သနားစရာချက်ကျေးရွာ

0
356
photo internet

ချက်ကျေးရွာဆိုတာကိုတော့ကြားဖူးကြမယ်ထင်ပါတယ်။ဟိုးအရင်တုန်းကတော့ချက်ကိုစလိုဗက်ကီးယားလို့ခေါ်ခဲ့တဲ့နေရာလေးရဲ့အနောက်မြောက်ဘက်မှာရှိတဲ့Lidiceလို့အမည်ပေးထားတဲ့ရွာကလေးဖြစ်ပါတယ်။အဲဒီရွာလေးဟာဘာလို့ထူးခြားတယ်လို့ပြောရတာလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီရွာလေးမှာထူးခြားနေတဲ့ပထမအချက်ကတော့ကလေးငယ်၈၂ယောက်ရဲ့ကြေးရုပ်တုတွေရှိနေတဲ့အတွက်ထူးခြားတယ်လို့ဆိုတာပါ။ဘာကြောင့်ကလေးတွေပဲဖြစ်နေတာလဲ၊နောက်ပြီးသူတို့မျက်နှာတွေဘာကြောင့်ညှိုးငယ်တဲ့ပုံနဲ့ထုထားကြတာလဲဆိုတာဟာ.ထူးခြားမှုတစ်ချက်လို့ပြောချင်ပါတယ်။ဒီရုပ်တုတွေရဲ့နောက်ကွယ်ကဘာအဖြစ်ဆိုးတွေရှိခဲ့ကြလို့လဲဆိုတာသနားစရာကောင်းလွန်းလို့ပြောပြချင်ပါတယ်။

photo internet

တကယ်တော့ အဲဒီရွာလေးဟာ ဂျူးလူမျိုးတွေ နေထိုင်တဲ့ရွာဖြစ်ပြီး၊ ကလေးငယ်များ အပါအဝင် တစ်ရွာလုံးနီးပါးဟာ စစ်အတွင်းမှာ နာဇီတို့ရဲ့အညှိုးတကြီးနဲ့သတ်ဖြတ်တာခံခဲ့ရတာဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုအသတ်ခံ ရတာလဲဆိုတာကတော့ နာဇီစစ် ခေါင်းဆောင်တစ်ယောက် လုပ်ကြံခံရတဲ့ အမှုမှာအနီးနားရွာတစ်ဝိုက်က ရွာတွေကလုပ်ကြံသူကိုဝှက်ပေးထားတယ်ဆိုပြီးအပြစ်ပေးတာကိုခံခဲ့ရတာဖြစ်ပါတယ်။အမုန်းတရားကြီးသွားစေတဲ့နောက်တစ်ခုကတော့ဒီရွာကရွာသားတစ်ယောက်ဟာ ချက်တော်လှန်ရေးသမားဖြစ်နေတာကြောင့် ၁၇၀ကျော်လုံး သတ်ပစ်ခဲ့ပြီး၊ ရွာထဲမှာမရှိနေတဲ့ ၁၁ယောက်ကိုပါ ထပ်ဖမ်းပြီးသတ်ခဲ့ကြတာဖြစ်ပါတယ်။

photo internet

ဒါတင်မကသေးဘဲ အမျိုးသမီးတွေနဲ့ကလေး၈၀ကျော်ကိုတော့ ပိုလန်နိုင်ငံကိုဖမ်းဆီးသွားခဲ့ကြကာ အမျိုးသမီးတွေကို အလုပ်ကြမ်းတွေလုပ်ရတဲ့ချွေးတပ်စခန်းကိုပို့ပစ်ခဲ့ပါတယ်။ သနားစရာ ကလေးတွေထဲက ဂျာမန်နဲ့ရုပ်ဆင်တဲ့ကလေး၆ယောက်ကိုရွေးချယ်ပြီးနာဇီဝါဒများသွတ်သွင်းဖို့ဖယ်ထားကာကျန်တဲ့ကလေးတွေအကုန်လုံးကို အမြစ်ပြတ်သုတ်သင်ရေးဆိုတဲ့ Chelmnoစခန်းကိုအပို့ခံရပြီး၊ အဲဒီကလေးတွေကို အလုံပိတ် အခန်းထဲ ထည့်ကာအဆိပ်ငွေ့လွှတ်ပြီး သတ်ဖြတ်တာကိုခံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီရွာလေးက လူပေါင်း၃၀၀ကျော်ဟာနာဇီတို့ရဲ့အညှိုးကြီးကြီးနဲ့ပဲရွာကိုတင်မက သင်္ချိင်းကိုတောင်မချန်ခဲ့ဘူးလို့ ဆိုပါတယ်။ရွာဖျောက်ရုံမကဘဲမြစ်ကြောင်းကိုလည်းပြောင်းပစ်ခဲ့တဲ့အထိ ဒီနေရာမှာဘာရွာမှ မရှိခဲ့တဲ့ပုံဖြစ်အောင်လုပ်ခဲ့တာဖြစ်ပါတယ်။

