ကလေးအရွယ်နဲ့တောင်အလုပ်လက်ခံနိုင်ပြီဖြစ်တဲ့ ပန်းချီဆရာပေါက်စလေး
0
195
photo internet
လူငယ်လူလတ်တွေလောက်ပဲ အလုပ်လုပ်ကြတဲ့သူတွေရှိနေတယ်လို့ထင်ထားပါတယ်။ဒါပေမယ့် ကလေးတွေမှာလည်း လူကြီးတွေနဲ့မတူတဲ့ အတွေးမျိုးလေးတွေရှိ နေကြတာကို သိစေချင်ပါတယ်။ အခုပြောပြပေးမယ့်ကလေးကတော့တခြားကလေးတွေလိုဟင်းချက်တာ၊ကားပြင်တာ၊ကားရေဆေးပေးတာ၊သစ်ပင်စိုက်တာဘောလုံးကစားတာမျိုးတွေ ဝါသနာပါတာမဟုတ်ဘဲ ပန်းချီဆွဲတာကို ဝါသနာပါတဲ့ ကလေး တစ်ယောက်ဖြစ်ပါတယ်။
photo internet
သူ့နာမည်လေးက ဂျိုးလို့ခေါ်ပြီး အသက်ကလည်း၉နှစ်ပဲရှိပါသေးတယ်။ မိသားစုအနေနဲ့ သူဟာ အမြဲတမ်းအခန်းထဲမှာတစ်ယောက်တည်းပဲနေကာ ပန်းချီဆွဲနေတာကို တွေ့ရတာကြောင့် ကျောင်းကဖွင့်တဲ့ ပန်းချီသင်တန်းကို မိဘတွေကတက်စေခဲ့ပါတယ်။ သင်တန်းမှာအားအသန်ဆုံးပြောပြရရင်DoodleArt လို့ခေါ်တဲ့ကာတွန်းရုပ်လေးတွေ ဆွဲတာကိုအမျိုးစုံဆွဲတာမျိုးဖြစ်ပါတယ်။ ပန်းချီဆရာတောင်မှဂျိုးရဲ့ လက်ရာတွေကိုကြိုက်လွန်းတာမို့ အွန်လိုင်းမှာတင်ခဲ့ပါသေးတယ်။ ဆရာဖြစ်သူတင်ပေးခဲ့တဲ့ အချက်အလက်တွေကို စားသောက်ဆိုင်မှ ဝန်ထမ်းတစ်ယောက်ကတွေ့မြင်ပြီးဆိုင်ကလူကြီးများနဲ့တိုင်ပင်ကာ သူတို့ရဲ့ဆိုင်နံရံမှာ ပန်းချီလေးတွေရေးဆွဲဖို့ ငှါးရမ်းခဲ့ပါတယ်။
photo internet
စားသောက်ဆိုင်နံရံမှာDoodleရေးဆွဲဖို့အတွက်အချိန်ပေါင်း၁၂နာရီ ကြာဆွဲခဲ့ရတယ်လို့သိရပါတယ်။ ကလေးတစ်ယောက်ဖြစ်ပေမယ့်၊သူဝါသနာပါရာကိုလုပ်နေရတဲ့အတွက် အချိန်ဘယ်လောက်ကြာမှန်းတောင်မသိ တဲ့အထိ အနုစိတ်ရေးဆွဲထားတာကိုကြည့်ရခြင်းဖြင့်အဲဒီကလေးဟာ တော်ရုံစိတ်အားထက်သန်မှုနဲ့တော့မဟုတ်ဘူး ဆိုတာအသိအမှတ်ပြုရမယ့်အနေအထားဖြစ်နေပါတယ်။ မိသားစုရဲ့ထောက်ပံ့အားပေးမုှသာရရင် နိုင်ငံကျော် အနုပညာ ဆရာပေါက်စလေးဖြစ်လာမှာ မလွဲပါဘူးလို့ပြောချင်ပါတယ်။မိမိတို့ကလေးငယ်လေးတွေ ဘာဝသနာပါလဲ၊ ဘယ်လောက်ဆွဲနိုင်သလဲ၊ ဘာတွေကိုဆွဲရတာပိုပြီးဆန္ဒရှိတယ်ဆိုတာမျိုးကို ဂရုစိုက်ကြစေချင်ပါတယ်၊၊ ပျိုးထောင်ပေးဖို့ ဦးယျာဉ်မှုးကောင်းကောင်းလိုအပ်ကြောင်းပြောပြချင်ပါတယ်။
photo internet
(Zawgyi Version)