာနိုင်ဖို့အတွက် ပြုပြင်စေချင်တဲ့ အကျိုးပြုပန်းချီလေးတွေနဲ့ လက်စွမ်းပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ တာဝန်ရှိလူကြီးတွေ မေ့လျော့သွားတတ်တာမျိုးဖြစ်သွားခဲ့ရင်တော့ တကယ့်ကို အန္တရာယ်နဲ့ကြုံတွေ့ရမှာစိုးလို့ကြောက်စရာပုံကြီးတွေနဲ့ ရေးဆွဲပြီးမြင်သာအောင်ပြသထားတာလည်း တွေ့ရမှာဖြစ်ပါတယ်။

photo – YouTube

Baadal ရဲ့ ပန်းချီလက်ရာတွေဟာ ဘယ်လောက် အရာရောက်သလဲဆိုတာကတော့ ပုံမှာမြင်ရတဲ့အတိုင်း သူရေးဆွဲခဲ့တဲ့ ချိူင့်တွေ၊ အပေါက်တွေနဲ့ အန္တရယ်ရှိတဲ့နေရာတချို့ကိုတော့ ပြန်လည်ပြုပြင်ပေးထားပြီးဖြစ်နေပါပြီ်။ သူ့ရဲ့အပြုသဘောဆောင်တဲ့ ပန်းချီလက်ရာတွေကိုတော့ လမ်းသွားလမ်းလာအားလုံးတောင် ငေးကြည့်ရတဲ့ လက်ရာတွေဖြစ်ခဲ့ပါတယ်။တတ်သည့်ပညာမနေသာဆိုတဲ့အတိုင်း သူ့ဗီဒီယိုလေးတစ်ခုကိုကြည့်လိုက်ရတဲ့အခါမှာတော့ ပိုပြီးအံ့သြသွားခဲ့ပါတယ်။

photo – internet

အမှန်တကယ်ဆို လပေါ်မှာ လမ်းလျှောက်နေသလိုမျိုးဖြစ်နေတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ အမှန်တကယ်အစစ်အမှန်ကတော့ အိန္ဒိယရဲ့ Bangalore  လမ်းမထက်မှာ ချိုင့်ခွက်တွေများနေတာကို သိစေချင်တဲ့သဘောနဲ့ ပြုပြင်ပေးစေချင်တဲ့သဘောတွေပါအောင် အပြုသဘော တင်ပြထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ ပန်းချီဆရာလေး Baadal ရဲ့ စိတ်ကူးကောင်း တွေကြောင့် တချို့နေရာတွေမှာ လမ်းတွေမြေဖို့ပြုပြင်ပြီးနေသလို၊ တချို့နေရာမြောင်းတွေ၊ လမ်းတွေမှာလည်း၊  အဖုံးတွေတောင် တပ်ဆင်ပေးထားပြီးဖြစ်နေပါပြီလို့ ပြောချင်ပါတယ်။ အန္တရာယ်ကင်းကင်းနဲ့ သွားနိုင်လာကြဖို့အတွက် ဆေးတစ်ဘူးမကတော့ ကုန်ခဲ့မှာသေချာသလောက်ရှိနေပါတယ်။ ဒီပန်းချီဆရာရဲ့အတွေးတွေများလိုက်လို့မမိနိုင်အောင်ဖြစ်ပါတယ်။ လက်ရာဘယ်လောက်ကောင်းသလဲဆိုရင် ဒေါင်းတောင်ငိုရပါပြီလို့ပြောချင်ပါတယ်။ ရေမရှိတော့တဲ့အတွက် မိချောင်းတောင်ပေါ်နေပြီလို့ ရေးဆွဲပြောပြထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

Zawgyi Version

အျပဳသေဘာေဆာင္တဲ့ ပန္းခ်ီမ်ားေရးဆြဲတဲ့ သူ႔လက္ရာမ်ား

ပညာရွင္ေတြဆိုေတာ့လည္း ဘယ္ေနရာဘာေလးနဲ႔ ေရးဆြဲလိုက္ရင္ပိုၿပီး သိသာထင္ရွားေစမွာလဲ ဆိုတာမ်ိဳးကိုပဲေတြးတတ္ၾကတဲ့သူေတြျဖစ္ပါတယ္။ အထူးသျဖင့္ ဖြံ႔ျဖိဳးမႈအားနည္းေနေသးတဲ့ တိုင္းျပည္အသီးသီးမွာ လမ္းပန္းဆက္သြယ္ေရးအရ ပိုလို႔အားနည္းေနၾကပါတယ္။ လမ္းေဘးမွာ ခ်ဳိင့္တစ္ခုျဖစ္ေနတာကိုေတာင္ ကိုယ္ထူကိုယ္ထမျပဳျပင္နိုင္ၾကတဲ့ အေနအထားမ်ိဳးမွာ ေျမာင္းအဖံုးမရွိတဲ့ေနရာမ်ိဳးကိုလည္း ပန္းခ်ီဆရာက သူ႔အနုပညာနဲ႔ အဖံုးတပ္ေပးေစခ်င္တာမ်ိဳးအျပင္ လမ္းသြားလမ္းလာမ်ားအႏၱရာယ္ကိုျမင္နိုင္ေအာင္ဆြဲေပးထားတဲ့ပံုေတြေတြ႔ရမွာျဖစ္ပါတယ္။

