သေဆုံးသူဆန္ဒအရ အသုဘပွဲကို မင်္ဂလာပွဲအဖြစ်ကျင်းပခဲ့ရခြင်း

0
343
photo internet

ဝမ်းနည်းစရာကောင်းတဲ့ နေရာတစ်ခုမှာ ဝမ်းသာစရာအဖြစ်ကိုပြောင်းလဲလိုက်ရတယ်ဆိုတာ ဟာ လွယ်ကူတဲ့ အရာမဟုတ်ဘူးဆိုတာတော့ မိတ်ဆွေတို့လည်း နားလည်ကြမယ်ထင်ပါတယ်။ဒီလိုမလွယ်ကူတဲ့ အလုပ်ကို လုပ်ပေးခဲ့တဲ့သစ္စာရှင် အိမ်ထောင်ဦးစီးကတော့ သေဆုံးသူ ဇနီးဆန္ဒအရကြေကွဲစွာနဲ့ပဲ ပြုလုပ်ပေးခဲ့ပါတယ်။ အမှန်ဆို မင်္ဂလာပွဲဆိုတာဟာ ချစ်သူခင်သူတွေနဲ့ စိတ်တူကိုယ်တူနှစ်ဦးပေါင်းဖက်ပြီး၊ တစ်ဘဝလုံးစာအတွက် ဆိုးတူကောင်းဘက် အတူလက်တွဲသွားကြတာမျိုးပဲလို့ နားလည်ထားကြတာဖြစ်ပါတယ်။

photo internet

မင်္ဂလာပွဲဆိုတာဟာ နှစ်ဖက်မိဘစုံလင်စွာနဲ့ ပျော်ရွှင်ရယ်မောခြင်း အပြည့်ဖြင့်နွှဲရတဲ့ပွဲလို့ သိထားပေမယ့် Yangနဲ့ Xuရဲ့ပွဲကတော့ ဒီလိုမဟုတ်ခဲ့ဘူးဆိုတော့ ဘယ်သူမှ မပျော်နိုင်ဘဲ စိတ်မကောင်းခြင်းများစွာနဲ့ ပဲနွှဲခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုးစိတ်မကောင်းစွာနဲ့ကျင်းပခဲ့တဲ့အတွဲဟာ တရုတ်နိုင်ငံ Dalian မြို့မှာကျင်းပခဲ့တာဖြစ်ပြီး၊ မင်္ဂလာပွဲတက်ရောက်လာသူများကို ကြေကွဲဝမ်းနည်းစွာဖြင့် ငိုကြွေးစေခဲ့ပါတယ်။

photo internet

Xuအနေနဲ့အသက်၃၅နှစ်ရှိကာသူ့ရဲ့ အမျိုးသမီးဖြစ်သူဟာ ရင်သားကင်ဆာရောဂါကို၅နှစ်ခန့် ခံစားနေခဲ့ရပြီးနောက် သေဆုံးခဲ့ရတဲ့ အသုဘအခမ်းအနားကို ဇနီးသည်ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်း ပေးခဲ့တာဖြစ်ပါတယ်။ သူမဟာ ၂၈နှစ်ကတည်းက ဒီရောဂါကို စတင်ခံစားနေရတာဖြစ်ကာ၊ သူတို့စုံတွဲဟာ တက္ကသိုလ်ကျောင်းသားဘဝက တည်းကအွန်လိုင်းမှာပဲတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ကျောင်းပြီးတဲ့အချိန်များမှာတော့ အွန်လိုင်းမှာပဲအချိန်တွေ ကုန်ဆုံးပြီးမနေချင်တော့တာကြောင့် ၂၀၁၂မှာ စီးပွားရေးအတူလုပ်ရင်း ထူးဆန်းလွန်းစွာပဲ အိမ်သာမပါတဲ့ တိုက်ခန်းလေးမှာ အတူနေထိုင်ခဲ့ပါတယ်။ အလုပ်အကိုင်ကောင်းတဲ့အချိန် ၂၀၁၃ခုနှစ်အရောက်မှာတော့ ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ခဲ့ပါတယ်။ ချစ်ကြသူစုံတွဲလေးကို ကံကြမ္မာကမျက်နှာသာမပေးခဲ့ပါဘူး။သူမရဲ့ရောဂါဟာ ပိုပြီးနာကျင်ခံစား လာခဲ့ရတာကြောင့် ဆေးစစ်ခြင်း ထပ်မံပြုလုပ်ချိန်မှာတော့ ၅နှစ်သာအသက်ရှင် နေထိုင်ရတော့မယ့် အကြောင်းသိခဲ့ရပါတယ်။ ဒီလိုသိလိုက်ရတဲ့အချိန်မှာ Yangဟာ ဘဝကို အရှုံးမပေးဘဲ အားတင်းနေခဲ့ပြီး၊ ၂၀၁၇မှာ ရောဂါသက်သာလာတာကြောင့်ပျော်ရွှင်စွာပဲမင်္ဂလာပွဲဆင်နွှဲခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆိုးဝါးလှတဲ့ရောဂါဟာ တခြားနေရာတွေပါပျံ့နှံ့ခဲ့ပြီး၊ ၂၀၁၈အောက်တိုဘာ၁၄မှာတော့ တင်းခံနိုင်ဖို့အရေးကို လက်လျှော့လိုက်ပါရတော့တယ်။

