တစ်ကိုယ်တော်ပြပွဲကျင်းပတော့မယ့် ပန်းချီဆရာဝက်မကလေး

0
328
photo internet

ပန်းချီအနုပညာဆိုတာ လူသားတွေမှစိတ်ဝင်စားကြတာမဟုတ်ပါဘူး။ တခြားတိရစ္ဆာန်လေးတွေကလည်း လူတွေနဲ့ အနေနီးစပ်လာတဲ့အတွက် သူတို့ရဲ့ စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးသာယာအေးချမ်းချင်ကြမှာပါ။
အခုလည်း သူ့ဘဝလေးဟာ တိရစ္ဆာန်တစ်ကောင်ဖြစ်ပေမယ့် သူ့ရဲ့ ဘဝပေးကုသိုလ်ကံကြောင့် လူတွေရဲ့ မွေးစားထားခြင်းကိုခံခဲ့ရပါတယ်။ သူစိတ်ဝင်စားတဲ့ အနုပညာကိုလည်းလုပ်ခွင့်ရခဲ့ပါပြီ။ သူလေးကတော့ ပစ်ကာဆိုတဲ့အမည်ရတဲ့ ဝက်ကလေးပါ။ ဝက်မလေးရဲ့ ကုသိုလ်ကံဟာ ကောင်းတဲ့ဘက်ကို ရောက်ဖို့ အချိန်တန်ပြီဖြစ်တာကြောင့် သားသတ်ရုံရောက်ပြီးအသတ်ခံရဆဲဆဲမှာပဲ မွေးစားခံခဲ့ရတာဖြစ်ပါတယ်။

photo internet

ပန်းချီဆရာသေပြီးဝင်စားထားတာလားလို့တောင်ထင်ရတဲ့ အခြေအနေထိ သူဟာ စိတ်ဝင်စားစွာဆွဲတတ်လာပါတယ်။ တိရစ္ဆာန်ဆိုတော့လည်း သူ့စိတ်ထဲမှာခံစားလာခဲ့ရတဲ့ အနေအထားလေးတွေကို ဖော်ပြချင်တာလေးတွေလည်း ရှိနေမယ်လို့ ထင်ပါတယ်။

photo internet

စိတ္တဇဆန်တဲ့ ပန်းချီတွေဖြစ်ပေမယ့် ဆွဲတဲ့ မျဉ်းတွေနဲ့ ကောက်ကြောင်းတွေဟာ သေသေချာချာကြည့် လိုက်မယ်ဆိုရင်တော့ မတူဘူးဆိုတာသိကြမှာဖြစ်ပါတယ်။ ဝက်ကလေးရဲ့ စိတ္တဇပန်းချီလေးတွေကို လာပြီးအားပေးကြတဲ့ လူတွေဟာ ပိုပြီးများလာတာတွေ့ရပါတယ်။ သူ့ရဲ့ ပန်းချီကားတစ်ချပ်ဟာ တန်ကြေး ၃၀၀၀ စတာလင်ပေါင်ကျသင့်ကြောင်းမှတ်သားရပါတယ်။ ဝက်မလေးရဲ့ ပန်းချီပြပွဲကိုတော့ OINKလို့အမည်ပေးထားပါတယ်။ သူ့ရဲ့ ပန်းချီပြပွဲလေးကို တောင်အာဖရိကရဲ့ ကိပ်တောင်းမြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ကာ၊ လန်ဒန်၊ ပဲရစ်၊ ဘာလင်၊အမ်စတာဒမ်စတဲ့ဥရောပတစ်ခွင်မှာရှိတဲ့မြို့ကြီးများကိုလည်း လှည့်လည်ပြသသွားမယ်လို့ ဆိုပါတယ်။

