ညီလေးကိုလက်ဆောင်ပေးချင်လို့ ပါဝါဘဏ်လေးကိုယ်တိုင်တီထွင်

0
452
photo internet

ကိုယ့်ရဲ့ချစ်သူခင်သူတွေအတွက်ဆိုရင် ဘယ်လောက်ပဲပင်ပန်းတာဖြစ်ပါစေ အချိန်တွေ၊ ငွေတွေ အကုန်အကျခံပြီး တီထွင်ပေးရတာမျိုးကိုမှ ကျေနပ်ကြတာဖြစ်ပါတယ်။ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲဖြစ်ပေါ်လာတဲ့ ဆန္ဒတစ်ခုကို အောင်မြင်အောင် တီထွင်ဖို့ဆိုတာဟာ အကြံဉာဏ်ရော၊ စေတနာရောပေါင်းစပ်ပြီးလုပ်ပေးရတာမျိုးမှ ပိုပြီးတန်ဖိုးရှိတာဖြစ်ပါတယ်။

photo internet

တချို့ဆိုရင် အိမ်မှာ ဘာလေးပဲဖြစ်ဖြစ် တစ်ခုခု ချို့ယွင်းပြီဆိုရင် ဘယ်ကနေစလုပ်မှန်းတောင် မသိကြတဲ့ အနေအထားလေးတွေ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ မီးချောင်းလေးကျွမ်းရင်တောင်ပြန်ကောင်းနိုင်အောင်တော့ လုပ်ပေးနိုင်ကြဖို့လိုပါတယ်။ မလုပ်ဘဲနေကာမှနေ ယောကျာ်းလေးတွေ အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် တတ်ထားဖို့တော့ ကောင်းပါတယ်။အခုပြောပြပေးချင်တဲ့ အကြောင်းလေးဟာလည်း အစ်ကိုဖြစ်သူက သူ့ရဲ့ အချစ်ဆုံး ညီလေးအတွက် Power Bankလေးတစ်လုံးကို ဖန်တီးပေးခဲ့တဲ့ အကြောင်းလေးဖြစ်ပါတယ်။

photo internet

ဒီအကြောင်းလေးဟာလည်း လူတကာရဲ့ ပါးစပ်ဖျားမှာ နာမည်ကြီးခဲ့ပါတယ်။ ချီးကျူးကြတဲ့ ထောပနာသံတွေဟာလည်း မိုးကောင်းကင်တောင်ပြိုကျမတတ်ဖြစ်ခဲ့ပါတယ်။ အိမ်လုပ် ပါဝါဘဏ်လေးဖြစ်တာမို့ ပါဝင်ပစ္စည်းတွေဟာလည်း ကတ္တူစက္ကူလေးတွေ၊ ဝါယာကြိုးလေးတွေနဲ့ ဖန်တီးထားခဲ့ပြီး၊ အပေါ်ကနေမှ Power Bank ဆိုတဲ့ စာလေးကိုတောင် လက်ရေးလေးနဲ့ ရေးပေးထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ စက္ကူပုံးလေးပုံစံ လုပ်ပြီး၊ ဘေးဖက်မှာ အပေါက်ဖောက်ကာ USBခေါင်းလေးကို ကပ်ထားပေးပါတယ်။ ဒီလိုလုပ်ထားတာဟာ အဆင်မပြေနိုင်ဘူးလို့ ထင်ခဲ့ပေမယ့်၊ သူ့ရဲ့ ပါဝါဘဏ်လေးဟာ အားသွင်းဖို့ အတော်လေးကို အဆင်ပြေခဲ့ပါတယ်လို့ ဆိုပါတယ်။

photo internet

ဒီထက်ပိုပြီးအန္တရာယ်လည်းကင်းပြီး၊ကြာရှည်လည်းခံတဲ့ အနေအထားရအောင် ထပ်ကြိုးစားပါမယ်ဆိုကာ ရေးသားထားတဲ့စာလေးကိုလည်း ဖတ်လိုက်ရပါတယ်။ လက်ရှိမှာကျောင်းသားတစ်ယောက်ဖြစ်နေတာမို့ သူ့ညီလေးအတွက် လိုအပ်နေတဲ့ အဲဒီပစ္စည်းလေးကို ပိုက်ဆံရှာနိုင်တဲ့ အချိန်မှ ပိုကောင်းတာလေးဝယ်ပေး မယ်လို့လည်း တင်ထားခဲ့ပါသေးတယ်။ တီထွင်ဉာဏ်တွေ ရှိနေပေမယ့်လည်း ကုန်ကျမယ့်စရိတ်စကအတွက် အခက်အခဲရှိနေတာမို့ ဖြစ်သလိုလေးပဲ တီထွင်ထားတာတောင် အချိန်ကြာအားသွင်းလို့ ရနေရင် သေချာလေးသာလုပ်နိုင်ခဲ့မယ်ဆိုပါကပညာရှင်တစ်ဦးထွက်ပေါ်လာဦးမှာမို့ နိုင်ငံအတွက်ဝမ်းသာစရာ သတင်းဖြစ်ပါတယ်။

photo internet

(Zawgyi Version)