photo internet

နောက်ဆုံးခရီးဖြစ်တဲ့သူမရဲ့ အသုဘပွဲမှာ Xuဟာ သူ့အမျိုးသမီးရှိနေသလိုမျိုးပြုလုပ်ကာ လက်ထပ်ထားတဲ့ စုံတွဲပွဲလေးပြန်ပြခဲ့ပြီး ဇနီးသည်ရဲ့ ဆန္ဒအရဒီပွဲမှာ မငိုမိအောင်ထိန်းရင်း သူမရဲ့ပြောစကားလေးတွေဖြစ်တဲ့ “သူမသေရင် သတို့သမီးဝတ်စုံလေးနဲ့ မြင်ရဖို့ဟာလည်း သူမရဲ့ဆန္ဒဖြစ်တယ်”ဆိုတာတွေလည်း ပြန်လည်ကြားယောင်ကာဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။ တက်ရောက်လာသူဧည့်သည်အများစုဟာလည်း သေဆုံးသူဆန္ဒပြည့်ဝအောင် ဖြည့်ဆည်းပေးခဲ့သူအမျိုးသားကိုဝိုင်းပြီး နှစ်သိမ့်အားပေးခဲ့ကြပါတယ်။

photo internet

(Zawgyi Version)

ေသဆံုးသူဆႏၵအရ အသုဘပြဲကို မဂၤလာပြဲအျဖစ္က်င္းပခဲ့ရျခင္း

၀မ္းနည္းစရာေကာင္းတဲ့ ေနရာတစ္ခုမွာ ၀မ္းသာစရာအျဖစ္ကိုေျပာင္းလဲလိုက္ရတယ္ဆိုတာ ဟာ လြယ္ကူတဲ့ အရာမဟုတ္ဘူးဆိုတာေတာ့ မိတ္ေဆြတို႔လည္း နားလည္ၾကမယ္ထင္ပါတယ္။ဒီလိုမလြယ္ကူတဲ့ အလုပ္ကို လုပ္ေပးခဲ့တဲ့သစၥာရွင္ အိမ္ေထာင္ဦးစီးကေတာ့ ေသဆံုးသူ ဇနီးဆႏၵအရေၾကကြဲစြာနဲ႔ပဲ ျပဳလုပ္ေပးခဲ့ပါတယ္။ အမွန္ဆို မဂၤလာပြဲဆိုတာဟာ ခ်စ္သူခင္သူေတြနဲ႔ စိတ္တူကိုယ္တူႏွစ္ဦးေပါင္းဖက္ၿပီး၊ တစ္ဘ၀လံုးစာအတြက္ ဆိုးတူေကာင္းဘက္ အတူလက္တြဲသြားၾကတာမ်ိဳးပဲလို႔ နားလည္ထားၾကတာျဖစ္ပါတယ္။

မဂၤလာပြဲဆိုတာဟာ ႏွစ္ဖက္မိဘစံုလင္စြာနဲ႔ ေပ်ာ္ရႊင္ရယ္ေမာျခင္း အျပည့္ျဖင့္ႏႊဲရတဲ့ပြဲလို႔ သိထားေပမယ့္ Yangနဲ႔ Xuရဲ႕ပြဲကေတာ့ ဒီလိုမဟုတ္ခဲ့ဘူးဆိုေတာ့ ဘယ္သူမွ မေပ်ာ္ႏိုင္ဘဲ စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ ပဲႏႊဲခဲ့ရတာျဖစ္ပါတယ္။ဒီလိုမ်ိဳးစိတ္မေကာင္းစြာနဲ႔က်င္းပခဲ့တဲ့အတြဲဟာ တရုတ္ႏိုင္ငံ Dalian ၿမိဳ႕မွာက်င္းပခဲ့တာျဖစ္ၿပီး၊ မဂၤလာပြဲတက္ေရာက္လာသူမ်ားကို ေၾကကြဲ၀မ္းနည္းစြာျဖင့္ ငိုေၾကြးေစခဲ့ပါတယ္။

