ဓာတ်ပုံတစ်ပုံကပြောတဲ့သမိုင်း

0
1464
photo internet

ဓာတ်ပုံတစ်ပုံဟာမှတ်တမ်းအဖြစ်ကျန်ရစ်နိုင်သလို၊ သမိုင်းတွင်ဖို့ အချက်တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ အခုပြောပြပေးချင်တဲ့ ဓာတ်ပုံလေးကတော့ ကမ္ဘာ့သမိုင်းမှာအရေးပါဆုံးဖြစ်ခဲ့တဲ့ ဓာတ်ပုံအများကြီးထဲကမှ အမှတ်တရဖြစ်စေမယ့် ပုံလေးပဲဖြစ်ပါတယ်။ ဒီပုံဟာဆေးတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ရခဲ့ပြီး၊ SzpitalWolskiဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ရဲ့ပုံဖြစ်ပါတယ်။ ၁၉၇၃ခုနှစ်မှာတော့ သူဟာနယူးယောက်ကိုသွားပြီးသွေးကြောစနစ်ခွဲစိတ်မှုပညာနဲ့ ၁၉၇၅ခုနှစ်မှာတော့ Detroitကို သွားရောက်ခဲ့ကာနှလုံးခွဲစိတ်မှုပညာကိုပါသင်ယူခွင့် ရရှိခဲ့တဲ့ အထိထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ၁၉၈၀ကနေ၁၉၈၄ခုနှစ်အထိ ဝါဆောနှလုံးရောဂါကုထုံးသင်တန်းကျောင်းမှာဆရာတစ်ယောက် အဖြစ် လုပ်ကိုင်ခဲ့ပေမယ့်၊ Ph.Dဘွဲ့ကိုတော့ ၁၉၇၃ခုကတည်းက ရရှိခဲ့တာဖြစ်ပါတယ်။

photo internet

သူ့အတွက်စိန်ခေါ်မှုတစ်ခုကတော့ ၁၉၈၇ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ နှလုံးအစားထိုးခွဲစိတ်ဖို့ပဲဖြစ် ပါတယ်။စီးပွားပျက်ကပ်ကြုံခဲ့တဲ့ ပိုလန်ဟာဆေးကုသခြင်းနည်းပညာမှာခေတ်မီတိုးတက်မှုမရှိသေးတဲ့ အချိန်ဖြစ်ပါတယ်။ နှလုံးခွဲစိတ်ဖို့အတွက် နှလုံးလှှုဒါန်းသူဟာကိုမာဝေဒနာရှင်တစ်ဦးဖြစ်ပြီး၊ ဦၤးနှောက် ရပ်တန့်သွားပြီးနောက် နှလုံးကိုထုတ်ယူကာ ဝါဆောကနေ Zabrzeမြို့ကိုပို့ပေးခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ခွဲစိတ်မှုကိုစတင်ဖို့အတွက် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ အလုံအလောက်မရှိသေးတဲ့ကြားကနေဒေါက်တာReligaဟာအနားယူတာ၊အစားအသောက်များကိုစားတာတောင်မလုပ်နိုင်တော့ဘဲခွဲစိတ်မှုကိုဆက်တိုက်လုပ်နေခဲ့ပါတယ်။ တောက်လျှောက်ခွဲစိတ်လာခဲ့တာကြောင့် ပင်ပန်းလွန်းပြီး၊ ခွဲစိတ်ခန်းရဲ့ထောင့်လေးမှာမှီရင်းခြေကုန်လက်ပန်းကျကာအိပ်ပျော်နေခဲ့ပါတယ်။

photo internet

ခွဲစိတ်မှုပြီးစီးခဲ့ပေမယ့် ဒေါက်တာReligaကတော့ အနားယူခြင်းမပြုလုပ်ဘဲလူနာဘေးမှာထိုင်ပြီး နှလုံးရဲ့တုံ့ပြန်မှုကိုမော်နီတာပေါ်မှာ ကြည့်နေခဲ့ပါတယ်။ အဲဒီလိုအမှတ်တမဲ့ ပုံကိုရအောင်ယူခဲ့ပေးတဲ့ ဓာတ်ပုံဆရာကတော့ James Stanfieldဖြစ်ပါတယ်။အခုလို ခွဲစိတ်မှုဟာ အောင်မြင်လာတဲ့အတွက် ပိုလန်နိုင်ငံရဲ့ ပထမဆုံးနှလုံးအစားထိုးလဲလှယ်နိုင်မှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေဟာ ပိုလန်နိုင်ငံရဲ့ ဆေးလောကအတွက် စွမ်းဆောင်ပေးခဲ့ပြီးနောက်မှာတော့ သူဟာဘယ်တော့မှမေ့မရနိုင်တဲ့ ဒေါက်တာတစ်ယောက်အဖြစ် ၊ အသိအမှတ်ပြုခံရတဲ့ပုဂ္ဂိုလ်အဖြစ်သတိရနေကြပါတယ်။ ပိုပြီးသတိရနေတဲ့အကြောင်းကတော့ ဒေါက်တာZbigniew Religa ဟာ သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

