သတ်သတ်လွတ်စားတဲ့ကျား

0
278
photo internet

ခေါင်းစဉ်လေးဖတ်လိုက်မိတာနဲ့ ပြုံးမိလိုက်မယ်ထင်ပါတယ်။ ကျားပါဆိုမှ ဘယ်ကျားမျိုးက အသားမစားတာမြင်ဖူးလို့လားထင်နေကြမှာသိနေပါတယ်။ အံ့သြစရာကောင်းသွားတာတော့ အမှန်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျားဆိုတဲ့ တိရစ္ဆာန်ဟာ အကောင်အကြီးကြီးတွေကိုတောင် မရမကလိုက်ဖမ်းတတ်ပြီး စားသောက်ကြတဲ့သတ္တဝါဖြစ်တာကြောင့် သတ်သတ်လွတ်စားတဲ့ကျားဆိုတာ မအံ့သြဘဲမနေနိုင်အောင်ဖြစ်ခဲ့ပါတယ်။
တစ်ကောင်တည်း အဖော်မဲ့နေလို့ပဲ အဖော်ရလာတဲ့ သဘောကို နှစ်သက်လို့မစားတာများလားလို့ တွေးမိပါတယ်။ တချို့ဆို ဒီလိုအရိုင်းသတ္တဝါတွေကို ယဉ်အောင်မွေးကြတယ်လို့ ဆိုပေမယ့်လည်း စိတ်ရိုင်းဝင်လာတဲ့အချိန် ရှိလာခဲ့ရင်တော့ အယဉ်တွေလည်း ရိုင်းလာပြီး၊ ကိုယ့်သခင်ကိုယ့်ပိုင်ရှင်ကို ကိုက်ဖြတ်တတ်တာလည်း ဒီလိုသတ္တဝါတွေပဲမဟုတ်ပါလားလို့စဉ်းစားနေမိပါတယ်။

photo internet

အခုအဖြစ်အပျက်လေးမှာပါဝင်တဲ့ ဇာတ်လိုက်တွေကတော့ ဆိတ်ကလေး Timurနဲ့ ကျားကြီး Amurတို့ပဲဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်မှာ ကျားကြီး Amurအတွက် နေ့လည်စာအဖြစ် ထိန်းသိမ်းရေးတာဝန်ရှိသူတွေက ဆိတ်ကြီးTimurကို ချကျွေးခဲ့တာဖြစ်ပါတယ်။ ကျားကပဲနေမကောင်းနေလို့ အသားမစားချင်ဖြစ်နေတာလား၊ ဒါမှမဟုတ် ဆိတ်ကပဲ ကံကောင်းပြီး အသက်ရှင်အောင် ဘုရားစာပဲရွတ်လာလို့လားဆိုတာမတွေးတတ်အောင် ဖြစ်မိပါတယ်။ နှုစ်ကောင်စလုံးရဲ့ မေတ္တာဓာတ်တွေကပဲ အလျှံအပယ်ဖြစ်နေတာတွေကြောင့်များလားလို့ စဉ်းစားနေမိပါတယ်။
တစ်ကောင်နဲ့တစ်ကောင်မေတ္တာတွေအပြည့်နဲ့မို့ ဒီလိုထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ကြားရမြင်ရတယ်လို့ထင်မိပါတယ်။ သူတို့ရဲ့ ရေစက်ကလည်း အရမ်းကိုထူးဆန်း နေတာတော့ မယုံနိုင်စရာမရှိလောက်အောင်ကိုဖြစ်နေခဲ့တာပါ။

