ခွေးကလေးတွေအတွက် ဇိမ်ကျကျနေနိုင်မယ့် ဟိုတယ်

0
177
photo – Indiahotell

လူလူချင်းအတူတူတောင်ကံဇာတာချင်းမတူတဲ့အတွက်ဘဝအကျိုးပေးအတိုင်းအနိမ့်အမြင့်လည်းမတူတာတွေရှိသလိုပဲ၊ တိရစ္ဆာန်လောကထဲမှာတောင် အဆင့်တွေကကွာနေသေးတာတွေ့ရပါတယ်။ တိရစ္ဆာန်တကယ်ချစ်တဲ့သူတွေအတွက်တော့ ပျော်စရာကြီးဖြစ်မယ့်အစီအစဉ်ဆိုတော့ ကိုယ်တိုင်ခရီးသွားတဲ့အချိန်တွေဆို တစ်ရက်ကို ဒေါ်လာ ၇၀ နှုန်းနဲ့စိတ်ချထားခဲ့လို့ ရပြီလို့ ပထမဆုံးသတင်းပေးချင်ပါတယ်။

photo – internet

ဟိုတယ်မှာထားပေးနိုင်တယ်ဆိုတဲ့အဆင့်ကလည်း မသေးတာတော့အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေအနားယူ ဇိမ်ကျကျနေတဲ့ ဟိုတယ်လိုမျိုးဖြစ်တာကြောင့် သူ့ထက် ငါအပြိုင် ခွေးချစ်သူတို့ ကဲနိုင်ကြတော့မယ့် ခွေးဟိုတယ်ကိုအိန္ဒိယနိုင်ငံမှာဖွင့်ထားတယ်ဆိုတဲ့ အကြောင်းလေးကို တင်ပြပေးလိုက်ပါတယ်။ ခွေးချစ်သူတို့ကဲနိုင်သမျှကဲဖို့ အရုပ်ခွေးလေးတွေဖြစ်ကြရတော့မှာဖြစ်ပါတယ်။

photo – YouTube

သူတို့ချစ်တဲ့ခွေးလေးတွေအတွက် မော်နိုင်သမျှမော်ပြီး အပြိုင်ကဲနိုင်ကြတော့မှာဖြစ်ပါတယ်။ အဆင့်ကတော့မြင့်သလားမမေးနဲ့ ခွေးရေကူးကန်၊ ခွေး Spa နဲ့ ခွေးကစားကွင်းပါမကျန်လုပ်ပေးထားပြီး၊ ရေကူးပြီးရင် ဟိုတယ်ထဲကို ရေစိုနဲ့ မဝင်စေဘဲရေကန်နားမှာတင် စောင့်ပြီး သုတ်ပေးမယ့် ဝန်ထမ်းကလည်း အဆင်သင့်စောင့်နေစေပါတယ်။

photo – Dog-hotel

ကလေးအတွေးမျိုးနဲ့ပြောဖို့တော့ ယောင်လို့တောင်မစဉ်းစားလိုက်နဲ့ဦးလို့ သတိပေးချင်ပါတယ်။ ဘာပါလိမ့်လို့ တွေးနေမယ်ထင်ပါတယ်။ ခွေးလေးတွေဇိမ်ကျနေတာကိုတွေ့ပြီး ခွေးဖြစ်ချင် စိတ်တွေ ပေါက်လာပြီတို့ဘာတို့လွှတ်ကနဲပြောလိုက်မိမှာစိုးလို့ပါ။ တော်ရုံဇိမ်နဲ့မဟုတ်တော့လည်း မော်နိုင်ပြီလို့ ပြောရတော့မှာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကလည်း ၇၀ တောင်ပေးရတယ်ဆိုမှတော့ ဟိုတယ်ဆိုတာနဲ့ညီအောင် တီဗီလည်းထားပေးထားပါတယ်။

photo – internet

ကတ္တီပါမွေ့ရာလေးပေါ်ဇိမ်ရှိရှိအိပ်ရင်း ဆေးဝါးအထောက်အကူလည်း အပြည့်အစုံပါပေးထားပါတယ်။ ခွေးအတွက်ဘားတောင်ထည့်ထားပါသေးတယ်။ ဟိုတယ်ဆိုတဲ့အတိုင်း ကိုယ့်အိမ်မှာနေတာ၊ စားတာထက်တော့ သာအောင်ပြည့်စုံတာ ထက်ကျော်အောင်တော့ လုပ်ပေးထားပါတယ်။ အိမ်အပြင်အဆင်တွေနဲ့ မတူဘဲ ကျွေးတာကအစ အချိုပွဲအဆုံး ၇၀တန်အောင် ကျွေးပေးထားတာကြောင့် အဆင့်မြင့်မြင့်ဇိမ်လုပ်ပြီးနေစေချင်တဲ့ တိရစ္ဆာန်ချစ်သူတို့ အခက်အခဲမတွေ့နိုင်တော့ဘဲ အဆင်ပြေစေမယ့် ခွေးဟိုတယ်လေးဖြစ်ပါတယ်။

