ကိုယ်ပိုင်ဝါသနာနဲ့တိရစ္ဆာန်လေးတွေအတွက်အလှုငွေရှာဖွေပေးနေသူလေး

0
417

ကလေးတွေပဲဆိုပြီး သူတို့အတွက်ပဲကြည့်တတ်ကြတယ်လို့ထင်ရင်မှားပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ လူကြီးတွေထက် ကလေးတွေကပိုပြီးစိတ်ထက်သန်လို့ပဲဆိုတာသိစေချင်ပါတယ်။ကလေးလေးတွေဟာ စိတ်အားငယ်တတ်တဲ့သူတို့ရဲ့နှလုံးသားလေးတွေအတိုင်းတိရစ္ဆာနိလေးတွေကိုလည်းကြင်နာပေးတာ၊ယုယပေးတာတွေပိုလို့လုပ်တတ်ကြပါတယ်။လမ်းမပေါ်မှာလေလွင့်နေတဲ့ခွေးကြောင်အဆုံးသက်ရှိအားလုံးဆို အကုန်သနားတတ်တာကြောင့် လူကြီးတွေပြောပြ၊သင်ပြထားတဲ့အတိုင်း သူတို့မှာရှိတဲ့အင်အားနဲ့ကိုကူညီပေးနေတဲ့ ကလေးတွေအများကြီးရှိတယ်ဆိုတာသိစေချင်ပါတယ်။

photo internet

သနားတဲ့စိတ်တွေဟာလူတွေကိုဘယ်လောက်ထိကြီးစိုးသလဲဆိုရင်ကိုယ်တိုင်မစားရရင်နေ သူတို့လေးတွေအတွက်ဝေစု ကိုတောင်မစားဘဲချကျွေးတတ်ကြတာလည်းကလေးတွေဖြစ်တယ်ဆိုတာလက်တွေ့သိရမြင်ရမှာဖြစ်ပါတယ်။တချို့ဆိုရင် အဲဒီလိုတိရစ္ဆာန်လေးတွေအတွက် ကိုယ်တိုင်နေစရာလေးတွေရှာဖွေပေးပြီးစားသောက်စေကြတယ်ဆိုတာ မျက်မြင်ပဲဖြစ်ပါတယ်။

photo internet

အဲလိုလူတွေအများကြီးရှိတဲ့အထဲကမှ Pavel Arzamasဆိုတဲ့ကလေးလေးဟာ အသက်အားဖြင့်၉နှစ်ပဲရှိသေးတာဖြစ်ပေမယ့်၊Nizhny Novgorodမှာရှိပြီ၊မြို့လေး Arzamasမှာနေထိုင်တဲ့ ပန်းချီပညာရှင်လေးတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်တိုင်ရေးဆွဲတဲ့ ပန်းချီကားလေးတွေ ကိုရောင်းချကာငွေကြေးလေး တွေစုဆောင်းနေတယ်လို့ သိရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီလိုပန်းချီကားလေး တွေရောင်းချပြီးပိုက်ဆံစုတယ်ဆိုတာ ဆော့ချင်လို့ ဂိမ်းစက်ဝယ်ဖို့မဟုတ်သလို၊ စားချင်တာတွေစားပြီးသွားချင်တာသွားကာနေချင်တဲ့အတွက် ငွေစုတာမဟုတ်ဘူးလို့ လေးစားဖွယ်သိရတဲ့ အတွက်ဂုဏ်ယူမိပါတယ်။