photo internet

ဆိုက်ဘေးရီးယားကျားတစ်ကောင်ဟာ ဆိတ်တစ်ကောင်ကို အဖော်လုပ်ပြီးနေတယ်ဆိုတာသိရတော့လည်း ဆိတ်ကလေးအတွက်ဝမ်းသာမိပါတယ်။ ခွေးနဲ့ကြောင်၊ခြင်္သေ့နဲ့ကျား စတဲ့ ဇာတ်လမ်းတွေလည်းကြားဖူးတယ်ဆိုပေမယ့်၊ အခုလို အဖြစ်အပျက်ကတော့ ကြုံဖူးပေါင် လို့သာအော်လိုက်ချင်ပါတယ်။ သူတို့နှစ်ကောင်ပျော်ပြီးဆော့နေတဲ့ ဗီဒီယိုဖိုင်လည်း မြင်ခဲ့ကြမယ်ထင်ပါတယ်။ ကျားကြီးရဲ့ အိပ်ရာမှာကိုပဲ ဆိတ်က အတင်းဝင်လုပြီး အိပ်နေတာကိုလည်း မြင်တွေ့ခဲ့ရတာကြောင့် ချစ်စရာကောင်းတဲ့ မြင်ကွင်းလေးကို ရုပ်ရှင်ကားလိုကြည့်ခဲ့ရတာဖြစ်ပါတယ်။ အားလုံးရဲ့ မှတ်ချက်တွေအရတော့ ကျားကမဆာသေးလို့မစားတာကိုများ အံ့သြစရာလုပ်နေတယ်လို့ ထင်နေကြတဲ့သူတွေလည်း အများကြီးရှိပါတယ်။

photo internet

ပိုပြီး အံ့သြစရာအကောင်းဆုံးကတော့ သူတို့နှစ်ကောင်ဟာ အဲဒိနေရာမှာပဲ သူငယ်ချင်းအဖြစ်နဲ့ လေးနှစ်တိုင်နေထိုင်လာခဲ့ကြတာမှာ ဆိတ်ကလေးဟာ အဖျားရောဂါနဲ့ သေဆုံးခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဒီလို ထူးဆန်းတဲ့ အချစ်တွေနဲ့ မြင်သူတိုင်းအံ့အားသင့်အောင်နေသွားခဲ့တဲ့ ကလေးနှစ်ကောင်အကြောင်းဟာ လူတိုင်းပါးစပ်ဖျားမှာ ပြောစမှတ်ဖြစ်နေခဲ့ပါတယ်။

photo internet

(Zawgyi Version)

