အနုပညာအလုပ်တွေနဲ့ ကင်းကွာသွားရတော့မယ့် နာမည်ကြီး အတတ်ပညာရှင်

0
1196
photo internet

SergeyKoudryavtsevဆိုတဲ့ပညာရှင်တစ်ယောက်ကိုသိကြလိမ့်မယ်ထင်ပါတယ်။ သူဟာဘာပညာရှင်လဲဆိုရင် ရုပ်ရှင်ဇာတ်ကားတွေမှာSpecialEffectတွေနဲ့ပံ့ပိုးကူညီပေးတဲ့ပညာရှင်တစ်ဦးဖြစ်ပါတယ်။သူရဲ့အနုပညာ အပေါ်အသေးစိတ်ဆန်ဆန်စိတ်ရှည်လက်ရှည်ကြိုးစားမှုဟာလုပ်ဖော်ကိုင်ဘက်တွေကြားမှာအလွန်ချီးကျူး စရာဖြစ်ခဲ့ပေမယ့်၊သူ့ရဲ့ဒေါသချုပ်တည်းနိုင်စွမ်းကတော့အနှုတ်လက္ခဏာပြနေပါတယ်။

photo internet

ဘာကြောင့်ဒီလိုပြောရတာလဲဆိုရင်အရေးမကြီးတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးမိဘတွေ အပေါ်ကိုသည်း မခံနိုင်ခဲ့တဲ့ဖြစ်ရပ်ကနေစတင်ခဲ့တာပါ။ ကြားရမြင်ရသူအားလုံးအတွက်အံ့သြစရာကောင်းတဲ့ဖြစ် ရပ်ဖြစ်နေခဲ့ပါတယ်။ သူ့မှာ ချစ်စရာကောင်းတဲ့ခွေးလေးEnzoဆိုတာရှိပါတယ်။ တစ်ရက်မှာတော့ခွေးလေးဟာ အေးလွန်းတဲ့ ဆောင်းဒဏ်ကို အန်မတုနိုင်ခဲ့ဘဲတုပ်ကွေးမိခဲ့ပါတယ်။ဒီခွေးလေးအအေးမိတာဟာ လေသာပြူတင်းကို ဖွင့်ထားကြလို့ သူ့ခွေးလေးနေမကောင်းဖြစ်တာဆိုပြီး၊ မိဘတွေနဲ့အကြီးအကျယ်စကားများခဲ့ကြပါတယ်။

photo internet

မိဘတွေဟာ Tatiana နဲ့Vladimir Koudriavtsevaဖြစ်ကြပြီး၊နေထိုင်ရာအရပ်ကတော့ West Kensingtonမှာနေထိုင်ကြတာဖြစ်ပါတယ်။ အပြစ်မရှိအပြစ်ရှာပြီး ခွေးလေးတစ်ကောင် နေမကောင်း ဖြစ်သွားခဲ့တဲ့ကိစ္စကိုရေးကြီးခွင်ကျယ်လုပ်ကာ သတ်ဖြတ်တဲ့ထိ ဖြစ်ခဲ့ပါတယ်။ ဘယ်လိုမှမဖြစ်သင့် တာကိုဖြစ်သွားခဲ့တဲ့ကိစ္စအတွက် အပြစ်ဒဏ်ကို ခံဖို့အတွက် ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့ရာ မှာထောင်ဒဏ်၂၆နှစ်ကျခံဖို့ ဖြစ်လာပါတယ်။

photo internet

မိဘနှစ်ပါးကို ၂၀၁၈မေလ၂၀ မှာ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ပြစ်ဒဏ်လျှော့ပေါ့ရေးအယူခံဝင်ခဲ့ပေမယ့်၊ ဒီလူသတ်မှုဟာတခြားလူသတ်မှုတွေနဲ့မတူဘဲမိဘတွေကို ပြန်သတ်ခဲ့တဲ့အမှုဖြစ်ပြီး၊ နှစ်လောင်းပြိုင် သတ်မှုဖြစ်သွားတာကြောင့်ထောင်ဒဏ်၂၆နှစ်ကျခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ဒေါသတွေကြောင့် မိဘနှစ်ပါးကို သတ်မိတဲ့အပြင်၊မိမိရဲ့အလုပ်အကိုင်တွေမှာလည်းစိတ်ရှိတိုင်းလုပ်ကိုင်ခွင့်ဆိုတာ ၇၅နှစ်ကျော်ရင်တောင်ပြန်လည်လုပ်ကိုင်နိုင်ဖို့ဆိုတာမျှော်လင့်လို့မရတော့တဲ့အခြေအနေတွေ ထိဖြစ်သွားခဲ့ပါပြီ။
ဒါကြောင့်ဒေါသရှေ့ထားမှားတတ်တဲ့အနေအထားဟာ ဘယ်လိုမှပြန်ဆယ်လို့မရတော့တဲ့ အဖြစ်တွေဖြစ်ခဲ့ပါပြီ။ ပြောမယ့်စကားမပြောခင် စဉ်းစားပြီးပြောသင့်မပြောသင့်တွေးပါမှ တော်ကာကျမှာဖြစ်ပါတယ်။

photo internet

(Zawgyi Version)

