
လူတိုင်းမှာတော့ သူ့အတိုင်းအတာလေးတွေနဲ့သူချမ်းသာကြတာအများကြီးတွေ့ဖူးပါတယ်။ ဒီလိုတွေ့ဖူးခဲ့ကြတဲ့ အထဲမှာတော့ ဖက်ရှင်ဆိုင်ရာ ပစ္စည်းမျိုးစုံကို ထုတ်လုပ်ရောင်းချကာ ဆိုင်ခွဲပေါင်း တစ်သောင်းကျော်အထိ ကမ္ဘာနဲ့ တစ်ဝှမ်းဖွင့်လှစ်နိုင်ခဲ့တဲ့ Ortegaမိသားစုဟာဆိုရင် စုစုပေါင်းကြွယ်ဝမှုကိုပြောပြရမယ်ဆိုရင် ရ၃.၈ဘီလီယံထိ ချမ်းသာကြောင်း သိရကာ၊ ဖက်ရှင်ကုမ္ပဏီဖြစ်တဲ့ ZARAကို ၁၉၉၇ခုနှစ်မှာ စပိန်လူမျိုး Amancio Ortegaနဲ့ Rosalia Mera တို့က လက်တွဲ တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။

စစချင်းမှာတော့ အဝတ်အထည်ကုမ္ပဏီ အဖြစ်စခဲ့ကာ၊ နောက်ပိုင်းမှာတော့ရေမွှေး၊ရှုးဖိနပ်အပြင် အခြားအလှအပပစ္စည်းများလည်းထုတ်လုပ်ခဲ့ကြောင်းမှတ်သားရပါတယ်။ အခုအချိန်မှာဆိုရင်တော့ သမီးဖြစ်သူစန္ဒရာ ကဦးဆောင်လုပ်ကိုင်လျက်ရှိနေတယ်လို့ဆိုပါတယ်။ဒီမိသားစုတွေတင်မကသေးပါဘူး၊ သူတို့မိသားစု လေးထက်ပိုပြီး ချမ်းသာတဲ့ မိသားစုလေးတစ်စုလည်း ရှိနေပါသေးတယ်။

မြောက်အမေရိကရဲ့ နာမည်ကျော် Group Caso ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီး၊ မိသားစုဝင်ကလည်း ၈ယောက်ထိအောင် ရှိနေတဲ့ မက္ကဆီကိုသူဌေးကြီး ကားလို့စ်လင်းရဲ့ The Slim Family ဟာ ကမ္ဘာ့အချမ်းသာဆုံးမိသားစု အဖြစ်ရှိနေတာပါ။ နောက်ပိုင်းစတော့ရှယ်ယာတွေဈေးကျကုန်တာကြောင့် ပထမ နေရာကနေဆင်းပေးခဲ့ ရတဲ့မိသားစုဟာ လက်တင်အမေရိကမှာတော့ ၇၇.၁ ဘီလီယံပိုင်ဆိုင်ထားကြောင်း မှတ်သားခဲ့ရပါတယ်။

ရေနံစိမ်းနဲ့ လောင်စာဆီလုပ်ငန်းကို အမေရိကန် အင်ဂျင်နီယာစွန့်ဦးတီထွင်သူတစ်ဦးလည်းဖြစ်တဲ့ဖရက်စီ ကို့ရှ်က စတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဖရက်ရဲ့ သားလေးယောက်စလုံးဟာ ဖခင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းမှာပါဝင် လုပ်ကိုင်ပေးကြသူများဖြစ်ပါတယ်။ သူတို့လုပ်ငန်းဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီဖြစ်ပါတယ်။ လောင်စာဆီအပြင်၊ ဓာတုပစ္စည်း၊ ကတ္တရာ၊ ဖိုင်ဘာ၊ စက္ကူစတဲ့ လုပ်ငန်းတွေကိုလည်းလုပ်ကိုင်တာဖြစ်ပါတယ်။
ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းတွေကိုဦးဆောင်လုပ်ကိုင်ပေးနေတဲ့သူဟာ သားလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ချားလ်စ်ကို့ရှ်ပဲဖြစ်ပါတယ်။

