နားထဲမှအိမ်မြှောင်ကို ထုတ်ပေးနိုင်ခဲ့တဲ့ ဆရာဝန်

0
1646
photo internet

လူတိုင်းမှာတော့ ကိုယ်စီကိုယ်စီမှာ မိမိအသည်းအယားဆုံးနဲ့အကြောက်ဆုံး သတ္တဝါတွေရှိကြပါတယ်။ ကိုယ်တိုင်လည်း မြွေ၊ကြွက်၊ပိုးဟပ်နဲ့ တခြားအကောင်တွေကိုကြောက်တာမဟုတ်ဘဲ အသည်းယားတဲ့ အထဲမှာပါနေပါတယ်။တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး မကြောက်တဲ့သူ၊အသည်းမယားတဲ့သူဆိုတာ မရှိဘူးလို့တွေးမိပါတယ်။ အဲဒီလိုအကောင်ပလောင်တွေကို ကြောက်တဲ့သူ၊ အသည်းယားတဲ့သူဆိုတာဟာဆရာဝန် လုပ်တဲ့ အခါ ဘယ်လိုဖြစ်ကုန်ကြမလဲ သိချင်နေတဲ့ အကြောင်းတွေကို လက်တွေ့သက်သေပြလိုက်တဲ့သူကတော့ အလုပ်စတင်ဝင်တဲ့နေ့မှာပဲရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်နဲ့ကြုံခဲ့ရပေမယ့်၊ စိတ်ရှည်ရှည်ထားပြီး ကြိုးစားပေးခဲ့လို့ နာကျင်ကိုက်ခဲတဲ့ ဒဏ်ကနေဝေးပြီး၊ အခြေအနေမဆိုးခင် ကယ်ထုတ်ပေးနိုင်ခဲ့တဲ့ အဖြစ်လေးကတော့ ရိုးရှင်းလွန်းပါတယ်။

photo internet

ဘယ်သူမဆို၊ ဘာအလုပ်ပဲလုပ်လုပ်၊ ပထမဆုံး အလုပ်စဆင်းတဲ့နေ့ဆိုတာ ရင်အခုန်ဆုံးနေ့ဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာ ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ အကောင်းဆုံးဖြစ်ပါ့မလားဆိုတဲ့ အတွေး၊ရင်ခုန်စေတဲ့ အဖြစ်တွေဟာ အမှတ်တရဖြစ်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ပထမဆုံး အလုပ်စဆင်းတဲ့ဒေါက်တာ Varanya Nganthavee ဆိုသူဟာ တခြားသူတွေနဲ့မတူတဲ့ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သုူမ အလုပ်စဆင်းတဲ့နေ့မှာရောက်လာခဲ့တဲ့ လူနာဟာ နားကိုက်ဝေဒနာကို အပြင်းအထန် ခံစားနေရပြီးရောက်လာခဲ့တာဖြစ်ပါတယ်။

photo internet

တာဝန်ယူလိုက်ရတဲ့ ဒေါက်တာမလေးက နားကိုက်နေတဲ့ အကြောင်းအရင်းကိုရှာဖွေနေဆဲမှာပဲ လူနာရဲ့ နားထဲမှာလှုပ်စိလှုပ်စိနဲ့တစ်ခုခုရွေ့လျားနေတာကို ဆေးရုံသုံးဓာတ်မီးလေးနဲ့ထိုးကြည့် လိုက်မိတဲ့အခါမှာတော့ အမလေး အသည်းယားစရာမြင်ကွင်းကိုတွေ့လိုက်ရတာကြောင့် တုန်လှုပ်မှုများစွာဖြစ်သွားခဲ့ပါတယ်။ ရွေ့လျားနေတဲ့ အကောင်ဟာ ကံကောင်းလို့ အိမ်မြှောင်တစ်ကောင်ဖြစ်နေတာပါပဲ။အဲဒီအကောင်ကိုတွေ့နေရပေမယ့် ဘယ်လိုထွက် အောင်လုပ်ပေးရပါ့မလဲတွေးတောကာ ပိုးသတ်ဆေးကို အရင်ဆုံးထည့်ပေးလိုက်ပြီး နားထဲက အိမ်မြှောင်ကို ရင်ခုန်စွာနဲ့ပဲဆွဲထုတ်လိုက်ပါတယ်။