photo internet

ပစ်ကာဆိုလေးရဲ့ မွေးစားမေမေ Joanne Lefson ကတော့ ပစ်ကာဆိုလေးရဲ့ အောင်မြင်တဲ့ ပန်းတိုင်တစ်ခုအတွက် အရမ်းကိုပျော်ရွှင်နေကာ ဂုဏ်ယူနေခဲ့ရပါတယ်။ ဒီပန်းချီပြပွဲက ရရှိလာတဲ့ ဝင်ငွေတွေကိုတော့ တိရစ္ဆာန်ကယ်ဆယ်ရေးဘေးမဲ့တောကို လှူဒါန်းသွားမှာဖြစ်တယ်လို့ ဝမ်းသာစွာသိခဲ့ရပါတယ်။ ပစ်ကာဆိုလေးရဲ့ အမေဇုန် အမည်နဲ့ ပန်းချီကားဟာ စုတ်ချက်တွေနဲ့ အရောင်သုံးထားချက်တွေဟာလည်း ပန်းချီဆရာ Jacks on Pollock ကို အတုယူထားသလားလို့တောင်ထင်ရတယ်လို့သိရပါတယ်။ Whale ဆိုတဲ့ ပန်းချီကားကတော့ ပန်းချီဆရာ Matisseရဲ့ Blue Nude ပန်းချီကားကို အမှတ်ရစေမှာဖြစ်တယ်လို့သိရပါတယ်။ ဒီပွဲလေးသာ ထင်ထားတာထက် ပိုပြီးအောင်မြင်ခဲ့မယ်ဆိုရင်တော့ ဝက်မလေးရဲ့ ဘဝဟာ ပျော်စရာအတိရှိနေမှာပဲလို့ တွေးနေမိပါတယ်။

photo internet

(Zawgyi Version)

တစ္ကိုယ္ေတာ္ျပပြဲက်င္းပေတာ့မယ့္ ပန္းခ်ီဆရာ၀က္မကေလး

ပန္းခ်ီအႏုပညာဆိုတာ လူသားေတြမွစိတ္၀င္စားၾကတာမဟုတ္ပါဘူး။ တျခားတိရစၧာန္ေလးေတြကလည္း လူေတြနဲ႔ အေနနီးစပ္လာတဲ့အတြက္ သူတို႔ရဲ႕ စိတ္ထဲမွာ ေပ်ာ္ရႊင္ၾကည္ႏူးသာယာေအးခ်မ္းခ်င္ၾကမွာပါ။
အခုလည္း သူ႕ဘ၀ေလးဟာ တိရစၧာန္တစ္ေကာင္ျဖစ္ေပမယ့္ သူ႕ရဲ႕ ဘ၀ေပးကုသိုလ္ကံေၾကာင့္ လူေတြရဲ႕ ေမြးစားထားျခင္းကိုခံခဲ့ရပါတယ္။ သူစိတ္၀င္စားတဲ့ အႏုပညာကိုလည္းလုပ္ခြင့္ရခဲ့ပါၿပီ။ သူေလးကေတာ့ ပစ္ကာဆိုတဲ့အမည္ရတဲ့ ၀က္ကေလးပါ။ ၀က္မေလးရဲ႕ ကုသိုလ္ကံဟာ ေကာင္းတဲ့ဘက္ကို ေရာက္ဖို႔ အခ်ိန္တန္ၿပီျဖစ္တာေၾကာင့္ သားသတ္ရံုေရာက္ၿပီးအသတ္ခံရဆဲဆဲမွာပဲ ေမြးစားခံခဲ့ရတာျဖစ္ပါတယ္။

ပန္းခ်ီဆရာေသၿပီး၀င္စားထားတာလားလို႕ေတာင္ထင္ရတဲ့ အေျခအေနထိ သူဟာ စိတ္၀င္စားစြာဆြဲတတ္လာပါတယ္။ တိရစၧာန္ဆိုေတာ့လည္း သူ႕စိတ္ထဲမွာခံစားလာခဲ့ရတဲ့ အေနအထားေလးေတြကို ေဖာ္ျပခ်င္တာေလးေတြလည္း ရွိေနမယ္လို႔ ထင္ပါတယ္။

