ခရစ္စမတ်ပွဲတော်နွှဲပျော်ဖို့စစ်ပွဲကိုခဏရပ်နားခဲ့တဲ့အဖြစ်

0
1767
photo internet
photo internet

ခေါင်းစဉ်ကိုဖတ်ကြည့်လိုက်ရတဲ့ကိုယ့်အနေနဲ့အံ့သြစရာပါလားလို့တောင်ထင်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့စစ်တိုက်နေရင်းမှာတောင်တိုက်နေတဲ့စစ်ပွဲကိုခဏရပ်ပြီးပွဲတော်ကြိုဆိုခဲ့ကြလို့ဖြစ်ပါတယ်။ဖြစ်နေတဲ့အချိန်ကာလကလည်းပထမကမ္ဘာစစ်ကာလဖြစ်ပြီး၊ တိုက်ပွဲမှာ အသေအကြေဖြစ်နေကြတဲ့အချိန်မှာမဟာမိတ်စစ်သည်တွေနဲ့ငြိမ်းချမ်းရေး ခဏယူပြီး ခရစ္စမတ်ပွဲတော်ကိုဆင်နွှဲခဲ့ကြတယ်လို့ဆိုပါတယ်။ပုံပြင်လားဝတ္တုလားဖြစ်နေတဲ့ဒီအဖြစ်အပျက်က တကယ်ရှိနေခဲ့တာဖြစ်ပါတယ်။အင်အားကြီးနိုင်ငံတွေဦးဆောင်တိုက်နေတဲ့ဂျာမန်တွေဟာသေမလား၊ရှင်မလားမသိဖြစ်နေတဲ့စစ်မြေပြင်ကိုအချိန်အတော်ကြာခရစ္စမတ်သီချင်းများဆိုပြီး၊အပျော်တမ်းဘောလုံးပွဲပြိုင်ပွဲတွေပါပြုလုပ်ကာ ပျော်စရာအချိန်ကိုဖန်တီးဖြတ်သန်းခဲ့ကြပါတယ်။

photo internet

နှစ်ဘက်စစ်သည်တွေကလည်း လက်ဆောင်များအပြန်အလှန်လဲပြီး တိုက်ပွဲအတွေ့အကြုံတွေမျှဝေခဲ့ကြ သေးတယ်လို့ဆိုပါတယ်။ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီးဗြိတိန်စစ်တပ်ရဲ့ကပ္ပတိန်ကလည်းသဘာဝလွန်ခရစ္စမတ်ပွဲတော်လို့နာမည်ပေးပြီးအမေဖြစ်သူဆီကိုစာရေးပြီးပြောခဲ့တဲ့မှတ်တမ်းလည်းရှိတယ်လို့သိရပါတယ်။စာထဲကအကြောင်းအရာကိုပြောပြရရင်တော့ခရစ္စမတ်နေ့မနက်၈း၃၀အချိန်မှာဂျာမန်စစ်သည်တွေဟာသူတို့ရဲ့ကတုတ်ကျင်းတွေထဲနေထွက်လာပြီးမဟာမိတ်စစ်သည်တွေစခန်းဆီကိုသံသယရှင်းစွာရောက်လာပြီးမိတ်ဆွေတို့ခရစ္စမတ်ပွဲတော်ဆင်နွှဲကြရအောင်ဆိုကာဖိတ်ခေါ်ခဲ့တာကအစပြုခဲ့တယ်လို့ရေးထားပါတယ်။

