အချိန်ခရီးသွားဆိုရာဝယ်

0
197
photo internet

လူတွေဟာကိုယ့်အတိတ်ကဘာဖြစ်ခဲ့တယ်၊ ဘယ်လိုနေထိုင်ခဲ့ရတယ်ဆိုတဲ့ အတွေးတစ်ခုရယ်၊ လက်ရှိရောက်ရှိနေတဲ့ဘဝမှာကိုပဲ ခရီးသွားတာပဲဖြစ်ဖြစ်၊ အလုပ်ခွင်တစ်ခုခုမှာပဲဖြစ်ဖြစ် တစ်ခါတလေ မိမိသွားနေတဲ့ခရီးတစ်လျှောက်စိတ်ထဲမှာဒီလိုသွားနေရတာဟာတစ်ချိန်တုန်းကဒီလိုမျိုးသွားခဲ့ဖူးသလိုလိုရေးရေးပေါ်လာတာမျိုးခံစားဖူးကြလိမ့်မယ်ထင်ပါတယ်။အတိတ်ကို သွားမလား၊ အနာဂတ်ကိုသွားချင်လား ဆိုတာရွေးချယ်ရမှာဖြစ်ပါတယ်။ အဲဒီလိုရွေးချယ်မှုတွေရှိလာခဲ့မယ်ဆိုရင်တော့ ကိုယ်ကတော့ အနာဂတ်ကိုပဲသွားချင်မိတယ်။ ဘာကြောင့်လဲဆိုရင်တော့ အတိတ်ကို ကိုယ်ကသိပြီးသားဖြစ်နေတာမို့ မသွားချင်တာဖြစ်ပါတယ်။ အတိတ်ကိုပြန်သွားချင်တဲ့သူကလည်း မှားခဲ့တာတွေရှိရင် ပြန်ပြင်ဖို့အတွက်သွားမှာလို့ဆိုပါတယ်။

photo internet

၂၀၀၈ခုနှစ်တုန်းကတရုတ်ရှေးဟောင်းသုတေသနပညာရှင်တွေဟာသချိုင်းဂူရဲ့ အခေါင်းတစ်ခုအတွင်းကနေသေးငယ်တဲ့ သတ္တုအပိုင်းအစတစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ တွေ့ရှိထားတဲ့ပစ္စည်းလေးကတော့ဒီနေ့ခေတ်လက်ပတ်နာရီပုံစံတစ်မျိုးဖြစ်ပြီးမိန်းမပတ်လေးဖြစ်ကြောင်းသိရပါတယ်။အံ့သြစရာပြောပြရရင်အဲဒီသချိုၤင်းဂူဟာနှစ်ပေါင်း၄၀၀ကြာအောင်ဘယ်သူမှနှောင့်ယှက်ခြင်းမရှိဘဲထားခဲ့တဲ့အထဲမှာမှဒီလက်ပတ်နာရီကဘယ်ကနေရောက်လာမှန်းမသိကြတာမို့အချိန်ခရီးသွားတစ်ယောက်ယောက်များထားခဲ့သလားလို့ခန့်မှန်းချက်ထုတ်နေကြတာတွေ့ရပါတယ်။

photo internet

တကယ်လို့များ သိပ္ပံပညာရှင်တစ်ယောက်က Time Machine တစ်ခုတီထွင်ခဲ့တာများရှိခဲ့ရင် ဆယ်တန်းစာမေးပွဲပြန်ဖြေဖို့အတွက် သွားမိမှာဖြစ်ပါတယ်။ စာမေးပွဲအောင်တာနဲ့ အလုပ်ကောင်းကောင်းတစ်ခုကို စိတ်တိုင်းကျ ပြန်ဝင်ပြီး မိသားစုနဲ့အတူ ဆွေမျိုးမိတ်ဆွေတွေကိုလည်း ထောက်ပံ့နိုင်တဲ့ဝင်ငွေတွေကို ရချင်တာကြောင့်ပါ။တချို့ဆိုရင်လည်း ဆရာဝန်တစ်ယောက်ဖြစ်ချင်ပြီး၊ အမှန်တကယ် တိုင်းပြည်ကို အကျိုးပြုချင်တဲ့သူတွေလည်းရှိနေမှာပါ။နောက်တစ်ခုကတော့ အချိန်ခရီးသွားတဲ့ အနောက်တိုင်း၊အရှေ့တိုင်းရုပ်ရှင်တွေမှာ သတိထားမိတာလေးပြောပြချင်ပါတယ်။ Time Machine… မှာဆိုရင် ကာလယန္တရားနဲ့ ဝင်ပေါက်ထွက်ပေါက်တွေကိုတွေ့ရတာဖြစ်ပါတယ်။ လက်ရှိခေတ်အနေနဲ့ပြောရရင် ရေတွင်းဟာ ဝင်ပေါက်ဖြစ်တယ်လို့ မြင်ကြည့်လိုက်ပြီး ရေတွင်းဟောင်းထဲခုန်ချလိုက်တာနဲ့ အချိန်ခရီးသွားမိပြီး၊ ဟိုးရှေးခေတ်ရေတွင်းသစ်ဟာထွက်ပေါက်ဖြစ်နေမှာပါ။