သတ္သတ္လြတ္စားတဲ့က်ား

ေခါင္းစဥ္ေလးဖတ္လိုက္မိတာနဲ႔ ၿပံဳးမိလိုက္မယ္ထင္ပါတယ္။ က်ားပါဆိုမွ ဘယ္က်ားမ်ိဳးက အသားမစားတာျမင္ဖူးလို႔လားထင္ေနၾကမွာသိေနပါတယ္။ အံ့ၾသစရာေကာင္းသြားတာေတာ့ အမွန္ပဲျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ က်ားဆိုတဲ့ တိရစၧာန္ဟာ အေကာင္အႀကီးႀကီးေတြကိုေတာင္ မရမကလိုက္ဖမ္းတတ္ၿပီး စားေသာက္ၾကတဲ့သတၱ၀ါျဖစ္တာေၾကာင့္ သတ္သတ္လြတ္စားတဲ့က်ားဆိုတာ မအံ့ၾသဘဲမေနႏိုင္ေအာင္ျဖစ္ခဲ့ပါတယ္။
တစ္ေကာင္တည္း အေဖာ္မဲ့ေနလို႔ပဲ အေဖာ္ရလာတဲ့ သေဘာကို ႏွစ္သက္လို႔မစားတာမ်ားလားလို႔ ေတြးမိပါတယ္။ တခ်ိဳ႕ဆို ဒီလိုအရိုင္းသတၱ၀ါေတြကို ယဥ္ေအာင္ေမြးၾကတယ္လို႔ ဆိုေပမယ့္လည္း စိတ္ရိုင္း၀င္လာတဲ့အခ်ိန္ ရွိလာခဲ့ရင္ေတာ့ အယဥ္ေတြလည္း ရိုင္းလာၿပီး၊ ကိုယ့္သခင္ကိုယ့္ပိုင္ရွင္ကို ကိုက္ျဖတ္တတ္တာလည္း ဒီလိုသတၱ၀ါေတြပဲမဟုတ္ပါလားလို႔စဥ္းစားေနမိပါတယ္။
အခုအျဖစ္အပ်က္ေလးမွာပါ၀င္တဲ့ ဇာတ္လိုက္ေတြကေတာ့ ဆိတ္ကေလး Timurနဲ႔ က်ားႀကီး Amurတို႔ပဲျဖစ္ပါတယ္။ ၂၀၁၅ခုႏွစ္မွာ က်ားႀကီး Amurအတြက္ ေန႔လည္စာအျဖစ္ ထိန္းသိမ္းေရးတာ၀န္ရွိသူေတြက ဆိတ္ႀကီးTimurကို ခ်ေက်ြးခဲ့တာျဖစ္ပါတယ္။ က်ားကပဲေနမေကာင္းေနလို႔ အသားမစားခ်င္ျဖစ္ေနတာလား၊ ဒါမွမဟုတ္ ဆိတ္ကပဲ ကံေကာင္းၿပီး အသက္ရွင္ေအာင္ ဘုရားစာပဲရြတ္လာလို႔လားဆိုတာမေတြးတတ္ေအာင္ ျဖစ္မိပါတယ္။ ႏွုစ္ေကာင္စလံုးရဲ႕ ေမတၱာဓာတ္ေတြကပဲ အလွ်ံအပယ္ျဖစ္ေနတာေတြေၾကာင့္မ်ားလားလို႔ စဥ္းစားေနမိပါတယ္။
တစ္ေကာင္နဲ႔တစ္ေကာင္ေမတၱာေတြအျပည့္နဲ႔မို႔ ဒီလိုထူးဆန္းတဲ့ အျဖစ္အပ်က္ေတြကို ၾကားရျမင္ရတယ္လို႔ထင္မိပါတယ္။ သူတို႔ရဲ႕ ေရစက္ကလည္း အရမ္းကိုထူးဆန္း ေနတာေတာ့ မယံုႏိုင္စရာမရွိေလာက္ေအာင္ကိုျဖစ္ေနခဲ့တာပါ။ဆိုက္ေဘးရီးယားက်ားတစ္ေကာင္ဟာ ဆိတ္တစ္ေကာင္ကို အေဖာ္လုပ္ၿပီးေနတယ္ဆိုတာသိရေတာ့လည္း ဆိတ္ကေလးအတြက္၀မ္းသာမိပါတယ္။ ေခြးနဲ႔ေၾကာင္၊ျခေသၤ့နဲ႔က်ား စတဲ့ ဇာတ္လမ္းေတြလည္းၾကားဖူးတယ္ဆိုေပမယ့္၊ အခုလို အျဖစ္အပ်က္ကေတာ့ ႀကံဳဖူးေပါင္ လို႔သာေအာ္လိုက္ခ်င္ပါတယ္။ သူတို႔ႏွစ္ေကာင္ေပ်ာ္ၿပီးေဆာ့ေနတဲ့ ဗီဒီယိုဖိုင္လည္း ျမင္ခဲ့ၾကမယ္ထင္ပါတယ္။ က်ားႀကီးရဲ႕ အိပ္ရာမွာကိုပဲ ဆိတ္က အတင္း၀င္လုၿပီး အိပ္ေနတာကိုလည္း ျမင္ေတြ႔ခဲ့ရတာေၾကာင့္ ခ်စ္စရာေကာင္းတဲ့ ျမင္ကြင္းေလးကို ရုပ္ရွင္ကားလိုၾကည့္ခဲ့ရတာျဖစ္ပါတယ္။ အားလံုးရဲ႕ မွတ္ခ်က္ေတြအရေတာ့ က်ားကမဆာေသးလို႔မစားတာကိုမ်ား အံ့ၾသစရာလုပ္ေနတယ္လို႔ ထင္ေနၾကတဲ့သူေတြလည္း အမ်ားႀကီးရွိပါတယ္။ ပိုၿပီး အံ့ၾသစရာအေကာင္းဆံုးကေတာ့ သူတို႔ႏွစ္ေကာင္ဟာ အဲဒိေနရာမွာပဲ သူငယ္ခ်င္းအျဖစ္နဲ႔ ေလးႏွစ္တိုင္ေနထိုင္လာခဲ့ၾကတာမွာ ဆိတ္ကေလးဟာ အဖ်ားေရာဂါနဲ႔ ေသဆံုးခဲ့တာျဖစ္ေၾကာင္းသိလိုက္ရပါတယ္။ ဒီလို ထူးဆန္းတဲ့ အခ်စ္ေတြနဲ႔ ျမင္သူတိုင္းအံ့အားသင့္ေအာင္ေနသြားခဲ့တဲ့ ကေလးႏွစ္ေကာင္အေၾကာင္းဟာ လူတိ္ုင္းပါးစပ္ဖ်ားမွာ ေျပာစမွတ္ျဖစ္ေနခဲ့ပါတယ္။