နှစ်သစ်မှာ အခမဲ့ပို့ဆောင်ရေးစနစ်သစ်ကိုပေးတော့မယ့်လူဇင်ဘာ့ဂ်

0
1674
photo internet

အားလုံးကြားဖူးကြတဲ့ လူဇင်ဘာ့ဂ်ဆိုတာဟာ ဥရောပရဲ့အချမ်းသာဆုံးနိုင်ငံဖြစ်သလို၊ ကမ္ဘာ့ဒုတိယ အချမ်းသာ ဆုံးနိုင်ငံ တစ်ခုလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ပြည်သူများအားလုံးအတွက် သယ်ယူပို့ဆောင်ရေး အခမဲ့စနစ်ကို ကျင့်သုံးဖို့စီစဉ်နေကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ အခုချိန်ခါမှာတော့ ဒီအစီအစဉ်ကို ဖြစ်မြောက်အောင် စတင်စီစဉ်ခဲ့သူကတော့ နိုင်ငံရဲ့ နှစ်ကြိမ်ဆက် ဝန်ကြီးချုပ်ရာထူး ကိုပြည်သူတွေ ထောက်ခံ အားပေးမှုအပြည့်အ၀ ရရှိထားတဲ့ Xavier Bettel ပဲဖြစ်ပါတယ်။ ဒီလိုလုပ်ပေးတာဟာ ပြည်သူတွေကို ပြန်လည်အကျိုးပြုတာလို့ပြောခဲ့ပါတယ်။ ဒီနိုင်ငံမှာ အသက်၂၀အောက် ကျောင်းသားလူငယ် တွေအတွက်ယာဉ်အခမဲ့စီးနင်းခွင့်ကို ၂၀၁၈ခနှစ်ကတည်းက ပြဌာန်းထားခဲ့တာဖြစ်ပြီး၊ အခုပြုလုပ်ပေးတဲ့ အစီအစဉ်ကတော့ တစ်နိုင်ငံလုံးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ဒီနိုင်ငံလေးရဲ့ အကျယ်အဝန်းစတုရန်းမိုင်ဟာ ၁၀၀၀ခန့်ရှိပါတယ်။

photo internet

ဒါပေမယ့် ဒီနီုင်ငံလေးဟာပြင်သစ်၊ဂျာမဏီနဲ့ ဘယ်လ်ဂျီယံတို့ကြားမှာ ရှိနေတာကြောင့် နေ့စဉ်ဒီနိုင်ငံအတွင်းမှ ယာဉ်များကို အသုံးပြုပြီးသွားလာနေကြသူများဟာ ၄သိန်းခန့်ရှိနေပါတယ်။ အများသုံးယာဉ်တွေကို အသုံးမပြုတဲ့သူတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်ကားတွေကိုအသုံးပြုနေကြတာကြောင့် နာရီနဲ့ချီတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေပါတယ်။ ဒီလိုပိတ်ဆို့မှုတွေဖြစ်နေတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် အများပြည်သူသုံးယာဉ်ကို အခမဲ့စီးနင်းခွင့်စနစ်ကိုသုံးတော့မှာဖြစ်ပါတယ်။ အခုလိုအခမဲ့ စနစ်ပြုလုပ်လာခြင်း ဟာဒီလိုယာဉ်ကြောပိတ်ဆို့မှုအခက်အခဲများနဲ့ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုကိုလျှော့ချနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။လူဇင်ဘာ့ဂ်မှာအစကတည်းက၂နာရီကြာယာဉ်စီးနင်းခကို၂ဒေါ်လာပေးရတာဖြစ်ပြီး၊အခုလိုအခမဲ့စနစ်နဲ့ပြုလုပ်ခဲ့တာကြောင့် ပြည်သူတွေသက်သာစေမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေခြင်းဟာ နိုင်ငံဝင်ငွေကို လျော့ကျသွားစေမှာဖြစ်ပေမယ့် အများပြည်သူ အဆင်ပြေဖို့သာ ပိုအရေးကြီးကြောင်း လူဇင်ဘာဂ့် အစိုးရက ခံယူထားပါတယ်။

photo internet

၂၀၂၄ခုမှာလည်း တစ်နိုင်ငံလုံးဘယ်နေရာကိုမဆိုသွားနိုင်အောင် ပြည့်စုံတဲ့ ရထားလမ်းကြောင်း ကွန်ရက်တွေကိုလည်းထပ်တိုးဆောင်ရွက်တည်ဆောက်သွားမယ်ဆိုတာပြောထားပါတယ်။အများပြည်သူ သုံးယာဉ်တွေပြေးဆွဲနိုင်ဖို့နှစ်စဉ်အသုံးပြုနေရတဲ့ငွေဟာ အမေရိကန်ဒေါ်လာ၁.၆ဘီလီယံခန့်ရှိကြောင်း ဆိုပါတယ်။အခုလိုအကောင်အထည်ဖော်စီစဉ်နေမှုကြောင့်ပိုမိုစိမ်းလန်းတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်မြင်ကြရတော့ မှာဖြစ်ပါတယ်။

photo internet

(Zawgyi Version)