photo internet

၁၉၄၇ခုမှာတော့လွတ်မြောက်သွားခဲ့တဲ့ရွာသားတွေစုပေါင်းကပြန်လည်တည်ထောင်ထားခဲ့ကြပါတယ်။အကျင့်ပုတိစုတ်ပြတ်တဲ့နာဇီတွေရဲ့အသတ်ခံခဲ့ရတဲ့ကလေးတွေအတွက်ဝမ်းနည်းတဲ့အထိမ်းအမှတ်နဲ့ထုလုပ်ခဲ့သူဟာ ချက်နိုင်မှပန်းပုပညာရှင်Marie Uchytilova-Kucovaဆို တဲ့အမျိုးသမီးဖြစ်ပါတယ်။ သူမဟာ ချွှေးတပ်စခန်းက နေပြန်လွတ်လာတဲ့ မိန်းမတွေဆီကနေ ဝမ်းနည်းစရာ ကောင်းလွန်းတဲ့ ဒီအဖြစ်အပျက်တွေကြားပြီး ထုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ပိုပြီးစိတ်မကောင်းဖြစ်မိတာက ကလေးရုပ်တုလေးတွေထု လုပ်နေရင်းမပြီးစီးသေးခင်မှာပန်းပုပညာရှင်အမျိုးသမီးကွယ်လွန်ခဲ့ပါတယ်။ကံကောင်းချင်ပြန်တော့ဇနီးသည်ရဲ့ဆန္ဒပြည့်ဝစေဖို့ကိုခင်ပွန်းဖြစ်သူကဖြည့်ဆည်းထုလုပ်ပေးခဲ့တာဟာ ၂၀၀၀ပြည့်နှစ်မှာပြီးစီးခဲ့ပါတယ်။ ရုပ်တုတွေထဲမှာအသက်၂နှစ်ကနေဆယ်ကျော်သက်ထိကလေးတွေပါပြီး၊ယောကျာ်းရုပ်တု၄၀၊မိန်းကလေးရုပ်တုကတော့၄၂ရုပ်ရှိတယ်လို့ဆိုပါတယ်။သနားစရာကောင်းတဲ့အဖြစ်အပျက်ကြောင့်သေဆုံးခဲ့ရတဲ့ရွာသူရွာသားကလေးများရုပ်တုအားလုံးအတွက်ထုလုပ်ဖို့ကုန်ကျငွေကိုချက်အစိုးရနဲ့နိုင်ငံတကာမှအလှုရှင်များကပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့် ရုပ်တုတွေအားလုံးကိုလည်း ရွာရှိလူများအစုလိုက်အပြုံလိုက် အသတ်ခံရတဲ့နေရာမှာ ထားရှိတယ်လို့ဆိုပါတယ်။ စိတ်မကောင်းစရာအဖြစ်အပျက်တွေဟာအရင်းစစ်လိုက်တော့ အဲဒီကမ္ဘာ့စစ်ကြောင့်ပဲဖြစ်ခဲ့ရတာကြောင့် စက်ဆုပ်စရာကောင်းလိုက်တာလို့တွေးရင်း သနားနေမိပါတယ်။

photo internet

(Zawgyi Version)

