တက္ကသိုလ် ကျောင်း၂၀မှာဝင်ခွင့်ရတဲ့အပြင် ပညာသင်ဆုဒေါ်လာများပါရရှိခဲ့သူ

0
253
photo internet

အသက်အရွယ်အားဖြင့် ၁၇နှစ်သာရှိသေးတဲ့Michael Brownဆိုတဲ့လူငယ်လေးဟာ အမေရိကန်နိုင်ငံHoustonမြို့မှာ နေထိုင်ပြီး၊ Lamer အထက်တန်းကျောင်းပြီးတဲ့နောက်မှာ ရှေ့ဆက်တက်ရောက်ဖို့ရန်အတွက် အမေရိကန်နိုင်ငံက အထင်ကရ ကမ္ဘာ့တက္ကသိုလ်၂၀ မှာ ဝင်ခွင့်တွေလျှောက်ထားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့လျှောက်လွှာကို တက္ကသိုလ် အခု၂၀လုံးက ဝင်ခွင့်ပြုခဲ့တဲ့အပြင် ပညာသင်ဆုကြေးငွေ ဒေါ်လာ ၂၆၀၀၀၀ ကိုလည်း ချီးမြှင့်ငွေအဖြစ်ရရှိခဲ့တာကြောင့် အပျော်ဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။

photo internet

အမှန်တကယ်မှာ ဘရောင်းကို ကျောင်းတော်ကြီး ၂၀ကဝင်ခွင့်ပြုခဲ့တဲ့ အကြောင်းရင်းတော့ရှိခဲ့ပါတယ်။ သူဝင်ခွင့်ရရှိခဲ့တဲ့ ကျောင်းတော်ကြီးတွေထဲမှာ ထိပ်တန်းတက္ကသိုလ်ကြီးတွေဖြစ်တဲ့ စတန်းဖို့ဒ်၊ဟားဗတ်နဲ့ ရေးတက္ကသိုလ်တို့ပါ ပါဝင်တယ်လို့ဆိုပါတယ်။ အများစုကတော့ သူ့ကို ကံကောင်းတဲ့သူလို့ချီးမွမ်းကြပေမယ့် သူ့ရဲ့ မိခင်ဖြစ်သူကတော့ ကံကောင်းတာကြောင့်မဟုတ်ဘဲ အထက်တန်းကျောင်းမှာကတည်းက အပြင်းအထန် ကြိုးစားခဲ့တာကြောင့်လို့ပြောခဲ့ပါတယ်။

photo internet

အမှန်တကယ်ဆို ဘရောင်းဟာ အထက်တန်းကျောင်းမှာကတည်းကအပြင်း အထန်ကြိုးစားလာခဲ့တဲ့ အားထုတ်မှုတွေရဲ့ အကျိုးကို ပြန်လည်ခံစားရတာဖြစ်ပါတယ်။ ဘရောင်းဟာ အဓိကမေဂျာအဖြစ် နိုင်ငံရေးသိပ္ပံကိုတက်ရောက်ခဲ့ပြီးစီးပွားရေးမေဂျာကိုမိုင်နာအနေနဲ့ ယူခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ များလွန်းလှတဲ့ နိုင်ငံရေးကမ်ပိန်းတွေမှာလည်း ပါဝင်ခဲ့ဖူးကြောင်းဆိုပါတယ်။ တက္ကသိုလ်ပြီးသွားတဲ့ အချိန်ကြရင်တော့ သူဟာ နိုင်ငံရေးနဲ့ ဥပဒေနယ်ပယ်ဘက်မှာ ဇောက်ချလုပ်သွားမယ်လို့ ဆုံးဖြတ်ထားတာကြောင့် အခုလက်ရှိမှာအောင်မြင်ထားတဲ့ တက္ကသိုလ်ဝင်ခွင့်တွေထဲကမှ စတန်းဖို့ဒ်ကို ရွေးချယ်ပြီးတက်ရောက်နေပြီဖြစ်ပါတယ်။

photo internet

ဘရောင်းဟာ ဒီတက္ကသိုလ်ကြီးတွေရဲ့ ဝင်ခွင့်ကိုရဖို့အတွက် လိုအပ်ချက်တွေများစွာရှိနေတဲ့အတွက် စလျှောက်ကာစမှာတုန်းကမျှော်လင့်ချက် သိပ်မရှိခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားမှုဟာ အချည်းနှီးမဖြစ်ခဲ့တာသက်သေပြနိုင်ခဲ့ပါတယ်။ သူ့ကိုတက္ကသိုလ် အခု၂၀စလုံးက လက်ခံခဲ့ကြရတဲ့ အကြောင်းရင်းဟာ သူ့ရဲ့ ဂျီပီအေ အမှတ်ကြောင့်ဖြစ်ကြောင်းသိရပါတယ်။ တက္ကသိုလ်အားလုံးရဲ့ ဝင်ခွင့် ရမှတ်ဟာ ၄.၀၀န်းကျင်ဖြစ်ပြီး၊ ဘရောင်းရဲ့ဂျီပီအေရမှတ်ဟာ ၄.၆၈ဖြစ်ပါတယ်။ ဘရောင်းရဲ့ အမှတ်တရစကားတွေကိုပြောပြရရင် “ကူညီတတ်သူဖြစ်ပါစေ၊ အိပ်မက်ကြီးကြီးမက်ပါ” ဆိုတာပဲဖြစ်ပါတယ်။

photo internet

(Zawgyi Version)