ႏွစ္သစ္မွာ အခမဲ့ပို႔ေဆာင္ေရးစနစ္သစ္ကိုေပးေတာ့မယ့္လူဇင္ဘာ့ဂ္

အားလံုးၾကားဖူးၾကတဲ့ လူဇင္ဘာ့ဂ္ဆိုတာဟာ ဥေရာပရဲဲ႕အခ်မ္းသာဆံုးႏိုင္ငံျဖစ္သလို၊ ကမၻာ့ဒုတိယ အခ်မ္းသာ ဆံုးႏိုင္ငံ တစ္ခုလည္းျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္ကတည္းက ျပည္သူမ်ားအားလံုးအတြက္ သယ္ယူပို႔ေဆာင္ေရး အခမဲ့စနစ္ကို က်င့္သံုးဖို႔စီစဥ္ေနေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္ခါမွာေတာ့ ဒီအစီအစဥ္ကို ျဖစ္ေျမာက္ေအာင္ စတင္စီစဥ္ခဲ့သူကေတာ့ ႏိုင္ငံရဲ႕ ႏွစ္ႀကိမ္ဆက္ ၀န္ႀကီးခ်ဳပ္ရာထူး ကိုျပည္သူေတြ ေထာက္ခံအားေပးမႈအျပည့္အ၀ ရရွိထားတဲ့ Xavier Bettel ပဲျဖစ္ပါတယ္။ ဒီလိုလုပ္ေပးတာဟာ ျပည္သူေတြကို ျပန္လည္အက်ိဳးျပဳတာလို႔ေျပာခဲ့ပါတယ္။ ဒီႏိုင္ငံမွာ အသက္၂၀ေအာက္ ေက်ာင္းသားလူငယ္ေတြအတြက္ယာဥ္အခမဲ့စီးနင္းခြင့္ကို ၂၀၁၈ခႏွစ္ကတည္းက ျပဌာန္းထားခဲ့တာျဖစ္ၿပီး၊ အခုျပဳလုပ္ေပးတဲ့ အစီအစဥ္ကေတာ့ တစ္ႏိုင္ငံလံုးအတြက္ ျဖစ္တယ္လို႔ ဆိုပါတယ္။ဒီႏိုင္ငံေလးရဲ႕ အက်ယ္အ၀န္းစတုရန္းမိုင္ဟာ ၁၀၀၀ခန္႔ရွိပါတယ္။

ဒါေပမယ့္ ဒီႏီုင္ငံေလးဟာျပင္သစ္၊ဂ်ာမဏီနဲ႔ ဘယ္လ္ဂ်ီယံတို႔ၾကားမွာ ရွိေနတာေၾကာင့္ ေန႔စဥ္ဒီႏိုင္ငံအတြင္းမွ ယာဥ္မ်ားကို အသံုးျပဳၿပီးသြားလာေနၾကသူမ်ားဟာ ၄သိန္းခန္႔ရွိ္ေနပါတယ္။ အမ်ားသံုးယာဥ္ေတြကို အသံုးမျပဳတဲ့သူေတြကေတာ့ သူတို႔ရဲ႕ ကိုယ္ပိုင္ကားေတြကိုအသံုးျပဳေနၾကတာေၾကာင့္ နာရီနဲ႔ခ်ီတဲ့ ယာဥ္ေၾကာပိတ္ဆို႔မႈေတြျဖစ္ေနပါတယ္။ ဒီလိုပိတ္ဆို႔မႈေတြျဖစ္ေနတဲ့ အခက္အခဲေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ အမ်ားျပည္သူသံုးယာဥ္ကို အခမဲ့စီးနင္းခြင့္စနစ္ကိုသံုးေတာ့မွာျဖစ္ပါတယ္။ အခုလိုအခမဲ႔ စနစ္ျပဳလုပ္လာျခင္း ဟာဒီလိုယာဥ္ေၾကာပိတ္ဆို႔မႈအခက္အခဲမ်ားနဲ႔ကာဗြန္ဒိုင္ေအာက္ဆိုက္ထုတ္လုပ္မႈကိုေလွ်ာ့ခ်ႏိုင္မွာျဖစ္တယ္လို႔ဆိုပါတယ္။
လူဇင္ဘာ့ဂ္မွာအစကတည္းက၂နာရီၾကာယာဥ္စီးနင္းခကို၂ေဒၚလာေပးရတာျဖစ္ၿပီး၊အခုလိုအခမဲ့စနစ္နဲ႔ျပဳလုပ္ခဲ့တာေၾကာင့္ ျပည္သူေတြသက္သာေစမွာျဖစ္တယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ ဒီအစီအစဥ္ကို အေကာင္အထည္ေဖာ္ေနျခင္းဟာ ႏိုင္ငံ၀င္ေငြကို ေလ်ာ့က်သြားေစမွာျဖစ္ေပမယ့္ အမ်ားျပည္သူ အဆင္ေျပဖို႔သာ ပိုအေရးႀကီးေၾကာင္း လူဇင္ဘာဂ့္ အစိုးရက ခံယူထားပါတယ္။

၂၀၂၄ခုမွာလည္း တစ္ႏိုင္ငံလံုးဘယ္ေနရာကိုမဆိုသြားႏိုင္ေအာင္ ျပည့္စံုတဲ့ ရထားလမ္းေၾကာင္း ကြန္ရက္ေတြကိုလည္းထပ္တိုးေဆာင္ရြက္တည္ေဆာက္သြားမယ္ဆိုတာေျပာထားပါတယ္။အမ်ားျပည္သူ သံုးယာဥ္ေတြေျပးဆြဲႏိုင္ဖို႔ႏွစ္စဥ္အသံုးျပဳေနရတဲ့ေငြဟာ အေမရိကန္ေဒၚလာ၁.၆ဘီလီယံခန္႔ရွိေၾကာင္း ဆ္ိုပါတယ္။အခုလိုအေကာင္အထည္ေဖာ္စီစဥ္ေနမႈေၾကာင့္ပိုမိုစိမ္းလန္းတဲ့ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ျမင္ၾကရေတာ့ မွာျဖစ္ပါတယ္။