photo internet

ဒီကလေးရဲ့ ပန်းချီပုံတွေဟာလည်း အများအားဖြင့် သူချစ်တဲ့ တိရစ္ဆာန်လေးတွေရဲ့ ပုံလေးတွေပဲ ဆွဲရောင်းတာများပါတယ်။ အခုလိုမျိုးချစ်စရာကောင်းတဲ့ စိတ်ကူးဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကPavel Arzamas တို့ရဲ့ အိမ်ကတိရစ္ဆာန်လေးတစ်ကောင် ပျောက်သွားတာက နေစခဲ့တာလို့သိရပါတယ်။ နေရာ အနှံ့မှာရှိတဲ့ ဂေဟာအကုန်လုံးကိုရောက်ခဲ့ပြီးရှာခဲ့ပေမယ့်၊ လုံးဝရှာမတွေ့ခဲ့တော့ဘဲဂေဟာတိုင်းမှာရှိနေတဲ့ တိရစ္ဆာန်လေးတွေအတွက် ရန်ပုံငွေ အခက်အခဲရှိနေတာကို မျက်မြင်တွေ့ခဲ့ရတာက စပြီး၊ သနားစရာ ကောင်းသူတို့လေးတွေရဲ့ပုံလေးတွေက်ုပုံတူဆွဲပြီး ရောင်းရငွေများနဲ့ သူတို့အတွက်လိုအပ်တဲ့ အစားအစာ ဆေးစတာတွေကို လှုဒါန်းပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ကလေးတစ်ယောက်အနေနဲ့ ဒီအစီအစဉ်ကို လုပ်ချင်ပေမယ့်လည်း လူကြီးတစ်ယောက်မှမပါဘူးဆိုလည်း အဆင်မပြေနိုင်တာကြောင့် အမေဖြစ်သူက ဒီအစီအစဉ်လေးဖြစ်မြောက်ရေးကို စွမ်းစွမ်းတမံကူညီလုပ်ကိုင်ပေးနေတယ်လို့ဆိုပါတယ်။ ထူးဆန်းတဲ့ အလဲအလှယ်လေးကလည်း ကိုယ်ကျိုးအတွက် လုံးဝမပါဘူးဆိုတာလေးကိုတော့ လက်တွေ့သက်သေပြထား တာတွေ့ရပါတယ်။ အများအားဖြင့် အကောင်လေးတွေရဲ့ ချစ်စရာကောင်းပြီးှုနားစရာလည်းကောင်းနေတဲ့ ပုံလေးတွေမြင်တာနဲ့ငွေသားဘယ်လောက်ဆိုတာမျိုးမသတ်မှတ်ဘဲ ခွေးစာ၊ကြောင်စာ တွေကို ဘယ်နှထုပ်၊ဘယ်နှဘူးဆိုပြီးတော့ ပဲ လှုဒါန်းစေပါတယ်လို့ဆိုပါတယ်။ ခွေးလေးချတ်ချ်ရဲ့ ပုံတူလေးကိုဆိုရင် သဘောကျဝယ်ယူသွားတဲ့ သူက ဂျုံ ၅ကီလိုဂရမ်၊ခွေးစာ၁၀ဘူးနဲ့ အရေပြာလိမ်းဆေး တို့ကိုပါပေးလှုသွားကြပါတယ်။

photo internet

ဒါ့အပြင် ကြောင်လေးKsyushaရဲ့ ချစ်စရာပုံလေးကိုတော့ ကြောင်စာထုပ်လေးတွေနဲ့ ဆေးတို့ကိုပေးလှုကာဝယ်ယူသွားခဲ့ကြပါတယ်။ နောက်ထပ်ခွေးလေးSonyaရဲ့ပုံလေးကြတော့ အမဲသား၁၀ကီလိုဂရမ်နဲ့ လဲလှယ်ခဲ့ကြောင်းဆိုပါတယ်။ ဒီလိုမျိုးလဲလှယ်ခြင်းတွေဟာ ငွေကြေးအရှုပ်အရှင်းတွေကို မဖြစ်စေတော့ဘဲနှစ်ဦးနှစ်ဖက် အဆင်ပြေစေတဲ့အကြံကောင်းလေးတွေဖြစ်ပါတယ်လို့ဆိုပါတယ်။ ဒီပန်းချီဆရာလေးရဲ့ အလှုဒါနအတွက်ရုရှားရဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ VKမှာလည်း အကောင့်တစ်ခုဖွင့်ထားပေးပြီး၊ အလှုငွေများလက်ခံကာ တိရစ္ဆာန်လေးတွေအတွက် ထောက်ပံ့မှုများဆက်လုပ်နေပါတယ်လို့ပြောထားပါတယ်။ ပရဟိတလုပ်နေကြတဲ့သူတွေအထဲမှာတော့ အငယ်ဆုံးပရဟိတသမားလေးဖြစ်ကြောင်းပြောချင်ပါတယ်။

photo internet

(Zawgyi Version)

