ထီပေါက်လို့ သစ္စာနဲ့ချစ်မယ့်သူကိုရှာနေတဲ့ မိန်းကလေး

0
185
photo internet

ကိုယ်တိုင်လည်း ထီပေါက်ခဲ့မယ်ဆိုပါက ဘာလုပ်မယ်ဆိုတဲ့ စိတ်ကူးလေးတွေအားလုံးမှာ ရှိနေကြမယ်ထင်ပါတယ်။ လုပ်ချင်တာတွေများနေလွန်းလို့ စာအုပ်နဲ့ကို ရေးမှတ်ထားရတယ်ဆိုတာလေးတွေလည်း ရှိနေကြမယ်လို့တွေးမိပါတယ်။ မိတ်ဆွေတို့အနေနဲ့ရော ထီဆုကြီးများပေါက်ခဲ့မယ်ဆိုရင် ဘာလုပ်မယ်လို့စိတ်ကူးထားကြလဲဆိုတာပြောပြပေးသွားပါလား။

photo internet

ထီပေါက်ရင်ဆိုတဲ့ စာလုံးလေး၃လုံးရဲ့ နောက်မှာ တန်းစီနေတဲ့ အကြောင်းအရာလေးတွေ၊ အချက်အလက်လေးတွေ၊ ပစ္စည်းစာရင်းတွေ၊ လိုချင်တာတွေဟာ ပေါက်တဲ့ထီ ကနေရတဲ့ ဆုငွေတောင်လောက်ပါ့မလားလို့ တွေးမိပါတယ်။

photo internet

အခုလည်း ဗြိတိန်နိုင်ငံသူလေးဂျင်းန်ပတ်ခ်ဟာ သူမအသက် ၁၇နှစ်ကတည်းက ယူရိုထီပေါက်ပြီး ချမ်းသာသွားခဲ့ရာအခုဆိုရင် သူမရဲ့ အသက်ကတော့ ၂၃ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူမထီပေါက်တဲ့ အချိန်တုန်းကတော့ အသက်အငယ်ဆုံးထီပေါက်သူလေးအဖြစ်နာမည်ကြီးနေခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ငယ်ငယ်လေးနဲ့ ထီပေါက်ခဲ့တာဟာ တစ်ခါမှ စိတ်တောင်မကူးခဲ့ဖူးဘူးလို့ဆိုပါတယ်။ ပထမဆုံးသူမအလုပ်ချင်ဆုံးဖြစ်တဲ့ အလုပ်ကတော့လက်ရှိအလုပ်ကနေထွက်ပြီး သူမနဲ့အတူနေထိုင်ခဲ့တဲ့ မိခင်ကို ခေါ်ကာ အိမ်သစ်တိုက်ခန်းကို ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ မိန်းကလေးဆိုတဲ့ အတိုင်း အလှအပရေးရာအတွက်လိုအပ်ချက်တွေကို ဖြည့်စွက်လုပ်ကိုင်ခဲ့ပါတယ်။ သူမကလည်း သူများတွေလိုလှပချင်တဲ့သူဖြစ်တာမို့ သွား၊ရင်၊တင်တွေကိုတောင် ခွဲစိတ်ပြုပြင်ခဲ့တာကြောင့် ဘဝဟာလည်း ပိုလှလာတယ်လို့ သူမထင်ခဲ့ပါတယ်။

photo internet

လူဆိုတာကလည်း ဘယ်လောက်ပဲလိုအပ်တာတွေဖြည့်ဖြည့် သူတို့မှာ အားနည်းချက်၊အားသာချက်ဆိုတာ ရှိနေမြဲဖြစ် ပါတယ်။ သူမထီပေါက်တဲ့သတင်းဟာ ဗြိတိန်တစ်နိုင်ငံလုံး ပျံ့သွားတဲ့ အချိန်မှာတော့ သူမဆီမှာ ဝိုင်းလာခဲ့တဲ့ ပုရိသတွေဟာ အချစ်စစ်နဲ့လာတာလား၊သူမရဲ့ ပိုင်ဆိုင်မှုတွေကြောင့်လားဆိုတာကိုသူမဟာ ကြောက်လို့နေတာမို့ သူမကိုတကယ်မေတ္တာစစ်နဲ့ချစ်တဲ့သူ၊သူမအပေါ် တစ်သက်လုံး သစ္စာရှိစွာချစ်ပေးမယ့်သူကို တစ်နှစ်ကို ဒေါ်လာ ၇၈၀၀၀ ကိုလခအဖြစ်ပေးပြီးခန့်မယ်လို့ဆိုပြန်ပါတယ်။ ဒါကြောင့် အဲဒီလိုခန့်အပ်နိုင်ဖို့အတွက် website တစ်ခုထောင်ထားပါတယ်။ ဒါပေမယ့်လည်း ဒီလိုနည်းလမ်းဟာ မေတ္တာစစ်ကိုတွေ့နိုင်ပါ့မလားဆိုတာ သံသယတော့ဖြစ်စရာပါ။

photo internet

(Zawgyi Version)