အႏုပညာအလုပ္ေတြနဲ႔ ကင္းကြာသြားရေတာ့မယ့္ နာမည္ႀကီး အတတ္ပညာရွင္

SergeyKoudryavtsevဆိုတဲ့ပညာရွင္တစ္ေယာက္ကိုသိၾကလိမ့္မယ္ထင္ပါတယ္။ သူဟာဘာပညာရွင္လဲဆိုရင္ ရုပ္ရွင္ဇာတ္ကားေတြမွာSpecialEffectေတြနဲ႔ပံ့ပိုးကူညီေပးတဲ့ပညာရွင္တစ္ဦးျဖစ္ပါတယ္။သူရဲ႕အႏုပညာ အေပၚအေသးစိတ္ဆန္ဆန္စိတ္ရွည္လက္ရွည္ႀကိဳးစားမႈဟာလုပ္ေဖာ္ကိုင္ဘက္ေတြၾကားမွာအလြန္ခ်ီးက်ဴး စရာျဖစ္ခဲ့ေပမယ့္၊သူ႔ရဲ႕ေဒါသခ်ဳပ္တည္းႏိုင္စြမ္းကေတာ့အႏႈတ္လကၡဏာျပေနပါတယ္။

ဘာေၾကာင့္ဒီလိုေျပာရတာလဲဆိုရင္အေရးမႀကီးတဲ့အေၾကာင္းေလးနဲ႔ပတ္သက္ၿပီးမိဘေတြ အေပၚကိုသည္း မခံႏိုင္ခဲ့တဲ့ျဖစ္ရပ္ကေနစတင္ခဲ့တာပါ။ ၾကားရျမင္ရသူအားလံုးအတြက္အံ့ၾသစရာေကာင္းတဲ့ျဖစ္ ရပ္ျဖစ္ေနခဲ့ပါတယ္။ သူ႔မွာ ခ်စ္စရာေကာင္းတဲ့ေခြးေလးEnzoဆိုတာရွိပါတယ္။ တစ္ရက္မွာေတာ့ေခြးေလးဟာ ေအးလြန္းတဲ့ ေဆာင္းဒဏ္ကို အန္မတုႏိုင္ခဲ့ဘဲတုပ္ေကြးမိခဲ့ပါတယ္။ဒီေခြးေလးအေအးမိတာဟာ ေလသာျပဴတင္းကို ဖြင့္ထားၾကလို႔ သူ႔ေခြးေလးေနမေကာင္းျဖစ္တာဆိုၿပီး၊ မိဘေတြနဲ႔အႀကီးအက်ယ္စကားမ်ားခဲ့ၾကပါတယ္။

မိဘေတြဟာ Tatiana နဲ႔Vladimir Koudriavtsevaျဖစ္ၾကၿပီး၊ေနထိုင္ရာအရပ္ကေတာ့ West Kensingtonမွာေနထိုင္ၾကတာျဖစ္ပါတယ္။ အျပစ္မရွ္ိအျပစ္ရွာၿပီး ေခြးေလးတစ္ေကာင္ ေနမေကာင္း ျဖစ္သြားခဲ့တဲ့ကိစၥကိုေရးႀကီးခြင္က်ယ္လုပ္ကာ သတ္ျဖတ္တဲ့ထိ ျဖစ္ခဲ့ပါတယ္။ ဘယ္လိုမွမျဖစ္သင့္ တာကိုျဖစ္သြားခဲ့တဲ့ကိစၥအတြက္ အျပစ္ဒဏ္ကို ခံဖို႔အတြက္ ကိုယ္တိုင္သြားေရာက္အဖမ္းခံခဲ့ရာ မွာေထာင္ဒဏ္၂၆ႏွစ္က်ခံဖို႔ ျဖစ္လာပါတယ္။

မိဘႏွစ္ပါးကို ၂၀၁၈ေမလ၂၀ မွာ သတ္ျဖတ္ခဲ့တာျဖစ္ပါတယ္။ ျပစ္ဒဏ္ေလွ်ာ့ေပါ့ေရးအယူခံ၀င္ခဲ့ေပမယ့္၊ ဒီလူသတ္မႈဟာတျခားလူသတ္မႈေတြနဲ႔မတူဘဲမိဘေတြကို ျပန္သတ္ခဲ့တဲ့အမႈျဖစ္ၿပီး၊ ႏွစ္ေလာင္းၿပိဳင္ သတ္မႈျဖစ္သြားတာေၾကာင့္ေထာင္ဒဏ္၂၆ႏွစ္က်ခဲ့တာျဖစ္ပါတယ္။သူ႔ရဲ႕ေဒါသေတြေၾကာင့္ မိဘႏွစ္ပါးကို သတ္မိတဲ့အျပင္၊မိမိရဲ႕အလုပ္အကိုင္ေတြမွာလည္းစိတ္ရွိတိုင္းလုပ္ကိုင္ခြင့္ဆိုတာ ၇၅ႏွစ္ေက်ာ္ရင္ေတာင္ျပန္လည္လုပ္ကိုင္ႏိုင္ဖို႔ဆိုတာေမွ်ာ္လင့္လို႔မရေတာ့တဲ့အေျခအေနေတြ ထိျဖစ္သြားခဲ့ပါၿပီ။
ဒါေၾကာင့္ေဒါသေရွ႕ထားမွားတတ္တဲ့အေနအထားဟာ ဘယ္လိုမွျပန္ဆယ္လို႔မရေတာ့တဲ့ အျဖစ္ေတြျဖစ္ခဲ့ပါၿပီ။ ေျပာမယ့္စကားမေျပာခင္ စဥ္းစားၿပီးေျပာသင့္မေျပာသင့္ေတြးပါမွ ေတာ္ကာက်မွာျဖစ္ပါတယ္။