အနံ့ဆိုးတွေထုတ်လွှတ်တဲ့မှို

0
2230
photo internet

မှိုလို့ပြောလိုက်တာကြားတာနဲ့ကန်စွန်းရွက်နဲ့ကြော်စားရရင်ကောင်းမှာပဲလို့တွေးလိုက်မိတာအမှန်ပါ။ဒီလိုတွေး လိုက်မိပေမယ့်လည်း ဘာမှိုများဖြစ်မလဲဆိုတာတော့ အရင်ကြည့်ကာလေ့လာပြီးမှစားသင့် မစားသင့်တာ ရွေးချယ်ရမှာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ အခုပြောပြပေးချင်တဲ့မှိုတစ်မျိုးကတော့ အပုတ်နံ့ထုတ်လွှတ်တာမှ လူသေတွေ အများကြီး ရှိနေတဲ့ နေရာတစ်ခုကိုရောက်နေသလို အဖြစ်မျိုးလား တောင်ထင်ရတဲ့ အရာဖြစ်နေပါတယ်။

photo internet

အဲဒီမှိုကိုဆယ်စုနှစ်နှစ်စုအကြာမှာထပ်မံတွေ့ခဲ့တာဖြစ်ပါတယ်။ ပုံစံမှာလည်း ထူးခြားလွန်းလို့မသိရင်တော့ ကြယ်ငါးကြီးတွေ ဘယ်ကနေများ ကုန်းပေါ်တက်လာသလဲလို့ ထင်မိကြမှာဖြစ်ပါတယ်။ အဖူးကနေပွင့်လာတဲ့အနေအထားမျိုးကိုမြင်ရတဲ့အခါမှာတော့ ရေဘဝဲကြီးကို ဖမ်းပြီး၊ဘယ်သူများ သတ်ထား တာလဲလို့ တောင်ထင်ချင်စရာကောင်းတဲ့အနေအထားမျိုး တွေ့မြင်ရမှာဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့ နာမည်ပေးကြမ်းပုံ ကိုကြည့်လိုက်ပါက ပိုပြီးကြောက်စရာ ကောင်းနေပါတယ်။

photo internet

သူတို့ပေးထားတဲ့ နာမည် ကတော့ Devil Fingers၊Octopus Stinkhorn လို့ခေါ်ပါတယ်။ အဲဒီမှိုတွေကို အများဆုံးတွေ့ရတတ်တဲ့ နေရာတွေဟာ သစ်ပုတ်သစ်ဆွေးတွေနဲ့ သစ်ရွက်ဆွေးတို့်ကို အစာအဖြစ်စားသုံးရှင်သန်ကြတဲ့နေရာတွေမှာပဲဖြစ်ပါတယ်။ ခုထပ်ပြီးတွေ့တဲ့နေရာကတော့ ဘရစ္စတိုးမြို့အနီးနား Mendip Hillsတောင်ကုန်းမှာရှိနေတဲ့ပိုင်နက်အတွင်းမှာAvon Wildlife Trust အဖွဲ့ကတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Clathrus archeri

မှိုတွေဟာလက်တံကြီးတွေထွက်မလာခင်မှာတော့ မသိရင် ဘာအကောင်ကြီးရဲ့ ဥများပါလိမ့်လို့ ထင်နေမှာအမှန်ပဲဖြစ်ပါတယ်။ မြွေတွေဥကပေါက်သလို၊တဖြည်းဖြည်းနဲ့လက်တံတွေထွက်လာတဲ့အခါ အခွံပုံစံဖြစ်နေတဲ့ အလွှာပါးလေးဟာ ကွဲအက်ထွက်လာပြီး၊လက်တံတွေဟာလည်းလေးခုလောက်ကနေ ၇ခုထိရှိလာပါတယ်။သက်တမ်းရင့်လေ အရောင်တောက်တောက်ပိုကျလေဖြစ်လာပြီး၊ အမည်းရောင် အကျိအချွဲတွေက အပုပ်နံ့ကို ထုတ်လွှတ်ပေးတာ ပဲဖြစ်ပါတယ်။ထူးဆန်းတဲ့တစ်ချက်ကတော့ သူ့ရဲ့အရောင်နဲ့ ထုတ်ပေးတဲ့ အပုပ်နံ့ကြောင့်သာ အဆိပ် တွေပြင်းမယ်လို့ထင်ထားပေမယ့်၊ လူကိုသေစေနိုင်တဲ့ အဆိပ်အတောက်မျိုး မပါဝင်တဲ့မှို ဖြစ်ပါတယ်။