ဒီမိသားစုရဲ့ ကြွယ်ဝမှုကိုပြောပြရမယ်ဆိုရင် ၁၂၄.၅ ဘီလီယံဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆုံးအနေနဲ့ အခုလက်ရှိချမ်းသာတဲ့ စာရင်းထဲမှာ ပါဝင်နေပြီး အဆင့်၁၆နဲ့ ၁၇နေရာမှာရပ်တည်နေတဲ့ မိသားစုလေးကတော့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်ကာ သူတို့တွေရဲ့ ပိုင်ဆိုင်မှုပမာဏဟာ ဘီလီယံ ၁၉၀ အထိ ရှိနေတဲ့ ဝေါလ်တန် မိသားစုဖြစ်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ပိုင်ဆိုင်မှုကတင် ၄၄ဘီလီယံထိရှိကြတာ ဖြစ်ကာ ဝေါလ်မတ်ကုမ္ပဏီဟာဆိုရင် ကမ္ဘာ့ အကြီးဆုံး ကုမ္ပဏီအဖြစ်ရှိနေပြီး၊ ဝန်ထမ်းပေါင်း ၁.၅သန်းမျှ နဲ့ လုပ်ကိုင်နေတာလို့ မှတ်သားရပါတယ်။ လက်လီရောင်းချတဲ့ စတိုးဆိုင်အရေအတွက်ဟာဆိုရင် တစ်ကမ္ဘာလုံးမှာ ၁၂၀၀၀လောက်ရှိနေပြီဖြစ်ပါတယ်။ အမေရိကန်မှတင် ဆိုင်ခွဲပေါင်း ၅၃၆၂ အထိ အထိတောင်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါ တယ်။အားကျစရာကောင်းလောက်အောင် ချမ်းသာကြတာတွေတွေ့ရတော့လည်း စိတ်ထဲမှာပျော်သလိုတော့ ခံစားမိပါတယ်။ ဒါပေမယ့် လုပ်ငန်းတွေကြီးလာရင် လောဘတွေကြီးလာသလို၊ နောက်ဆက်တွဲအနေနဲ့ ဒေါသတွေလည်းများလာမှာကိုတွေးပြီးကြောက်နေမိပါတယ်။

