အစွန်းရောက်ဝါသနာမကောင်းပါ

0
395
photo – Pertieste

လူတိုင်းမှာ ဝါသနာကိုယ်စီရှိကြပေမယ့် တချို့လူတွေက ဝါသနာအရလုပ်တတ်ကြပေမယ့်၊ တချို့ကြတော့လည်း သူတို့ကို အထင်သေးအမြင်သေးတဲ့ပုံစံတွေနဲ့ ဆက်ဆံတာကိုခံခဲ့ရတာတွေကြောင့်လည်း ကိုယ်လုပ်တဲ့အလုပ်တစ်ခုဟာ ဘယ်လောက်ပင် အခက်အခဲရှိပြီး အစွန်းရောက်ပါစေ မဆုတ်မနစ် လုပ်တတ်တဲ့ သူတွေလည်း ရှိနေသေးကြောင်းကို ပြောပြပေးချင်ပါတယ်။

photo – alchetron

ဝါသနာဆိုရာမှာတော့ ဈေးဝယ်တာ၊ လမ်းတကာလျှောက်သွား မုန့်စားတတ်တာ၊ မနက်မိုးလင်းတာနဲ့ အလှပြင်ဆိုင်ရောက်နေတတ်တာ၊ ကိုယ့်မှာ ဘယ်လိုပဲဖြစ်ဖြစ်၊ အပြည့်အစုံရှိနေပါတယ်ဆိုဆို တစ်ရက်တစ်ခါ ဈေးလျှောက်ဝယ်နေရတာမျိုးနဲ့ ဘယ်လောက်ပဲချမ်းသာချမ်းသာ အိမ်ထဲမှာနေပြီး၊ ရုပ်ရှင်ကြည့်မယ်၊မုန့်လုပ်စားမယ်၊ ဒီလိုလူမျိုးတွေလည်းရှိတတ်တာသိကြမယ်ထင်ပါတယ်။ တချို့ကြတော့လည်း တစ်ကိုယ်လုံးကို တစ်လတစ်ခါ၊နှစ်ခါ Body Spaလုပ်တာမျိုးနဲ့ လက်သည်းအလှပြင်တာမျိုးတွေကို အချိန်မှန်မှန်လုပ်တတ်ကြတာဖြစ်ပါတယ်။

photo – ANI News

ဒီလိုမျိုးတွေလုပ်ဖို့ဆိုတာမှာလည်း ကိုယ်တိုင်က အိမ်မှာ ဘာမှမလုပ်တဲ့သူဖြစ်နေတဲ့သူမှ ပိုလို့အဆင်ပြေမှာ ဖြစ်ပါတယ်။ စွဲလန်းမှုတွေဟာ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကို သက်သေအဖြစ် Shridhar Chilla လို့ခေါ်တဲ့ အဘိုးအိုတစ်ဦးရဲ့ အကြောင်းကို ပြောပြပေးမှာပါ။ သူဟာ အခုဆိုရင် အသက်၈၂ နှစ်ရှိနေပြီဖြစ်ပြီး၊ ထူးခြားအံ့သြစရာကောင်းလွန်းနေတဲ့ သူ့ရဲ့ဘယ်ဘက်လက်သည်းတွေဟာ အရပ်နဲ့တစ်တိုင်းတည်း ဖြစ်နေသလားတောင်ထင်ရတဲ့အထိ ရှည်လျားနေတာဖြစ်ပါတယ်။ မသိတဲ့သူတွေဆိုရင်တော့ သူဟာ လှချင်လွန်းလို့ လက်သည်းရှည်တွေထားတာလား၊ ရောင်းစားဖို့ပဲအရှည်ထားတာလားဆိုတာတွေးနေကြမယ်ထင်ပါတယ်။ လက်သည်းရှည်တွေထားထားတာဟာ နှစ်ပေါင်း ၆၆နှစ်တောင်ရှိနေပြီဆိုတော့ ပိုလို့တောင်အံ့သြစရာဖြစ်ခဲ့ပါတယ်။ အဘိုးအိုရဲ့ ရူးသွပ်စွဲလန်းမှုကတော့ တစ်ဖက်စွန်းတောင်ရောက်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