သနားစရာခ်က္ေက်းရြာ

ခ်က္ေက်းရြာဆိုတာကိုေတာ့ၾကားဖူးၾကမယ္ထင္ပါတယ္။ဟိုးအရင္တုန္းကေတာ့ခ်က္ကိုစလိုဗက္ကီးယားလို႔ေခၚခဲ့တဲ့ေနရာေလးရဲ႕အေနာက္ေျမာက္ဘက္မွာ႐ွိတဲ့Lidiceလို႔အမည္ေပးထားတဲ့ရြာကေလးျဖစ္ပါတယ္။အဲဒီရြာေလးဟာဘာလို႔ထူးျခားတယ္လို႔ေျပာရတာလဲဆိုတာကိုေျပာျပေပးမွာျဖစ္ပါတယ္။ဒီရြာေလးမွာထူးျခားေနတဲ့ပထမအခ်က္ကေတာ့ကေလးငယ္၈၂ေယာက္ရဲ႕ေၾကး႐ုပ္တုေတြ႐ွိေနတဲ့အတြက္ထူးျခားတယ္လို႔ဆိုတာပါ။ဘာေၾကာင့္ကေလးေတြပဲျဖစ္ေနတာလဲ၊ေနာက္ျပီးသူတို႔မ်က္ႏွာေတြဘာေၾကာင့္ညႇိဳးငယ္တဲ့ပံုနဲ႔ထုထားၾကတာလဲဆိုတာဟာ.ထူးျခားမႈတစ္ခ်က္လို႔ေျပာခ်င္ပါတယ္။ဒီ႐ုပ္တုေတြရဲ႕ေနာက္ကြယ္ကဘာအျဖစ္ဆိုးေတြ႐ွိခဲ့ၾကလို႔လဲဆိုတာသနားစရာေကာင္းလြန္းလို႔ေျပာျပခ်င္ပါတယ္။

တကယ္ေတာ့ အဲဒီရြာေလးဟာ ဂ်ဴးလူမ်ိဳးေတြ ေနထိုင္တဲ့ရြာျဖစ္ၿပီး၊ ကေလးငယ္မ်ား အပါအဝင္ တစ္ရြာလံုးနီးပါးဟာ စစ္အတြင္းမွာ နာဇီတို႔ရဲ႕အညႇိဳးတႀကီးနဲ႔သတ္ျဖတ္တာခံခဲ့ရတာျဖစ္ပါတယ္။ ဘာေၾကာင့္ဒီလိုအသတ္ခံရတာလဲဆိုတာကေတာ့ နာဇီစစ္ ေခါင္းေဆာင္တစ္ေယာက္ လုပ္ၾကံခံရတဲ့ အမႈမွာအနီးနားရြာတစ္ဝိုက္ကရြာေတြကလုပ္ၾကံသူကိုဝွက္ေပးထားတယ္ဆိုၿပီးအျပစ္ေပးတာကိုခံခဲ့ရတာျဖစ္ပါတယ္။အမုန္းတရားႀကီးသြားေစတဲ့ေနာက္တစ္ခုကေတာ့ဒီရြာကရြာသားတစ္ေယာက္ဟာ ခ်က္ေတာ္လွန္ေရးသမားျဖစ္ေနတာေၾကာင့္ ၁၇၀ေက်ာ္လံုး သတ္ပစ္ခဲ့ၿပီး၊ ရြာထဲမွာမ႐ွိေနတဲ့ ၁၁ေယာက္ကိုပါ ထပ္ဖမ္းၿပီးသတ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါတင္မကေသးဘဲ အမ်ိဳးသမီးေတြနဲ႔ကေလး၈၀ေက်ာ္ကိုေတာ့ ပိုလန္ႏိုင္ငံကိုဖမ္းဆီးသြားခဲ့ၾကကာ အမ်ိဳးသမီးေတြကို အလုပ္ၾကမ္းေတြလုပ္ရတဲ့ေခြၽးတပ္စခန္းကိုပို႔ပစ္ခဲ့ပါတယ္။ သနားစရာ ကေလးေတြထဲက ဂ်ာမန္နဲ႔႐ုပ္ဆင္တဲ့ကေလး၆ေယာက္ကိုေရြးခ်ယ္ၿပီးနာဇီဝါဒမ်ားသြတ္သြင္းဖို႔ဖယ္ထားကာက်န္တဲ့ကေလးေတြအကုန္လံုးကို အျမစ္ျပတ္သုတ္သင္ေရးဆိုတဲ့ Chelmnoစခန္းကိုအပို႔ခံရၿပီး၊ အဲဒီကေလးေတြကို အလံုပိတ္ အခန္းထဲ ထည့္ကာအဆိပ္ေငြ႔လႊတ္ၿပီး သတ္ျဖတ္တာကိုခံခဲ့ၾကရတာျဖစ္ပါတယ္။ အဲဒီရြာေလးက လူေပါင္း၃၀၀ေက်ာ္ဟာနာဇီတို႔ရဲ႕အညႇိဳးႀကီးႀကီးနဲ႔ပဲရြာကိုတင္မက သခ်ႋင္းကိုေတာင္မခ်န္ခဲ့ဘူးလို႔ ဆိုပါတယ္။ရြာေဖ်ာက္ရံုမကဘဲျမစ္ေၾကာင္းကိုလည္းေျပာင္းပစ္ခဲ့တဲ့အထိ ဒီေနရာမွာဘာရြာမွ မ႐ွိခဲ့တဲ့ပံုျဖစ္ေအာင္လုပ္ခဲ့တာျဖစ္ပါတယ္။