photo internet

ဒါ့အပြင် Worm holesလို့ခေါ်တဲ့ လျှပ်စစ်သံလိုက်စီးကြောင်းပုံစံတစ်ခုရှိကြောင်း သီအိုရီတွေအရ ပြောကြတဲ့အခါ တီတွင်းလို့အမည်ရှိနေကြောင်း၊ဝင်ပေါက်၊ထွက်ပေါက်ကတော့ နှစ်ခုရှိနေကာ အချိန်ဒါမှမဟုတ် နေရာ တွေကိုတစ်နေရာကနေ တစ်နေရာကိုသွားလာနိုင်အောင် ဆက်သွယ်ပေးတဲ့ တံတားမျိုးဆိုပေမယ့်၊ အခုထိတိုင် လူတွေမသွားနိုင်တဲ့ စကြဝဠာကိုသွားဖို့နှစ်သန်းပေါင်းကြာမယ့်အရေးကို တီတွင်းကနေတစ်ဆင့် သွားမယ်ဆိုပါက မိုင်အနည်းငယ်နဲ့တင်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Black Hole ဆိုတဲ့ အာကာသတွင်းနက်တွေဟာလည်း အချိန်ခရီးသွားရာမှာ အသုံးပြုလို့ရပါတယ်။ အဲဒီတွင်းနက်ကြီးတွေဟာ တွေ့သမျှအားလုံး စုပ်ယူပစ်လိုက်တာပါ။ အထဲမှာဘာရှိလဲဆိုတာနဲ့ တခြားတစ်ဖက်မှာရောဘာရှိမလဲဆိုတာတော့ ဘယ်သူမှမသိနိုင်ကြပါဘူး။ အနာဂတ်ကိုသွားရင် အနာဂတ်ကလူတွေထက်ငယ်နေမှာဖြစ်ကာ၊ အတိတ်ဆိုရင်တော့ ကိုယ်က အသက်ကြီးနေမှာဖြစ်ပါတယ်။

photo internet

ဒါ့ထက်ထူးခြားတာလေးပြောပြချင်ပါသေးတယ်။ ဒါကတော့ အချိန်ခရီးသွားတဲ့ သီအိုရီကို ပညာရှင်အများစုကလက်ခံကြတာမို့ အိုင်းစတိုင်းရဲ့ သီအိုရီဖြစ်တဲ့ အရာဝတ္တုတစ်ခုဟာ အလင်းရဲ့အလျင်နီးပါး အရှိန်နဲ့သွားတဲ့အခါ နှေးသွားပါတယ်လို့ဆိုပါတယ်။ အလင်းနီးပါးအလျင်နဲ့ အာကာသကို ခရီးထွက်ရင်တော့ ယာဉ်ပေါ်ပါသူ လူတွေဟာ အချိန်တိုတိုနဲ့ အနာဂတ်ကို ရောက်နိုင်မှာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေအားလုံးဟာ အချိန်ခရီးသွားတာကို လက်မခံကြသေးပေမယ့် လက်ခံတဲ့ပညာရှင်တွေကလည်း ယန္တရားတွေ၊တီတွင်းတွေနဲ့ စမ်းသပ်နေကြမှာ မြင်ယောင်နေမိပါတယ်။ ပဟေဠိဆန်တဲ့ အချိန်ခရီးသွားခြင်းတွေဟာလည်း စိုးမိုးနေဆဲနဲ့ တွေ့နေကြဆဲဆိုတာကိုတော့ သက်သေလေးတစ်ခုနဲ့ပြောပြချင်ပါတယ်။