(Zawgyi Version)
ဘယ္သူေတြကအခ်မ္းသာဆုံးလဲဆိုတာ
လူတိုင္းမွာေတာ့ သူ႔အတိုင္းအတာေလးေတြနဲ႔သူခ်မ္းသာၾကတာအမ်ားႀကီးေတြ႕ဖူးပါတယ္။ ဒီလိုေတြ႕ဖူးခဲ့ၾကတဲ့ အထဲမွာေတာ့ ဖက္ရွင္ဆိုင္ရာ ပစၥည္းမ်ိဳးစုံကို ထုတ္လုပ္ေရာင္းခ်ကာ ဆိုင္ခြဲေပါင္း တစ္ေသာင္းေက်ာ္အထိ ကမာၻနဲ႔ တစ္ဝွမ္းဖြင့္လွစ္ႏိုင္ခဲ့တဲ့ Ortegaမိသားစုဟာဆိုရင္ စုစုေပါင္းႂကြယ္ဝမႈကိုေျပာျပရမယ္ဆိုရင္ ရ၃.၈ဘီလီယံထိ ခ်မ္းသာေၾကာင္း သိရကာ၊ ဖက္ရွင္ကုမၸဏီျဖစ္တဲ့ ZARAကို ၁၉၉၇ခုႏွစ္မွာ စပိန္လူမ်ိဳး Amancio Ortegaနဲ႔ Rosalia Mera တို႔က လက္တြဲ တည္ေထာင္ခဲ့ၾကတာျဖစ္ပါတယ္။
စစခ်င္းမွာေတာ့ အဝတ္အထည္ကုမၸဏီ အျဖစ္စခဲ့ကာ၊ ေနာက္ပိုင္းမွာေတာ့ေရေမႊး၊ရႈးဖိနပ္အျပင္ အျခားအလွအပပစၥည္းမ်ားလည္းထုတ္လုပ္ခဲ့ေၾကာင္းမွတ္သားရပါတယ္။ အခုအခ်ိန္မွာဆိုရင္ေတာ့ သမီးျဖစ္သူစႏၵရာ ကဦးေဆာင္လုပ္ကိုင္လ်က္ရွိေနတယ္လို႔ဆိုပါတယ္။
ဒီမိသားစုေတြတင္မကေသးပါဘူး၊ သူတို႔မိသားစုေလးထက္ပိုၿပီး ခ်မ္းသာတဲ့ မိသားစုေလးတစ္စုလည္း ရွိေနပါေသးတယ္။
ေျမာက္အေမရိကရဲ႕ နာမည္ေက်ာ္ Group Caso ကုမၸဏီကိုပိုင္ဆိုင္ထားၿပီး၊ မိသားစုဝင္ကလည္း ၈ေယာက္ထိေအာင္ ရွိေနတဲ့ မကၠဆီကိုသူေဌးႀကီး ကားလို႔စ္လင္းရဲ႕ The Slim Family ဟာ ကမာၻ႔အခ်မ္းသာဆုံးမိသားစုအျဖစ္ရွိေနတာပါ။ ေနာက္ပိုင္းစေတာ့ရွယ္ယာေတြေဈးက်ကုန္တာေၾကာင့္ ပထမ ေနရာကေနဆင္းေပးခဲ့ရတဲ့မိသားစုဟာ လက္တင္အေမရိကမွာေတာ့ ၇၇.၁ ဘီလီယံပိုင္ဆိုင္ထားေၾကာင္း မွတ္သားခဲ့ရပါတယ္။
ေရနံစိမ္းနဲ႔ ေလာင္စာဆီလုပ္ငန္းကို အေမရိကန္ အင္ဂ်င္နီယာစြန႔္ဦးတီထြင္သူတစ္ဦးလည္းျဖစ္တဲ့ဖရက္စီ ကို႔ရွ္က စတည္ေထာင္ခဲ့တာျဖစ္ပါတယ္။ ဖရက္ရဲ႕ သားေလးေယာက္စလုံးဟာ ဖခင္ျဖစ္သူရဲ႕ စီးပြားေရးလုပ္ငန္းမွာပါဝင္လုပ္ကိုင္ေပးၾကသူမ်ားျဖစ္ပါတယ္။ သူတို႔လုပ္ငန္းဟာ ကမာၻ႔ဒုတိယအႀကီးဆုံး ပုဂၢလိက ကုမၸဏီျဖစ္ပါတယ္။ ေလာင္စာဆီအျပင္၊ ဓာတုပစၥည္း၊ ကတၱရာ၊ ဖိုင္ဘာ၊ စကၠဴစတဲ့ လုပ္ငန္းေတြကိုလည္းလုပ္ကိုင္တာျဖစ္ပါတယ္။
ပိုင္ဆိုင္ထားတဲ့ လုပ္ငန္းေတြကိုဦးေဆာင္လုပ္ကိုင္ေပးေနတဲ့သူဟာ သားေလးေယာက္ထဲက တစ္ေယာက္ျဖစ္တဲ့ ခ်ားလ္စ္ကို႔ရွ္ပဲျဖစ္ပါတယ္။
ဒီမိသားစုရဲ႕ ႂကြယ္ဝမႈကိုေျပာျပရမယ္ဆိုရင္ ၁၂၄.၅ ဘီလီယံျဖစ္တယ္လို႔ ဆိုပါတယ္။ ေနာက္ဆုံးအေနနဲ႔ အခုလက္ရွိခ်မ္းသာတဲ့ စာရင္းထဲမွာ ပါဝင္ေနၿပီး အဆင့္၁၆နဲ႔ ၁၇ေနရာမွာရပ္တည္ေနတဲ့ မိသားစုေလးကေတာ့ အေမရိကန္ျပည္ေထာင္စုမွာေနထိုင္ကာ သူတို႔ေတြရဲ႕ ပိုင္ဆိုင္မႈပမာဏဟာ ဘီလီယံ ၁၉၀ အထိ ရွိေနတဲ့ ေဝါလ္တန္ မိသားစုျဖစ္ပါတယ္။ တစ္ေယာက္ခ်င္းစီရဲ႕ ပိုင္ဆိုင္မႈကတင္ ၄၄ဘီလီယံထိရွိၾကတာ ျဖစ္ကာ ေဝါလ္မတ္ကုမၸဏီဟာဆိုရင္ ကမာၻ႔ အႀကီးဆုံး ကုမၸဏီအျဖစ္ရွိေနၿပီး၊ ဝန္ထမ္းေပါင္း ၁.၅သန္းမွ် နဲ႔ လုပ္ကိုင္ေနတာလို႔ မွတ္သားရပါတယ္။ လက္လီေရာင္းခ်တဲ့ စတိုးဆိုင္အေရအတြက္ဟာဆိုရင္ တစ္ကမာၻလုံးမွာ ၁၂၀၀၀ေလာက္ရွိေနၿပီျဖစ္ပါတယ္။ အေမရိကန္မွတင္ ဆိုင္ခြဲေပါင္း ၅၃၆၂ အထိ အထိေတာင္ဖြင့္လွစ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။အားက်စရာေကာင္းေလာက္ေအာင္ ခ်မ္းသာၾကတာေတြေတြ႕ရေတာ့လည္း စိတ္ထဲမွာေပ်ာ္သလိုေတာ့ ခံစားမိပါတယ္။ ဒါေပမယ့္ လုပ္ငန္းေတြႀကီးလာရင္ ေလာဘေတြႀကီးလာသလို၊ ေနာက္ဆက္တြဲအေနနဲ႔ ေဒါသေတြလည္းမ်ားလာမွာကိုေတြးၿပီးေၾကာက္ေနမိပါတယ္။