မိဘတွေကို အသက်စွန့် ကယ်ခဲ့တဲ့ သတင်းကြေညာသူ

0
229
photo internet

သားကောင်းသမီးကောင်းဆိုတဲ့ ရတနာတွေဟာ အင်မတန်ကုသိုလ်ထူးတဲ့ မိဘတွေမှ ရကြပါတယ်။ ဒီလို ဘာကြောင့်ပြောရတာလဲဆိုရင် မိဘတွေအနေနဲ့ သူတို့ရဲ့ သားသမီးတွေဟာ ဘယ်လောက်ဆိုးဆိုး ဘယ်လိုမှမပစ်ပယ်နိုင်တာမို့ သူတို့အတွက် ရေရှည် အကျိုးပြန်ပေးမပေးကို တွက်မနေတတ်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်လိုပင် ပြောဆိုကြိမ်းမောင်းနေစေကာမူ အချိန်တန်ရင် သားလေးဖို့၊ငါ့သမီးလေးဖို့ဆိုပြီး ရှိနေတာဟာလည်း မိဘတွေပဲဖြစ်ပါတယ်။ မိသားစုတိုင်းကတော့ မတူကြပါဘူး။ တချို့ မိသားစုတွေမှာဆိုရင် အရွယ်ရောက်လာပြီးသားသမီးတွေဟာ အတောင်လည်းစုံရော ပျံသန်းသွားလိုက်ကြတာ မိဘတွေဘာဖြစ်ဖြစ် ပြန်လည်စောင့်ရှောက် ဂရုစိုက်တာမျိုး မရှိကြပါဘူး။

photo internet

မိဘတွေဘယ်လို အခက်အခဲဖြစ်ဖြစ် ခေါင်းရှောင်တတ်ကြတဲ့ သားသမီးတွေလည်း ရှိသလို၊ ဒီလို မိသားစုတွေလိုမျိုးမဟုတ်တဲ့ အိမ်နေရာတစ်ခုမှာနေထိုင်တဲ့ ချစ်စရာသမီးလေးZeng ဟာ သူတို့နေထိုင်တဲ့ တိုက်ခန်း ၉လွှာမှာ မီးလောင်မှုကြီးဖြစ်ခဲ့ပါတယ်။ မီးသတ်သမားတွေရောက်ရှိလာခဲ့ပေမယ့်၊ အရှိန်ပြင်းစွာလောင်ကျွမ်းမှုတွေကြောင့်သူမအနေနဲ့ လွတ်မြောက်နိုင်ပေမယ့်၊ အိပ်ခန်းထဲမှာရှိနေတဲ့ မိဘတွေကို လွတ်မြောက်အောင်ကယ်တင်ဖို့သာအရေးကြီးတယ်လို့ တွေးပြီးအရင်ဆုံးကြိုးစားကယ်တင်ခဲ့ပါတယ်။

photo internet

မီးသတ်သမားတွေရောက်လာချိန်မှာတော့ မိဘတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် သူမဟာ မီးလောင်ကျွမ်းပြီးသေဆုံးခဲ့ပြီဆိုတာ စိတ်မကောင်းစွာသိခဲ့ရပါတယ်။ သမီးလိမ္မာလေးလည်းဖြစ်ပြီး၊ ပြည်သူချစ်တဲ့ သတင်းကြေညာသူလေးလည်းဖြစ်တဲ့ သူမကို ဆုံးရှုံးခဲ့ရတဲ့အတွက် ဝမ်းနည်းလို့မဆုံး၊ ယူကြုံးမရဖြစ်နေတာတွေဟာ တော်တော်နဲ့မေ့ပျောက်နိုင်မှာ မဟုတ်တော့ပါဘူး။သတင်းတင်ဆက်သူတွေကိုတွေ့တိုင်း မိဘတွေနဲ့ ပြည်သူတွေဟာ နှမြောတသ သတိရနေကြမှာ ဖြစ်ပါတယ်။ ဒီလို သားသမီးကောင်းလေးတွေကြတော့လည်း အသက်တိုလွန်းလိုက်တာလို့တွေးနေမိပါတယ်။

photo internet

(Zawgyi Version)

