Fish Spa လုပ်ရတာ ကြိုက်တဲ့သူတွေ သတိထားစေချင်

0
223
Photo internet

မိန်းကလေးတိုင်းကတော့ ဘယ်လောက်ပဲရုပ်ဆိုးတဲ့သူ ဖြစ်နေပါစေ မင်းသမီးရှုံးလောက်တဲ့ အနေအထားမျိုးတော့မဟုတ်ပေမယ့်၊ ရွက်ကြမ်းရေကျိုလောက်တော့ လှနေအောင် ပြင်ဆင်တတ်ကြပါတယ်။ ဒီလို အလှတွေပြင်တဲ့ အထဲမှာတော့ မျက်နှာအလှတင်မကဘဲ ခန္ဓာကိုယ် အလှတွေအတွက်ပါ ပြင်ဆင်တတ်ကြပါတယ်။

Photo internet

ဒီလိုပြင်ဆင်တတ်တဲ့ သူတွေအနေနဲ့ အထူးသတိထားရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ ဘာတွေကိုသတိထားရမှာမို့ စကားတွေခံနေတာလဲဆိုရင်တော့ Fish Spaသွားရတာကြိုက်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို သိလိုက်ရတဲ့အခါ စိတ်မကောင်းဖြစ်မိတာမို့ ပြောပြချင်တာဖြစ်ပါတယ်။ သူမအနေနဲ့ ၂၀၁၀ခုလောက်တုန်းက ခြေထောက်ကဆဲလ်သေတွေကို စားပေးတယ်ဆိုတဲ့Fish spaကို သွားရောက်ခဲ့ရာမှ ပိုးဝင်ခဲ့တာကြောင့် သူမရဲ့ ခြေချောင်းငါးချောင်းလုံးဟာ ဖြတ်ပစ်ခဲ့ရတဲ့ အနေအထားတွေထိဖြစ်ခဲ့ပါတယ်။

Photo internet

သူမဟာ သြစတြေးလျနိုင်ငံ Perth က Victoria Curthoys ဆိုသူဖြစ်ကာ ခြေထောက်ပိုးဝင်တာကြောင့် ၂၀၁၂ ခုနှစ်တုန်းက ကုသနေရင်းမှာပင် တဖြည်းဖြည်း ခြေမဟာ ပုတ်လာခဲ့တာကြောင့် အရင်ဆုံး ဖြတ်ခဲ့ရပါတယ်။ ခြေမဖြတ်ပြီး နောက်ပိုင်းလောက် မှာတော့ ဆရာဝန်တွေဟာလည်း ဘယ်လိုမှမတတ်နိုင်ဘဲ ကျန်နေတဲ့ ခြေချောင်း၄ချောင်းကိုပါ ဖြတ်ပစ်ခဲ့ရပါတယ်။ ဆရာဝန်တွေရဲ့ အကောင်းဆုံးကုသပေးမှုတွေဟာလည်း သူမကို ဖြေသိမ့်နိုင်ခြင်း မရှိခဲ့ပါဘူး။ အမှန်တကယ်ဆို အဲဒီပိုးတွေဟာ အသားစားငါးတွေမှာသာ တွေ့ရတတ်တဲ့ ဘက်တီးရီးယား တစ်မျိုးဖြစ်ကြောင်းဆိုပါတယ်။ ထိုင်းရောက်တုန်းလေး ခြေထောက်Spa လေးဝင်လုပ်ခဲ့တာမှာ ငါးကန်ထဲကို ခြေထောက်ချစိမ်ခဲ့တာဖြစ်ပါတယ်။ သြစတြေးလျပြန်ရောက်ချိန်မှာသူမဟာ တောက်လျှောက်ဖျားလာခဲ့ရာကနေ ခြေမထဲမှာ ပိုးတွေဖျက်ဆီးထားတာကို သိခဲ့ရပေမယ့်၊ ဘာပိုးမှန်း မသိခဲ့ဘဲ ခြေမကို ဖြတ်ပစ်ခဲ့ရတာဖြစ်ပါတယ်။