စိတၱဇဆန္တဲ့ ပန္းခ်ီေတြျဖစ္ေပမယ့္ ဆြဲတဲ့ မ်ဥ္းေတြနဲ႔ ေကာက္ေၾကာင္းေတြဟာ ေသေသခ်ာခ်ာၾကည့္ လိုက္မယ္ဆုိရင္ေတာ့ မတူဘူးဆိုတာသိၾကမွာျဖစ္ပါတယ္။ ၀က္ကေလးရဲ႕ စိတၱဇပန္းခ်ီေလးေတြကို လာၿပီးအားေပးၾကတဲ့ လူေတြဟာ ပိုၿပီးမ်ားလာတာေတြ႕ရပါတယ္။ သူ႔ရဲ႕ ပန္းခ်ီကားတစ္ခ်ပ္ဟာ တန္ေၾကး ၃၀၀၀ စတာလင္ေပါင္က်သင့္ေၾကာင္းမွတ္သားရပါတယ္။ ၀က္မေလးရဲ႕ ပန္းခ်ီျပပြဲကိုေတာ့ OINKလို႔အမည္ေပးထားပါတယ္။ သူ႔ရဲ႕ ပန္းခ်ီျပပြဲေလးကို ေတာင္အာဖရိကရဲ႕ ကိပ္ေတာင္းၿမိဳ႕မွာ က်င္းပျပဳလုပ္မွာျဖစ္ကာ၊ လန္ဒန္၊ ပဲရစ္၊ ဘာလင္၊အမ္စတာဒမ္စတဲ့ဥေရာပတစ္ခြင္မွာရွိတဲ့ၿမိဳ႕ႀကီးမ်ားကိုလည္း လွည့္လည္ျပသသြားမယ္လို႔ ဆိုပါတယ္။

ပစ္ကာဆိုေလးရဲ႕ ေမြးစားေမေမ Joanne Lefson ကေတာ့ ပစ္ကာဆိုေလးရဲ႕ ေအာင္ျမင္တဲ့ ပန္းတိုင္တစ္ခုအတြက္ အရမ္းကိုေပ်ာ္ရႊင္ေနကာ ဂုဏ္ယူေနခဲ့ရပါတယ္။ ဒီပန္းခ်ီျပပြဲက ရရွိလာတဲ့ ၀င္ေငြေတြကိုေတာ့ တိရစၧာန္ကယ္ဆယ္ေရးေဘးမဲ့ေတာကို လွဴဒါန္းသြားမွာျဖစ္တယ္လို႔ ၀မ္းသာစြာသိခဲ့ရပါတယ္။ ပစ္ကာဆိုေလးရဲ႕ အေမဇုန္ အမည္နဲ႔ ပန္းခ်ီကားဟာ စုတ္ခ်က္ေတြနဲ႔ အေရာင္သံုးထားခ်က္ေတြဟာလည္း ပန္းခ်ီဆရာ Jacks on Pollock ကို အတုယူထားသလားလို႔ေတာင္ထင္ရတယ္လို႔သိရပါတယ္။ Whale ဆုိတဲ့ ပန္းခ်ီကားကေတာ့ ပန္းခ်ီဆရာ Matisseရဲ႕ Blue Nude ပန္းခ်ီကားကို အမွတ္ရေစမွာျဖစ္တယ္လို႔သိရပါတယ္။ ဒီပြဲေလးသာ ထင္ထားတာထက္ ပိုၿပီးေအာင္ျမင္ခဲ့မယ္ဆိုရင္ေတာ့ ၀က္မေလးရဲ႕ ဘ၀ဟာ ေပ်ာ္စရာအတိရွိေနမွာပဲလို႔ ေတြးေနမိပါတယ္။