လစာများများလိုချင်ပြီး အေးဆေးနေချင်သူများ လျှောက်ထားနိုင်တဲ့အလုပ်နေရာ

0
576
photo internet

စွန့်စားခန်းလည်းဖြစ်ပြီး၊ အေးရာအေးကြောင်းနေချင်သူတွေ လစာကောင်းကောင်းလည်း ရချင်ပါတယ်ဆိုရင်တော့ အဲဒီလို အလုပ်အကိုင်တွေခေါ်နေတယ်ဆိုတာပြောပြချင်ပါတယ်။ တိရစ္ဆာန်တွေချစ်တတ်တဲ့သူတွေအဖို့လည်း ဖျံတွေနဲ့ ပင်ဂွင်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင်တော့ အရမ်းအဆင်ပြေမယ့်နေရာတစ်ခုဖြစ်ပါတယ်။ ရေခဲပြင်စကိတ်တွေစီးချင်ရင်လည်း အဆင်ပြေမယ်ထင်ပါတယ်။ ဘယ်နေရာကခေါ်နေတဲ့အလုပ်လဲဆိုတာကတော့ သြစတြေးလျ အစိုးရက အန္တာတိကတိုက်မှာရှိတဲ့ သုတေသနစခန်းတွေအတွက် နေရာလပ်ဖြစ်နေတဲ့ အလုပ်ခွင်အတွက် အလုပ်သမားများ စွာလိုနေတာဖြစ်ပါတယ်။

photo internet

လူဦးရေကိုပြောပြရမယ်ဆိုရင် အလုပ်သမားပေါင်း၁၅၀ခေါ်ဆိုနေပါတယ်လို့ သတင်းပေးချင်ပါတယ်။ မိမိတို့ကြိုက်နှစ်သက်ရာအလုပ်ကိုလျှောက်ထားနိုင်ပါတယ်။ ခေါ်ထားတဲ့ အလုပ်နေရာလပ်ရှိတာတွေကလည်း အများကြီးဖြစ်ပြီး၊ လခလည်း ကောင်းကောင်းပေးမယ်လို့ သိထားပါတယ်။လစ်လပ်နေတဲ့ရာထူးတွေကတော့ ဆရာဝန်၊လက်သမား၊ရေပိုက်ပြင်သူ၊ အိုင်တီကျွမ်းပညာရှင်၊ ဂဟေဆော်တဲ့သူ ဆိုတဲ့ နေရာတွေပဲဖြစ်ပါတယ်။ လုပ်ရမယ့်လုပ်ငန်းခွင်ကတော့ အေးစိမ့်နေတဲ့ နေရာမှာဖြစ်တာကြောင့်လစာလည်း အများကြီးပေးမယ်လို့ သိထားပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်ပြီး၊ မိသားစုအတွက် ဝင်ငွေတွေအများကြီးရှာပေးချင်တဲ့ ဦးဦး၊ကိုကို၊တူလေးတွေအတွက် သတင်းပေးချင်ပါတယ်။

photo internet

ရေခဲပြင်ဒေသမှာ နေထိုင်ရမှာဆိုလို့ အက်စကီးမိုးလေးတွေနေတဲ့အိမ်လေးတွေနဲ့ နေရမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အအေးဒဏ်ခံနိုင်တဲ့ အဆောက်အဦတွေ ဆောက်ပေးထားပြီး၊ အစားအစာအတွက်လည်း အကောင်းဆုံးစီစဉ်ပေးထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသား၊ အမျိုးသမီးအားလုံး အတွက်အလုပ်နေရာ မျိုးစုံရှိတယ်လို့လည်း သိထားပါတယ်။ ရာသီဥတုကြမ်းတမ်းတာကြောင့်အလုပ်လုပ်ကြမယ့်သူတွေ အများစုဟာအမျိုးသားတွေပဲဖြစ်နေပါတယ်လို့သိထားပါတယ်။

photo internet

ရေခဲပြင်မှာနေရမယ့်အလုပ်ဆိုလို့ပျင်းစရာကောင်းတယ်လို့ထင်နေကြမယ့်သူတွေအတွက် သြစတြေးလျ အစိုးရက တခြားအစီအစဉ်များကိုလည်းထည့်ပေးထားကြောင်းသိရပါတယ်။ရေကူးချင်လည်းကူးလို့ရတယ်၊ အားကစားအတွက်လည်း တင်းနစ်ရိုက်လို့ရအောင်ပြုလုပ်ပေးထားပါတယ်။ တောင်တက်ဝါသနာပါသူများ၊ စက်ဘီးစီးတာဝါသနာပါသူများအတွက်လည်း အားလုံးစီစဉ်ထားကြောင်းသိရပါတယ်။အခု အချိန်မှာ အလုပ်လုပ်နေပြီဖြစ်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ရဲ့ စကားအရ ဒီလို အလုပ်တွေဟာ သာမန် အလုပ်တစ်ခုထက်ပိုတဲ့ အလုပ်တစ်ခုဖြစ်နေပြီး ရေခဲပြင်ဒေသမှာပဲတွေ့ရတဲ့ အကောင်တွေကို သဘာဝအတိုင်းမြင်တွေ့ခွင့်ရမယ့် အခွင့်အရေးတစ်ခုလို့လည်းပြောထားတာကို သိထားပါတယ်။

photo internet

လစာတွေကတော့ အိုင်တီပညာရှင်တစ်ယောက်အတွက် ဒေါ်လာ၇၅၀၀၀ ရရှိမှာဖြစ်ပြီး၊ ဆေးပညာရှင်တစ်ယောက်အတွက်ကတော့ အမေရိကန်ဒေါ်လာ ၁၉၉.၀၃၁ ပေးမယ်လို့ ဆိုပါတယ်။ ဒါတွေဟာ တစ်လစာ ဖြစ်ပြီး၊ နှစ်ကုန်တဲ့အခါများမှာတော့ ဘောနပ်စ်များလည်းပေးအပ်သွားမှာဖြစ်တယ်လို့ ဆိုထားတာမို့ အားရှိစရာသတင်းဖြစ်ပါတယ်။

photo internet

(Zawgyi Version)