photo internet

ဒီလိုနဲ့ပဲ နှစ်ဘက်စစ်သားတွေဟာ လက်နက်တွေ အားလုံးချထားခဲ့ပြီး၊ခရစ္စမတ်ငြိမ်းချမ်းရေးကို ကမ်းလှမ်းခဲ့တဲ့ ဂျာမန်တွေဟာ ပိုပြီးအံ့သြစရာကောင်းတဲ့ စကားတွေကိုလည်းပြောခဲ့ကြတယ်လို့ဆိုပါတယ်။သူတို့ဟာ စစ်ဆက်တိုက်ဖို့ ဆန္ဒမရှိတော့ဘူးလို့ပြောလာကြပြီး၊ အားလုံးဟာ မင်းလည်းမတိုက်နဲ့ငါလည်းမတိုက်ချင်ဘူးဆိုတဲ့စာသားကို သီချင်းလုပ်ဆိုကာ ခရစ္စမတ်သစ်ပင် ဝိုင်းဆင်ကြပြီးနွှဲခဲ့ကြတယ်လို့ဆိုပါတယ်။ဒါတင်မကသေးဘဲ နှစ်ဘက်စစ်သည်အချင်းချင်းဟာ တိုက်ပွဲအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ စစ်သားတွေအကြောင်းပြန်ပြောရင်း ယာယီငြိမ်းချမ်းမှုဖန်တီးခဲ့ကြတယ်လို့ဆိုပါတယ်။ စစ်မြေပြင်ခရစ္စမတ်ပါတီကိုပါဝင်ခဲ့တဲ့တပ်မှူးတွေကိုယ်တိုင် တောင်နှစ်ဘက်စစ်သည်တွေအားလုံးရဲ့တက်ကြွနေတဲ့ပုံရိပ်တွေဟာ စစ်ရိပ်စစ်မာန်မရှိဘဲ နွေးထွေးစွာ ဆက်ဆံနေကြတာတွေရှိတယ်လို့ဆိုပါတယ်။

photo internet

အဲဒီလိုမြင်ကွင်းတွေကြောင့် မဟာမိတ်တွေဘက်က စစ်သည် တချို့ကို အမိန့်ပြန်ထုတ်ခဲ့တယ်လို့လည်း စိတ်မကောင်းစွာသိရပါတယ်။ဘာကြောင့်လဲဆိုရင်ခရစ္စမတ်ပွဲပါတီဟာဂျာမန်တွေစီစဉ်ခဲ့တာကြောင့်သတ်ကွင်းတစ်ခုလည်းဖြစ်နိုင်တာကြောင့်ပါ။ဒါမျိုးလုပ်ခဲ့ကြတဲ့ခရစ္စမတ်ပါတီအကြောင်းနဲ့ပတ်သက်ပြီးအမည်မဖော်လိုသူမဟာမိတ်စစ်သည်တစ်ဦးကလည်းစစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့အချိန်ကနေ ပြီးဆုံးတဲ့အချိန်ထိ ၄နှစ်၃လနဲ့ ၁၄ရက် ကာလ ၁၉၁၄ခု ခရစ္စမတ်ကာလဟာ နှစ်ဘက်စစ်သည်တွေ အတွက် ပထမဆုံးဖြစ်တဲ့ငြိမ်းချမ်းရေး အရသာကိုခံစားခွင့်ရခဲ့ တဲ့နေ့ဖြစ်တယ်လို့ဖွင့်ဟပြောခဲ့တာရှိခဲ့ပါတယ်။ဒီလိုအဖြစ်မျိုးတွေရှိခဲ့တာကြောင့်နောက်ပိုင်းစစ်မြေပြင်မှာခရစ္စမတ်ပါတီမဆင်နွဲဖို့နဲ့စခန်းနားကိုကပ်လာတဲ့သူမှန်သမျှအစစ်ဆေးအမေးအမြန်းမရှိပစ်မယ့်အကြောင်းဖြန့်ဝေခဲ့တာမျိုးတွေအထိရှိခဲ့တာကြောင့်နောက်ပိုင်းဒုတိယကမ္ဘာစစ်မှာတော့အဲဒီပါတီမလုပ်ကြရတော့ဘူးဆိုပြီးပြောထားတာကိုသိရတော့စိတ်မကောင်းဖြစ်မိပါတယ်။

photo internet

(Zawgyi Version)

