အစာအိမ်ထဲမှာ အရုပ်တွေများစွာ ရှိနေတဲ့ သနားစရာခွေးကလေး

0
1292
photo internet

တိရစ္ဆာန်လေးတွေဟာ ဘယ်လောက်ထိသနားစရာကောင်းနေလည်းဆိုတာဟာ အခုအဖြစ်အပျက်လေးက သက်သေပြနေတယ် လို့ဆိုရင်ရောမိတ်ဆွေတို့အနေနဲ့ ဘာပြောမလဲတွေးနေမိတယ်။ အခုပြောပြပေးမယ့်အကြောင်းအရာလေးရဲ့အဓိကဇာတ်ကောင်ဟာဘာကောင်လေးများလဲလို့သိချင်နေကြပြီထင်ပါတယ်။

photo internet

ဒီအဖြစ်အပျက်လေးမှာပါဝင်တဲ့ဇတ်ကောင်လေးဟာ ဒေဗယ်လ်လို့ခေါ်တဲ့bulldog ခွေးလေးပဲဖြစ်ပါတယ်။ အဲဒီခွေးလေးဟာသခင်ဖြစ်သူအစာကျွေးတာမဝလို့လား ၊ ဆော့ဖို့ပေးထားတာကိုပဲ ဝါးစားချင်စိတ်တွေများနေလို့လား၊ဘယ်လိုဖြစ်မှန်းမသိဘဲသူစားချင်စိတ်တွေဖြစ်လာလို့ပဲလားတော့မသိပါဘူး။ပထမဆုံးအကြိမ်မဟုတ်တော့ပေမယ့်၊ဒီတစ်ခါလည်း အစာအိမ်ထဲကနေပဲ အရုပ်ပေါင်း၃၂ရုပ်ကိုဖယ် ရှားပစ်ခဲ့ရ တယ်လို့ ဆိုပါတယ်။

photo internet

တစ်ခေါက်ထက်တစ်ခေါက် ခွဲထုတ်ပေးရတာဟာ အကောင်အရေအတွက် ပိုများလာတယ်လို့ ဆရာဝန်ဖြစ်သူက ပြောပြခဲ့တာဖြစ်ပါတယ်။ ဒီထက်ပိုများလာတာမျိုးဖြစ်နိုင်တာကြောင့် သတိပေးတဲ့အနေနဲ့ ကိုယ်ချစ်တဲ့ တိရစ္ဆာန်လေးတွေကို သူတို့ကိုက်ပြီးမျိုချနိုင်တဲ့ ဆော့ကစားနိုင်တဲ့ အရပ်တွေကို ဝယ်မပေးဖို့ သတိပေးပြောကြားခဲ့ပါတယ်။အထူးကံကောင်း စေခဲ့တာကတော့ သခင်ဖြစ်သူကသူ့ရဲ့ခွေးလေးဟာ အစာမစားဘဲမှိုင်ငိုင်နေတာကြောင့်ဆေးခန်းမှာလာရောက်ပြီး၊ဓာတ်မှန်အရင်ရိုက်ခဲ့ရာမှအမြန်ဆုံးခွဲစိတ်နိုင်ခဲ့လို့အသက်ဘေးမှကင်းလွတ်ခဲ့ရတာဖြစ်ပါတယ်။

photo internet

အချိန်အနည်းငယ်လေးသာ နောက်ကျခဲ့ရင် မျှော်လင့်ချက်မရှိဖြစ်နိုင်ပြီး၊အခုအခါမှာတော့ အစာအိမ်မှ အူတွေထဲမရောက်ခင်မှာခွဲထုတ်နိုင်ခဲ့လို့ကံကောင်းသွားတာဖြစ်ကြောင်းဆိုပါတယ်။
ဒါကြောင့် ဒေဗယ်လ် လိုမျိုးမဖြစ်ရအောင် မိမိတို့ရဲ့ ခွေးကလေးတွေကို ချစ်တယ်ဆိုရင်ဆော့ဖို့အရုပ်တွေကို သေးသေးကွေးကွေးလေးတွေ ဝယ်မပေးကြပါနဲ့လို့ ဆိုကာသတိပေးပြောပြထားတာကို MOR MUI PATTAYA BAN MOR RAK SAT မှာဖော်ပြထားတာသိရပါတယ်။

photo internet

(Zawgyi Version)

