၀န်ထမ်းတွေအတွက် အမေရိကန်ဒေါ်လာ၁၀သန်းကို ဘောနပ်စ်အဖြစ်ပေးခဲ့တဲ့ သူဌေး

0
304
photo internet

ခေါင်းစဉ်လေးဖတ်ကြည့်ရတာကိုက အားရှိစရာကြီးဖြစ်နေပါတယ်။ ကုမ္ပဏီလုပ်ငန်းတွေရဲ့ တစ်နှစ်အတွင်း ရရှိတဲ့ အမြတ်အစွန်းတွေအနက်က တချို့ကိုတော့ အောက်ခြေမှာ အဓိကကျတဲ့ ပုံဖော်ပေးနေသူတွေကို ပြန်လည်ခွဲပေးတာမျိုးဖြစ်ပါတယ်။ ဒီလိုပေးကမ်းချီးမြှင့်တာဟာလည်း သက်ဆိုင်ရာကုမ္ပဏီရဲ့ အောင်မြင်မှုများရရင်ရသလို၊ ပံ့ပိုးဆောင်ရွက်ကူညီလုပ်ပေးခဲ့တဲ့ဝန်ထမ်းတွေအတွက်ဝမ်းသာအားရရှိခဲ့ကြပြီး တစ်လုံးတစ်ခဲတည်းနဲ့ရတဲ့ငွေတွေဖြစ်တာကြောင့် ဝန်ထမ်းမိသားစုတွေအတွက်လည်း ပျော်စရာ အတိဖြစ်ခဲ့ပါတယ်။

photo internet

တချို့ဆိုရင် နှစ်ပတ်လည်နေ့မျိုးမှာဘောနပ်စ်ပေးအပ်လေ့ရှိပြီး၊ဘောနပ်အစားလည်း အပျော်ခရီး အပန်းဖြေခရီးများကို ဖန်တီးပေးမှုတွေကို ပြုလုပ်ပေးတာမျိုးလည်းရှိပါတယ်။ ရာထူးအဆင့်အလိုက် ရရှိကြတဲ့ ဘောနပ်စ်ငွေများဟာလည်း ကွာခြားသွားမှာဖြစ်ပြီး၊ အနိမ့်ဆုံးအဆင့် အမေရိကန်ဒေါ်လာ၁၀၀ကနေ အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၂၇၀၀၀၀ လောက်အထိကို ပိုင်ဆိုင်ခွင့်ရရှိစေမှာဖြစ်ပါတယ်။

photo internet

အံ့သြလောက်စရာဖြစ်စေမယ့် ဒီအစီအစဉ်ကို ကြိုတင်ပေးသိထားခြင်းမရှိဘဲပါတီပွဲချိန်အတွင်း အနီရောင်စာအိတ်လေးတွေလက်ထဲရောက်ရှိလာမှသာ သိရတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အံ့သြစရာဖြစ်လောက်အောင်ရရှိခဲ့တဲ့ ဆုကြေးငွေတွေကြောင့် အတိုင်းထက်အလွန် ပျော်ကုန်ကြပါတယ်။ သူဌေးကြီးရဲ့ အမှတ်တရစကားတွေဟာလည်း ရှေ့ဆက်လုပ်ကိုင်ဖို့ အားရှိစေတဲ့ အမှာစကားတွေဖြစ်ခဲ့ကြောင်းသိရပါတယ်။

photo internet

“ဒီညဟာ ..အားလုံးအတွက် ..အောင်ပွဲခံစရာညဖြစ်ပြီး၊ အဓိပ္ပာယ်ရှိစေတဲ့ညလေးဖြစ်လိမ့်မယ် လို့ထင်ပါတယ်။ ခရီးတစ်ခုတည်း သွားနေတဲ့မော်တော်ဘုတ်တစ်ခုလိုဖြစ်နေတာကြောင့်ဘယ်သူ့ကိုမှ ချန်ထားခဲ့လို့မရပါဘူး”လို့ပြောခဲ့ပါတယ်။ဒီလိုစီစဉ်ပြီးအောင်ပွဲခံဖို့ပြင်ဆင်ထားတဲ့ကုမ္ပဏီတည်ရှိရာနေရာဟာ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် Baltimoreမြို့မှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ St.John Properties မှာပဲဖြစ်ပါတယ်။