photo internet

၁၉၄၀ခုနှစ်က အချိန်ခရီးသွားတစ်ယောက်ကို တံတားဖွင့်ပွဲတစ်ခုမှာတွေ့လိုက်ရတာမို့ အံ့သြစရာလို့ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတာကတော့ တံတားဖွင့်ပွဲအခမ်းအနားမှာတက်ရောက်လာတဲ့ လူဦးရေအများအပြားထဲကမှသူတစ်ယောက်တည်းဟာ ရောက်ရှိနေတဲ့ခေတ်အဝတ်အစားဆင်ယင်မှုနဲ့ လုံးဝမသက်ဆိုင်တဲ့ပုံစံနဲ့ဖြစ်နေတာကို ထူးဆန်းစွာတွေ့မြင်ရတာဖြစ်ပါတယ်။ အဲဒီလူဟာ ဒီဘက်ခေတ်နေကာ မျက်မှန်၊တံဆိပ်ရိုက် တီရှပ်အကျီၤနဲ့အင်မတန်ကြည့်ကောင်းတဲ့ ဆွယ်တာကိုပါဝတ်ဆင်ထားတာတွေ့ရတဲ့အပြင် ကိုင်ဆောင်ထားတဲ့ကင်မရာဟာလည်း တခြားနည်းနဲ့ပြုလုပ်ထားတာ မဟုတ်ဘူးဆိုတာကို သက်ဆိုင်ရာပညာရှင်များ စစ်ဆေးအတည်ပြုချက်အရအမှန်အကန်ဖြစ်တယ်လို့သိရပါတယ်။အဲဒါကိုရောဘယ်လိုပြောနိုင်ပါသလဲ။ဒါတင်မကသေးပါဘူး။

photo internet

၁၉၂၈ခုနှစ် ချာလီချက်ပလင်ရဲ့The Circus ဆိုတဲ့ဇာတ်ကားတိုလေးမှာ ခေတ်ဟောင်းအမျိုးသမီးတစ်ဦး ဟာဒီဘက်ခေတ် ဆဲလ်ဖုန်းတစ်လုံးကိုအသုံးပြုနေတာတွေ့ရမှာဖြစ်ပါတယ်။ အမှန်အားဖြင့်ဆဲလ်ဖုန်းတွေဟာ ၂၀၁၀လောက်မှသာစတင်ပေါ်ပေါက်လာတာဖြစ်ပေမယ့်ဆဲလ်ဖုန်းကိုကိုင်ပြီးစကားပြောနေတဲ့သူမကိုတွေ့နေရခြင်းဟာ အချိန်ခရီးသွားတစ်ယောက်ဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ ဒါဆိုရင် တွေးစရာတစ်ခုတော့ရှိနေပါပြီ။ သူတို့ရှာတွေ့ခဲ့တဲ့အချိန်ခရီးသွားတွေဟာရှေးခေတ်တွေကိုလည်းသူတို့ကဒီခေတ်ပုံစံတွေနဲ့ကြိုပြီးရောက်ခဲ့ကြတယ်လို့ပြောချင်တာများဖြစ်လေမလား၊ စဉ်းစားခန်းဝင်ရင်းတွေးကြည့်ရအောင်လို့ပြောချင်ပါတယ်။

photo internet

(Zawgyi Version)