အစာအိမ္ထဲမွာ အ႐ုပ္ေတြမ်ားစြာ ရွိေနတဲ့ သနားစရာေခြးကေလး

တိရစာၦန္ေလးေတြဟာ ဘယ္ေလာက္ထိသနားစရာေကာင္းေနလည္းဆိုတာဟာ အခုအျဖစ္အပ်က္ေလးက သက္ေသျပေနတယ္ လို႔ဆိုရင္ေရာမိတ္ေဆြတို႔အေနနဲ႔ ဘာေျပာမလဲေတြးေနမိတယ္။ အခုေျပာျပေပးမယ့္အေၾကာင္းအရာေလးရဲ႕အဓိကဇာတ္ေကာင္ဟာဘာေကာင္ေလးမ်ားလဲလို႔သိခ်င္ေနၾကၿပီထင္ပါတယ္။

ဒီအျဖစ္အပ်က္ေလးမွာပါဝင္တဲ့ဇတ္ေကာင္ေလးဟာ ေဒဗယ္လ္လို႔ေခၚတဲ့bulldog ေခြးေလးပဲျဖစ္ပါတယ္။ အဲဒီေခြးေလးဟာသခင္ျဖစ္သူအစာေကြၽးတာမဝလို႔လား ၊ ေဆာ့ဖို႔ေပးထားတာကိုပဲ ဝါးစားခ်င္စိတ္ေတြမ်ားေနလို႔လား၊ဘယ္လိုျဖစ္မွန္းမသိဘဲသူစားခ်င္စိတ္ေတြျဖစ္လာလို႔ပဲလားေတာ့မသိပါဘူး။ပထမဆုံးအႀကိမ္မဟုတ္ေတာ့ေပမယ့္၊ဒီတစ္ခါလည္း အစာအိမ္ထဲကေနပဲ အ႐ုပ္ေပါင္း၃၂႐ုပ္ကိုဖယ္ ရွားပစ္ခဲ့ရ တယ္လို႔ ဆိုပါတယ္။

တစ္ေခါက္ထက္တစ္ေခါက္ ခြဲထုတ္ေပးရတာဟာ အေကာင္အေရအတြက္ ပိုမ်ားလာတယ္လို႔ ဆရာဝန္ျဖစ္သူက ေျပာျပခဲ့တာျဖစ္ပါတယ္။ ဒီထက္ပိုမ်ားလာတာမ်ိဳးျဖစ္ႏိုင္တာေၾကာင့္ သတိေပးတဲ့အေနနဲ႔ ကိုယ္ခ်စ္တဲ့ တိရစာၦန္ေလးေတြကို သူတို႔ကိုက္ၿပီးမ်ိဳခ်ႏိုင္တဲ့ ေဆာ့ကစားႏိုင္တဲ့ အရပ္ေတြကို ဝယ္မေပးဖို႔ သတိေပးေျပာၾကားခဲ့ပါတယ္။
အထူးကံေကာင္း ေစခဲ့တာကေတာ့ သခင္ျဖစ္သူကသူ႔ရဲ႕ေခြးေလးဟာ အစာမစားဘဲမႈိင္ငိုင္ေနတာေၾကာင့္ ေဆးခန္းမွာလာေရာက္ၿပီး၊ဓာတ္မွန္အရင္႐ိုက္ခဲ့ရာမွအျမန္ဆုံးခြဲစိတ္ႏိုင္ခဲ့လို႔အသက္ေဘးမွကင္းလြတ္ခဲ့ရတာျဖစ္ပါတယ္။

အခ်ိန္အနည္းငယ္ေလးသာ ေနာက္က်ခဲ့ရင္ ေမွ်ာ္လင့္ခ်က္မရွိျဖစ္ႏိုင္ၿပီး၊အခုအခါမွာေတာ့ အစာအိမ္မွ အူေတြထဲမေရာက္ခင္မွာခြဲထုတ္ႏိုင္ခဲ့လို႔ကံေကာင္းသြားတာျဖစ္ေၾကာင္းဆိုပါတယ္။
ဒါေၾကာင့္ ေဒဗယ္လ္ လိုမ်ိဳးမျဖစ္ရေအာင္ မိမိတို႔ရဲ႕ ေခြးကေလးေတြကို ခ်စ္တယ္ဆိုရင္ေဆာ့ဖို႔အ႐ုပ္ေတြကို ေသးေသးေကြးေကြးေလးေတြ ဝယ္မေပးၾကပါနဲ႔လို႔ ဆိုကာသတိေပးေျပာျပထားတာကို MOR MUI PATTAYA BAN MOR RAK SAT မွာေဖာ္ျပထားတာသိရပါတယ္။