photo internet

အခု၂၀၁၉ခုနှစ်အတွက် ဝန်ထမ်းများအားလုံးကို အမေရိကန်ဒေါ်လာ၁၀သန်းအထိပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဝန်ထမ်းအင်အား၂၀၀နီးပါးကို ဘောနပ်စ်ပေးအပ်ခဲ့တဲ့ပွဲဟာ အပျော်တွေစီးဆင်း နေခဲ့ကြလို့မျက်ရည်မိုး တွေလည်းဖြိုင်ခဲ့တဲ့နေ့ဖြစ်ခဲ့ပါတယ်။ St.John Propertiesရဲ့စတင်တည်ထောင်သူဖြစ်တဲ့Edward St.Johnအနေနဲ့ သူတို့ဘက်က ထုတ်ပေးတဲ့ဘောနပ်စ်ဟာဝန်ထမ်းတစ်ယောက်ကို အမေရိကန် ဒေါ်လာ၅၀၀၀၀လောက် ရရှိနိုင်မှာဖြစ်တယ်လို့ သိရတဲ့အတွက် ဝမ်းသာမျက်ရည်များ တောင်ကျခဲ့ကြရပါတယ်။ ဒီပွဲဟာ မျက်လှည့်ဆန်တဲ့ပွဲတစ်ခုအဖြစ် အားလုံးရဲ့ ရင်ထဲမှာ မေ့နိုင်တော့မှာ မဟုတ်တော့ပါဘူးလို့ဆိုကြတဲ့ အတိုင်း အမြဲသတိရနေကြမှာဖြစ်ပါတယ်။

photo internet

(Zawgyi Version)

၀န္ထမ္းေတြအတြက္ အေမရိကန္ေဒၚလာ၁၀သန္းကို ေဘာနပ္စ္အျဖစ္ေပးခဲ့တဲ့ သူေဌး

ေခါင္းစဥ္ေလးဖတ္ၾကည့္ရတာကိုက အားရွိစရာႀကီးျဖစ္ေနပါတယ္။ ကုမၸဏီလုပ္ငန္းေတြရဲ႕ တစ္ႏွစ္အတြင္း ရရွိတဲ့ အျမတ္အစြန္းေတြအနက္က တခ်ိဳ႕ကိုေတာ့ ေအာက္ေျခမွာ အဓိကက်တဲ့ ပံုေဖာ္ေပးေနသူေတြကို ျပန္လည္ခြဲေပးတာမ်ိဳးျဖစ္ပါတယ္။ ဒီလိုေပးကမ္းခ်ီးျမွင့္တာဟာလည္း သက္ဆိုင္ရာကုမၸဏီရဲ႕ ေအာင္ျမင္မႈမ်ားရရင္ရသလို၊ ပ့့ံပိုးေဆာင္ရြက္ကူညီလုပ္ေပးခဲ့တဲ့၀န္ထမ္းေတြအတြက္၀မ္းသာအားရရွိခဲ့ၾကၿပီး တစ္လံုးတစ္ခဲတည္းနဲ႔ရတဲ့ေငြေတြျဖစ္တာေၾကာင့္ ၀န္ထမ္းမိသားစုေတြအတြက္လည္း ေပ်ာ္စရာ အတိျဖစ္ခဲ့ပါတယ္။

တခ်ိဳ႕ဆိုရင္ ႏွစ္ပတ္လည္ေန႔မ်ိဳးမွာေဘာနပ္စ္ေပးအပ္ေလ့ရွိၿပီး၊ေဘာနပ္အစားလည္း အေပ်ာ္ခရီး အပန္းေျဖခရီးမ်ားကို ဖန္တီးေပးမႈေတြကို ျပဳလုပ္ေပးတာမ်ိဳးလည္းရွိပါတယ္။ ရာထူးအဆင့္အလိုက္ ရရွိၾကတဲ့ ေဘာနပ္စ္ေငြမ်ားဟာလည္း ကြာျခားသြားမွာျဖစ္ၿပီး၊ အနိမ့္ဆံုးအဆင့္ အေမရိကန္ေဒၚလာ၁၀၀ကေန အျမင့္ဆံုး အေမရိကန္ေဒၚလာ ၂၇၀၀၀၀ ေလာက္အထိကို ပိုင္ဆိုင္ခြင့္ရရွိေစမွာျဖစ္ပါတယ္။