အခ်ိန္ခရီးသြားဆိုရာ၀ယ္

လူေတြဟာကိုယ့္အတိတ္ကဘာျဖစ္ခဲ့တယ္၊ ဘယ္လိုေနထိုင္ခဲ့ရတယ္ဆိုတဲ့ အေတြးတစ္ခုရယ္၊ လက္ရွိေရာက္ရွိေနတဲ့ဘ၀မွာကိုပဲ ခရီးသြားတာပဲျဖစ္ျဖစ္၊ အလုပ္ခြင္တစ္ခုခုမွာပဲျဖစ္ျဖစ္ တစ္ခါတေလ မိမိသြားေနတဲ့ခရီးတစ္ေလွ်ာက္စိတ္ထဲမွာဒီလိုသြားေနရတာဟာတစ္ခ်ိန္တုန္းကဒီလိုမ်ိဳးသြားခဲ့ဖူးသလိုလိုေရးေရးေပၚလာတာမ်ိဳးခံစားဖူးၾကလိ္မ့္မယ္ထင္ပါတယ္။အတိတ္ကို သြားမလား၊ အနာဂတ္ကိုသြားခ်င္လား ဆိုတာေရြးခ်ယ္ရမွာျဖစ္ပါတယ္။ အဲဒီလိုေရြးခ်ယ္မႈေတြရွိလာခဲ့မယ္ဆိုရင္ေတာ့ ကိုယ္ကေတာ့ အနာဂတ္ကိုပဲသြားခ်င္မိတယ္။ ဘာေၾကာင့္လဲဆိုရင္ေတာ့ အတိတ္ကို ကိုယ္ကသိၿပီးသားျဖစ္ေနတာမို႔ မသြားခ်င္တာျဖစ္ပါတယ္။ အတိတ္ကိုျပန္သြားခ်င္တဲ့သူကလည္း မွားခဲ့တာေတြရွိရင္ ျပန္ျပင္ဖို႔အတြက္သြားမွာလို႔ဆိုပါတယ္။

၂၀၀၈ခုႏွစ္တုန္းကတရုတ္ေရွးေဟာင္းသုေတသနပညာရွင္ေတြဟာသခ်ိဳင္းဂူရဲ႕ အေခါင္းတစ္ခုအတြင္းကေနေသးငယ္တဲ့ သတၱဳအပိုင္းအစတစ္ခုကိုရွာေဖြေတြ႕ရွိခဲ့တယ္လို႔သိရပါတယ္။ ေတြ႕ရွိထားတဲ့ပစၥည္းေလးကေတာ့ဒီေန႔ေခတ္လက္ပတ္နာရီပံုစံတစ္မ်ိဳးျဖစ္ၿပီးမိန္းမပတ္ေလးျဖစ္ေၾကာင္းသိရပါတယ္။အံ့ၾသစရာေျပာျပရရင္အဲဒီသခ်ိဳၤင္းဂူဟာႏွစ္ေပါင္း၄၀၀ၾကာေအာင္ဘယ္သူမွေႏွာင့္ယွက္ျခင္းမရွိဘဲထားခဲ့တဲ့အထဲမွာမွဒီလက္ပတ္နာရီကဘယ္ကေနေရာက္လာမွန္းမသိၾကတာမို႔အခ်ိန္ခရီးသြားတစ္ေယာက္ေယာက္မ်ားထားခဲ့သလားလို႔ခန္႔မွန္းခ်က္ထုတ္ေနၾကတာေတြ႕ရပါတယ္။

တကယ္လို႔မ်ား သိပၸံပညာရွင္တစ္ေယာက္က Time Machine တစ္ခုတီထြင္ခဲ့တာမ်ားရွိခဲ့ရင္ ဆယ္တန္းစာေမးပြဲျပန္ေျဖဖို႔အတြက္ သြားမိမွာျဖစ္ပါတယ္။ စာေမးပြဲေအာင္တာနဲ႔ အလုပ္ေကာင္းေကာင္းတစ္ခုကို စိတ္တိုင္းက် ျပန္၀င္ၿပီး မိသားစုနဲ႔အတူ ေဆြမ်ိဳးမိတ္ေဆြေတြကိုလည္း ေထာက္ပံ့ႏိုင္တဲ့၀င္ေငြေတြကို ရခ်င္တာေၾကာင့္ပါ။တခ်ိဳ႕ဆိုရင္လည္း ဆရာ၀န္တစ္ေယာက္ျဖစ္ခ်င္ၿပီး၊ အမွန္တကယ္ တိုင္းျပည္ကို အက်ိဳးျပဳခ်င္တဲ့သူေတြလည္းရွိေနမွာပါ။ေနာက္တစ္ခုကေတာ့ အခ်ိန္ခရီးသြားတဲ့ အေနာက္တိုင္း၊အေရွ႕တိုင္းရုပ္ရွင္ေတြမွာ သတိထားမိတာေလးေျပာျပခ်င္ပါတယ္။ Time Machine… မွာဆိုရင္ ကာလယႏၱရားနဲ႔ ၀င္ေပါက္ထြက္ေပါက္ေတြကိုေတြ႕ရတာျဖစ္ပါတယ္။ လက္ရွိေခတ္အေနနဲ႔ေျပာရရင္ ေရတြင္းဟာ ၀င္ေပါက္ျဖစ္တယ္လို႔ ျမင္ၾကည့္လိုက္ၿပီး ေရတြင္းေဟာင္းထဲခုန္ခ်လိုက္တာနဲ႔ အခ်ိန္ခရီးသြားမိၿပီး၊ ဟိုးေရွးေခတ္ေရတြင္းသစ္ဟာထြက္ေပါက္ျဖစ္ေနမွာပါ။