တကၠသိုလ္ ေက်ာင္း၂၀မွာ၀င္ခြင့္ရတဲ့အျပင္ ပညာသင္ဆုေဒၚလာမ်ားပါရရွိခဲ့သူ

အသက္အရြယ္အားျဖင့္ ၁၇ႏွစ္သာရွိေသးတဲ့Michael Brownဆိုတဲ့လူငယ္ေလးဟာ အေမရိကန္ႏိုင္ငံHoustonၿမိဳ႕မွာ ေနထိုင္ၿပီး၊ Lamer အထက္တန္းေက်ာင္းၿပီးတဲ့ေနာက္မွာ ေရွ႕ဆက္တက္ေရာက္ဖို႔ရန္အတြက္ အေမရိကန္ႏိုင္ငံက အထင္ကရ ကမၻာ့တကၠသိုလ္၂၀ မွာ ၀င္ခြင့္ေတြေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ေလွ်ာက္လႊာကို တကၠသိုလ္ အခု၂၀လံုးက ၀င္ခြင့္ျပဳခဲ့တဲ့အျပင္ ပညာသင္ဆုေၾကးေငြ ေဒၚလာ ၂၆၀၀၀၀ ကိုလည္း ခ်ီးျမွင့္ေငြအျဖစ္ရရွိခဲ့တာေၾကာင့္ အေပ်ာ္ဆံုးလူသားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။

အမွန္တကယ္မွာ ဘေရာင္းကို ေက်ာင္းေတာ္ႀကီး ၂၀က၀င္ခြင့္ျပဳခဲ့တဲ့ အေၾကာင္းရင္းေတာ့ရွိခဲ့ပါတယ္။ သူ၀င္ခြင့္ရရွိခဲ့တဲ့ ေက်ာင္းေတာ္ႀကီးေတြထဲမွာ ထိပ္တန္းတကၠသိုလ္ႀကီးေတြျဖစ္တဲ့ စတန္းဖို႔ဒ္၊ဟားဗတ္နဲ႔ ေရးတကၠသိုလ္တို႔ပါ ပါ၀င္တယ္လို႔ဆိုပါတယ္။ အမ်ားစုကေတာ့ သူ႔ကို ကံေကာင္းတဲ့သူလို႔ခ်ီးမြမ္းၾကေပမယ့္ သူ႔ရဲ႕ မိခင္ျဖစ္သူကေတာ့ ကံေကာင္းတာေၾကာင့္မဟုတ္ဘဲ အထက္တန္းေက်ာင္းမွာကတည္းက အျပင္းအထန္ႀကိဳးစားခဲ့တာေၾကာင့္လို႔ေျပာခဲ့ပါတယ္။

အမွန္တကယ္ဆို ဘေရာင္းဟာ အထက္တန္းေက်ာင္းမွာကတည္းကအျပင္း အထန္ႀကိဳးစားလာခဲ့တဲ့ အားထုတ္မႈေတြရဲ႕ အက်ိဳးကို ျပန္လည္ခံစားရတာျဖစ္ပါတယ္။ ဘေရာင္းဟာ အဓိကေမဂ်ာအျဖစ္ နိုင္ငံေရးသိပၸံကိုတက္ေရာက္ခဲ့ၿပီးစီးပြားေရးေမဂ်ာကိုမိုင္နာအေနနဲ႔ ယူခဲ့သူျဖစ္ပါတယ္။ သူ႔အေနနဲ႔ မ်ားလြန္းလွတဲ့ ႏိုင္ငံေရးကမ္ပိန္းေတြမွာလည္း ပါ၀င္ခဲ့ဖူးေၾကာင္းဆိုပါတယ္။ တကၠသိုလ္ၿပီးသြားတဲ့ အခ်ိန္ၾကရင္ေတာ့ သူဟာ ႏိုင္ငံေရးနဲ႔ ဥပေဒနယ္ပယ္ဘက္မွာ ေဇာက္ခ်လုပ္သြားမယ္လို႔ ဆံုးျဖတ္ထားတာေၾကာင့္ အခုလက္ရွိမွာေအာင္ျမင္ထားတဲ့ တကၠသို္လ္၀င္ခြင့္ေတြထဲကမွ စတန္းဖို႔ဒ္ကို ေရြးခ်ယ္ၿပီးတက္ေရာက္ေနၿပီျဖစ္ပါတယ္။

ဘေရာင္းဟာ ဒီတကၠသိုလ္ႀကီးေတြရဲ႕ ၀င္ခြင့္ကိုရဖို႔အတြက္ လိုအပ္ခ်က္ေတြမ်ားစြာရွိေနတဲ့အတြက္ စေလွ်ာက္ကာစမွာတုန္းကေမွ်ာ္လင့္ခ်က္ သိပ္မရွိခဲ့တဲ့အေၾကာင္းေျပာခဲ့ပါတယ္။ သူ႔ရဲ႕ ႀကိဳးစားမႈဟာ အခ်ည္းနွီးမျဖစ္ခဲ့တာသက္ေသျပနိုင္ခဲ့ပါတယ္။ သူ႔ကိုတကၠသိုလ္ အခု၂၀စလံုးက လက္ခံခဲ့ၾကရတဲ့ အေၾကာင္းရင္းဟာ သူ႔ရဲ႕ ဂ်ီပီေအ အမွတ္ေၾကာင့္ျဖစ္ေၾကာင္းသိရပါတယ္။ တကၠသိုလ္အားလံုးရဲ႕ ၀င္ခြင့္ ရမွတ္ဟာ ၄.၀၀န္းက်င္ျဖစ္ၿပီး၊ ဘေရာင္းရဲ႕ဂ်ီပီေအရမွတ္ဟာ ၄.၆၈ျဖစ္ပါတယ္။ ဘေရာင္းရဲ႕ အမွတ္တရစကားေတြကိုေျပာျပရရင္ “ကူညီတတ္သူျဖစ္ပါေစ၊ အိပ္မက္ႀကီးႀကီးမက္ပါ” ဆိုတာပဲျဖစ္ပါတယ္။