ကိုယ္ပိုင္ဝါသနာနဲ႔တိရစၦာန္ေလးေတြအတြက္အလႈေငြ႐ွာေဖြေပးေနသူေလး

ကေလးေတြပဲဆိုၿပီး သူတို႔အတြက္ပဲၾကည့္တတ္ၾကတယ္လို႔ထင္ရင္မွားပါလိမ့္မယ္။ဘာျဖစ္လို႔လဲဆိုေတာ့ လူႀကီးေတြထက္ ကေလးေတြကပိုၿပီးစိတ္ထက္သန္လို႔ပဲဆိုတာသိေစခ်င္ပါတယ္။ကေလးေလးေတြဟာ စိတ္အားငယ္တတ္တဲ့သူတို႔ရဲ႕ႏွလံုးသားေလးေတြအတိုင္းတိရစၦာနိေလးေတြကိုလည္းၾကင္နာေပးတာ၊ယုယေပးတာေတြပိုလို႔လုပ္တတ္ၾကပါတယ္။လမ္းမေပၚမွာေလလြင့္ေနတဲ့ေခြးေၾကာင္အဆံုးသက္႐ွိအားလံုးဆို အကုန္သနားတတ္တာေၾကာင့္ လူႀကီးေတြေျပာျပ၊သင္ျပထားတဲ့အတိုင္း သူတို႔မွာရိွတဲ့အင္အားနဲ႔ကိုကူညီေပးေနတဲ့ ကေလးေတြအမ်ားႀကီး႐ွိတယ္ဆိုတာသိေစခ်င္ပါတယ္။

သနားတဲ့စိတ္ေတြဟာလူေတြကိုဘယ္ေလာက္ထိႀကီးစိုးသလဲဆိုရင္ကိုယ္တိုင္မစားရရင္ေန သူတို႔ေလးေတြအတြက္ေဝစုကိုေတာင္မစားဘဲခ်ေကြၽးတတ္ၾကတာလည္းကေလးေတြျဖစ္တယ္ဆိုတာလက္ေတြ႔သိရျမင္ရမွာျဖစ္ပါတယ္။တခ်ိဳ႕ဆိုရင္ အဲဒီလိုတိရစၦာန္ေလးေတြအတြက္ ကိုယ္တိုင္ေနစရာေလးေတြ႐ွာေဖြေပးၿပီးစားေသာက္ေစၾကတယ္ဆိုတာမ်က္ျမင္ပဲျဖစ္ပါတယ္။

အဲလိုလူေတြအမ်ားႀကီးရိွတဲ့အထဲကမွ Pavel Arzamasဆိုတဲ့ကေလးေလးဟာ အသက္အားျဖင့္၉ႏွစ္ပဲ႐ွိေသးတာျဖစ္ေပမယ့္၊Nizhny Novgorodမွာ႐ွိၿပီ၊ၿမိဳ႕ေလး Arzamasမွာေနထိုင္တဲ့ ပန္းခ်ီပညာ႐ွင္ေလးတစ္ေယာက္ျဖစ္ပါတယ္။ ကိုယ္တိုင္ေရးဆြဲတဲ့ ပန္းခ်ီကားေလးေတြ ကိုေရာင္းခ်ကာေငြေၾကးေလး ေတြစုေဆာင္းေနတယ္လို႔ သိရတဲ့အတြက္ ဝမ္းသာမိပါတယ္။ ဒီလိုပန္းခ်ီကားေလး ေတြေရာင္းခ်ၿပီးပိုက္ဆံစုတယ္ဆိုတာ ေဆာ့ခ်င္လို႔ ဂိမ္းစက္ဝယ္ဖို႔မဟုတ္သလို၊ စားခ်င္တာေတြစားၿပီးသြားခ်င္တာသြားကာေနခ်င္တဲ့အတြက္ ေငြစုတာမဟုတ္ဘူးလို႔ ေလးစားဖြယ္သိရတဲ့ အတြက္ဂုဏ္ယူမိပါတယ္။