ထီေပါက္လို႔ သစၥာနဲ႔ခ်စ္မယ့္သူကိုရွာေနတဲ့ မိန္းကေလး

ကိုယ္တိုင္လည္း ထီေပါက္ခဲ့မယ္ဆိုပါက ဘာလုပ္မယ္ဆိုတဲ့ စိတ္ကူးေလးေတြအားလံုးမွာ ရွိေနၾကမယ္ထင္ပါတယ္။ လုပ္ခ်င္တာေတြမ်ားေနလြန္းလို႔ စာအုပ္နဲ႔ကို ေရးမွတ္ထားရတယ္ဆိုတာေလးေတြလည္း ရွိေနၾကမယ္လို႔ေတြးမိပါတယ္။ မိတ္ေဆြတို႔အေနနဲ႔ေရာ ထီဆုႀကီးမ်ားေပါက္ခဲ့မယ္ဆုိရင္ ဘာလုပ္မယ္လုိ႔စိတ္ကူးထားၾကလဲဆိုတာေျပာျပေပးသြားပါလား။

ထီေပါက္ရင္ဆိုတဲ့ စာလံုးေလး၃လံုးရဲ႕ ေနာက္မွာ တန္းစီေနတဲ့ အေၾကာင္းအရာေလးေတြ၊ အခ်က္အလက္ေလးေတြ၊ ပစၥည္းစာရင္းေတြ၊ လိုခ်င္တာေတြဟာ ေပါက္တဲ့ထီ ကေနရတဲ့ ဆုေငြေတာင္ေလာက္ပါ့မလားလို႔ ေတြးမိပါတယ္။

အခုလည္း ၿဗိတိန္ႏိုင္ငံသူေလးဂ်င္းန္ပတ္ခ္ဟာ သူမအသက္ ၁၇ႏွစ္ကတည္းက ယူရိုထီေပါက္ၿပီး ခ်မ္းသာသြားခဲ့ရာအခုဆိုရင္ သူမရဲ႕ အသက္ကေတာ့ ၂၃ ႏွစ္ရွိေနၿပီျဖစ္ပါတယ္။ သူမထီေပါက္တဲ့ အခ်ိန္တုန္းကေတာ့ အသက္အငယ္ဆံုးထီေပါက္သူေလးအျဖစ္နာမည္ႀကီးေနခဲ့တာျဖစ္ပါတယ္။ ဒီလိုမ်ိဳး ငယ္ငယ္ေလးနဲ႔ ထီေပါက္ခဲ့တာဟာ တစ္ခါမွ စိတ္ေတာင္မကူးခဲ့ဖူးဘူးလို႔ဆိုပါတယ္။ ပထမဆံုးသူမအလုပ္ခ်င္ဆံုးျဖစ္တဲ့ အလုပ္ကေတာ့လက္ရိွအလုပ္ကေနထြက္ၿပီး သူမနဲ႔အတူေနထိုင္ခဲ့တဲ့ မိခင္ကို ေခၚကာ အိမ္သစ္တိုက္ခန္းကို ေျပာင္းေရႊ႕ေနထိုင္ခဲ့တာျဖစ္ပါတယ္။ ေနာက္တစ္ဆင့္အေနနဲ႔ မိန္းကေလးဆိုတဲ့ အတိုင္း အလွအပေရးရာအတြက္လိုအပ္ခ်က္ေတြကို ျဖည့္စြက္လုပ္ကိုင္ခဲ့ပါတယ္။ သူမကလည္း သူမ်ားေတြလိုလွပခ်င္တဲ့သူျဖစ္တာမို႔ သြား၊ရင္၊တင္ေတြကိုေတာင္ ခြဲစိတ္ျပဳျပင္ခဲ့တာေၾကာင့္ ဘ၀ဟာလည္း ပိုလွလာတယ္လို႔ သူမထင္ခဲ့ပါတယ္။

လူဆိုတာကလည္း ဘယ္ေလာက္ပဲလိုအပ္တာေတြျဖည့္ျဖည့္ သူတို႔မွာ အားနည္းခ်က္၊အားသာခ်က္ဆိုတာရွိေနၿမဲျဖစ္ပါတယ္။ သူမထီေပါက္တဲ့သတင္းဟာ ၿဗိတိန္တစ္ႏိုင္ငံလံုး ပ်ံ႕သြားတဲ့ အခ်ိန္မွာေတာ့ သူမဆီမွာ ၀ိုင္းလာခဲ့တဲ့ ပုရိသေတြဟာ အခ်စ္စစ္နဲ႔လာတာလား၊သူမရဲ႕ ပိုင္ဆိုင္မႈေတြေၾကာင့္လားဆိုတာကိုသူမဟာ ေၾကာက္လို႔ေနတာမို႔ သူမကိုတကယ္ေမတၱာစစ္နဲ႔ခ်စ္တဲ့သူ၊သူမအေပၚ တစ္သက္လံုး သစၥာရွိစြာခ်စ္ေပးမယ့္သူကို တစ္ႏွစ္ကို ေဒၚလာ ၇၈၀၀၀ ကိုလခအျဖစ္ေပးၿပီးခန္႔မယ္လို႔ဆိုျပန္ပါတယ္။ ဒါေၾကာင့္ အဲဒီလုိခန္႔အပ္ႏိုင္ဖို႔အတြက္ website တစ္ခုေထာင္ထားပါတယ္။ ဒါေပမယ့္လည္း ဒီလုိနည္းလမ္းဟာ ေမတၱာစစ္ကိုေတြ႕ႏိုင္ပါ့မလားဆိုတာ သံသယေတာ့ျဖစ္စရာပါ။