အသက်နဲ့ရင်းပြီးလှချင်ကြသူများ

0
1382
photo internet

ခေါင်းစဉ်ကြီးကိုကကြောက်စရာကြီးဖြစ်နေတာပါလားလို့တွေးနေမိပါတယ်။ ဘာအကြောင်းရေးမှာမို့ ဒီလောက်ပျိုးနေရတာလဲလို့တွေးနေကြမယ်ထင်ပါတယ်။ လှချင်ကြတဲ့သူတွေ၊နှာခေါင်း ချွန်ချင်ကြတဲ့ သူတွေ၊တချို့ကတော့မျက်လုံးပြူးချင်ကြတဲ့သူတွေနဲ့ တင်ပါးလှချင်သူ၊ရင်သားလှချင်တဲ့ သူတွေအဲလိုသူတွေ သတိထားဖို့စေတနာနဲ့သတိလေးပေးချင်ပါတယ်။ ကိုယ်မလှရလို့ ပြောနေတာမဟုတ်သလို၊ သူများ တွေလုပ်တာဘာမှ မဖြစ်ကြပေမယ့်၊ သူ့အလှည့်ကြမှဖြစ်ရတယ်ဆိုတော့ ကံကောင်းသူ မဟုတ် တာတော့သေချာနေပါပြီ။ အခုသတိပေးချင်တဲ့အဖြစ်အပျက်လေးကတော့ကော်ရိုရာဒိုမှာဖြစ်ခဲ့တဲ့ ရင်နင့် စရာကောင်းတဲ့အဖြစ်လေးတစ်ခုပါ။

photo internet

မိန်းကလေးနာမည်ကEmmalyn Nguyen လို့ခေါ်ပြီး ဆယ်ကျော်သက်လေးဖြစ်ပါတယ်။ ဆယ်ကျော်သက် တို့ရဲ့ လှချင်စိတ်၊ပြိုင်ချင်စိတ်အပြင်၊ကိတ်ချင်ကြတဲ့သူတွေအတွက် သတိလေးပေးချင်တဲ့ဆန္ဒတစ်ခုအနေနဲ့ ပြောပြချင်တာပါ။ သူမဟာ ဆယ်ကျော်သက်လှချင်သူပီပီ ရင်သားကြီးပြီးလှချင်တာကြောင့် ခွဲစိတ်မှုလုပ်ဖို့အတွက် ဒေါ်လာ၆၀၀၀ တောင်စုထားပြီး၊ Greenwood Village မှဆရာဝန် ဂျော့ဖရေးကင်မ်ဟာသူ့ရဲ့ကော်ရိုရာဒို ပလတ်စတစ်ဆာဂျရီဆေးခန်းမှာ ခွဲစိတ်ခဲ့တာဖြစ်ပါတယ်။ သမီးဖြစ်သူရဲ့ ခွဲစိတ်မှုကို မိသားစုကသိပေမယ့် သူမလုပ်ချင်တာကို မတားခဲ့ကြဘူးလို့ဆိုပါတယ်။ သားသမီးတွေရဲ့ ဆန္ဒတွေကို မတားခဲ့မိတဲ့ မိဘတွေလည်း ကြေကွဲဝမ်းနည်းနေကြရတဲ့ အဖြစ်အပျက်လေးဖြစ်ပါတယ်။

photo internet

အမ်မလင်းဟာ Littleton Adventistဆေးရုံမှာ တင်ခဲ့ပြီး၊ ၂၂ရက်လောက်အကြာမှာတော့ သတိပြန် လည်ရလာတာကြောင့် ပြန်လည်ထူထောင်ရေးဆေးရုံကိုပို့ထားခဲ့ပေမယ့်၊ သူမဟာ သတိရတာပဲရှိပြီး၊ စကားလည်းမပြောနိုင်၊အစားလည်းမစားနိုင်တော့တဲ့ အခြေအနေအထိဖြစ်လာခဲ့ပါတယ်။ လမ်းလည်းမလျှောက်နိုင်တော့တာကြောင့် သူ့ဘာသာသူ ဘာမှမလုပ်နိုင်တော့တဲ့ အခြေအနေ အထိဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေထိဖြစ်လာတဲ့ သမီးအဖြစ်ကို ကြည့်ပြီး မခံစားနိုင်တော့တဲ့ မိသားစုဟာ သမီးဖြစ်သူအပေါ် ရက်စက်စွာပြုခဲ့ကြတဲ့ ဆရာဝန်နဲ့ သူနာပြုတွေကို အမှန်တရားအတွက် ဖြေရှင်းချက်ထုတ်ပေးဖို့ တောင်းဆိုနေရတဲ့အထိဖြစ်လာခဲ့ပါတယ်။

