လက်နှစ်ဖက်မပါပေမယ့်ထူးချွန်သူလေး

0
1192
photo internet

လူသားတိုင်းဟာ မွေးလာကတည်းက ပြည့်စုံစွာမွေးဖွားလာကြတဲ့သူတွေရှိသလို၊ တစ်နေရာရာချို့တဲ့ပြီး မွေးလာတာလည်း ရှိကြပါတယ်။ တချို့ကလည်း အင်္ဂါစုံစွာ မွေးလာကြပေမယ့်လည်း ကိုယ့်အတွက် မိသားစုအတွက်၊ တိုင်းပြည်အတွက်ဆိုပြီး၊တွေးကာ တတ်သည့်ပညာ မနေသာဆိုသလိုပဲ ပိုပိုပြီးကောင်းအောင် ထင်ရှားသထက်ထင်ရှားပြီး ကမ္ဘာသိအောင်ထိ လုပ်နိုင်ကြတာတွေလည်းရှိတယ်ဆိုတာ မှတ်သားရပါတယ်။ ဒါပေမယ့် မသန်ပေမယ့် စွမ်းကြတဲ့ သူတွေထဲမှာလည်း ကြိုးစားပမ်းစားလေ့ကျင့်သင်ယူပြီး ကမ္ဘာကသိအောင်လုပ်ပြနိုင်ခဲ့တဲ့ ကလေးတွေလည်းအများကြီးရှိနေတာကိုပြောပြပေးမှာဖြစ်ပါတယ်။

photo internet

အခုပြောပြပေးမယ့် ကလေးကတော့ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် မှာ ကျောင်းတက်ကာပညာသင်ကြားနေတဲ့ တတိယတန်းကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အမည်လေးက အန်နာယာလို့ ခေါ်ပါတယ်။ သူမဟာ ဘဝပေးကုသိုလ်နည်းခဲ့တာကြောင့် မွေးကတည်းက လက်နှစ်ဖက်ဟာ လက်ချောင်းလေးတွေပါမလာခဲ့တာဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက လက်ချောင်းလေးတွေ ပါမလာခဲ့တာကြောင့် စာရေးဖို့နဲ့ တခြားကျောင်းသားတွေလို၊ပစ္စည်းတွေကို ကိုင်တွယ်သုံးစွဲဖို့မှာတော့ အများနဲ့မတူ ခက်ခဲတာတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ မလျှော့တဲ့ဇွဲနဲ့ ကြိုးစားမှုတွေကြောင့် အရာရာဟာ အခက်အခဲမရှိဘဲ လွယ်ကူစွာလုပ်နိုင်လာခဲ့ပါတယ်။

photo internet

သူမဟာ ဘယ်လောက်အထိကြိုးစားခဲ့သလဲဆိုရင် သူမလက်ရေးလေးတွေဟာ သူများတွေထက်လှလွန်းတာကြောင့် အမျိုးသားထူုးချွန်ဆုဆိုတာကို လက်ခံရယူနိုင်ခဲ့ပါတယ်။ သမီးငယ်လေးရဲ့ အသက်ဟာ ၉နှစ်သာရှိသေးပေမယ့်လည်း Nicholas maximနဲ့ Zaner-Nioser National Handwriting Contes ကပေးနဲ့ဆုတွေကို ရရှိခဲ့တဲ့သူလေးဖြစ်ပါတယ်။ Zaner-Bloserဆုကတော့ မွေးရာပါ မသန်စွမ်းခဲ့ပေမယ့်၊ သူမရဲ့ထူးခြားလှပတဲ့ လက်ရေးလက်သားနဲ့ပတ်သက်ပြီး ပါရမီရှိသူလို့ ပြောလို့ရတဲ့အနေအထားတွေကြောင့် ပေးအပ်ခဲ့တာဖြစ်ပါတယ်။ Nicholas Maximဆုဆိုတာကတော့ လှလှပပနဲ့လက်ရေးဆက်ရေးနိုင်တာတွေကြောင့် ပေးအပ်ခဲ့တဲ့ ဆုဖြစ်ပါတယ်။ သူမအနေနဲ့ လက်အတုသုံးပြီး ရေးသားခဲ့တာမဟုတ်တဲ့အတွက် ပိုပြီးထူးခြားလှပခဲ့တာကြောင့် ဒီဆုနှစ်ဆုကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