ဒီကေလးရဲ႕ ပန္းခ်ီပံုေတြဟာလည္း အမ်ားအားျဖင့္ သူခ်စ္တဲ့ တိရစၧာန္ေလးေတြရဲ႕ ပံုေလးေတြပဲဆြဲေရာင္းတာမ်ားပါတယ္။ အခုလိုမ်ိဳးခ်စ္စရာေကာင္းတဲ့ စိတ္ကူးဟာ လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္ကPavel Arzamas တို႔ရဲ႕ အိမ္ကတိရစၧာန္ေလးတစ္ေကာင္ ေပ်ာက္သြားတာက ေနစခဲ့တာလို႔သိရပါတယ္။
ေနရာအႏွံ႔မွာရွိတဲ့ ေဂဟာအကုန္လံုးကိုေရာက္ခဲ့ၿပီးရွာခဲ့ေပမယ့္၊ လံုး၀ရွာမေတြ႔ခဲ့ေတာ့ဘဲေဂဟာတိုင္းမွာရွိေနတဲ့ တိရစၧာန္ေလးေတြအတြက္ ရန္ပံုေငြ အခက္အခဲရွိေနတာကို မ်က္ျမင္ေတြ႔ခဲ့ရတာက စၿပီး၊ သနားစရာေကာင္းသူတို႔ေလးေတြရဲ႕ပံုေလးေတြက္ုပံုတူဆြဲၿပီး ေရာင္းရေငြမ်ားနဲ႔ သူတို႔အတြက္လိုအပ္တဲ့ အစားအစာ ေဆးစတာေတြကို လႈဒါန္းေပးသြားမွာျဖစ္တယ္လို႔ဆိုပါတယ္။ကေလးတစ္ေယာက္အေနနဲ႔ ဒီအစီအစဥ္ကို လုပ္ခ်င္ေပမယ့္လည္း လူႀကီးတစ္ေယာက္မွမပါဘူးဆိုလည္း အဆင္မေျပႏိုင္တာေၾကာင့္ အေမျဖစ္သူက ဒီအစီအစဥ္ေလးျဖစ္ေျမာက္ေရးကို စြမ္းစြမ္းတမံကူညီလုပ္ကိုင္ေပးေနတယ္လို႔ဆိုပါတယ္။ ထူးဆန္းတဲ့အလဲအလွယ္ေလးကလည္း ကိုယ္က်ိဳးအတြက္ လံုး၀မပါဘူးဆိုတာေလးကိုေတာ့ လက္ေတြ႕သက္ေသျပထားတာေတြ႔ရပါတယ္။ အမ်ားအားျဖင့္ အေကာင္ေလးေတြရဲ႕ ခ်စ္စရာေကာင္းၿပီးႈနားစရာလည္းေကာင္းေနတဲ့ပံုေလးေတြျမင္တာနဲ႔ေငြသားဘယ္ေလာက္ဆိုတာမ်ိဳးမသတ္မွတ္ဘဲ ေခြးစာ၊ေၾကာင္စာ ေတြကို ဘယ္ႏွထုပ္၊ဘယ္ႏွဘူးဆိုၿပီးေတာ့ ပဲ လႈဒါန္းေစပါတယ္လို႔ဆိုပါတယ္။ ေခြးေလးခ်တ္ခ်္ရဲ႕ ပံုတူေလးကိုဆိုရင္ သေဘာက်၀ယ္ယူသြားတဲ့ သူက ဂ်ဳံ ၅ကီလိုဂရမ္၊ေခြးစာ၁၀ဘူးနဲ႔ အေရျပာလိမ္းေဆး တို႔ကိုပါေပးလႈသြားၾကပါတယ္။

ဒါ့အျပင္ ေၾကာင္ေလးKsyushaရဲ႕ ခ်စ္စရာပံုေလးကိုေတာ့ ေၾကာင္စာထုပ္ေလးေတြနဲ႔ ေဆးတို႔ကိုေပးလႈကာ၀ယ္ယူသြားခဲ့ၾကပါတယ္။ ေနာက္ထပ္ေခြးေလးSonyaရဲ႕ပံုေလးၾကေတာ့ အမဲသား၁၀ကီလိုဂရမ္နဲ႔ လဲလွယ္ခဲ့ေၾကာင္းဆိုပါတယ္။ ဒီလိုမ်ဳိးလဲလွယ္ျခင္းေတြဟာ ေငြေၾကးအရႈပ္အရွင္းေတြကို မျဖစ္ေစေတာ့ဘဲႏွစ္ဦးႏွစ္ဖက္ အဆင္ေျပေစတဲ့အၾကံေကာင္းေလးေတြျဖစ္ပါတယ္လို႔ဆိုပါတယ္။ ဒီပန္းခ်ီဆရာေလးရဲ႕ အလႈဒါနအတြက္ရုရွားရဲ႕ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ VKမွာလည္း အေကာင့္တစ္ခုဖြင့္ထားေပးၿပီး၊ အလႈေငြမ်ားလက္ခံကာ တိရစၧာန္ေလးေတြအတြက္ ေထာက္ပံ့မႈမ်ားဆက္လုပ္ေနပါတယ္လို႔ေျပာထားပါတယ္။ ပရဟိတလုပ္ေနၾကတဲ့သူေတြအထဲမွာေတာ့ အငယ္ဆံုးပရဟိတသမားေလးျဖစ္ေၾကာင္းေျပာခ်င္ပါတယ္။