ဒါ့အျပင္ Worm holesလို႔ေခၚတဲ့ လွ်ပ္စစ္သံလိုက္စီးေၾကာင္းပံုစံတစ္ခုရွိေၾကာင္း သီအိုရီေတြအရ ေျပာၾကတဲ့အခါ တီတြင္းလို႔အမည္ရွိေနေၾကာင္း၊၀င္ေပါက္၊ထြက္ေပါက္ကေတာ့ ႏွစ္ခုရွိေနကာ အခ်ိန္ဒါမွမဟုတ္ ေနရာ ေတြကိုတစ္ေနရာကေန တစ္ေနရာကိုသြားလာႏိုင္ေအာင္ ဆက္သြယ္ေပးတဲ့ တံတားမ်ိဳးဆိုေပမယ့္၊ အခုထိတိုင္ လူေတြမသြားႏိုင္တဲ့ စၾက၀ဠာကိုသြားဖို႔ႏွစ္သန္းေပါင္းၾကာမယ့္အေရးကို တီတြင္းကေနတစ္ဆင့္ သြားမယ္ဆိုပါက မိုင္အနည္းငယ္နဲ႔တင္ေရာက္ႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ Black Hole ဆုိတဲ့ အာကာသတြင္းနက္ေတြဟာလည္း အခ်ိန္ခရီးသြားရာမွာ အသံုးျပဳလို႔ရပါတယ္။ အဲဒီတြင္းနက္ႀကီးေတြဟာ ေတြ႕သမွ်အားလံုး စုပ္ယူပစ္လိုက္တာပါ။ အထဲမွာဘာရွိလဲဆိုတာနဲ႔ တျခားတစ္ဖက္မွာေရာဘာရွိမလဲဆိုတာေတာ့ ဘယ္သူမွမသိႏိုင္ၾကပါဘူး။ အနာဂတ္ကိုသြားရင္ အနာဂတ္ကလူေတြထက္ငယ္ေနမွာျဖစ္ကာ၊ အတိတ္ဆိုရင္ေတာ့ ကိုယ္က အသက္ႀကီးေနမွာျဖစ္ပါတယ္။

ဒါ့ထက္ထူးျခားတာေလးေျပာျပခ်င္ပါေသးတယ္။ ဒါကေတာ့ အခ်ိန္ခရီးသြားတဲ့ သီအိုရီကို ပညာရွင္အမ်ားစုကလက္ခံၾကတာမို႔ အိုင္းစတိုင္းရဲ႕ သီအိုရီျဖစ္တဲ့ အရာ၀တၱဳတစ္ခုဟာ အလင္းရဲ႕အလ်င္နီးပါး အရွိန္နဲ႔သြားတဲ့အခါ ေႏွးသြားပါတယ္လို႔ဆိုပါတယ္။ အလင္းနီးပါးအလ်င္နဲ႔ အာကာသကို ခရီးထြက္ရင္ေတာ့ ယာဥ္ေပၚပါသူ လူေတြဟာ အခ်ိန္တိုတိုနဲ႔ အနာဂတ္ကို ေရာက္ႏိုင္မွာျဖစ္ပါတယ္။ သိပၸံပညာရွင္ေတြအားလံုးဟာ အခ်ိန္ခရီးသြားတာကို လက္မခံၾကေသးေပမယ့္ လက္ခံတဲ့ပညာရွင္ေတြကလည္း ယႏၱရားေတြ၊တီတြင္းေတြနဲ႔ စမ္းသပ္ေနၾကမွာ ျမင္ေယာင္ေနမိပါတယ္။ ပေဟဠိဆန္တဲ့ အခ်ိန္ခရီးသြားျခင္းေတြဟာလည္း စိုးမိုးေနဆဲနဲ႔ ေတြ႕ေနၾကဆဲဆိုတာကိုေတာ့ သက္ေသေလးတစ္ခုနဲ႔ေျပာျပခ်င္ပါတယ္။