ခရစၥမတ္ပြဲေတာ္ႏႊဲေပ်ာ္ဖို႔စစ္ပြဲကိုခဏရပ္နားခဲ့တဲ့အျဖစ္

ေခါင္းစဥ္ကိုဖတ္ၾကည့္လိုက္ရတဲ့ကိုယ့္အေနနဲ႔အ့ံၾသစရာပါလားလို႔ေတာင္ထင္မိပါတယ္။ဘာျဖစ္လို႔လဲဆိုေတာ့စစ္တိုက္ေနရင္းမွာေတာင္တိုက္ေနတဲ့စစ္ပြဲကိုခဏရပ္ၿပီးပြဲေတာ္ႀကိဳဆိုခဲ့ၾကလို႔ျဖစ္ပါတယ္။ျဖစ္ေနတဲ့အခ်ိန္ကာလကလည္းပထမကမၻာစစ္ကာလျဖစ္ၿပီး၊ တိုက္ပြဲမွာ အေသအေၾကျဖစ္ေနၾကတဲ့အခ်ိန္မွာမဟာမိတ္စစ္သည္ေတြနဲ႔ၿငိမ္းခ်မ္းေရး ခဏယူၿပီးခရစၥမတ္ပြဲေတာ္ကိုဆင္ႏႊဲခဲ့ၾကတယ္လို႔ဆိုပါတယ္။ပံုျပင္လားဝတၱဳလားျဖစ္ေနတဲ့ဒီအျဖစ္အပ်က္က တကယ္႐ွိေနခဲ့တာျဖစ္ပါတယ္။အင္အားႀကီးႏိုင္ငံေတြဦးေဆာင္တိုက္ေနတဲ့ဂ်ာမန္ေတြဟာေသမလား၊႐ွင္မလားမသိျဖစ္ေနတဲ့စစ္ေျမျပင္ကိုအခ်ိန္အေတာ္ၾကာခရစၥမတ္သီခ်င္းမ်ားဆိုျပီး၊အေပ်ာ္တမ္းေဘာလံုးပြဲၿပိဳင္ပြဲေတြပါျပဳလုပ္ကာ ေပ်ာ္စရာအခ်ိန္ကိုဖန္တီးျဖတ္သန္းခဲ့ၾကပါတယ္။

ႏွစ္ဘက္စစ္သည္ေတြကလည္း လက္ေဆာင္မ်ားအျပန္အလွန္လဲၿပီး တိုက္ပြဲအေတြ႔အၾကံဳေတြမ်ွေဝခဲ့ၾက ေသးတယ္လို႔ဆိုပါတယ္။ဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီးၿဗိတိန္စစ္တပ္ရဲ႕ကပၸတိန္ကလည္းသဘာဝလြန္ခရစၥမတ္ပြဲေတာ္လို႔နာမည္ေပးၿပီးအေမျဖစ္သူဆီကိုစာေရးၿပီးေျပာခဲ့တဲ့မွတ္တမ္းလည္း႐ွိတယ္လို႔သိရပါတယ္။စာထဲကအေၾကာင္းအရာကိုေျပာျပရရင္ေတာ့ခရစၥမတ္ေန႔မနက္၈း၃၀အခ်ိန္မွာဂ်ာမန္စစ္သည္ေတြဟာသူတို႔ရဲ႕ကတုတ္က်င္းေတြထဲေနထြက္လာၿပီးမဟာမိတ္စစ္သည္ေတြစခန္းဆီကိုသံသယ႐ွင္းစြာေရာက္လာၿပီးမိတ္ေဆြတို႔ခရစၥမတ္ပြဲေတာ္ဆင္ႏႊဲၾကရေအာင္ဆိုကာဖိတ္ေခၚခဲ့တာကအစျပဳခဲ့တယ္လို႔ေရးထားပါတယ္။