photo internet

ဇာကနာနဲ့ ဆွဲထုတ်မှာဖြစ်တဲ့အတွက်အထဲကိုထိုးလိုက်ရင် အိမ်မြှောင်ဟာ ရှေ့ကို ဇွတ်တိုးဝင်သွား မှာစိုးတာကြောင့် သတိကြီးစွာထားပြီးထုတ်လိုက်ရပါတယ်။ ထွက်လာတဲ့အိမ်မြှောင်ကို ကြည့်လိုက်မိတဲ့ အခါမှာတော့အမြီးဟာ ပြတ်နေတာကိုတွေ့လိုက်ရတာကြောင့် နားထဲမှာများကျန်နေတာလားဆိုတာ မသိဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် လူနာကို နားနှာခေါင်းလည်ချောင်းဌာနကိုသွားပြဖို့ညွှန်ကြားခဲ့ရပြီး ဘာမှမတွေ့ကြောင်း ပြန်လာပြောပေးတော့မှပဲ အသက်ရှုနိုင်ခဲ့ရပါတယ်။ ဆရာဝန်မလေးရဲ့ ပထမဆုံး အတွေ့အကြုံကို လူကြီးတွေကလည်း အသိအမှတ်ပြုချီးမွမ်းခန်းဖွင့်တဲ့ အထိဖြစ်ခဲ့ကြောင်းဝမ်းသာစွာသိလိုက်ရပါတယ်။

photo internet

(Zawgyi Version)

နားထဲမွအိမ္ေျမွာင္ကို ထုတ္ေပးႏိုင္ခဲ့တဲ့ ဆရာ၀န္

လူတိုင္းမွာေတာ့ ကိုယ္စီကိုယ္စီမွာ မိမိအသည္းအယားဆံုးနဲ႔အေၾကာက္ဆံုး သတၱ၀ါေတြရွိၾကပါတယ္။ ကိုယ္တိုင္လည္း ေျမြ၊ၾကြက္၊ပိုးဟပ္နဲ႔ တျခားအေကာင္ေတြကိုေၾကာက္တာမဟုတ္ဘဲ အသည္းယားတဲ့ အထဲမွာပါေနပါတယ္။တိရစၧာန္ေတြနဲ႔ပတ္သက္ၿပီး မေၾကာက္တဲ့သူ၊အသည္းမယားတဲ့သူဆိုတာ မရွိဘူးလို႔ေတြးမိပါတယ္။ အဲဒီလိုအေကာင္ပေလာင္ေတြကို ေၾကာက္တဲ့သူ၊ အသည္းယားတဲ့သူဆိုတာဟာဆရာ၀န္လုပ္တဲ့ အခါ ဘယ္လိုျဖစ္ကုန္ၾကမလဲ သိခ်င္ေနတဲ့ အေၾကာင္းေတြကို လက္ေတြ႔သက္ေသျပလိုက္တဲ့သူကေတာ့ အလုပ္စတင္၀င္တဲ့ေန႔မွာပဲရင္ခုန္စိတ္လႈပ္ရွားဖြယ္ရာ အျဖစ္နဲ႔ႀကံဳခဲ့ရေပမယ့္၊ စိတ္ရွည္ရွည္ထားၿပီး ႀကိဳးစားေပးခဲ့လို႔ နာက်င္ကိုက္ခဲတဲ့ ဒဏ္ကေနေ၀းၿပီး၊ အေျခအေနမဆိုးခင္ ကယ္ထုတ္ေပးနိုင္ခဲ့တဲ့ အျဖစ္ေလးကေတာ့ ရိ္ုးရွင္းလြန္းပါတယ္။

