ကမ္ဘာ့အထင်ရှားဆုံးစာကြည့်တိုက်ကြီး

0
1535

ကမ္ဘာပေါ်မှာရှိတဲ့အကြီးဆုံးစာကြည့်တိုက်ကြီးဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာရှိတဲ့ ကွန်ဂရက်စာကြည့်တိုက်ပဲဖြစ်ပါတယ်။ အဲဒီစာကြည့်တိုက်ကြီးကို ၁၈၀၀ပြည့်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့ တာဖြစ်တာကြောင့် ဒီစာကြည့်တိုက် သက်တမ်းဟာ နှစ်အတော်ကြာ နေခဲ့ပြီဖြစ်ပါတယ်။ စတင်ဖွင့်ဖို့အကြံပေးခဲ့ သူကတော့ အမေရိကန်နိုင်ငံတည်ထောင်သူ ဖခင်ကြီး တစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ်မက်ဒီဆင်န်ဖြစ်ပါတယ်။

photo internet

အကြံပေးခဲ့တယ်ဆိုပေမယ့် ၁၈၀၀ပြည့်နှစ် သမ္မတ ဂျွန်အဒမ်လက်ထက်မှ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ပထမဆုံးအချိန်မှာ စာအုပ်ပေါင်း၇၄၀ကို လန်ဒန်မှ မှာယူကာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ သီးသန့်အနေနဲ့ဖွင့်လှစ်ခဲ့တာမဟုတ်ဘဲအမေရိကန်လွှတ်တော်အဆောက်အဦမှာပဲဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ သမ္မတကြီးဂျက်ဖာဆန်လက်ထက်မှာသီးသန့်စာကြည့်တိုက်ဆောက်လုပ်ဖို့ကြိုးစားခဲ့ပြီး၊စာကြည့်တိုက်နဲ့ ကော်မတီကိုပါဖွဲ့စည်းပေးခဲ့တာဖြစ်တဲ့အပြင် စာကြည့်တိုက်သက်တမ်း၁၀နှစ်ကျော်ကြာတဲ့အချိန် ၁၈၁၂ခုနှစ် ဗြိတိန်-အမေရိကန် စစ်ပြီးတဲ့နောက်မှာတော့ စုဆောင်းရရှိထားသမျှစာအုပ်ပေါင်း ၃၀၀၀ကျော်လောက်ကို မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့်ထပ်မံစုဆောင်းဖို့အရေးဖြစ်လာပါတယ်။

photo internet

နှစ်ပေါင်းများစွာရှာဖွေစုစည်းထားခဲ့တဲ့စာအုပ်မျိုးစုံမှာအတွေးအခေါ်၊သမိုင်း၊ဗိသုကာ၊ဥပဒေ၊ရောမခေါမ၊ကျောက်ဖြစ်ရုပ်ကြွင်းနဲ့စိုက်ပျိုးရေးပါမချန် ရသစုံ၊ကဏ္ဍစုံတဲ့ စာအုပ် ၆၄၈၇အုပ်ကို ပြန်ထားပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုထားပေးခဲ့တဲ့စာအုပ်တွေအတွက်လည်း သင့်တော်မယ့်တန်ဖိုးကိုပေးချေခဲ့ပါတယ်။ မီးလောင်မှုကြောင့် ပျက်စီးသွားခဲ့တဲ့စာအုပ်ပေါင်း၃၅၀၀၀အပြင် ဂျက်ဖာဆန် စုဆောင်းထားတဲ့စာအုပ်များ လည်းမီးထဲပါ သွားခဲ့ရာမှာအုပ်၂၀၀၀လောက်သာကျန်ခဲ့ပါတော့တယ်။ စာအုပ်ဆုံးရှုံးမှုတွေများသွားတဲ့အတွက် ပြန်လည်ဝယ်ယူစုဆောင်းခဲ့ရာ၁၈၇၆ခုနှစ်မှာ ၃သိန်း၊၁၈၉၇ခုနှစ်မှာ ၈သိန်းလေးသောင်း အထိရှိလာခဲ့ကြောင်းနဲ့ စာကြည့်တိုက် အဆောက်အဦးတွေကိုလည်း တိုးချဲ့ဆောက်လုပ်ခဲ့ကြောင်းသိရပါတယ်။