မိဘေတြကို အသက္စြန္႔ ကယ္ခဲ့တဲ့ သတင္းေၾကညာသူ

သားေကာင္းသမီးေကာင္းဆိုတဲ့ ရတနာေတြဟာ အင္မတန္ကုသိုလ္ထူးတဲ့ မိဘေတြမွ ရၾကပါတယ္။ ဒီလို ဘာေၾကာင့္ေျပာရတာလဲဆိုရင္ မိဘေတြအေနနဲ႔ သူတို႔ရဲ႕ သားသမီးေတြဟာ ဘယ္ေလာက္ဆိုးဆိုး ဘယ္လိုမွမပစ္ပယ္ႏိုင္တာမို႔ သူတို႔အတြက္ ေရရွည္ အက်ိဳးျပန္ေပးမေပးကို တြက္မေနတတ္တဲ့သူေတြျဖစ္ပါတယ္။ ဘယ္လိုပင္ ေျပာဆိုႀကိမ္းေမာင္းေနေစကာမူ အခ်ိန္တန္ရင္ သားေလးဖို႔၊ငါ့သမီးေလးဖိို့ဆိုၿပီး ရွိေနတာဟာလည္း မိဘေတြပဲျဖစ္ပါတယ္။ မိသားစုတိုင္းကေတာ့ မတူၾကပါဘူး။ တခ်ိဳ႕ မိသားစုေတြမွာဆိုရင္ အရြယ္ေရာက္လာၿပီးသားသမီးေတြဟာ အေတာင္လည္းစံုေရာ ပ်ံသန္းသြားလိုက္ၾကတာ မိဘေတြဘာျဖစ္ျဖစ္ ျပန္လည္ေစာင့္ေရွာက္ ဂရုစိုက္တာမ်ိဳး မရွိၾကပါဘူး။

မိဘေတြဘယ္လို အခက္အခဲျဖစ္ျဖစ္ ေခါင္းေရွာင္တတ္ၾကတဲ့ သားသမီးေတြလည္း ရွိသလို၊ ဒီလို မိသားစုေတြလိုမ်ိဳးမဟုတ္တဲ့ အိမ္ေနရာတစ္ခုမွာေနထိုင္တဲ့ ခ်စ္စရာသမီးေလးZeng ဟာ သူတို႔ေနထိုင္တဲ့ တိုက္ခန္း ၉လႊာမွာ မီးေလာင္မႈႀကီးျဖစ္ခဲ့ပါတယ္။ မီးသတ္သမားေတြေရာက္ရွိလာခဲ့ေပမယ့္၊ အရွိန္ျပင္းစြာေလာင္က်ြမ္းမႈေတြေၾကာင့္သူမအေနနဲ႔ လြတ္ေျမာက္ႏိုင္ေပမယ့္၊ အိပ္ခန္းထဲမွာရွိေနတဲ့ မိဘေတြကို လြတ္ေျမာက္ေအာင္ကယ္တင္ဖို႔သာအေရးႀကီးတယ္လို႔ ေတြးၿပီးအရင္ဆံုးႀကိဳးစားကယ္တင္ခဲ့ပါတယ္။

မီးသတ္သမားေတြေရာက္လာခ်ိန္မွာေတာ့ မိဘေတြကို ကယ္တင္ႏိုင္ခဲ့ေပမယ့္ သူမဟာ မီးေလာင္က်ြမ္းၿပီးေသဆံုးခဲ့ၿပီဆိုတာ စိတ္မေကာင္းစြာသိခဲ့ရပါတယ္။ သမီးလိမၼာေလးလည္းျဖစ္ၿပီး၊ ျပည္သူခ်စ္တဲ့ သတင္းေၾကညာသူေလးလည္းျဖစ္တဲ့ သူမကုိ ဆံုးရံႈးခဲ့ရတဲ့အတြက္ ၀မ္းနည္းလို႔မဆံုး၊ ယူႀကံဳးမရျဖစ္ေနတာေတြဟာ ေတာ္ေတာ္နဲ႔ေမ့ေပ်ာက္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။သတင္းတင္ဆက္သူေတြကိုေတြ႕တိုင္း မိဘေတြနဲ႔ ျပည္သူေတြဟာ ႏွေျမာတသ သတိရေနၾကမွာ ျဖစ္ပါတယ္။ ဒီလို သားသမီးေကာင္းေလးေတြၾကေတာ့လည္း အသက္တိုလြန္းလိုက္တာလို႔ေတြးေနမိပါတယ္။