ဘယ္သူမဆို၊ ဘာအလုပ္ပဲလုပ္လုပ္၊ ပထမဆံုး အလုပ္စဆင္းတဲ့ေန႔ဆိုတာ ရင္အခုန္ဆံုးေန႔ျဖစ္ပါတယ္။ ဒီလိုအခ်ိန္ေတြမွာ ကိုယ္လုပ္ေနတဲ့ အလုပ္ေတြဟာ အေကာင္းဆံုးျဖစ္ပါ့မလားဆိုတဲ့ အေတြး၊ရင္ခုန္ေစတဲ့ အျဖစ္ေတြဟာ အမွတ္တရျဖစ္ေစခဲ့ပါတယ္။ ထိုင္းႏိုင္ငံ ဘန္ေကာက္ေဆးရံုမွာ ပထမဆံုး အလုပ္စဆင္းတဲ့ေဒါက္တာ Varanya Nganthavee ဆိုသူဟာ တျခားသူေတြနဲ႔မတူတဲ့ရင္ခုန္စိတ္လႈပ္ရွားဖြယ္ရာအျဖစ္အပ်က္တစ္ခုနဲ႔ ႀကံဳေတြ႔ခဲ့ရပါတယ္။ သုူမ အလုပ္စဆင္းတဲ့ေန႔မွာေရာက္လာခဲ့တဲ့ လူနာဟာ နားကိုက္ေ၀ဒနာကို အျပင္းအထန္ ခံစားေနရၿပီးေရာက္လာခဲ့တာျဖစ္ပါတယ္။

တာ၀န္ယူလိုက္ရတဲ့ ေဒါက္တာမေလးက နားကိုက္ေနတဲ့ အေၾကာင္းအရင္းကိုရွာေဖြေနဆဲမွာပဲ လူနာရဲ႕ နားထဲမွာလႈပ္စိလႈပ္စိနဲ႔တစ္ခုခုေရြ႕လ်ားေနတာကို ေဆးရံုသံုးဓာတ္မီးေလးနဲ႕ထိုးၾကည့္လိုက္မိတဲ့အခါမွာေတာ့ အမေလး အသည္းယားစရာျမင္ကြင္းကိုေတြ႔လိုက္ရတာေၾကာင့္ တုန္လႈပ္မႈမ်ားစြာျဖစ္သြားခဲ့ပါတယ္။ ေရြ႕လ်ားေနတဲ့ အေကာင္ဟာ ကံေကာင္းလို႔ အိမ္ေျမွာင္တစ္ေကာင္ျဖစ္ေနတာပါပဲ။အဲဒီအေကာင္ကိုေတြ႔ေနရေပမယ့္ ဘယ္လိုထြက္ေအာင္လုပ္ေပးရပါ့မလဲေတြးေတာကာ ပိုးသတ္ေဆးကို အရင္ဆံုးထည့္ေပးလိုက္ၿပီး နားထဲက အိမ္ေျမွာင္ကို ရင္ခုန္စြာနဲ႕ပဲဆြဲထုတ္လိုက္ပါတယ္။

ဇာကနာနဲ႔ ဆြဲထုတ္မွာျဖစ္တဲ့အတြက္အထဲကိုထိုးလိုက္ရင္ အိမ္ေျမွာင္ဟာ ေရွ႕ကို ဇြတ္တိုး၀င္သြားမွာစိုးတာေၾကာင့္ သတိႀကီးစြာထားၿပီးထုတ္လိုက္ရပါတယ္။ ထြက္လာတဲ့အိမ္ေျမွာင္ကို ၾကည့္လိုက္မိတဲ့ အခါမွာေတာ့အၿမီးဟာ ျပတ္ေနတာကိုေတြ႔လိုက္ရတာေၾကာင့္ နားထဲမွာမ်ားက်န္ေနတာလားဆိုတာ မသိျဖစ္ခဲ့ရပါတယ္။ ဒါေၾကာင့္ လူနာကို နားႏွာေခါင္းလည္ေခ်ာင္းဌာနကိုသြားျပဖို႔ညႊန္ၾကားခဲ့ရၿပီး ဘာမွမေတြြ႕ေၾကာင္း ျပန္လာေျပာေပးေတာ့မွပဲ အသက္ရႈႏိုင္ခဲ့ရပါတယ္။ ဆရာ၀န္မေလးရဲ႕ ပထမဆံုး အေတြ႔အႀကံဳကို လူႀကီးေတြကလည္း အသိအမွတ္ျပဳခ်ီးမြမ္းခန္းဖြင့္တဲ့ အထိျဖစ္ခဲ့ေၾကာင္း၀မ္းသာစြာသိလိုက္ရပါတယ္။