photo – BBC

လက်သည်းအရှည်ထားရခြင်း သမိုင်းကြောင်းကို ပြန်ပြောပြရမယ်ဆိုရင်ဖြင့်သူ့လက်သည်းတွေကို ၁၉၅၂ခုတည်းက အရှည်ထားကာ ဂရုတစိုက် ပြုစုလာခဲ့တာမှာ အခုတွေ့ရတဲ့အတိုင်း လက်သည်းအရှည်ဟာ ပေ ၃၀ နီးပါးရှိနေတာပဲဖြစ်ပါတယ်။ သူ့မှာသားသမီး၂ယောက်ရှိကာ ၁၉၇၉ ခုနှစ်မှာတော့ ကမ္ဘာ့လက်သည်းအရှည်ဆုံးပုဂ္ဂိုလ်အဖြစ် စာရင်းဝင်ခဲ့သူဖြစ်ပါတယ်။ ဒီလက်သည်းတွေရဲ့ သမိုင်းကတော့ သူငယ်စဉ်တုန်းက ကျောင်းဆရာဟာ လက်သည်းတွေကို ညှပ်ဖို့ နဲ့ လက်သည်းရှည်ရင်ဘယ်လောက်ထိ ပင်ပန်းတယ်၊ သန့်ရှင်းရေးလုပ်ဖို့ မလွယ်ကူတာတွေကို အော်ဟစ်ပြောခဲ့တာတွေကို စိတ်နာခဲ့တာကြောင့် ရှည်တဲ့အထိထားပြီး သန့်ရှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုပြောခဲ့တဲ့ ဆရာဟာ အခုချိန်ထိ အသက်ရှင်နေသေးတယ်ဆိုရင်တော့ အံ့သြစွာပဲဖြစ်နေမှာပါ။ သူ့ကို မလုပ်နိုင်ဘူးလို့ထင်ခဲ့တာကို လက်တွေ့ပြသခဲ့တာဟာ မခံချင်စိတ်တစ်ခုကြောင့်နဲ့ ကိုယ့်အတွက်လည်း အကျိုးမရှိနိုင်တဲ့ အရာကို ဘယ်တော့မှ မလုပ်ကြစေချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဘိုးအိုရဲ့ မခံချင်စိတ်ဟာ ကိုယ့်ကျန်းမာရေးကိုလည်းထိခိုက်စေတဲ့အပြင် လူကောင်းဘဝကနေ မသန်စွမ်းဘဝကို ရောက်စေခဲ့ပါတယ်။ သူ့ရဲ့လက်သည်းတွေပိုပိုပြီးရှည်လာတာနဲ့အမျှ သူ့ရဲ့ လက်တွေဟာလည်း ကွေးနိုင်ဆန့်နိုင်ခြင်းမရှိတော့ဘဲ အမေမွေးတုန်းကအတိုင်း မရှိတော့ပါဘူး။ ဒါကြောင့် ကိုယ့်စိတ်ကိုယ် ဘယ်တော့မှ လွှတ်မပေးဖို့နဲ့ မခံချင်စိတ်နဲ့ လုပ်ခဲ့တဲ့ အလုပ်တစ်ခုဟာ ကောင်းကျိုးထက်ဆိုးကျိုးသာလျင်ဖြစ်တယ်ဆိုတာကို ပြောပြချင်ပါတယ်။ စိတ်ဒဏ်ရာတစ်ခုကြောင့်ဒုက္ခရောက်တဲ့အထိ စိတ်မကြီးကြပါနဲ့လို့လည်း မှာလိုက်ချင်ပါတယ်။

photo – Zee News

Zawgyi Version

အစြန္းေရာက္၀ါသနာမေကာင္းပါ

လူတိုင္းမွာ ၀ါသနာကိုယ္စီရွိၾကေပမယ့္ တခ်ိဳ႕လူေတြက ၀ါသနာအရလုပ္တတ္ၾကေပမယ့္၊ တခ်ိဳ႕ၾကေတာ့လည္း သူတို႔ကို အထင္ေသးအျမင္ေသးတဲ့ပံုစံေတြနဲ႔ ဆက္ဆံတာကိုခံခဲ့ရတာေတြေၾကာင့္လည္း ကိုယ္လုပ္တဲ့အလုပ္တစ္ခုဟာ ဘယ္ေလာက္ပင္ အခက္အခဲရွိၿပီး အစြန္းေရာက္ပါေစ မဆုတ္မနစ္ လုပ္တတ္တဲ့ သူေတြလည္း ရွိေနေသးေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။