Zawgyi Version

ေခြးကေလးေတြအတြက္ ဇိမ္က်က်ေနႏိုင္မယ့္ ဟိုတယ္

လူလူခ်င္းအတူတူေတာင္ကံဇာတာခ်င္းမတူတဲ့အတြက္ဘဝအက်ိဳးေပးအတိုင္းအနိမ့္အျမင့္လည္းမတူတာေတြရွိသလိုပဲ၊ တိရစာၦန္ေလာကထဲမွာေတာင္ အဆင့္ေတြကကြာေနေသးတာေတြ႕ရပါတယ္။ တိရစာၦန္တကယ္ခ်စ္တဲ့သူေတြအတြက္ေတာ့ ေပ်ာ္စရာႀကီးျဖစ္မယ့္အစီအစဥ္ဆိုေတာ့ ကိုယ္တိုင္ခရီးသြားတဲ့အခ်ိန္ေတြဆို တစ္ရက္ကို ေဒၚလာ ၇၀ ႏႈန္းနဲ႔စိတ္ခ်ထားခဲ့လို႔ ရၿပီလို႔ ပထမဆုံးသတင္းေပးခ်င္ပါတယ္။

ဟိုတယ္မွာထားေပးႏိုင္တယ္ဆိုတဲ့အဆင့္ကလည္း မေသးတာေတာ့အေသအခ်ာပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ လူေတြအနားယူ ဇိမ္က်က်ေနတဲ့ ဟိုတယ္လိုမ်ိဳးျဖစ္တာေၾကာင့္ သူ႔ထက္ ငါအၿပိဳင္ ေခြးခ်စ္သူတို႔ ကဲႏိုင္ၾကေတာ့မယ့္ ေခြးဟိုတယ္ကိုအိႏၵိယႏိုင္ငံမွာဖြင့္ထားတယ္ဆိုတဲ့ အေၾကာင္းေလးကို တင္ျပေပးလိုက္ပါတယ္။ ေခြးခ်စ္သူတို႔ကဲႏိုင္သမွ်ကဲဖို႔ အ႐ုပ္ေခြးေလးေတြျဖစ္ၾကရေတာ့မွာျဖစ္ပါတယ္။

သူတို႔ခ်စ္တဲ့ေခြးေလးေတြအတြက္ ေမာ္ႏိုင္သမွ်ေမာ္ၿပီး အၿပိဳင္ကဲႏိုင္ၾကေတာ့မွာျဖစ္ပါတယ္။ အဆင့္ကေတာ့ျမင့္သလားမေမးနဲ႔ ေခြးေရကူးကန္၊ ေခြး Spa နဲ႔ ေခြးကစားကြင္းပါမက်န္လုပ္ေပးထားၿပီး၊ ေရကူးၿပီးရင္ ဟိုတယ္ထဲကို ေရစိုနဲ႔ မဝင္ေစဘဲေရကန္နားမွာတင္ ေစာင့္ၿပီး သုတ္ေပးမယ့္ ဝန္ထမ္းကလည္း အဆင္သင့္ေစာင့္ေနေစပါတယ္။

ကေလးအေတြးမ်ိဳးနဲ႔ေျပာဖို႔ေတာ့ ေယာင္လို႔ေတာင္မစဥ္းစားလိုက္နဲ႔ဦးလို႔ သတိေပးခ်င္ပါတယ္။ ဘာပါလိမ့္လို႔ ေတြးေနမယ္ထင္ပါတယ္။ ေခြးေလးေတြဇိမ္က်ေနတာကိုေတြ႕ၿပီး ေခြးျဖစ္ခ်င္ စိတ္ေတြ ေပါက္လာၿပီတို႔ဘာတို႔လႊတ္ကနဲေျပာလိုက္မိမွာစိုးလို႔ပါ။ ေတာ္႐ုံဇိမ္နဲ႔မဟုတ္ေတာ့လည္း ေမာ္ႏိုင္ၿပီလို႔ ေျပာရေတာ့မွာျဖစ္ပါတယ္။ ကုန္က်စရိတ္ကလည္း ၇၀ ေတာင္ေပးရတယ္ဆိုမွေတာ့ ဟိုတယ္ဆိုတာနဲ႔ညီေအာင္ တီဗီလည္းထားေပးထားပါတယ္။

ကတၱီပါေမြ႕ရာေလးေပၚဇိမ္ရွိရွိအိပ္ရင္း ေဆးဝါးအေထာက္အကူလည္း အျပည့္အစုံပါေပးထားပါတယ္။ ေခြးအတြက္ဘားေတာင္ထည့္ထားပါေသးတယ္။ ဟိုတယ္ဆိုတဲ့အတိုင္း ကိုယ့္အိမ္မွာေနတာ၊ စားတာထက္ေတာ့ သာေအာင္ျပည့္စုံတာ ထက္ေက်ာ္ေအာင္ေတာ့ လုပ္ေပးထားပါတယ္။ အိမ္အျပင္အဆင္ေတြနဲ႔ မတူဘဲ ေကြၽးတာကအစ အခ်ိဳပြဲအဆုံး ၇၀တန္ေအာင္ ေကြၽးေပးထားတာေၾကာင့္ အဆင့္ျမင့္ျမင့္ဇိမ္လုပ္ၿပီးေနေစခ်င္တဲ့ တိရစာၦန္ခ်စ္သူတို႔ အခက္အခဲမေတြ႕ႏိုင္ေတာ့ဘဲ အဆင္ေျပေစမယ့္ ေခြးဟိုတယ္ေလးျဖစ္ပါတယ္။