photo internet

တချို့နိုင်ငံတွေမှာ ဒီလိုမှိုနဲ့ဆင်တူတဲ့မှိုတွေ အများကြီးရှိကြောင်းနဲ့ ချက်ပြုတ်စားသောက်ကြတာတွေရှိပါတယ်။ ဒါ့အပြင် အဲဒီဆင်တူတဲ့မှိုတွေဟာ အနံ့ဆိုးမထွက်ဘူးလို့ဆိုပါတယ်။ အော်တိုပတ်စ်မှိုတွေဆီက အနံ့အသက်တွေဟာလူတွေကို မခံမရပ်နိုင်ဖြစ်ပေမယ့်၊ ပုပ်တဲ့အနံ့နဲ့အရသာမှကြိုက်တဲ့ယင်ကောင်တွေက တော့အဲဒီမှိုက ကျတဲ့ အကျိအချွဲတွေကို စားသောက်နေထိုင် ကာမျိုးစေ့တွေ ကိုဖြန့်ပြီး၊ ယင်ကောင်တွေက အပင်မျိုးပွားအောင် လုပ်ဆောင်ပေးပါတယ်။ ဒီလိုမျိုးမှိုတွေကို ၁၉၁၄ခုနှစ်လောက်က ဗြိတိန်နိုင်ငံမှာ ပထမဆုံးတွေ့ခဲ့တာဖြစ်ပါတယ်။ မျိုးစိတ်တူပေမယ့်အနံ့လည်းမရှိ၊ စားလို့လည်းရတယ်ဆိုပြီးတော့ တောထဲတောင်ထဲထွက်ပြီးလိုက်ရှာပြီးယူမလာကြပါနဲ့လို့ပြောချင်ပါတယ်။

photo internet

(Zawgyi Version)

အနံ႔ဆိုးေတြထုတ္လႊတ္တဲ့မႈိ

မႈိလို႔ေျပာလိုက္တာၾကားတာနဲ႔ကန္စြန္း႐ြက္နဲ႔ေၾကာ္စားရရင္ေကာင္းမွာပဲလို႔ေတြးလိုက္မိတာအမွန္ပါ။ဒီလိုေတြး လိုက္မိေပမယ့္လည္း ဘာမႈိမ်ားျဖစ္မလဲဆိုတာေတာ့ အရင္ၾကည့္ကာေလ့လာၿပီးမွစားသင့္ မစားသင့္တာ ေ႐ြးခ်ယ္ရမွာျဖစ္ပါတယ္။ သိပၸံပညာရွင္ေတြရဲ႕ေလ့လာေတြ႕ရွိခ်က္အရ အခုေျပာျပေပးခ်င္တဲ့မႈိတစ္မ်ိဳးကေတာ့ အပုတ္နံ႔ထုတ္လႊတ္တာမွ လူေသေတြ အမ်ားႀကီး ရွိေနတဲ့ ေနရာတစ္ခုကိုေရာက္ေနသလို အျဖစ္မ်ိဳးလား ေတာင္ထင္ရတဲ့ အရာျဖစ္ေနပါတယ္။

အဲဒီမႈိကိုဆယ္စုႏွစ္ႏွစ္စုအၾကာမွာထပ္မံေတြ႕ခဲ့တာျဖစ္ပါတယ္။ ပုံစံမွာလည္း ထူးျခားလြန္းလို႔မသိရင္ေတာ့ ၾကယ္ငါးႀကီးေတြ ဘယ္ကေနမ်ား ကုန္းေပၚတက္လာသလဲလို႔ ထင္မိၾကမွာျဖစ္ပါတယ္။ အဖူးကေနပြင့္လာတဲ့အေနအထားမ်ိဳးကိုျမင္ရတဲ့အခါမွာေတာ့ ေရဘဝဲႀကီးကို ဖမ္းၿပီး၊ဘယ္သူမ်ား သတ္ထား တာလဲလို႔ ေတာင္ထင္ခ်င္စရာေကာင္းတဲ့အေနအထားမ်ိဳး ေတြ႕ျမင္ရမွာျဖစ္ပါတယ္။သိပၸံပညာရွင္ေတြရဲ႕ နာမည္ေပးၾကမ္းပုံ ကိုၾကည့္လိုက္ပါက ပိုၿပီးေၾကာက္စရာ ေကာင္းေနပါတယ္။

