လှပဆန်းပြားဓာတ်လှေကားများ

0
1352
photo internet

အဆောက်အဦများစွာမှာ နေရာအနေအထားအလိုက် လူနဲ့ပစ္စည်းများကို သယ်ယူပို့ဆောင်ပေး ဖို့ပြုလုပ်ထားပေးတဲ့ ဓာတ်လှေကားများကို ပုံစံတစ်မျိုးစီနဲ့တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကမ္ဘာလုံးပုံတည်ဆောက်ထားတဲ့ အဆောက်အဦတွေအနက်က အကြီးဆုံးဖြစ်တဲ့ အဲရစ်ဆန် အဆောက်အဦကိုတော့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာတွေ့ရှိရမှာဖြစ်ပါတယ်။ အဲဒီအဆောက်အဦရဲ့ အမြင့်ပေဟာ ၂၇၉ပေမြင့်ပြီး၊အကျယ်ကတော့ ၃၆၁ ပေ ရှိပါတယ်။ အဆောက်အဦရဲ့ အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ဓာတ်လှေကားလည်းဖြစ်ပြီး မှန်များနဲ့ ပြုလုပ်ထားတာကြောင့် အသည်းအေးစရာ အနေအထားကိုလည်း ခံစားရစေမှာဖြစ်ပါတယ်။

photo internet

နောက်တစ်ခုကတော့ လန်ဒန်မြို့တော်မှာတည်ရှိတဲ့ လွိုက်အဆောက်အအုံကို အပြင်ထွက် အတွင်းအဆောက်အဦ လို့ခေါ်ကြောင်းသိရပါတယ်။ အဆောက်အဦရဲ့ အတွင်းပိုင်းမှာရှိတဲ့ ရေပိုက်၊လျှပ်စစ်ဓာတ်အားလိုင်း၊ လှေကားခွင်များကြားမှာ တပ်ဆင်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အပြင်ဘက်မှာ ဓာတ်လှေကားပေါင်း ၁၂စီးတပ်ထားတာဖြစ်ပြီး အားလုံးဟာ မှန်ဓာတ်လှေကားများပဲဖြစ်ပါတယ်။

photo internet

ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ အကြီးမားဆုံးဖြစ်တဲ့ အပျော်စီးသင်္ဘောကြီးMS Oasis ဟာ အထပ် ၁၆ထပ်ပါဝင်ကာ ခရီးသည်၆၀၀၀တင်ဆောင်နိုင်ပြီး၊ ဓာတ်လှေကားတပ်ဆင်ပေးထားတာကြောင့် ထူးခြားတဲ့စာရင်းမှာပါနေခဲ့ ပါတယ်။ဒီလှိုင်းမြင့်ဓာတ်လှေကားကြီးဟာ ပန်းခြံတွေထဲမှာလုပ်ထားပေးတဲ့ အပျော်စီးမိုးပျံယာဉ်နဲ့တူနေတာကို တွေ့ရမှာဖြစ်ပါတယ်။

photo internet

Autostadt Silos လို့ခေါ်တဲ့ ဓာတ်လှေကားကတော့ ဂျာမဏီနိုင်ငံ ဝုဖ်ဘာ့ခ်မှာရှိတဲ့ ကမ္ဘာကျော် ဗောက်ဝက်ဂင်န်ကား စက်ရုံရဲ့ဘေးမှာရှိတဲ့ပြတိုက်မှာတွေ့ရှိရမှာဖြစ်ပါတယ်။ ဒီဓာတ်လှေကားဟာ ပြတိုက်အတွင်းမှာထားတဲ့ကားတွေကို အထပ်လိုက်ထားရှိရာကနေ ပြောင်းရွှေ့ သယ်ယူဖို့ အတွက် အသုံးပြုတာဖြစ်ပါတယ်။ စက်ရုံမှအချောသတ်ထွက်လာတဲ့ ကားတွေကို ရွေ့လျားခါးပတ်များနဲ့မြေအောက်မိုင်ဝက်ရှိ ဥမင်အတွင်းသယ်ယူပြီး ပေ၂၀၀ကွာဝေးတဲ့ ပြတိုက်ထဲကို အ လိုအလျောက်သယ်ပေးရတာပဲဖြစ်ပါတယ်။ ထူးခြားချက်ကတော့ အဲဒီဓာတ်လှေကားမှာ မောင်းနှင်သူလိုက်ပါခြင်းမရှိတာဘဲဖြစ်ပါတယ်။

photo internet

(Zawgyi Version)