၀ါသနာဆိုရာမွာေတာ့ ေစ်း၀ယ္တာ၊ လမ္းတကာေလွ်ာက္သြား မုန္႔စားတတ္တာ၊ မနက္မိုးလင္းတာနဲ႔ အလွျပင္ဆိုင္ေရာက္ေနတတ္တာ၊ ကိုယ့္မွာ ဘယ္လိုပဲျဖစ္ျဖစ္၊ အျပည့္အစံုရွိေနပါတယ္ဆိုဆို တစ္ရက္တစ္ခါ ေစ်းေလွ်ာက္၀ယ္ေနရတာမ်ိဳးနဲ႔ ဘယ္ေလာက္ပဲခ်မ္းသာခ်မ္းသာ အိမ္ထဲမွာေနၿပီး၊ ရုပ္ရွင္ၾကည့္မယ္၊မုန္႔လုပ္စားမယ္၊ ဒီလိုလူမ်ိဳးေတြလည္းရွိတတ္တာသိၾကမယ္ထင္ပါတယ္။ တခ်ိဳ႕ၾကေတာ့လည္း တစ္ကိုယ္လံုးကို တစ္လတစ္ခါ၊ႏွစ္ခါ Body Spaလုပ္တာမ်ိဳးနဲ႔ လက္သည္းအလွျပင္တာမ်ိဳးေတြကို အခ်ိန္မွန္မွန္လုပ္တတ္ၾကတာျဖစ္ပါတယ္။

ဒီလိုမ်ိဳးေတြလုပ္ဖို႔ဆိုတာမွာလည္း ကိုယ္တိုင္က အိမ္မွာ ဘာမွမလုပ္တဲ့သူျဖစ္ေနတဲ့သူမွ ပိုလို႔အဆင္ေျပမွာ ျဖစ္ပါတယ္။  စြဲလန္းမႈေတြဟာ ဘယ္ေလာက္ေၾကာက္စရာေကာင္းလဲဆိုတာကို သက္ေသအျဖစ္ Shridhar Chilla လို႔ေခၚတဲ့ အဘိုးအိုတစ္ဦးရဲ႕ အေၾကာင္းကုိ ေျပာျပေပးမွာပါ။ သူဟာ အခုဆိုရင္ အသက္ ၈၂ ႏွစ္ရွိေနၿပီျဖစ္ၿပီး၊ ထူးျခားအံ့ၾသစရာေကာင္းလြန္းေနတဲ့ သူ႔ရဲဲ႕ဘယ္ဘက္လက္သည္းေတြဟာ အရပ္နဲ႔တစ္တိုင္းတည္း ျဖစ္ေနသလားေတာင္ထင္ရတဲ့အထိ ရွည္လ်ားေနတာျဖစ္ပါတယ္။  မသိတဲ့သူေတြဆိုရင္ေတာ့ သူဟာ လွခ်င္လြန္းလို႔ လက္သည္းရွည္ေတြထားတာလား၊ ေရာင္းစားဖို႔ပဲအရွည္ထားတာလားဆိုတာေတြးေနၾကမယ္ထင္ပါတယ္။ လက္သည္းရွည္ေတြထားထားတာဟာ ႏွစ္ေပါင္း ၆၆ႏွစ္ေတာင္ရွိေနၿပီဆိုေတာ့ ပိုလို႔ေတာင္အံ့ၾသစရာျဖစ္ခဲ့ပါတယ္။ အဘိုးအိုရဲ႕ ရူးသြပ္စြဲလန္းမႈကေတာ့ တစ္ဖက္စြန္းေတာင္ေရာက္တယ္လို႔ ေျပာရမွာျဖစ္ပါတယ္။