ညီေလးကိုလက္ေဆာင္ေပးခ်င္လို႔ ပါဝါဘဏ္ေလးကိုယ္တိုင္တီထြင္

ကိုယ့္ရဲ႕ခ်စ္သူခင္သူေတြအတြက္ဆိုရင္ ဘယ္ေလာက္ပဲပင္ပန္းတာျဖစ္ပါေစ အခ်ိန္ေတြ၊ ေငြေတြ အကုန္အက်ခံၿပီး တီထြင္ေပးရတာမ်ိဳးကိုမွ ေက်နပ္ၾကတာျဖစ္ပါတယ္။ ရင္ထဲကေန လႈိက္လႈိက္လွဲလွဲျဖစ္ေပၚလာတဲ့ ဆႏၵတစ္ခုကို ေအာင္ျမင္ေအာင္ တီထြင္ဖို႔ဆိုတာဟာ အႀကံဉာဏ္ေရာ၊ ေစတနာေရာေပါင္းစပ္ၿပီးလုပ္ေပးရတာမ်ိဳးမွ ပိုၿပီးတန္ဖိုးရွိတာျဖစ္ပါတယ္။

တခ်ိဳ႕ဆိုရင္ အိမ္မွာ ဘာေလးပဲျဖစ္ျဖစ္ တစ္ခုခု ခ်ိဳ႕ယြင္းၿပီဆိုရင္ ဘယ္ကေနစလုပ္မွန္းေတာင္ မသိၾကတဲ့ အေနအထားေလးေတြ ရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္၊ မီးေခ်ာင္းေလးကြၽမ္းရင္ေတာင္ျပန္ေကာင္းႏိုင္ေအာင္ေတာ့ လုပ္ေပးႏိုင္ၾကဖို႔လိုပါတယ္။ မလုပ္ဘဲေနကာမွေန ေယာက်ာ္းေလးေတြ အေနနဲ႔ကေတာ့ ဘာပဲျဖစ္ျဖစ္ တတ္ထားဖို႔ေတာ့ ေကာင္းပါတယ္။အခုေျပာျပေပးခ်င္တဲ့ အေၾကာင္းေလးဟာလည္း အစ္ကိုျဖစ္သူက သူ႔ရဲ႕ အခ်စ္ဆုံး ညီေလးအတြက္ Power Bankေလးတစ္လုံးကို ဖန္တီးေပးခဲ့တဲ့ အေၾကာင္းေလးျဖစ္ပါတယ္။

ဒီအေၾကာင္းေလးဟာလည္း လူတကာရဲ႕ ပါးစပ္ဖ်ားမွာ နာမည္ႀကီးခဲ့ပါတယ္။ ခ်ီးက်ဴးၾကတဲ့ ေထာပနာသံေတြဟာလည္း မိုးေကာင္းကင္ေတာင္ၿပိဳက်မတတ္ျဖစ္ခဲ့ပါတယ္။ အိမ္လုပ္ ပါဝါဘဏ္ေလးျဖစ္တာမို႔ ပါဝင္ပစၥည္းေတြဟာလည္း ကတၱဴစကၠဴေလးေတြ၊ ဝါယာႀကိဳးေလးေတြနဲ႔ ဖန္တီးထားခဲ့ၿပီး၊ အေပၚကေနမွ Power Bank ဆိုတဲ့ စာေလးကိုေတာင္ လက္ေရးေလးနဲ႔ ေရးေပးထားတာကိုျမင္ေတြ႕ရမွာျဖစ္ပါတယ္။
စကၠဴပုံးေလးပုံစံလုပ္ၿပီး၊ ေဘးဖက္မွာ အေပါက္ေဖာက္ကာ USBေခါင္းေလးကို ကပ္ထားေပးပါတယ္။ ဒီလိုလုပ္ထားတာဟာ အဆင္မေျပႏိုင္ဘူးလို႔ ထင္ခဲ့ေပမယ့္၊ သူ႔ရဲ႕ ပါဝါဘဏ္ေလးဟာ အားသြင္းဖို႔ အေတာ္ေလးကို အဆင္ေျပခဲ့ပါတယ္လို႔ ဆိုပါတယ္။

ဒီထက္ပိုၿပီးအႏၲရာယ္လည္းကင္းၿပီး၊ၾကာရွည္လည္းခံတဲ့ အေနအထားရေအာင္ ထပ္ႀကိဳးစားပါမယ္ဆိုကာ ေရးသားထားတဲ့စာေလးကိုလည္း ဖတ္လိုက္ရပါတယ္။ လက္ရွိမွာေက်ာင္းသားတစ္ေယာက္ျဖစ္ေနတာမို႔ သူ႔ညီေလးအတြက္ လိုအပ္ေနတဲ့ အဲဒီပစၥည္းေလးကို ပိုက္ဆံရွာႏိုင္တဲ့ အခ်ိန္မွ ပိုေကာင္းတာေလးဝယ္ေပးမယ္လို႔လည္း တင္ထားခဲ့ပါေသးတယ္။ တီထြင္ဉာဏ္ေတြ ရွိေနေပမယ့္လည္း ကုန္က်မယ့္စရိတ္စကအတြက္ အခက္အခဲရွိေနတာမို႔ ျဖစ္သလိုေလးပဲ တီထြင္ထားတာေတာင္ အခ်ိန္ၾကာအားသြင္းလို႔ ရေနရင္ ေသခ်ာေလးသာလုပ္ႏိုင္ခဲ့မယ္ဆိုပါကပညာရွင္ တစ္ဦးထြက္ေပၚလာဦးမွာမို႔ ႏိုင္ငံအတြက္ဝမ္းသာစရာသတင္းျဖစ္ပါတယ္။