ရုပ်ရည်ကြောင့်အပြောခံနေရတဲ့ အပြေးမယ်

0
299
photo internet

ခေတ်စားလာနေပြီဖြစ်တဲ့ အင်တာနက်များကြောင့် လျှပ်တစ်ပြက်ဓာတ်ပုံရိုက်ခံလိုက်ရတဲ့ အချိန်ကစပြီး၊ နောက်ပြောင်ချင်တဲ့ ကစားသမားများလက်ချက်ကြောင့် သူမဟာ လှောင်ပြောင်ချင်စရာ သားကောင်ဖြစ်ခဲ့ ရပါတယ်။ ဒါဟာမလုပ်သင့်တဲ့အရာတွေဖြစ်ကြောင်းသိကြစေချင်ပါတယ်။ သူမအသက်ဟာ၁၆နှစ် လို့ပြောထားတာကို ဘယ်သူမှယုံမှာမဟုတ်ပါဘူးလို့ ဆိုနေကြတာဖြစ်ပါတယ်။ မှန်သလား၊မှားသလားဆို တာကတော့ ကာယကံရှင်ပဲပိုသိပါလိမ့်မယ်လို့ပြောချင်ပါတယ်။

photo internet

သူမရဲ့ မွေးသက္ကရာဇ်ကိုကြည့်ရတဲ့အခါမှာတော့ ၂၀၀၁နိုဝင်ဘာလို့ဆိုပါတယ်။ ကြည့်လိုက်ရင်တော့ သူမရဲ့ ရုပ်အသွင်အပြင်ဟာ အားကစားသမားဖြစ်တဲ့အတိုင်း ပင်ပန်းစွာကစားနေရတာကြောင့်လည်း အိုမင်းနေတဲ့ပုံပေါက်နေမယ်ဆိုတာ သိသာပါတယ်။ စာရင်းသွင်းထားတဲ့ မွေးသက္ကရာဇ်ဟာ မှန်သလား၊မှားသလား၊ဆိုတာကတော့ တာဝန်ရှိသူတွေ ပိုပြီး သိကြလိမ့်မယ်လို့ထင်ပါတယ်။

photo internet

ရုပ်ရည်ကြောင့် အပြောခံ၊အလှောင်ခံနေရတဲ့ သူမနာမည်ဟာ Girmawitလို့ ခေါ်ပြီး၊ မီတာ၅၀၀၀ အပြေးပြိုင်ပွဲမှာ တတိယဆုကြေးတံဆိပ်ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။ အီသီယိုပီးယားကိုကိုယ်စားပြုကာ Finlandနိုင်ငံ၊TAMPERE မှာပြုလုပ်တဲ့ အသက်၂၀အောက် မီတာ၅၀၀၀အပြေးပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲအပြီးမှာတော့ သူမဟာ သူ့နိုင်ငံအတွက် အကျိုးပြုတာဝန်တွေကိုကျေပွန်ခဲ့တဲ့ အပြေးမယ်လေး တစ်ဦးဖြစ်ပါတယ်။

photo internet

အလုပ်ကြမ်းလုပ်တဲ့သူတွေ၊ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတဲ့ အပြေးသမားတွေအပြင် မိန်းကလေးဘောလုံး သမားတွေထဲမှာလည်း ရှိရင်းစွဲ အသက်ထက်ရုပ်ရည်ရင့်ကာ ပိုကြီးနေကြတဲ့သူတွေလည်းရှိကြောင်း သိကြလိမ့်မယ်ထင်ပါတယ်။ လူမျိုးလည်းကွာတာကြောင့်ရုပ်ရည်ကအသက်ထက်ပိုရင့်တာလည်းရှိပါတယ်ဆိုတာ ဓာတ်ပုံရိုက်ပြီးပြောချင်၊ ဆိုချင်၊ပြောင်ချင်တဲ့သူကိုပဲအပြစ်တင်ပြောချင်ပါတယ်။ အသက်နဲ့မလိုက်အောင် ကြီး ထွားနေတဲ့သူတွေ ပြိုင်ပွဲဝင်နေကြတာလည်းရှိတာကြောင့် လျှပ်တစ်ပြက် ရိုက်တဲ့သူကသူမကိုပဲ မြင်တယ်ဆိုတော့ ထူးခြားပြီးလှနေလို့ပဲဖြစ်မယ်လို့ထင်ပါတယ်။

photo internet

(Zawgyi Version)