၁၉၄၇ခုမွာေတာ့လြတ္ေျမာက္သြားခဲ့တဲ့ရြာသားေတြစုေပါင္းကျပန္လည္တည္ေထာင္ထားခဲ့ၾကပါတယ္။အက်င့္ပုတိစုတ္ျပတ္တဲ့နာဇီေတြရဲ႕အသတ္ခံခဲ့ရတဲ့ကေလးေတြအတြက္ဝမ္းနည္းတဲ့အထိမ္းအမွတ္နဲ႔ထုလုပ္ခဲ့သူဟာ ခ်က္ႏိုင္မွပန္းပုပညာ႐ွင္Marie Uchytilova-Kucovaဆို တဲ့အမ်ိဳးသမီးျဖစ္ပါတယ္။ သူမဟာ ေခြၽွးတပ္စခန္းက ေနျပန္လြတ္လာတဲ့ မိန္းမေတြဆီကေန ဝမ္းနည္းစရာ ေကာင္းလြန္းတဲ့ ဒီအျဖစ္အပ်က္ေတြၾကားၿပီး ထုလုပ္ခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ပိုၿပီးစိတ္မေကာင္းျဖစ္မိတာက ကေလး႐ုပ္တုေလးေတြထု လုပ္ေနရင္းမၿပီးစီးေသးခင္မွာပန္းပုပညာ႐ွင္အမ်ိဳးသမီးကြယ္လြန္ခဲ့ပါတယ္။ကံေကာင္းခ်င္ျပန္ေတာ့ဇနီးသည္ရဲ႕ဆႏၵျပည့္ဝေစဖို႔ကိုခင္ပြန္းျဖစ္သူကျဖည့္ဆည္းထုလုပ္ေပးခဲ့တာဟာ ၂၀၀၀ျပည့္ႏွစ္မွာၿပီးစီးခဲ့ပါတယ္။ ရုပ္တုေတြထဲမွာအသက္၂ႏွစ္ကေနဆယ္ေက်ာ္သက္ထိကေလးေတြပါၿပီး၊ေယာက်ာ္း႐ုပ္တု၄၀၊မိန္းကေလး႐ုပ္တုကေတာ့၄၂႐ုပ္႐ွိတယ္လို႔ဆိုပါတယ္။သနားစရာေကာင္းတဲ့အျဖစ္အပ်က္ေၾကာင့္ေသဆံုးခဲ့ရတဲ့ရြာသူရြာသားကေလးမ်ား႐ုပ္တုအားလံုးအတြက္ထုလုပ္ဖို႔ကုန္က်ေငြကိုခ်က္အစိုးရနဲ႔ႏိုင္ငံတကာမွအလႈ႐ွင္မ်ားကပ့ံပိုးေပးခဲ့တာျဖစ္ပါတယ္။ဒါေၾကာင့္ ႐ုပ္တုေတြအားလံုးကိုလည္း ရြာ႐ွိလူမ်ားအစုလိုက္အျပံဳလိုက္ အသတ္ခံရတဲ့ေနရာမွာ ထား႐ွိတယ္လို႔ဆိုပါတယ္။ စိတ္မေကာင္းစရာအျဖစ္အပ်က္ေတြဟာအရင္းစစ္လိုက္ေတာ့ အဲဒီကမၻာ့စစ္ေၾကာင့္ပဲျဖစ္ခဲ့ရတာေၾကာင့္ စက္ဆုပ္စရာေကာင္းလိုက္တာလို႔ေတြးရင္း သနားေနမိပါတယ္။