Photo internet

အဲဒီကနေမှ ခြေညှိုးဖြတ်ကာ၊ ၂၀၁၆မှာတော့ ကျန်တဲ့ လေးချောင်းစလုံး ဖြတ်ပစ်လိုက်ရပါတယ်။ သုံးချောင်းမြောက်နဲ့ လေးချောင်းမြောက်ကိုမဖြတ်ခင်မှာ ခြေလှမ်းလိုက်တိုင်းခြေသန်းလေးမှာ ဖိအားပေးသလိုဖြစ်သွားတာမို့ ပြည်လေးတွေစို့လာတာကြောင့် ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် နိုဝင်ဘာမှာတော့ သူမရဲ့ ညာဘက်ခြေထောက်ခြေချောင်းလေးတွေဟာ တစ်ချောင်းမှ မရှိတော့ပါဘူး။ဒါကြောင့် ကိုယ့်အနေနဲ့ ဘယ်လောက်ကိုယ်ခံအားကောင်းသလဲ၊ ဘယ်မှ အားနည်းတတ်လဲ၊ ဘာတွေလုပ်ခဲ့ဖူးလဲဆိုတာမျိုး အပြင် အနည်းဆုံးတော့ ခြေမပိုးဝင်ကတည်းကပင် ကိုက်တာခဲတာရှိခဲ့မယ်ဆိုရင် အချိန်မလွန်ခင် ကုသလို့ ရနိုင်မယ်ထင်မိပါတယ်။ အလှအပကြိုက်တာလည်း အပြစ်မဆိုသာပေမယ့် ကိုယ့်အတွေးလေးတစ်ခုပြောပြရမယ် ဆိုရင်တော့ သူမသွားစိမ်တဲ့ Spaဟာ တစ်ယောက်လာ တစ်မျိုးပြောင်း(တစ်ခါသုံး)မဟုတ်တာမျိုးကြောင့် လားလို့ထင်မိပါတယ်။ ဒါကြောင့် လှချင်တဲ့ သူတွေ ပိုပြီး သတိထားကြပါလို့ ပြောချင်ပါတယ်။

Photo internet

(Zawgyi Version)

Fish Spa လုပ္ရတာ ႀကိဳက္တဲ့သူေတြ သတိထားေစခ်င္

မိန္းကေလးတိုင္းကေတာ့ ဘယ္ေလာက္ပဲရုပ္ဆိုးတဲ့သူ ျဖစ္ေနပါေစ မင္းသမီးရႈံးေလာက္တဲ့ အေနအထားမ်ိဳးေတာ့မဟုတ္ေပမယ့္၊ ရြက္ႀကမ္းေရက်ိဳေလာက္ေတာ့ လွေနေအာင္ ျပင္ဆင္တတ္ၾကပါတယ္။ ဒီလို အလွေတြျပင္တဲ့ အထဲမွာေတာ့ မ်က္ႏွာအလွတင္မကဘဲ ခႏၶာကိုယ္ အလွေတြအတြက္ပါ ျပင္ဆင္တတ္ၾကပါတယ္။

ဒီလိုျပင္ဆင္တတ္တဲ့ သူေတြအေနနဲ႔ အထူးသတိထားရမယ့္ အခ်က္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။ ဘာေတြကိုသတိထားရမွာမို႔ စကားေတြခံေနတာလဲဆိုရင္ေတာ့ Fish Spaသြားရတာႀကိဳက္တဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ အေၾကာင္းကို သိလိုက္ရတဲ့အခါ စိတ္မေကာင္းျဖစ္မိတာမို႔ ေျပာျပခ်င္တာျဖစ္ပါတယ္။ သူမအေနနဲဲ႔ ၂၀၁၀ခုေလာက္တုန္းက ေျခေထာက္ကဆဲလ္ေသေတြကို စားေပးတယ္ဆိုတဲ့Fish spaကို သြားေရာက္ခဲ့ရာမွ ပိုး၀င္ခဲ့တာေၾကာင့္ သူမရဲ႕ ေျခေခ်ာင္းငါးေခ်ာင္းလံုးဟာ ျဖတ္ပစ္ခဲ့ရတဲ့ အေနအထားေတြထိျဖစ္ခဲ့ပါတယ္။