photo internet

တရားရုံးမှာတင်ထားတဲ့ အမှုတွဲအရ အမ်မလင်းကို သူနာပြုဆရာမ ရက်စ်မီကာဆိုသူက နေ့လည် ၂နာရီမှာ မေ့ဆေးပေးခဲ့တာဖြစ်ပါတယ်။ပုံမှန်ခွဲစိတ်မှုဟာ ၂နာရီသာကြာမြင့်မှာဖြစ်ပေမယ့်၊ ဆေးရုံမှ နေ့လည်ခင်းအထိ အချိန်ဆွဲထားတယ်လို့ဆိုပါတယ်။ အချိန်ကြာလာတာနဲ့အမျှစိုးရိမ်စိတ်တွေဖြစ်လာတဲ့ မိခင်ဟာ အကျိုးအကြောင်းမေးကြည့်လိုက်တဲ့အခါမှာဆရာဝန်ကင်မ်ရဲ့ဖြေကြားချက်ဟာ “အားလုံးအဆင်ပြေပါတယ်။ လူနာရဲ့ နှလုံးခုန်နှုန်းအားနည်းနေတာကြောင့် ရှေ့ဆက်တိုးပြီးမလုပ်တော့တာပါလို့ပြောကြားခဲ့ပါတယ်”ဆိုတဲ့ စကားအပြင်၊မိန်းကလေးဟာ ငယ်သေးတဲ့အတွက်ကြောင့် ကျန်းလည်းကျန်းမာတယ်၊ အိပ်ရာကနိုးဖို့ပဲ လိုတာပါလို့နှစ်သိမ့်စကားဆိုခဲ့ပေမယ့်၊ အမှန်တကယ်ဆို သူမကိုခွဲစိတ်နေတဲ့အချိန်သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပထမအကြိမ်နှလုံးရပ်သွားခဲ့ပါတယ်။ နောက်ထပ်နှလုံးပြန် ခုန်လာတဲ့အချိန်မှာလည်းပြန် ရပ်သွားပြီး၊အာရုံကြောတွေပါ တုံ့ဆိုင်းသွားခဲ့တယ်လို့ဆိုပါတယ်။ သတိပြန်လည်လာနိုးစောင့်နေခဲ့တာကြောင့် အရေးပေါ်ခေါ်ဖို့ အချိန်ဟာ ၅နာရီကြာသွားခဲ့တယ်လို့ဆိုပါတယ်။

photo internet

ဒီလို အဖြစ်အပျက်တွေဖြစ်သွားခဲ့ရတဲ့ သူမဟာ ၁၈နှစ်သာရှိသေးတဲ့အတွက် ဒီလိုဆိုးရွားတဲ့ အဖြစ်တွေကြောင့် ဦးနှောက်ပျက်စီးမှု အထိဖြစ် သွားခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့်သူမရဲ့ မိသားစုတွေကလည်း ပိုက်ဆံရပြီးရောလုပ်နေတဲ့ဆရာဝန်နဲ့ လှချင်၊ ကြီးချင်လွန်းတဲ့ မနူးမနပ်တွေကိုမှမဆင်မခြင်ခွဲစိတ်ခဲ့တဲ့ နေရာမှာပါဝင်ကူညီခဲ့တဲ့ သူနာပြုတွေကို တရားစွဲထားပါတယ်။ဆက်ပြီးတော့လည်း တရားရင်ဆိုင်နေဆဲဖြစ်တယ်လို့ စိတ်မကောင်းစွာပဲသိရပါတယ်။ ဒါကြောင့် ရင်းနှီးကြတဲ့ မိတ်ဆွေတို့ရဲ့အသိုင်းအဝိုင်းများထဲမှာ ဒီလိုမျိုး ခွဲတယ်၊ စိတ်တယ် ဆိုတာမျိုးတွေကြားခဲ့၊ကြုံခဲ့ကြရင် ဆင်ခြင်တုံတရားလေးနဲ့ ကိုယ့်အလှအပ အပြင်၊ ကိုယ့်ဘဝပါ ပျက်စီးမှာကို တွေးပြီးကြောက်ကြပါလို့ သတိပေးချင်ပါတယ်။

photo internet

(Zawgyi Version)