photo internet

အခုနောက်ပိုင်းမှာရှိတဲ့ စာအုပ်များဟာ ၃၈ သန်းကျော်၊ လက်ရေးမူကတော့ သန်း၇၀နဲ့ ဓာတ်ပုံ ၁၄သန်းကျော်အပြင် အခြားစုဆောင်းထားရှိမှု တွေလည်းရှိပါတယ်။ စာအုပ်ချည်းပဲ၃၈သန်းကျော်ရှိတဲ့အခဲမှာ ရှားပါးစာရင်းဝင်စာအုပ်ချည်းပဲ၈သိန်း လောက်ရှိပါတယ်။အဲဒီစာကြည့်တိုက်ရဲ့ အကြီးဆုံးစာအုပ်ဟာ ၅ပေ ၇လက္မရှိပြီး၊ ဘူတန်နိုင်ငံရဲ့ ပုံရိပ်များကို ဖော်ပြထား တာဖြစ်ပါတယ်။ အသေးဆုံးစာအုပ်ကတော့ အလျားအနံဟာ ၁လက္မရဲ့၂၅ပုံတစ်ပုံသာရှိတဲ့ Old Kingစာအုပ်ပဲဖြစ်ပါတယ်။ လိုချင်တဲ့စာအုပ် ဖတ်ချင်တဲ့စာအုပ်တွေကို အကုန်ရှာဖွေ ဖတ်ရှုစုဆောင်းနိုင်တဲ့ ဒီစာကြည့်တိုက်ကြီးတွေကို ထားတဲ့အဆောက်အဦး၃ခုရှိပါတယ်။ သောမတ်ဂျက်ဖာဆန်၊ဂျွန်အက်ဒမ်နဲ့ ဂျိမ်းစ်မက်ဒီဆင်န် အထိမ်းအမှတ်အဆောက်အဦးတွေပဲဖြစ်ပါတယ်။စာကြည့်တိုက်ကြီးရဲ့ကြီးမားမှုကိုပြောပြရရင် စာအုပ်စင်အားလုံးကိုပေါင်းလိုက်မယ်ဆိုရင် အရှည်မိုင်ပေါင်း၈၈၃မိုင်ရှိပါတယ်။ လင်းထိန်နေအောင် ထွန်းညှိထားရတဲ့ လျှပ်စစ်မီးတွေရဲ့ကုန်ကျစရိတ်ကလည်း တစ်နှစ်ကို ဒေါ်လာ တစ်သိန်းခန့်ရှိ ကြောင်းဆိုပါတယ်။

photo internet

အဆောက်အဦကြီးရဲ့ ကြီးမားမှုဟာအံ့သြစရာကောင်းလောက်အောင် ကျယ်ဝန်းတဲ့အပြင်၊ လာရောက်လေ့လာဖတ်ရှုကြသူတွေဟာလည်း၊နေ့ညမပြတ်စည်ကားနေတဲ့နေရာတစ်ခုအဖြစ်ရှိနေပြီး၊နေ့စဉ်နေ့တိုင်း စာအုပ်အပြင် ပစ္စည်းတွေကိုလည်း ကမ္ဘာတစ်လွှားကနေဝယ်ယူစုဆောင်းနေတယ်လို့ဆိုပါတယ်။ တစ်နှစ်ကို လူပေါင်း ၂သန်းနီးပါးလောက် လာလေ့လာကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်ဒီစာကြည့်တိုက်ကြီးဟာ စာပေဝါသနာရှင်၊စာရေးဆရာများ၊ နဲ့ စာဖတ်ပရိသတ်အားလုံးအတွက် ဧရာမရတနာသိုက်ကြီးတစ်ခုလို့ ဆိုရမယ့်နေရာဖြစ်နေပါတယ်။ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံကစာကြည့်တိုက်ကြီး ဟာနိုင်ငံရဲ့ဂုဏ်ကိုမြင့်တက်စေတဲ့အမှတ်တရတွေဖြစ်တယ်ဆိုတာမှားနိုင်မယ်မထင်ပါဘူး။

photo internet

(Zawgyi Version)