ရုပ္ရည္ေၾကာင့္အေျပာခံေနရတဲ့ အေျပးမယ္

ေခတ္စားလာေနၿပီျဖစ္တဲ့ အင္တာနက္မ်ားေၾကာင့္ လွ်ပ္တစ္ျပက္ဓာတ္ပံုရိုက္ခံလိုက္ရတဲ့ အခ်ိန္ကစၿပီး၊ ေနာက္ေျပာင္ခ်င္တဲ့ ကစားသမားမ်ားလက္ခ်က္ေၾကာင့္ သူမဟာ ေလွာင္ေျပာင္ခ်င္စရာ သားေကာင္ျဖစ္ခဲ့ ရပါတယ္။ ဒါဟာမလုပ္သင့္တဲ့အရာေတြျဖစ္ေၾကာင္းသိၾကေစခ်င္ပါတယ္။ သူမအသက္ဟာ၁၆ႏွစ္ လို႔ေျပာထားတာကို ဘယ္သူမွယံုမွာမဟုတ္ပါဘူးလို႔ ဆိုေနၾကတာျဖစ္ပါတယ္။ မွန္သလား၊မွားသလားဆို တာကေတာ့ ကာယကံရွင္ပဲပိုသိပါလိမ့္မယ္လို႔ေျပာခ်င္ပါတယ္။

သူမရဲ႕ ေမြးသကၠရာဇ္ကိုၾကည့္ရတဲ့အခါမွာေတာ့ ၂၀၀၁ႏို၀င္ဘာလို႔ဆိုပါတယ္။ ၾကည့္လိုက္ရင္ေတာ့ သူမရဲ႕ ရုပ္အသြင္အျပင္ဟာ အားကစားသမားျဖစ္တဲ့အတိုင္း ပင္ပန္းစြာကစားေနရတာေၾကာင့္လည္း အိုမင္းေနတဲ့ပံုေပါက္ေနမယ္ဆိုတာ သိသာပါတယ္။ စာရင္းသြင္းထားတဲ့ ေမြးသကၠရာဇ္ဟာ မွန္သလား၊မွားသလား၊ဆိုတာကေတာ့ တာ၀န္ရွိသူေတြ ပိုၿပီး သိၾကလိမ့္မယ္လို႔ထင္ပါတယ္။

ရုပ္ရည္ေၾကာင့္ အေျပာခံ၊အေလွာင္ခံေနရတဲ့ သူမနာမည္ဟာ Girmawitလို႔ ေခၚၿပီး၊ မီတာ၅၀၀၀ အေျပးၿပိဳင္ပြဲမွာ တတိယဆုေၾကးတံဆိပ္ဆြတ္ခူးရရွိခဲ့သူျဖစ္ပါတယ္။ အီသီယိုပီးယားကိုကိုယ္စားျပဳကာ Finlandႏိုင္ငံ၊TAMPERE မွာျပဳလုပ္တဲ့ အသက္၂၀ေအာက္ မီတာ၅၀၀၀အေျပးၿပိဳင္ပြဲမွာ၀င္ေရာက္ယွဥ္ျပိဳင္ခဲ့တာျဖစ္ပါတယ္။ ၿပိဳင္ပြဲအၿပီးမွာေတာ့ သူမဟာ သူ႔ႏိုင္ငံအတြက္ အက်ိဳးျပဳတာ၀န္ေတြကိုေက်ပြန္ခဲ့တဲ့ အေျပးမယ္ေလး တစ္ဦးျဖစ္ပါတယ္။

အလုပ္ၾကမ္းလုပ္တဲ့သူေတြ၊ ပင္ပင္ပန္းပန္း လုပ္ကိုင္ေနရတဲ့ အေျပးသမားေတြအျပင္ မိန္းကေလးေဘာလံုး သမားေတြထဲမွာလည္း ရွိရင္းစြဲ အသက္ထက္ရုပ္ရည္ရင့္ကာ ပိုႀကီးေနၾကတဲ့သူေတြလည္းရွိေၾကာင္း သိၾကလိမ့္မယ္ထင္ပါတယ္။ လူမ်ိဳးလည္းကြာတာေၾကာင့္ရုပ္ရည္ကအသက္ထက္ပိုရင့္တာလည္းရွိပါတယ္ဆိုတာ ဓာတ္ပံုရိုက္ၿပီးေျပာခ်င္၊ ဆိုခ်င္၊ေျပာင္ခ်င္တဲ့သူကိုပဲအျပစ္တင္ေျပာခ်င္ပါတယ္။ အသက္နဲ႔မလိုက္ေအာင္ ၾကီး ထြားေနတဲ့သူေတြ ၿပိဳင္ပြဲ၀င္ေနၾကတာလည္းရိွတာေၾကာင့္ လွ်ပ္တစ္ျပက္ ရိုက္တဲ့သူကသူမကိုပဲ ျမင္တယ္ဆိုေတာ့ ထူးျခားၿပီးလွေနလို႔ပဲျဖစ္မယ္လို႔ထင္ပါတယ္။