အသက္နဲ႔ရင္းၿပီးလွခ်င္ၾကသူမ်ား

ေခါင္းစဥ္ႀကီးကိုကေၾကာက္စရာႀကီးျဖစ္ေနတာပါလားလို႔ေတြးေနမိပါတယ္။ ဘာအေၾကာင္းေရးမွာမို႔ ဒီေလာက္ပ်ိဳးေနရတာလဲလို႔ေတြးေနၾကမယ္ထင္ပါတယ္။ လွခ်င္ၾကတဲ့သူေတြ၊ႏွာေခါင္း ခၽြန္ခ်င္ၾကတဲ့ သူေတြ၊တခ်ိဳ႕ကေတာ့မ်က္လံုးျပဴးခ်င္ၾကတဲ့သူေတြနဲ႔ တင္ပါးလွခ်င္သူ၊ရင္သားလွခ်င္တဲ့ သူေတြအဲလုိသူေတြ သတိထားဖို႔ေစတနာနဲ႔သတိေလးေပးခ်င္ပါတယ္။ ကိုယ္မလွရလို႔ ေျပာေနတာမဟုတ္သလို၊ သူမ်ား ေတြလုပ္တာဘာမွ မျဖစ္ၾကေပမယ့္၊ သူ႔အလွည့္ၾကမွျဖစ္ရတယ္ဆိုေတာ့ ကံေကာင္းသူ မဟုတ္ တာေတာ့ေသခ်ာေနပါၿပီ။ အခုသတိေပးခ်င္တဲ့အျဖစ္အပ်က္ေလးကေတာ့ေကာ္ရိုရာဒိုမွာျဖစ္ခဲ့တဲ့ ရင္နင့္ စရာေကာင္းတဲ့အျဖစ္ေလးတစ္ခုပါ။

မိန္းကေလးနာမည္ကEmmalyn Nguyen လို႔ေခၚၿပီး ဆယ္ေက်ာ္သက္ေလးျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ တို႔ရဲ႕ လွခ်င္စိတ္၊ၿပိဳင္ခ်င္စိတ္အျပင္၊ကိတ္ခ်င္ၾကတဲ့သူေတြအတြက္ သတိေလးေပးခ်င္တဲ့ဆႏၵတစ္ခုအေနနဲ႔ ေျပာျပခ်င္တာပါ။ သူမဟာ ဆယ္ေက်ာ္သက္လွခ်င္သူပီပီ ရင္သားႀကီးၿပီးလွခ်င္တာေၾကာင့္ ခဲြစိတ္မႈလုပ္ဖို႔အတြက္ ေဒၚလာ၆၀၀၀ ေတာင္စုထားၿပီး၊ Greenwood Village မွဆရာ၀န္ ေဂ်ာ့ဖေရးကင္မ္ဟာသူ႔ရဲ႕ေကာ္ရိုရာဒို ပလတ္စတစ္ ဆာဂ်ရီေဆးခန္းမွာ ခြဲစိတ္ခဲ့တာျဖစ္ပါတယ္။ သမီးျဖစ္သူရဲ႕ ခြဲစိတ္မႈကို မိသားစုကသိေပမယ့္ သူမလုပ္ခ်င္တာကို မတားခဲ့ၾကဘူးလို႔ဆိုပါတယ္။ သားသမီးေတြရဲ႕ ဆႏၵေတြကို မတားခဲ့မိတဲ့ မိဘေတြလည္း ေၾကကြဲ၀မ္းနည္းေနၾကရတဲ့ အျဖစ္အပ်က္ေလးျဖစ္ပါတယ္။

အမ္မလင္းဟာ Littleton Adventistေဆးရံုမွာ တင္ခဲ့ၿပီး၊ ၂၂ရက္ေလာက္အၾကာမွာေတာ့ သတိျပန္ လည္ရလာတာေၾကာင့္ ျပန္လည္ထူေထာင္ေရးေဆးရံုကိုပို႔ထားခဲ့ေပမယ့္၊ သူမဟာ သတိရတာပဲရွိၿပီး၊ စကားလည္းမေျပာႏိုင္၊အစားလည္းမစားႏိုင္ေတာ့တဲ့ အေျခအေနအထိျဖစ္လာခဲ့ပါတယ္။ လမ္းလည္း မေလွ်ာက္ႏိုင္ေတာ့တာေၾကာင့္ သူ႔ဘာသာသူ ဘာမွမလုပ္ႏိုင္ေတာ့တဲ့ အေျခအေန အထိျဖစ္ခဲ့ပါတယ္။ ဒီလိုအေျခအေနထိျဖစ္လာတဲ့ သမီးအျဖစ္ကို ၾကည့္ၿပီး မခံစားႏိုင္ေတာ့တဲ့ မိသားစုဟာ သမီးျဖစ္သူအေပၚ ရက္စက္စြာျပဳခဲ့ၾကတဲ့ ဆရာ၀န္နဲ႔ သူနာျပဳေတြကို အမွန္တရားအတြက္ ေျဖရွင္းခ်က္ထုတ္ေပးဖို႔ ေတာင္းဆိုေနရတဲ့အထိျဖစ္လာခဲ့ပါတယ္။