ကမၻာ့အထင္ရွားဆံုးစာၾကည့္တိုက္ႀကီး

ကမၻာေပၚမွာရွိတဲ့အႀကီးဆံုးစာၾကည့္တိုက္ႀကီးဟာ အေမရိကန္ႏိုင္ငံ ၀ါရွင္တန္ဒီစီမွာရွိတဲ့ကြန္ဂရက္စာၾကည့္တိုက္ပဲျဖစ္ပါတယ္။ အဲဒီစာၾကည့္တိုက္ႀကီးကို ၁၈၀၀ျပည့္ႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့တာျဖစ္တာေၾကာင့္ ဒီစာၾကည့္တိုက္ သက္တမ္းဟာ ႏွစ္အေတာ္ၾကာ ေနခဲ့ၿပီျဖစ္ပါတယ္။ စတင္ဖြင့္ဖို႔အႀကံေပးခဲ့သူကေတာ့ အေမရိကန္ႏိုင္ငံတည္ေထာင္သူ ဖခင္ႀကီး တစ္ေယာက္ျဖစ္တဲ့ ဂ်ိမ္းစ္မက္ဒီဆင္န္ျဖစ္ပါတယ္။

အႀကံေပးခဲ့တယ္ဆိုေပမယ့္ ၁၈၀၀ျပည့္ႏွစ္ သမၼတ ဂ်ြန္အဒမ္လက္ထက္မွ စတင္ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ ပထမဆံုးအခ်ိန္မွာ စာအုပ္ေပါင္း၇၄၀ကို လန္ဒန္မွ မွာယူကာ ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ သီးသန္႔အေနနဲ႔ဖြင့္လွစ္ခဲ့တာမဟုတ္ဘဲအေမရိကန္လႊတ္ေတာ္အေဆာက္အဦမွာပဲဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ သမၼတႀကီးဂ်က္ဖာဆန္လက္ထက္မွာသီးသန္႔စာၾကည့္တိုက္ေဆာက္လုပ္ဖို႔ႀကိဳးစားခဲ့ၿပီး၊စာၾကည့္တိုက္နဲ႔ ေကာ္မတီကိုပါဖြဲ႕စည္းေပးခဲ့တာျဖစ္တဲ့အျပင္ စာၾကည့္တိုက္သက္တမ္း၁၀ႏွစ္ေက်ာ္ၾကာတဲ့အခ်ိန္ ၁၈၁၂ခုႏွစ္ ၿဗိတိန္-အေမရိကန္ စစ္ၿပီးတဲ့ေနာက္မွာေတာ့ စုေဆာင္းရရွိထားသမွ်စာအုပ္ေပါင္း ၃၀၀၀ေက်ာ္ေလာက္ကို မီးရႈိ႕ဖ်က္ဆီးခံခဲ့ရတာေၾကာင့္ထပ္မံစုေဆာင္းဖို႔အေရးျဖစ္လာပါတယ္။

ႏွစ္ေပါင္းမ်ားစြာရွာေဖြစုစည္းထားခဲ့တဲ့စာအုပ္မ်ိဳးစံုမွာအေတြးအေခၚ၊သမိုင္း၊ဗိသုကာ၊ဥပေဒ၊ေရာမေခါမ၊ေက်ာက္ျဖစ္ရုပ္ၾကြင္းနဲ႔စိုက္ပ်ိဳးေရးပါမခ်န္ ရသစံု၊က႑စံုတဲ့ စာအုပ္ ၆၄၈၇အုပ္ကို ျပန္ထားေပးနိုင္ခဲ့တယ္လို႔ဆိုပါတယ္။ အဲဒီလိုထားေပးခဲ့တဲ့စာအုပ္ေတြအတြက္လည္း သင့္ေတာ္မယ့္တန္ဖိုးကိုေပးေခ်ခဲ့ပါတယ္။ မီးေလာင္မႈေၾကာင့္ပ်က္စီးသြားခဲ့တဲ့စာအုပ္ေပါင္း၃၅၀၀၀အျပင္ ဂ်က္ဖာဆန္ စုေဆာင္းထားတဲ့စာအုပ္မ်ား လည္းမီးထဲပါသြားခဲ့ရာမွာအုပ္၂၀၀၀ေလာက္သာက်န္ခဲ့ပါေတာ့တယ္။ စာအုပ္ဆံုးရံႈးမႈေတြမ်ားသြားတဲ့အတြက္ ျပန္လည္၀ယ္ယူစုေဆာင္းခဲ့ရာ၁၈၇၆ခုႏွစ္မွာ ၃သိန္း၊၁၈၉၇ခုႏွစ္မွာ ၈သိန္းေလးေသာင္းအထိရွိလာခဲ့ေၾကာင္းနဲ႔ စာၾကည့္တိုက္ အေဆာက္အဦးေတြကိုလည္း တိုးခ်ဲ႕ေဆာက္လုပ္ခဲ့ေၾကာင္းသိရပါတယ္။

