ခွေးချစ်သူတို့ပြုံးပျော်နိုင်ဖို့ စကားပြောနည်းသင်ကြားစက်
0
1687
photo internet
တိရစ္ဆာန်လေးတွေချစ်တဲ့အထဲမှာတချို့ဆိုရင်တော့ အိမ်ထဲမှာကို လူတွေနဲ့ အတူ နေထိုင်ပြီးတော့ကို ချစ်ကြတာအများကြီးရှိပါတယ်။ အဲဒီလိုချစ်ကြတဲ့အကောင်လေးတွေထဲမှာတော့ ခွေးတွေဟာ သခင့်အပေါ်ကို အရမ်းသစ္စာရှိကြတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ ဒီလိုသစ္စာရှိတဲ့ခွေးလေးတွေဟာ သူတို့ပြောချင်တဲ့ အပြုအမူတွေ လုပ်ချင်တာလေးတွေကို သူတို့သခင်ကိုပုံစံ အမျိုးမျိုးနဲ့ လုပ်ပြကြသလို၊ တချို့ ခွေးပိုင်ရှင်တွေကတော့ သူတို့ပြောချင်တာတွေကို အမူအရာအမျိုးမျိုးနဲ့ လုပ်ပြကြပါတယ်။ ဒါပေမယ့် နားမလည်နိုင်ဖြစ်ခဲ့ကြတာကြောင့် အန္တရာယ်အမျိုးစုံနဲ့ ကြုံခဲ့ကြတာလည်းကြားဖူးကြမယ်ထင်ပါတယ်။
photo internet
ခွေးတွေဆိုတာကလည်း လူတွေနဲ့ အနီးစပ်ဆုံးဆိုတာလည်း ရှိနေတာကြောင့် ခရစ္စတီးနားဆိုတဲ့အမျိုးသမီးတစ်ယောက်ကတော့ အသက်အားဖြင့် ၂၆နှစ်ရှိပြီဖြစ်ပေမယ့်၊ သူမဟာ Speech-Language ပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ သူ့ရဲ့ခွေးလေးStella ကို သူ့ရဲ့စိတ်ထဲကဖြစ်ပေါ် လာတဲ့စကားလေးတွေကို သိရှိ နားလည်အောင် ဆက်သွယ်ပေးမယ့်soundboard တစ်ခုကို တီထွင်လာခဲ့တာပဲဖြစ်ပါတယ်။
photo internet
အဲဒီစက်ကိုတီထွင်ပြီးသင်ကြားနေဆဲကာလတစ်ခုရဲ့ တစ်ရက်မှာတော့ အခန်းတံခါးရှေ့မှာ အသံအကျယ်ကြီးနဲ့ အော်နေခဲ့တဲ့ သူမရဲ့ခွေးလေးဟာ အပြင်ကိုသွားချင်နေလို့ အော်နေတာကို သိလိုက်ပါတယ်။ အလေးအကျင့်ဖြစ်အောင် သင်တဲ့အနေနဲ့ ခလုတ်ကိုနှိပ်ပြီးပြောခိုင်းခဲ့ရာမှာ ခွေးလေးဟာစက်နားကိုသွားပြီး၊ လမ်းလျှောက်မယ်ဆိုတဲ့ ခလုတ် ကိုနင်းပြပြီး အသိပေးခဲ့တာကို အံံ့သြစွာပဲမြင်တွေ့ရပါတယ်။ ခလုတ် တွေကို တော့ ရင်းနှီးအောင် အရင်ဆုံးတော့သင်ပေးထားရတာဖြစ်ပါတယ်။
photo internet
ခရစ္စတီးနားအနေနဲ့ အသက်၁နှစ်ကနေ ၂နှစ်အရွယ်ထိရှိတဲ့ခွေးလေးတွေကို စကားပြောနည်း သင်ပေးပါတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ သူမရဲ့ ၈နှစ်အရွယ်ခွေးလေးကို စကားသင်ပေးနေတာဟာ စကားလုံးပေါင်း ၂၉လုံးထက်မနည်း တတ်မြောက်နားလည်နေပြီဖြစ်ကြောင်းနဲ့ ဝါကျ၊ စာကြောင်းလေးတွေ ကိုတောင် ငါးလုံးထက်မနည်း ပေါင်းနိုင် နေပြီလို့ဆိုပါတယ်။ ခွေးချစ်သူတို့ အပြန်အလှန် စကားတွေပြော နိုင်ကြပြီဖြစ်လို့ဝမ်းသာနေကြမယ်ထင်ပါတယ်။
photo internet
(Zawgyi Version)