photo internet

ဒေါက်တာရဲ့နာရေးကို တစ်ချိန်က သူ့ရဲ့လူနာဖြစ်ခဲ့တဲ့သူနဲ့အတူ လျှပ်တစ်ပြက်ဓာတ်ပုံရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံဆရာတို့လည်းတက်ရောက်ခဲ့ပါတယ်။ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီးနောက် နှစ်ပေါင်း၃၀ကြာတဲ့အချိန်မှာတော့ ခွဲစိတ်ခံခဲ့ရတဲ့လူနာဟာ ၂၀၁၇မှာပဲသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒေါက်တာရဲ့အောင်မြင်မှုဟာ ပိုလန်ဆေးလောကမှာတော့ ပြောစမှတ်ပြုကျန်ခဲ့တာကိုတော့ မချီးမွမ်းဘဲမနေနိုင်အောင်ဖြစ်ခဲ့ပါတော့တယ်။

photo internet

(Zawgyi Version)

ဓာတ္ပုံတစ္ပုံကေျပာတဲ့သမိုင္း

ဓာတ္ပုံတစ္ပံုဟာမွတ္တမ္းအျဖစ္က်န္ရစ္ႏိုင္သလို၊ သမိုင္းတြင္ဖို႔ အခ်က္တစ္ခုလည္းျဖစ္လာနိုင္ပါတယ္။ အခုေျပာျပေပးခ်င္တဲ့ ဓာတ္ပံုေလးကေတာ့ ကမၻာ့သမိုင္းမွာအေရးပါဆံုးျဖစ္ခဲ့တဲ့ ဓာတ္ပံုအမ်ားႀကီးထဲကမွ အမွတ္တရျဖစ္ေစမယ့္ ပံုေလးပဲျဖစ္ပါတယ္။ ဒီပံုဟာေဆးတကၠသိုလ္ကေန ဆရာ၀န္ဘြဲ႔ရခဲ့ၿပီး၊ SzpitalWolskiေဆးရံုမွာ တာ၀န္ထမ္းေဆာင္ခဲ့သူတစ္ေယာက္ရဲ႕ပုံျဖစ္ပါတယ္။ ၁၉၇၃ခုႏွစ္မွာေတာ့ သူဟာနယူးေယာက္ကိုသြားၿပီးေသြးေၾကာစနစ္ခြဲစိတ္မႈပညာနဲ႔ ၁၉၇၅ခုႏွစ္မွာေတာ့ Detroitကို သြားေရာက္ခဲ့ကာႏွလံုးခြဲစိတ္မႈပညာကိုပါသင္ယူခြင့္ ရရွိခဲ့တဲ့ အထိထူးခၽြန္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ၁၉၈၀ကေန၁၉၈၄ခုႏွစ္အထိ ၀ါေဆာႏွလံုးေရာဂါကုထံုးသင္တန္းေက်ာင္းမွာဆရာတစ္ေယာက္ အျဖစ္ လုပ္ကိုင္ခဲ့ေပမယ့္၊ Ph.Dဘြဲ႔ကိုေတာ့ ၁၉၇၃ခုကတည္းက ရရွိခဲ့တာျဖစ္ပါတယ္။