အခုေနာက္ပိုင္းမွာရွိတဲ့ စာအုပ္မ်ားဟာ ၃၈ သန္းေက်ာ္၊ လက္ေရးမူကေတာ့ သန္း၇၀နဲ႔ ဓာတ္ပံု ၁၄သန္းေက်ာ္အျပင္ အျခားစုေဆာင္းထားရွိမႈေတြလည္းရွိပါတယ္။ စာအုပ္ခ်ည္းပဲ၃၈သန္းေက်ာ္ရွိတဲ့အခဲမွာ ရွားပါးစာရင္း၀င္စာအုပ္ခ်ည္းပဲ၈သိန္းေလာက္ရွိပါတယ္။အဲဒီစာၾကည့္တိုက္ရဲ႕ အႀကီးဆံုးစာအုပ္ဟာ ၅ေပ ၇လကၼရွိၿပီး၊ ဘူတန္ႏိုင္ငံရဲ႕ ပံုရိပ္မ်ားကို ေဖာ္ျပထား တာျဖစ္ပါတယ္။ အေသးဆံုးစာအုပ္ကေတာ့ အလ်ားအနံဟာ ၁လကၼရဲ႕၂၅ပံုတစ္ပံုသာရွိတဲ့ Old Kingစာအုပ္ပဲျဖစ္ပါတယ္။ လိုခ်င္တဲ့စာအုပ္ ဖတ္ခ်င္တဲ့စာအုပ္ေတြကို အကုန္ရွာေဖြ ဖတ္ရႈစုေဆာင္းႏိုင္တဲ့ ဒီစာၾကည့္တိုက္ႀကီးေတြကို ထားတဲ့အေဆာက္အဦး၃ခုရွိပါတယ္။ ေသာမတ္ဂ်က္ဖာဆန္၊ဂ်ြန္အက္ဒမ္နဲ႔ ဂ်ိမ္းစ္မက္ဒီဆင္န္ အထိမ္းအမွတ္အေဆာက္အဦးေတြပဲျဖစ္ပါတယ္။စာၾကည့္တိုက္ႀကီးရဲ႕ႀကီးမားမႈကိုေျပာျပရရင္ စာအုပ္စင္အားလံုးကိုေပါင္းလိုက္မယ္ဆိုရင္ အရွည္မိုင္ေပါင္း၈၈၃မိုင္ရွိပါတယ္။ လင္းထိန္ေနေအာင္ ထြန္းညွိထားရတဲ့ လွ်ပ္စစ္မီးေတြရဲ႕ကုန္က်စရိတ္ကလည္း တစ္ႏွစ္ကို ေဒၚလာ တစ္သိန္းခန္႔ရွိ ေၾကာင္းဆ္ိုပါတယ္။

အေဆာက္အဦႀကီးရဲ႕ ႀကီးမားမႈဟာအ့ံၾသစရာေကာင္းေလာက္ေအာင္ က်ယ္၀န္းတဲ့အျပင္၊ လာေရာက္ေလ့လာဖတ္ရႈၾကသူေတြဟာလည္း၊ေန႔ညမျပတ္စည္ကားေနတဲ့ေနရာတစ္ခုအျဖစ္ရွိေနၿပီး၊ေန႔စဥ္ေန႔တိုင္း စာအုပ္အျပင္ ပစၥည္းေတြကိုလည္း ကမၻာတစ္လႊားကေန၀ယ္ယူစုေဆာင္းေနတယ္လို႔ဆိုပါတယ္။ တစ္ႏွစ္ကို လူေပါင္း ၂သန္းနီးပါးေလာက္ လာေလ့လာၾကတဲ့ ေနရာတစ္ခုလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ဒီစာၾကည့္တိုက္ႀကီးဟာစာေပ၀ါသနာရွင္၊စာေရးဆရာမ်ား၊ နဲ႔ စာဖတ္ပရိသတ္အားလံုးအတြက္ ဧရာမရတနာသိုက္ႀကီးတစ္ခုလို႔ဆိုရမယ့္ေနရာျဖစ္ေနပါတယ္။ ကမၻာ့အႀကီးဆံုး စာၾကည့္တိုက္ႀကီးျဖစ္တဲ့ အေမရိကန္ႏိိုင္ငံကစာၾကည့္တိုက္ႀကီးဟာႏိုင္ငံရဲ႕ဂုဏ္ကိုျမင့္တက္ေစတဲ့အမွတ္တရေတြျဖစ္တယ္ဆိုတာမွားနိုင္မယ္မထင္ပါဘူး။