၁၉၄၀ခုႏွစ္က အခ်ိန္ခရီးသြားတစ္ေယာက္ကို တံတားဖြင့္ပြဲတစ္ခုမွာေတြ႔လိုက္ရတာမို႔ အ့ံၾသစရာလို႔ေျပာလို႔ရပါတယ္။ ဘာျဖစ္လို႔လဲဆိုတာကေတာ့ တံတားဖြင့္ပြဲအခမ္းအနားမွာတက္ေရာက္လာတဲ့ လူဦးေရအမ်ားအျပားထဲကမွသူတစ္ေယာက္တည္းဟာ ေရာက္ရွိေနတဲ့ေခတ္အ၀တ္အစားဆင္ယင္မႈနဲ႔ လံုး၀မသက္ဆိုင္တဲ့ပံုစံနဲ႔ျဖစ္္ေနတာကို ထူးဆန္းစြာေတြ႔ျမင္ရတာျဖစ္ပါတယ္။ အဲဒီလူဟာ ဒီဘက္ေခတ္ေနကာ မ်က္မွန္၊တံဆိပ္ရိုက္ တီရွပ္အက်ီၤနဲ႔အင္မတန္ၾကည့္ေကာင္းတဲ့ ဆြယ္တာကိုပါ၀တ္ဆင္ထားတာေတြ႔ရတဲ့အျပင္ ကိုင္ေဆာင္ထားတဲ့ကင္မရာဟာလည္း တျခားနည္းနဲ႕ျပဳလုပ္ထားတာ မဟုတ္ဘူးဆိုတာကို သက္ဆိုင္ရာပညာရွင္မ်ား စစ္ေဆးအတည္ျပဳခ်က္အရအမွန္အကန္ျဖစ္တယ္လို႔သိရပါတယ္။အဲဒါကိုေရာဘယ္လိုေျပာႏိုင္ပါသလဲ။ဒါတင္မကေသးပါဘူး။

၁၉၂၈ခုႏွစ္ ခ်ာလီခ်က္ပလင္ရဲ႕The Circus ဆိုတဲ့ဇာတ္ကားတိုေလးမွာ ေခတ္ေဟာင္းအမ်ိဳးသမီးတစ္ဦး ဟာဒီဘက္ေခတ္ ဆဲလ္ဖုန္းတစ္လံုးကိုအသံုးျပဳေနတာေတြ႕ရမွာျဖစ္ပါတယ္။ အမွန္အားျဖင့္ဆဲလ္ဖုန္းေတြဟာ ၂၀၁၀ေလာက္မွသာစတင္ေပၚေပါက္လာတာျဖစ္ေပမယ့္ဆဲလ္ဖုန္းကိုကိုင္ၿပီးစကားေျပာေနတဲ့သူမကိုေတြ႕ေနရျခင္းဟာ အခ်ိန္ခရီးသြားတစ္ေယာက္ျဖစ္လိမ့္မယ္လို႔ထင္ပါတယ္။ ဒါဆိုရင္ ေတြးစရာတစ္ခုေတာ့ရွိေနပါၿပီ။ သူတို႔ရွာေတြ႔ခဲ့တဲ့အခ်ိန္ခရီးသြားေတြဟာေရွးေခတ္ေတြကိုလည္းသူတို႔ကဒီေခတ္ပံုစံေတြနဲ႔ႀကိဳၿပီးေရာက္ခဲ့ၾကတယ္လို႔ေျပာခ်င္တာမ်ားျဖစ္ေလမလား၊ စဥ္းစားခန္း၀င္ရင္းေတြးၾကည့္ရေအာင္လို႔ေျပာခ်င္ပါတယ္။