ဒါ့အျပင္ လမ္းေတြခ်ိဳင့္အေပါက္နဲ႔တြင္းႀကီးေတြျဖစ္ေနတာမ်ိဳးကိုလည္း ပန္းခ်ီဆရာက လက္ရာျမာက္စြာဆြဲေပးထားၿပီး၊ ျပဳျပင္ေစခ်င္တဲ့သေဘာကိုျပသခဲ့ပါတယ္။ ဒီလိုျပဳျပင္မႈေတြ လုပ္ေပးႏိုင္ကာမွ ေတာ္ကာက်မွာျဖစ္ပါတယ္။ ဒီလိုမွမလုပ္ေပးရင္လည္း လမ္းသြားလမ္းလာျပည္သူေတြအားလံုး ေသေၾကမႈေတြျဖစ္ႏိုင္ပါတယ္။

မိုးတြင္းအခ်ိန္ေတြမွာဆို ပိုဆိုးတာေၾကာင့္ ျပည္သူအားလံုး ေခ်ာေခ်ာေမာေမာ လိုရာခရီးကို ေရာက္ရွိသြားလာႏိုင္ဖို႔အတြက္ ျပဳျပင္ေစခ်င္တဲ့ အက်ိဳးျပဳပန္းခ်ီေလးေတြနဲ႔ လက္စြမ္းျပထားတာကို ေတြ႔ရမွာျဖစ္ပါတယ္။ တာ၀န္ရွိလူႀကီးေတြ ေမ့ေလ်ာ့သြားတတ္တာမ်ိဳးျဖစ္သြားခဲ့ရင္ေတာ့ တကယ့္ကို အႏၱရာယ္နဲ႔ႀကံဳေတြ႔ရမွာစိုးလို႔ေၾကာက္စရာပံုႀကီးေတြနဲ႔ ေရးဆြဲၿပီးျမင္သာေအာင္ျပသထားတာလည္း ေတြ႔ရမွာျဖစ္ပါတယ္။

Baadal ရဲ႕ ပန္းခ်ီလက္ရာေတြဟာ ဘယ္ေလာက္ အရာေရာက္သလဲဆိုတာကေတာ့ ပံုမွာျမင္ရတဲ့အတိုင္း သူေရးဆြဲခဲ့တဲ့ ခ်ိဴင့္ေတြ၊ အေပါက္ေတြနဲ႔ အႏၱရယ္ရွိတဲ့ေနရာတခ်ိဳ႕ကိုေတာ့ ျပန္လည္ျပဳျပင္ေပးထားၿပီးျဖစ္ေနပါၿပီ္။ သူ႔ရဲ႕အျပဳသေဘာေဆာင္တဲ့ ပန္းခ်ီလက္ရာေတြကိုေတာ့ လမ္းသြားလမ္းလာအားလံုးေတာင္ ေငးၾကည့္ရတဲ့ လက္ရာေတြျဖစ္ခဲ့ပါတယ္။

တတ္သည္႔ပညာမေနသာဆိုတဲ့အတိုင္း သူ႔ဗီဒီယိုေလးတစ္ခုကိုၾကည့္လိုက္ရတဲ့အခါမွာေတာ့ ပိုၿပီးအံ့ၾသသြားခဲ့ပါတယ္။ အမွန္တကယ္ဆို လေပၚမွာ လမ္းေလွ်ာက္ေနသလိုမ်ိဳးျဖစ္ေနတဲ့ဗီဒီယိုေလးျဖစ္ပါတယ္။ အမွန္တကယ္အစစ္အမွန္ကေတာ့ အိႏၵိယရဲ႕ Bangalore  လမ္းမထက္မွာ ခ်ိဳင့္ခြက္ေတြမ်ားေနတာကို သိေစခ်င္တဲ့သေဘာနဲ႔ ျပဳျပင္ေပးေစခ်င္တဲ့သေဘာေတြပါေအာင္ အျပဳသေဘာ တင္ျပထားတဲ့ဗီဒီယိုေလးျဖစ္ပါတယ္။ ပန္းခ်ီဆရာေလး Baadal ရဲ႕ စိတ္ကူးေကာင္း ေတြေၾကာင့္ တခ်ိဳ႕ေနရာေတြမွာ လမ္းေတြေျမဖို႔ျပဳျပင္ၿပီးေနသလို၊ တခ်ိဳ႕ေနရာေျမာင္းေတြ၊ လမ္းေတြမွာလည္း၊  အဖံုးေတြေတာင္ တပ္ဆင္ေပးထားၿပီးျဖစ္ေနပါၿပီလို႔ ေျပာခ်င္ပါတယ္။ အႏၱရာယ္ကင္းကင္းနဲ႔ သြားနိုင္လာၾကဖို႔အတြက္ ေဆးတစ္ဘူးမကေတာ့ ကုန္ခဲ့မွာေသခ်ာသေလာက္ရွိေနပါတယ္။ ဒီပန္းခ်ီဆရာရဲ႕အေတြးေတြမ်ားလိုက္လို႔မမိနိုင္ေအာင္ျဖစ္ပါတယ္။ လက္ရာဘယ္ေလာက္ေကာင္းသလဲဆိုရင္ ေဒါင္းေတာင္ငိုရပါၿပီလို႔ေျပာခ်င္ပါတယ္။ ေရမရွိေတာ့တဲ့အတြက္ မိေခ်ာင္းေတာင္ေပၚေနၿပီလို႔ ေရးဆြဲေျပာျပထားတာကိုလည္း ေတြ႕ရမွာျဖစ္ပါတယ္။