photo internet

သူမမှာရှိနေတဲ့ လက်ချောင်းငုံးတိတိလေးတွေနဲ့ ကြိုးစားလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။
သူမရဲ့ ကြိုးစားအောင်မြင်မှုတွေဟာ တခြာလူတွေကိုလည်း ခွန်အားပေးနိုင်တဲ့သူဖြစ်ကြောင်းသူမရဲ့ ကျောင်းအုပ်ဆရာမကြီးကချီးမွမ်းခန်းဖွင့်ပြောဆိုခဲ့ပါတယ်။ သူမရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကြိုးစားမှုဟာ အခုလို အောင်မြင်တဲ့ အခြေအနေတစ်ခုရောက်လာအောင် တွန်းပို့ခဲ့တာဖြစ်ကြောင်းဆရာမကြီးက မှတ်ချက်ချခဲ့ပါတယ်။ သူမဟာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီးကြိုးစားမြဲဆက်ကြိုးစားနေတဲ့ ကလေးမလေးဖြစ်တာကြောင့် တွေ့တဲ့သူတိုင်းဟာ မချီးမွမ်းဘဲမနေနိုင်ကြတဲ့ အခြေအနေကို ပိုင်ဆိုင်ခဲ့ရတဲ့သမီးလေးပဲဖြစ်ပါတယ်။လက်မပါတာတောင် ဒီလောက်ကြိုးစားနိုင်ရင် ပြည့်စုံတဲ့သူတစ်ယောက်သာဖြစ်ခဲ့မယ်ဆိုပါက အဆပေါင်းများစွာသာနေမှာပါလို့ တွေးနေမိပါတယ်။

photo internet

(Zawgyi Version)

လက္ႏွစ္ဖက္မပါေပမယ့္ထူးခ်ြန္သူေလး

လူသားတိုင္းဟာ ေမြးလာကတည္းက ျပည့္စံုစြာေမြးဖြားလာၾကတဲ့သူေတြရွိသလို၊ တစ္ေနရာရာခ်ိဳ႕တဲ့ၿပီး ေမြးလာတာလည္း ရွိၾကပါတယ္။ တခ်ိဳ႕ကလည္း အဂၤါစံုစြာ ေမြးလာၾကေပမယ့္လည္း ကိုယ့္အတြက္ မိသားစုအတြက္၊ တိုင္းျပည္အတြက္ဆိုၿပီး၊ေတြးကာ တတ္သည့္ပညာ မေနသာဆိုသလိုပဲ ပိုပိုၿပီးေကာင္းေအာင္ ထင္ရွားသထက္ထင္ရွားၿပီး ကမၻာသိေအာင္ထိ လုပ္ႏိုင္ၾကတာေတြလည္းရွိတယ္ဆိုတာ မွတ္သားရပါတယ္။ ဒါေပမယ့္ မသန္ေပမယ့္ စြမ္းၾကတဲ့ သူေတြထဲမွာလည္း ႀကိဳးစားပမ္းစားေလ့က်င့္သင္ယူၿပီး ကမၻာကသိေအာင္လုပ္ျပႏိုင္ခဲ့တဲ့ ကေလးေတြလည္းအမ်ားႀကီးရွိေနတာကိုေျပာျပေပးမွာျဖစ္ပါတယ္။

အခုေျပာျပေပးမယ့္ ကေလးကေတာ့ အေမရိကန္ႏိုင္ငံ ဗာဂ်ီးနီးယားျပည္နယ္ မွာ ေက်ာင္းတက္ကာပညာသင္ၾကားေနတဲ့ တတိယတန္းေက်ာင္းသူေလးတစ္ဦးျဖစ္ပါတယ္။ သူမရဲ႕ အမည္ေလးက အန္နာယာလို႔ ေခၚပါတယ္။ သူမဟာ ဘ၀ေပးကုသိုလ္နည္းခဲ့တာေၾကာင့္ ေမြးကတည္းက လက္ႏွစ္ဖက္ဟာ လက္ေခ်ာင္းေလးေတြပါမလာခဲ့တာျဖစ္ပါတယ္။ သူမဟာ ငယ္စဥ္ကတည္းက လက္ေခ်ာင္းေလးေတြ ပါမလာခဲ့တာေၾကာင့္ စာေရးဖို႔နဲ႔ တျခားေက်ာင္းသားေတြလို၊ပစၥည္းေတြကို ကိုင္တြယ္သံုးစြဲဖို႔မွာေတာ့ အမ်ားနဲ႔မတူ ခက္ခဲတာေတာ့ ရွိခဲ့ပါတယ္။ ဒါေပမယ့္ သူမရဲ႕ မေလွ်ာ့တဲ့ဇြဲနဲ႔ ႀကိဳးစားမႈေတြေၾကာင့္ အရာရာဟာ အခက္အခဲမရွိဘဲ လြယ္ကူစြာလုပ္ႏိုင္လာခဲ့ပါတယ္။

