၂၀၁၉ခုနှစ်ရဲ့ အဆင့်အလိုက်ရှိနေတဲ့နာမည်ကြီး Brand များ
0
1808
နာမည်ကြီးနေပါတယ်ဆိုတဲ့ အသုံးဆောင်ပစ္စည်းတွေကြားထဲမှာမှ အရည်အသွေးအလိုက် တန်ဖိုးမြင့်မားပြီး၊ အရောင်းအဝယ်လည်း ပိုကောင်းလာတယ်ဆိုတဲ့ ပစ္စည်းတွေနဲ့ အရည်အသွေးတွေပိုကောင်းလာလို့ဈေးကွက် မှာနေရာတစ်ခုရလာတဲ့ ကုန်ပစ္စည်းမျိုးစုံရဲ့ ရောက်ရှိနေတဲ့ အဆင့် အသီးသီးကို သိထားစေချင်တာကြောင့် တကယ့်BRAND ကောင်းကောင်းမှ သုံးချင်ကြတဲ့ ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမတို့အတွက် ဘယ်ပစ္စည်းတွေကဘယ်အဆင့်လောက်မှာ ရှိနေလဲဆိုတာ ပြောပြပေးလိုက်ပါမယ်။
photo internet
အဆင့်သတ်မှတ်တဲ့နေရာမှာတော့ ကုမ္ပဏီဖက်ကနေပြီး ရောင်းအား၊တိုးတက်မှု၊ လုပ်ငန်းတန်ဖိုး အစရှိတာတွေကို သေသေချာချာတွက်ချက်ပေးထားတာဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ပေးထားတဲ့BRAND တွေထဲကမှ Luxury brand အမည်ခံထားတဲ့ထိပ်တန်းBRANDတွေရဲ့ အဆင့်အနေအထားတွေကို ပြောပြပေးမှာဖြစ်ပါတယ်။ လည်သာကောင်းတာမျိုးမှကြိုက်နှစ်သက်ကြတယ်လို့ဆိုတဲ့ သားရေအိတ် ချစ်တဲ့သူတွေအတွက် တိုးတက်မှု ကောင်းလာပြီး၊ လုပ်ငန်းတန်ကြေး ၃၂.၂၂၃ ဘီလီယံဒေါ်လာရှိနေတာကြောင့် ကမ္ဘာ့အဆင့်နေရာမှာ ၁၇နဲ့ရပ်တည်နေခဲ့တဲ့ brandဟာ Louis Vuitton ျဖစ္ပါတယ်။
photo internet
ဒါ့အပြင်လုပ်ငန်းတန်ကြေးအမေရိကန်ဒေါ်လာ၂၂.၁၃၄နဲ့ မနှစ်ကထက် ၁%တောင်ပိုတိုးလာကာ ထိပ်တန်းbrandတွေကြားမှာအဆင့်၂၂နဲ့နေရာယူလာခဲ့တဲ့Chanelရေမွှေး၊အိတ် တို့ဟာလည်း အရမ်းကိုခေတ်စား နေရာရလျက်ရှိပါတယ်။ လုပ်ငန်းတိုးတက်မှု ဟာ ၉%လောက်သာရှိပေမယ့်၊ အဆင့်၂၈နဲ့ရပ်တည်နေရာရနေတဲ့brandတစ်ခုကလည်း Herme’sဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။ Luxury brand တစ်ခုဖြစ်တဲ့ GUCCIဟလည်း အဆင့်၃၃နဲ့ပဲရောက်ရှိနေတဲ့အဆင့်လေးကိုထိန်းထားနိုင်ခဲ့ပါတယ်။ ရောင်းအားကလည်း၂၃%ထိ ထိုးတက်လာခဲ့ပြီး၊ ထိပ်တန်းစာရင်းထဲမှာရှိနေခဲ့တာဖြစ်ပါတယ်။
photo internet
ရင်းနှီးပြီးသားဖြစ်နေတဲ့ Diorရေမွှေးကလည်း တိုးတက်မှု%ဟာ မနှစ်ကထက် ၁၆%ရှိခဲ့ပါတယ်။ ဒါကြောင့်သူ့ရဲ့အဆင့်ဟာ လည်း ၈၂မှာပဲရှိနေခဲ့ပါတယ်။
photo internet
၂၀၁၈ခုနဲ့ယှဉ်လိုက်ရင်၅%လောက်ရောင်းအားတွေထိုးကျလာပြီး၊အဆင့်၉၄နေရာမှာရှိနေခဲ့တဲ့ BRANDကတော့ Tiffany&Coဖြစ်ပါတယ်။ Burberry brand ဆိုတာကတော့ အဆင့်၉၆နေရာမှာရပ်တည်နေရပြီး၊ အခုနှစ်အတွင်းမှာဆိုရင် ၄% ထိတိုးတက်ခဲ့တယ်လို့ဆိုပါတယ်။
photo internet
(Zawgyi Version)