အံ့ၾသေလာက္စရာျဖစ္ေစမယ့္ ဒီအစီအစဥ္္ကို ႀကိဳတင္ေပးသိထားျခင္းမရွိဘဲပါတီပြဲခ်ိန္အတြင္း အနီေရာင္စာအိတ္ေလးေတြလက္ထဲေရာက္ရွိလာမွသာ သိရတာျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အံ့ၾသစရာျဖစ္ေလာက္ေအာင္ရရွိခဲ့တဲ့ ဆုေၾကးေငြေတြေၾကာင့္ အတိုင္းထက္အလြန္ ေပ်ာ္ကုန္ၾကပါတယ္။ သူေဌးႀကီးရဲ႕ အမွတ္တရစကားေတြဟာလည္း ေရွ႕ဆက္လုပ္ကိုင္ဖို႔ အားရွိေစတဲ့ အမွာစကားေတြျဖစ္ခဲ့ေၾကာင္းသိရပါတယ္။

“ဒီညဟာ ..အားလံုးအတြက္ ..ေအာင္ပြဲခံစရာညၿဖစ္ၿပီး၊ အဓိပၸာယ္ရွိေစတဲ့ညေလးၿဖစ္လိမ့္မယ္ လို႔ထင္ပါတယ္။ ခရီးတစ္ခုတည္း သြားေနတဲ့ေမာ္ေတာ္ဘုတ္တစ္ခုလိုျဖစ္ေနတာေၾကာင့္ဘယ္သူ႔ကိုမွ ခ်န္ထားခဲ့လို႔မရပါဘူး”လို႔ေျပာခဲ့ပါတယ္။ဒီလိုစီစဥ္ၿပီးေအာင္ပြဲခံဖို႔ျပင္ဆင္ထားတဲ့ကုမၸဏီတည္ရွိရာေနရာဟာ အေမရိကန္ျပည္ေထာင္စု ေမရီလန္းျပည္နယ္ Baltimoreၿမိဳ႕မွာ အေျခစိုက္ဖြင့္လွစ္ထားတဲ့ အိမ္ၿခံေျမအက်ိဳးေဆာင္ကုမၸဏီတစ္ခုျဖစ္တဲ့ St.John Properties မွာပဲျဖစ္ပါတယ္။

အခု၂၀၁၉ခုႏွစ္အတြက္ ၀န္ထမ္းမ်ားအားလံုးကို အေမရိကန္ေဒၚလာ၁၀သန္းအထိေပးအပ္ခဲ့တာျဖစ္ပါတယ္။ ၀န္ထမ္းအင္အား၂၀၀နီးပါးကို ေဘာနပ္စ္ေပးအပ္ခဲ့တဲ့ပြဲဟာ အေပ်ာ္ေတြစီးဆင္း ေနခဲ့ၾကလို႔မ်က္ရည္မိုး ေတြလည္းၿဖိဳင္ခဲ့တဲ့ေန႔ျဖစ္ခဲ့ပါတယ္။ St.John Propertiesရဲ႕စတင္တည္ေထာင္သူျဖစ္တဲ့Edward St.Johnအေနနဲ႔ သူတို႔ဘက္က ထုတ္ေပးတဲ့ေဘာနပ္စ္ဟာ၀န္ထမ္းတစ္ေယာက္ကို အေမရိကန္ ေဒၚလာ၅၀၀၀၀ေလာက္ရရွိႏိုင္မွာျဖစ္တယ္လို႔ သိရတဲ့အတြက္ ၀မ္းသာမ်က္ရည္မ်ား ေတာင္က်ခဲ့ၾကရပါတယ္။ ဒီပြဲဟာ မ်က္လွည့္ဆန္တဲ့ပြဲတစ္ခုအျဖစ္ အားလံုးရဲ႕ ရင္ထဲမွာ ေမ့ႏိုင္ေတာ့မွာ မဟုတ္ေတာ့ပါဘူးလို႔ဆိုၾကတဲ့ အတိုင္း အၿမဲသတိရေနၾကမွာျဖစ္ပါတယ္။