သူမဟာ ဘယ္ေလာက္အထိႀကိဳးစားခဲ့သလဲဆိုရင္ သူမလက္ေရးေလးေတြဟာ သူမ်ားေတြထက္လွလြန္းတာေၾကာင့္ အမ်ိဳးသားထူုးခ်ြန္ဆုဆိုတာကို လက္ခံရယူႏိုင္ခဲ့ပါတယ္။ သမီးငယ္ေလးရဲ႕ အသက္ဟာ ၉ႏွစ္သာရွိေသးေပမယ့္လည္း Nicholas maximနဲ႔ Zaner-Nioser National Handwriting Contes ကေပးနဲ့ဆုေတြကို ရရွိခဲ့တဲ့သူေလးျဖစ္ပါတယ္။ Zaner-Bloserဆုကေတာ့ ေမြးရာပါ မသန္စြမ္းခဲ့ေပမယ့္၊ သူမရဲ႕ထူးျခားလွပတဲ့ လက္ေရးလက္သားနဲ႔ပတ္သက္ၿပီး ပါရမီရွိသူလို႔ ေျပာလို႔ရတဲ့အေနအထားေတြေၾကာင့္ ေပးအပ္ခဲ့တာျဖစ္ပါတယ္။ Nicholas Maximဆုဆိုတာကေတာ့ လွလွပပနဲ႔လက္ေရးဆက္ေရးနိုင္တာေတြေၾကာင့္ ေပးအပ္ခဲ့တဲ့ ဆုျဖစ္ပါတယ္။ သူမအေနနဲ႔ လက္အတုသံုးၿပီး ေရးသားခဲ့တာမဟုတ္တဲ့အတြက္ ပ္ိုၿပီးထူးျခားလွပခဲ့တာေၾကာင့္ ဒီဆုႏွစ္ဆုကို လက္ခံရရွိခဲ့တာျဖစ္ပါတယ္။

သူမမွာရွိေနတဲ့ လက္ေခ်ာင္းငံုးတိတိေလးေတြနဲ႔ ႀကိဳးစားေလ့က်င့္ခဲ့တာျဖစ္ပါတယ္။
သူမရဲ႕ ႀကိဳးစားေအာင္ျမင္မႈေတြဟာ တျခာလူေတြကိုလည္း ခြန္အားေပးႏိုင္တဲ့သူျဖစ္ေၾကာင္းသူမရဲ႕ ေက်ာင္းအုပ္ဆရာမႀကီးကခ်ီးမြမ္းခန္းဖြင့္ေျပာဆိုခဲ့ပါတယ္။ သူမရဲ႕ စိတ္ဓာတ္ႀကံ႕ခိုင္မႈနဲ႔ ႀကိဳးစားမႈဟာ အခုလို ေအာင္ျမင္တဲ့ အေျခအေနတစ္ခုေရာက္လာေအာင္ တြန္းပို႔ခဲ့တာျဖစ္ေၾကာင္းဆရာမႀကီးက မွတ္ခ်က္ခ်ခဲ့ပါတယ္။ သူမဟာ ရဲစြမ္းသတၱိနဲ႔ျပည့္စံုၿပီးႀကိဳးစားၿမဲဆက္ႀကိဳးစားေနတဲ့ ကေလးမေလးျဖစ္တာေၾကာင့္ ေတြ႔တဲ့သူတိုင္းဟာ မခ်ီးမြမ္းဘဲမေနႏိုင္ၾကတဲ့ အေျခအေနကို ပိုင္ဆိုင္ခဲ့ရတဲ့သမီးေလးပဲျဖစ္ပါတယ္။လက္မပါတာေတာင္ ဒီေလာက္ႀကိဳးစားႏိုင္ရင္ ျပည့္စံုတဲ့သူတစ္ေယာက္သာျဖစ္ခဲ့မယ္ဆိုပါက အဆေပါင္းမ်ားစြာသာေနမွာပါလို႔ ေတြးေနမိပါတယ္။