တရားရံုးမွာတင္ထားတဲ့ အမႈတြဲအရ အမ္မလင္းကို သူနာျပဳဆရာမ ရက္စ္မီကာဆိုသူက ေန႔လည္ ၂နာရီမွာ ေမ့ေဆးေပးခဲ့တာျဖစ္ပါတယ္။ပံုမွန္ခြဲစိတ္မႈဟာ ၂နာရီသာၾကာျမင့္မွာျဖစ္ေပမယ့္၊ ေဆးရံုမွ ေန႔လည္ခင္းအထိ အခ်ိန္ဆြဲထားတယ္လို႔ဆိုပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ်စိုးရိမ္စိတ္ေတြျဖစ္လာတဲ့ မိခင္ဟာ အက်ိဳးအေၾကာင္းေမးၾကည့္လိုက္တဲ့အခါမွာဆရာ၀န္ကင္မ္ရဲ႕ေျဖၾကားခ်က္ဟာ “အားလံုးအဆင္ေျပပါတယ္။ လူနာရဲ႕ ႏွလံုးခုန္ႏႈန္းအားနည္းေနတာေၾကာင့္ ေရွ႕ဆက္တိုးၿပီးမလုပ္ေတာ့တာပါလုိ႔ေျပာၾကားခဲ့ပါတယ္”ဆိုတဲ့ စကားအျပင္၊မိန္းကေလးဟာ ငယ္ေသးတဲ့အတြက္ေၾကာင့္ က်န္းလည္းက်န္းမာတယ္၊ အိပ္ရာကႏိုးဖို႔ပဲ လိုတာပါလို႔ႏွစ္သိမ့္စကားဆိုခဲ့ေပမယ့္၊ အမွန္တကယ္ဆို သူမကိုခြဲစိတ္ေနတဲ့အခ်ိန္သတ္မွတ္ထားတဲ့ အခ်ိန္အတြင္းမွာ ပထမအႀကိမ္ႏွလံုးရပ္သြားခဲ့ပါတယ္။ ေနာက္ထပ္ႏွလံုးျပန္ ခုန္လာတဲ့အခ်ိန္မွာလည္းျပန္ ရပ္သြားၿပီး၊အာရံုေၾကာေတြပါ တု႔ံဆိုင္းသြားခဲ့တယ္လို႔ဆိုပါတယ္။ သတိျပန္လည္လာႏိုးေစာင့္ေနခဲ့တာေၾကာင့္ အေရးေပၚေခၚဖို႔ အခ်ိန္ဟာ ၅နာရီၾကာသြားခဲ့တယ္လို႔ဆိုပါတယ္။

ဒီလို အျဖစ္အပ်က္ေတြျဖစ္သြားခဲ့ရတဲ့ သူမဟာ ၁၈ႏွစ္သာရွိေသးတဲ့အတြက္ ဒီလိုဆိုးရြားတဲ့ အျဖစ္ေတြေၾကာင့္ ဦးေႏွာက္ပ်က္စီးမႈ အထိျဖစ္ သြားခဲ့တယ္လို႔ သိရပါတယ္။ဒါေၾကာင့္သူမရဲ႕ မိသားစုေတြကလည္း ပိုက္ဆံရၿပီးေရာလုပ္ေနတဲ့ဆရာ၀န္နဲ႔ လွခ်င္၊ ႀကီးခ်င္လြန္းတဲ့ မႏူးမနပ္ေတြကိုမွမဆင္မျခင္ခြဲစိတ္ခဲ့တဲ့ ေနရာမွာပါ၀င္ကူညီခဲ့တဲ့ သူနာျပဳေတြကို တရားစြဲထားပါတယ္။ဆက္ၿပီးေတာ့လည္း တရားရင္ဆိုင္ေနဆဲျဖစ္တယ္လို႔ စိတ္မေကာင္းစြာပဲသိရပါတယ္။ ဒါေၾကာင့္ ရင္းႏွီးၾကတဲ့ မိတ္ေဆြတို႔ရဲ႕အသိုင္းအ၀ိုင္းမ်ားထဲမွာ ဒီလိုမ်ိဳး ခြဲတယ္၊ စိတ္တယ္ ဆိုတာမ်ိဳးေတြၾကားခဲ့၊ႀကံဳခဲ့ၾကရင္ ဆင္ျခင္တံုတရားေလးနဲ႔ ကိုယ့္အလွအပ အျပင္၊ ကိုယ့္ဘ၀ပါ ပ်က္စီးမွာကို ေတြးၿပီးေၾကာက္ၾကပါလို႔ သတိေပးခ်င္ပါတယ္။