သူ႕အတြက္စိန္ေခၚမႈတစ္ခုကေတာ့ ၁၉၈၇ခုႏွစ္မွာ ႀကံဳေတြ႔ခဲ့ရတဲ့ ႏွလံုးအစားထိုးခြဲစိတ္ဖို႔ပဲျဖစ္ ပါတယ္။စီးပြားပ်က္ကပ္ႀကံဳခဲ့တဲ့ ပိုလန္ဟာေဆးကုသျခင္းနည္းပညာမွာေခတ္မီတိုးတက္မႈမရွိေသးတဲ့ အခ်ိန္ျဖစ္ပါတယ္။ ႏွလံုးခြဲစိတ္ဖို႔အတြက္ ႏွလံုးလွႈဒါန္းသူဟာကိုမာေ၀ဒနာရွင္တစ္ဦးျဖစ္ၿပီး၊ ဦၤးေနွာက္ ရပ္တန္႔သြားၿပီးေနာက္ ႏွလံုးကိုထုတ္ယူကာ ၀ါေဆာကေန Zabrzeၿမိဳ႕ကိုပို႔ေပးခဲ့ရတာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ခြဲစိတ္မႈကိုစတင္ဖို႔အတြက္ လိုအပ္တဲ့ ေဆးဘက္ဆိုင္ရာပစၥည္းေတြ အလံုအေလာက္မရွိေသးတဲ့ၾကားကေနေဒါက္တာReligaဟာအနားယူတာ၊အစားအေသာက္မ်ားကိုစားတာေတာင္မလုပ္နိုင္ေတာ့ဘဲခြဲစိတ္မႈကိုဆက္တိုက္လုပ္ေနခဲ့ပါတယ္။ ေတာက္ေလွ်ာက္ခြဲစိတ္လာခဲ့တာေၾကာင့္ ပင္ပန္းလြန္းၿပီး၊ ခြဲစိတ္ခန္းရဲ႕ေထာင့္ေလးမွာမွွီရင္းေျခကုန္လက္ပန္းက်ကာအိပ္ေပ်ာ္ေနခဲ့ပါတယ္။

ခြဲစိတ္မႈၿပီးစီးခဲ့ေပမယ့္ ေဒါက္တာReligaကေတာ့ အနားယူျခင္းမျပဳလုပ္ဘဲလူနာေဘးမွာထိုင္ၿပီး ႏွလံုးရဲ႕တုံ႔ျပန္မႈကိုေမာ္နီတာေပၚမွာ ၾကည့္ေနခဲ့ပါတယ္။ အဲဒီလိုအမွတ္တမဲ့ ပံုကိုရေအာင္ယူခဲ့ေပးတဲ့ဓာတ္ပံုဆရာကေတာ့ James Stanfieldျဖစ္ပါတယ္။အခုလို ခြဲစိတ္မႈဟာ ေအာင္ျမင္လာတဲ့အတြက္ ပိုလန္ႏိုင္ငံရဲ႕ ပထမဆံုးႏွလံုးအစားထိုးလဲလွယ္ႏိုင္မႈအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။သူ႔ရဲ႕ေအာင္ျမင္မႈေတြဟာ ပိုလန္ႏိုင္ငံရဲ႕ ေဆးေလာကအတြက္ စြမ္းေဆာင္ေပးခဲ့ၿပီးေနာက္မွာေတာ့ သူဟာဘယ္ေတာ့မွေမ့မရနိုင္တဲ့ေဒါက္တာတစ္ေယာက္အျဖစ္ ၊ အသိအမွတ္ျပဳခံရတဲ့ပုဂၢိဳလ္အျဖစ္သတိရေနၾကပါတယ္။ ပိုၿပီးသတိရေနတဲ့အေၾကာင္းကေတာ့ ေဒါက္တာZbigniew Religa ဟာ ေသဆံုးသြားခဲ့တာပဲျဖစ္ပါတယ္။

ေဒါက္တာရဲ႕နာေရးကို တစ္ခ်ိန္က သူ႔ရဲ႕လူနာျဖစ္ခဲ့တဲ့သူနဲ႔အတူ လွ်ပ္တစ္ျပက္ဓာတ္ပံုရိုက္ကူးေပးခဲ့တဲ့ ဓာတ္ပံုဆရာတို႔လည္းတက္ေရာက္ခဲ့ပါတယ္။ ခြဲစိတ္မႈေအာင္ျမင္ခဲ့ၿပီးေနာက္ ႏွစ္ေပါင္း၃၀ၾကာတဲ့အခ်ိန္မွာေတာ့ ခြဲစိတ္ခံခဲ့ရတဲ့လူနာဟာ ၂၀၁၇မွာပဲေသဆံုးခဲ့တယ္လို႔ဆိုပါတယ္။ ေဒါက္တာရဲ႕ေအာင္ျမင္မႈဟာ ပိုလန္ေဆးေလာကမွာေတာ့ ေျပာစမွတ္ျပဳက်န္ခဲ့တာကိုေတာ့ မခ်ီးမြမ္းဘဲမေနႏိုင္ေအာင္ျဖစ္ခဲ့ပါေတာ့တယ္။