သူတို႔ေပးထားတဲ့ နာမည္ ကေတာ့ Devil Fingers၊Octopus Stinkhorn လို႔ေခၚပါတယ္။ အဲဒီမႈိေတြကို အမ်ားဆုံးေတြ႕ရတတ္တဲ့ ေနရာေတြဟာ သစ္ပုတ္သစ္ေဆြးေတြနဲ႔ သစ္႐ြက္ေဆြးတို႔္ကို အစာအျဖစ္စားသုံးရွင္သန္ၾကတဲ့ေနရာေတြမွာပဲျဖစ္ပါတယ္။ ခုထပ္ၿပီးေတြ႕တဲ့ေနရာကေတာ့ ဘရစၥတိုးၿမိဳ႕အနီးနား Mendip Hillsေတာင္ကုန္းမွာရွိေနတဲ့ပိုင္နက္အတြင္းမွာAvon Wildlife Trust အဖြဲ႕ကေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

မႈိေတြဟာလက္တံႀကီးေတြထြက္မလာခင္မွာေတာ့ မသိရင္ ဘာအေကာင္ႀကီးရဲ႕ ဥမ်ားပါလိမ့္လို႔ ထင္ေနမွာအမွန္ပဲျဖစ္ပါတယ္။ ေႁမြေတြဥကေပါက္သလို၊တျဖည္းျဖည္းနဲ႔လက္တံေတြထြက္လာတဲ့အခါ အခြံပုံစံျဖစ္ေနတဲ့ အလႊာပါးေလးဟာ ကြဲအက္ထြက္လာၿပီး၊လက္တံေတြဟာလည္းေလးခုေလာက္ကေန ၇ခုထိရွိလာပါတယ္။သက္တမ္းရင့္ေလ အေရာင္ေတာက္ေတာက္ပိုက်ေလျဖစ္လာၿပီး၊ အမည္းေရာင္ အက်ိအခြၽဲေတြက အပုပ္နံ႔ကို ထုတ္လႊတ္ေပးတာ ပဲျဖစ္ပါတယ္။ထူးဆန္းတဲ့တစ္ခ်က္ကေတာ့ သူ႔ရဲ႕အေရာင္နဲ႔ ထုတ္ေပးတဲ့ အပုပ္နံ႔ေၾကာင့္သာ အဆိပ္ ေတြျပင္းမယ္လို႔ထင္ထားေပမယ့္၊ လူကိုေသေစႏိုင္တဲ့ အဆိပ္အေတာက္မ်ိဳး မပါဝင္တဲ့မႈိ ျဖစ္ပါတယ္။

တခ်ိဳ႕ႏိုင္ငံေတြမွာ ဒီလိုမႈိနဲ႔ဆင္တူတဲ့မႈိေတြ အမ်ားႀကီးရွိေၾကာင္းနဲ႔ ခ်က္ျပဳတ္စားေသာက္ၾကတာေတြရွိပါတယ္။ ဒါ့အျပင္ အဲဒီဆင္တူတဲ့မႈိေတြဟာ အနံ႔ဆိုးမထြက္ဘူးလို႔ဆိုပါတယ္။ ေအာ္တိုပတ္စ္မႈိေတြဆီက အနံ႔အသက္ေတြဟာလူေတြကို မခံမရပ္ႏိုင္ျဖစ္ေပမယ့္၊ ပုပ္တဲ့အနံ႔နဲ႔အရသာမွႀကိဳက္တဲ့ယင္ေကာင္ေတြက ေတာ့အဲဒီမႈိက က်တဲ့ အက်ိအခြၽဲေတြကို စားေသာက္ေနထိုင္ ကာမ်ိဳးေစ့ေတြ ကိုျဖန႔္ၿပီး၊ ယင္ေကာင္ေတြက အပင္မ်ိဳးပြားေအာင္ လုပ္ေဆာင္ေပးပါတယ္။ ဒီလိုမ်ိဳးမႈိေတြကို ၁၉၁၄ခုႏွစ္ေလာက္က ၿဗိတိန္ႏိုင္ငံမွာ ပထမဆုံးေတြ႕ခဲ့တာျဖစ္ပါတယ္။ မ်ိဳးစိတ္တူေပမယ့္အနံ႔လည္းမရွိ၊ စားလို႔လည္းရတယ္ဆိုၿပီးေတာ့ ေတာထဲေတာင္ထဲထြက္ၿပီးလိုက္ရွာၿပီးယူမလာၾကပါနဲ႔လို႔ေျပာခ်င္ပါတယ္။