လွပဆန္းျပားဓာတ္ေလွကားမ်ား

အေဆာက္အဦမ်ားစြာမွာ ေနရာအေနအထားအလိုက္ လူနဲ႔ပစၥည္းမ်ားကို သယ္ယူပို႔ေဆာင္ေပး ဖို႔ျပဳလုပ္ထားေပးတဲ့ ဓာတ္ေလွကားမ်ားကို ပံုစံတစ္မ်ိဳးစီနဲ႔ေတြ႕ျမင္ၾကရမွာျဖစ္ပါတယ္။ ကမၻာေပၚမွာ ကမၻာလံုးပံုတည္ေဆာက္ထားတဲ့ အေဆာက္အဦေတြအနက္က အႀကီးဆံုးျဖစ္တဲ့ အဲရစ္ဆန္ အေဆာက္အဦကိုေတာ့ ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းမွာေတြ႕ရွိရမွာျဖစ္ပါတယ္။ အဲဒီအေဆာက္အဦရဲ႕ အျမင့္ေပဟာ ၂၇၉ေပျမင့္ၿပီး၊အက်ယ္ကေတာ့ ၃၆၁ ေပ ရွိပါတယ္။ အေဆာက္အဦရဲ႕ အျပင္ဘက္မွာ တပ္ဆင္ထားတဲ့ဓာတ္ေလွကားလည္းျဖစ္ၿပီး မွန္မ်ားနဲ႔ ျပဳလုပ္ထားတာေၾကာင့္ အသည္းေအးစရာ အေနအထားကိုလည္း ခံစားရေစမွာျဖစ္ပါတယ္။

ေနာက္တစ္ခုကေတာ့ လန္ဒန္ၿမိဳ႕ေတာ္မွာတည္ရွိတဲ့ လြဳိက္အေဆာက္အအံုကို အျပင္ထြက္ အတြင္းအေဆာက္အဦလို႔ေခၚေၾကာင္းသိရပါတယ္။ အေဆာက္အဦရဲ႕ အတြင္းပိုင္းမွာရွိတဲ့ ေရပိုက္၊လွ်ပ္စစ္ဓာတ္အားလိုင္း၊ေလွကားခြင္မ်ားၾကားမွာ တပ္ဆင္ထားတဲ့ ဒီဇိုင္းျဖစ္ပါတယ္။ အျပင္ဘက္မွာ ဓာတ္ေလွကားေပါင္း ၁၂စီးတပ္ထားတာျဖစ္ၿပီး အားလံုးဟာ မွန္ဓာတ္ေလွကားမ်ားပဲျဖစ္ပါတယ္။ ဒီေန႔ေခတ္ ကမၻာေပၚမွာ အႀကီးမားဆံုးျဖစ္တဲ့ အေပ်ာ္စီးသေဘၤာႀကီးMS Oasis ဟာ အထပ္ ၁၆ထပ္ပါ၀င္ကာ ခရီးသည္၆၀၀၀တင္ေဆာင္ႏိုင္ၿပီး၊ ဓာတ္ေလွကားတပ္ဆင္ေပးထားတာေၾကာင့္ ထူးျခားတဲ့စာရင္းမွာပါေနခဲ့ပါတယ္။ဒီလွိဳင္းျမင့္ဓာတ္ေလွကားႀကီးဟာ ပန္းျခံေတြထဲမွာလုပ္ထားေပးတဲ့ အေပ်ာ္စီးမိုးပ်ံယာဥ္နဲ႔တူေနတာကိုေတြ႔ရမွာျဖစ္ပါတယ္။

Autostadt Silos လို႔ေခၚတဲ့ ဓာတ္ေလွကားကေတာ့ ဂ်ာမဏီႏိုင္ငံ ၀ုဖ္ဘာ့ခ္မွာရွိတဲ့ ကမၻာေက်ာ္ ေဗာက္၀က္ဂင္န္ကား စက္ရံုရဲ႕ေဘးမွာရွိတဲ့ျပတိုက္မွာေတြ႔ရွိရမွာျဖစ္ပါတယ္။ ဒီဓာတ္ေလွကားဟာ ျပတိုက္အတြင္းမွာထားတဲ့ကားေတြကို အထပ္လိုက္ထားရွိရာကေန ေျပာင္းေရႊ႕ သယ္ယူဖို႔ အတြက္အသံုးျပဳတာျဖစ္ပါတယ္။ စက္ရံုမွအေခ်ာသတ္ထြက္လာတဲ့ ကားေတြကို ေရြ႕လ်ားခါးပတ္မ်ားနဲ႔ေျမေအာက္မိုင္၀က္ရွိ ဥမင္အတြင္းသယ္ယူၿပီး ေပ၂၀၀ကြာေ၀းတဲ့ ျပတိုက္ထဲကို အ လိုအေလ်ာက္သယ္ေပးရတာပဲျဖစ္ပါတယ္။ ထူးျခားခ်က္ကေတာ့ အဲဒီဓာတ္ေလွကားမွာ ေမာင္းႏွင္သူလိုက္ပါျခင္းမရွိတာဘဲျဖစ္ပါတယ္။