သူမဟာ ၾသစေၾတးလ်ႏိုင္ငံ Perth က Victoria Curthoys ဆိုသူျဖစ္ကာ ေျခေထာက္ပိုး၀င္တာေၾကာင့္ ၂၀၁၂ ခုႏွစ္တုန္းက ကုသေနရင္းမွာပင္ တျဖည္းျဖည္း ေျခမဟာ ပုတ္လာခဲ့တာေၾကာင့္ အရင္ဆံုး ျဖတ္ခဲ့ရပါတယ္။ ေျခမျဖတ္ၿပီး ေနာက္ပိုင္းေလာက္ မွာေတာ့ ဆရာ၀န္ေတြဟာလည္း ဘယ္လိုမွမတတ္ႏိုင္ဘဲ က်န္ေနတဲ့ ေျခေခ်ာင္း၄ေခ်ာင္းကိုပါ ျဖတ္ပစ္ခဲ့ရပါတယ္။ ဆရာ၀န္ေတြရဲ႕ အေကာင္းဆံုးကုသေပးမႈေတြဟာလည္း သူမကို ေျဖသိမ့္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ အမွန္တကယ္ဆို အဲဒီပိုးေတြဟာ အသားစားငါးေတြမွာသာ ေတြ႕ရတတ္တဲ့ ဘက္တီးရီးယား တစ္မ်ိဳးျဖစ္ေၾကာင္းဆ္ိုပါတယ္။ ထိုင္းေရာက္တုန္းေလး ေျခေထာက္Spa ေလး၀င္လုပ္ခဲ့တာမွာ ငါးကန္ထဲကို ေျခေထာက္ခ်စိမ္ခဲ့တာျဖစ္ပါတယ္။ ၾသစေၾတးလ်ျပန္ေရာက္ခ်ိန္မွာသူမဟာ ေတာက္ေလွ်ာက္ဖ်ားလာခဲ့ရာကေန ေျခမထဲမွာ ပိုးေတြဖ်က္ဆီးထားတာကို သိခဲ့ရေပမယ့္၊ ဘာပိုးမွန္း မသိခဲ့ဘဲ ေျခမကို ျဖတ္ပစ္ခဲ့ရတာျဖစ္ပါတယ္။

အဲဒီကေနမွ ေျခညွိဳးျဖတ္ကာ၊ ၂၀၁၆မွာေတာ့ က်န္တဲ့ ေလးေခ်ာင္းစလံုး ျဖတ္ပစ္လိုက္ရပါတယ္။ သံုးေခ်ာင္းေျမာက္နဲ႔ ေလးေခ်ာင္းေျမာက္ကိုမျဖတ္ခင္မွာ ေျခလွမ္းလိုက္တိုင္းေျခသန္းေလးမွာ ဖိအားေပးသလိုျဖစ္သြားတာမို႔ ျပည္ေလးေတြစို႔လာတာေၾကာင့္ ျဖတ္ခဲ့ရတာျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာမွာေတာ့ သူမရဲ႕ ညာဘက္ေျခေထာက္ေျခေခ်ာင္းေလးေတြဟာ တစ္ေခ်ာင္းမွ မရွိေတာ့ပါဘူး။ဒါေၾကာင့္ ကိုယ့္အေနနဲ႔ ဘယ္ေလာက္ကိုယ္ခံအားေကာင္းသလဲ၊ ဘယ္မွ အားနည္းတတ္လဲ၊ ဘာေတြလုပ္ခဲ့ဖူးလဲဆိုတာမ်ိဳး အျပင္ အနည္းဆံုးေတာ့ ေျခမပိုး၀င္ကတည္းကပင္ ကိုက္တာခဲတာရွိခဲ့မယ္ဆုိရင္ အခ်ိန္မလြန္ခင္ ကုသလို႔ ရႏိုင္မယ္ထင္မိပါတယ္။ အလွအပႀကိဳက္တာလည္း အျပစ္မဆိုသာေပမယ့္ ကိုယ့္အေတြးေလးတစ္ခုေျပာျပရမယ္ဆိုရင္ေတာ့ သူမသြားစိမ္တဲ့ Spaဟာ တစ္ေယာက္လာ တစ္မ်ိဳးေျပာင္း(တစ္ခါသံုး)မဟုတ္တာမ်ိဳးေၾကာင့္လားလို႔ထင္မိပါတယ္။ ဒါေၾကာင့္ လွခ်င္တဲ့ သူေတြ ပိုၿပီး သတိထားၾကပါလို႔ ေျပာခ်င္ပါတယ္။