လက္သည္းအရွည္ထားရျခင္း သမိုင္းေၾကာင္းကို ျပန္ေျပာျပရမယ္ဆိုရင္ျဖင့္သူ႔လက္သည္းေတြကို  ၁၉၅၂ခုတည္းက အရွည္ထားကာ ဂရုတစိုက္ ျပဳစုလာခဲ့တာမွာ အခုေတြ႔ရတဲ့အတိုင္း လက္သည္းအရွည္ဟာ ေပ ၃၀ နီးပါးရွိေနတာပဲျဖစ္ပါတယ္။ သူ႔မွာသားသမီး၂ေယာက္ရွိကာ ၁၉၇၉ ခုႏွစ္မွာေတာ့ ကမၻာ့လက္သည္းအရွည္ဆံုးပုဂၢိဳလ္အျဖစ္ စာရင္း၀င္ခဲ့သူျဖစ္ပါတယ္။ ဒီလက္သည္းေတြရဲ႕ သမိုင္းကေတာ့ သူငယ္စဥ္တုန္းက ေက်ာင္းဆရာဟာ လက္သည္းေတြကို ညွပ္ဖို႔ နဲ႔ လက္သည္းရွည္ရင္ဘယ္ေလာက္ထိ ပင္ပန္းတယ္၊ သန္႔ရွင္းေရးလုပ္ဖို႔ မလြယ္ကူတာေတြကို ေအာ္ဟစ္ေျပာခဲ့တာေတြကို စိတ္နာခဲ့တာေၾကာင့္ ရွည္တဲ့အထိထားၿပီး သန္႔ရွင္းႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီလိုေျပာခဲ့တဲ့ ဆရာဟာ အခုခ်ိန္ထိ အသက္ရွင္ေနေသးတယ္ဆိုရင္ေတာ့ အံ့ၾသစြာပဲျဖစ္ေနမွာပါ။ သူ႔ကို မလုပ္ႏိုင္ဘူးလို႔ထင္ခဲ့တာကို လက္ေတြ႔ျပသခဲ့တာဟာ မခံခ်င္စိတ္တစ္ခုေၾကာင့္နဲ႔ ကိုယ့္အတြက္လည္း အက်ိဳးမရွိႏိုင္တဲ့ အရာကို ဘယ္ေတာ့မွ မလုပ္ၾကေစခ်င္ပါဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ အဘိုးအိုရဲ႕ မခံခ်င္စိတ္ဟာ ကိုယ့္က်န္းမာေရးကိုလည္းထိခိုက္ေစတဲ့အျပင္ လူေကာင္းဘ၀ကေန မသန္စြမ္းဘ၀ကုိ ေရာက္ေစခဲ့ပါတယ္။ သူ႔ရဲ႕လက္သည္းေတြပိုိပိုၿပီးရွည္လာတာနဲ႔အမွ် သူ႔ရဲ႕ လက္ေတြဟာလည္း ေကြးနိုင္ဆန္႔နိုင္ျခင္းမရွိေတာ့ဘဲ အေမေမြးတုန္းကအတိုင္း မရွိေတာ့ပါဘူး။ ဒါေၾကာင့္ ကိုယ့္စိတ္ကိုယ္ ဘယ္ေတာ့မွ လႊတ္မေပးဖို႔နဲ႔ မခံခ်င္စိတ္နဲ႔ လုပ္ခဲ့တဲ့ အလုပ္တစ္ခုဟာ ေကာင္းက်ိဳးထက္ဆိုးက်ိဳးသာလ်င္ျဖစ္တယ္ဆိုတာကို ေျပာျပခ်င္ပါတယ္။ စိတ္ဒဏ္ရာတစ္ခုေၾကာင့္ဒုကၡေရာက္တဲ့အထိ စိတ္မႀကီးၾကပါနဲ႔လို႔လည္း မွာလုိက္ခ်င္ပါတယ္။