ဒီလိုနဲ႔ပဲ ႏွစ္ဘက္စစ္သားေတြဟာ လက္နက္ေတြ အားလံုးခ်ထားခဲ့ၿပီး၊ခရစၥမတ္ၿငိမ္းခ်မ္းေရးကို ကမ္းလွမ္းခဲ့တဲ့ ဂ်ာမန္ေတြဟာ ပိုၿပီးအ့ံၾသစရာေကာင္းတဲ့ စကားေတြကိုလည္းေျပာခဲ့ၾကတယ္လို႔ဆိုပါတယ္။သူတို႔ဟာ စစ္ဆက္တိုက္ဖို႔ ဆႏၵမ႐ွိေတာ့ဘူးလို႔ေျပာလာၾကၿပီး၊ အားလံုးဟာ မင္းလည္းမတိုက္နဲ႔ငါလည္းမတိုက္ခ်င္ဘူးဆိုတဲ့စာသားကို သီခ်င္းလုပ္ဆိုကာ ခရစၥမတ္သစ္ပင္ ဝိုင္းဆင္ၾကၿပီးႏႊဲခဲ့ၾကတယ္လို႔ဆိုပါတယ္။ဒါတင္မကေသးဘဲ ႏွစ္ဘက္စစ္သည္အခ်င္းခ်င္းဟာ တိုက္ပြဲအတြင္း ေပ်ာက္ဆံုးသြားခဲ့တဲ့ စစ္သားေတြအေၾကာင္းျပန္ေျပာရင္း ယာယီၿငိမ္းခ်မ္းမႈဖန္တီးခဲ့ၾကတယ္လို႔ဆိုပါတယ္။ စစ္ေျမျပင္ခရစၥမတ္ပါတီကိုပါဝင္ခဲ့တဲ့တပ္မွဴးေတြ ကိုယ္တိုင္ေတာင္ႏွစ္ဘက္ စစ္သည္ေတြအားလံုးရဲ႕တက္ႂကြေနတဲ့ပံုရိပ္ေတြဟာ စစ္ရိပ္စစ္မာန္မ႐ွိဘဲ ေႏြးေထြးစြာ ဆက္ဆံေနၾကတာေတြ႐ွိတယ္လို႔ဆိုပါတယ္။

အဲဒီလိုျမင္ကြင္းေတြေၾကာင့္ မဟာမိတ္ေတြဘက္က စစ္သည္ တခ်ဳိ႕ကို အမိန္႔ျပန္ထုတ္ခဲ့တယ္လို႔လည္း စိတ္မေကာင္းစြာသိရပါတယ္။ဘာေၾကာင့္လဲဆိုရင္ခရစၥမတ္ပြဲပါတီဟာဂ်ာမန္ေတြစီစဥ္ခဲ့တာေၾကာင့္သတ္ကြင္းတစ္ခုလည္းျဖစ္ႏိုင္တာေၾကာင့္ပါ။ဒါမ်ိဳးလုပ္ခဲ့ၾကတဲ့ခရစၥမတ္ပါတီအေၾကာင္းနဲ႔ပတ္သက္ၿပီးအမည္မေဖာ္လိုသူမဟာမိတ္စစ္သည္တစ္ဦးကလည္းစစ္ပြဲစတင္ျဖစ္ပြားခဲ့တဲ့အခ်ိန္ကေန ၿပီးဆံုးတဲ့အခ်ိန္ထိ ၄ႏွစ္၃လနဲ႔ ၁၄ရက္ ကာလ ၁၉၁၄ခုခရစၥမတ္ ကာလဟာ ႏွစ္ဘက္စစ္သည္ေတြ အတြက္ ပထမဆံုးျဖစ္တဲ့ၿငိမ္းခ်မ္းေရး အရသာကိုခံစားခြင့္ရခဲ့တဲ့ေန႔ျဖစ္တယ္ လို႔ဖြင့္ဟေျပာခဲ့တာ႐ွိခဲ့ပါတယ္။ဒီလိုအျဖစ္မ်ိဳးေတြ႐ွိခဲ့တာေၾကာင့္ေနာက္ပိုင္းစစ္ေျမျပင္မွာခရစၥမတ္ပါတီမဆင္ႏြဲဖို႔နဲ႔စခန္းနားကိုကပ္လာတဲ့သူမွန္သမ်ွအစစ္ေဆးအေမးအျမန္းမ႐ွိပစ္မယ့္အေၾကာင္းျဖန္႔ေဝခဲ့တာမ်ိဳးေတြအထိရွိ္ခဲ့ တာေၾကာင့္ေနာက္ပိုင္းဒုတိယကမၻာစစ္မွာေတာ့အဲဒီပါတီမလုပ္ၾကရေတာ့ဘူးဆိုၿပီးေျပာထားတာကိုသိရေတာ့ စိတ္မေကာင္းျဖစ္မိပါတယ္။