Xuအေနနဲ႔အသက္၃၅ႏွစ္ရွိကာသူ႔ရဲ႕ အမ်ိဳးသမီးျဖစ္သူဟာ ရင္သားကင္ဆာေရာဂါကို၅ႏွစ္ခန္႔ ခံစားေနခဲ့ရၿပီးေနာက္ ေသဆံုးခဲ့ရတဲ့ အသုဘအခမ္းအနားကို ဇနီးသည္ရဲ႕ေနာက္ဆံုးဆႏၵကိုျဖည့္ဆည္း ေပးခဲ့တာျဖစ္ပါတယ္။ သူမဟာ ၂၈ႏွစ္ကတည္းက ဒီေရာဂါကို စတင္ခံစားေနရတာျဖစ္ကာ၊ သူတို႔စံုတြဲဟာ တကၠသိုလ္ေက်ာင္းသားဘ၀ကတည္းကအြန္လိုင္းမွာပဲေတြ႕ဆံုခဲ့တာျဖစ္ပါတယ္။ ေက်ာင္းၿပီးတဲ့အခ်ိန္မ်ားမွာေတာ့ အြန္လိုင္းမွာပဲအခ်ိန္ေတြကုန္ဆံုးၿပီးမေနခ်င္ေတာ့တာေၾကာင့္ ၂၀၁၂မွာ စီးပြားေရးအတူလုပ္ရင္း ထူးဆန္းလြန္းစြာပဲ အိမ္သာမပါတဲ့ တိုက္ခန္းေလးမွာ အတူေနထိုင္ခဲ့ပါတယ္။ အလုပ္အကိုင္ေကာင္းတဲ့အခ်ိန္ ၂၀၁၃ခုႏွစ္အေရာက္မွာေတာ့ ကိုယ္ပိုင္အိမ္ေလး၀ယ္နိုင္ခဲ့ပါတယ္။ ခ်စ္ၾကသူစံုတြဲေလးကို ကံၾကမၼာကမ်က္ႏွာသာမေပးခဲ့ပါဘူး။သူမရဲ႕ေရာဂါဟာ ပိုၿပီးနာက်င္ခံစား လာခဲ့ရတာေၾကာင့္ ေဆးစစ္ျခင္း ထပ္မံျပဳလုပ္ခ်ိန္မွာေတာ့ ၅ႏွစ္သာအသက္ရွင္ ေနထိုင္ရေတာ့မယ့္ အေၾကာင္းသိခဲ့ရပါတယ္။ ဒီလိုသိလိုက္ရတဲ့အခ်ိန္မွာ Yangဟာ ဘ၀ကို အရႈံးမေပးဘဲအားတင္းေနခဲ့ၿပီး၊ ၂၀၁၇မွာ ေရာဂါသက္သာလာတာေၾကာင့္ေပ်ာ္ရႊင္စြာပဲမဂၤလာပြဲဆင္ႏႊဲခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ဆိုး၀ါးလွတဲ့ေရာဂါဟာ တျခားေနရာေတြပါပ်ံ႕ႏွံ႕ခဲ့ၿပီး၊ ၂၀၁၈ေအာက္တိုဘာ၁၄မွာေတာ့ တင္းခံႏိုင္ဖို႔အေရးကို လက္ေလွ်ာ့လိုက္ပါရေတာ့တယ္။

ေနာက္ဆံုးခရီးျဖစ္တဲ့သူမရဲ႕ အသုဘပြဲမွာ Xuဟာ သူ႔အမ်ိဳးသမီးရွိေနသလိုမ်ိဳးျပဳလုပ္ကာ လက္ထပ္ထားတဲ့စံုတြဲပြဲေလးျပန္ျပခဲ့ၿပီး ဇနီးသည္ရဲ႕ ဆႏၵအရဒီပြဲမွာ မငိုမိေအာင္ထိန္းရင္း သူမရဲ႕ေျပာစကားေလးေတြျဖစ္တဲ့ “သူမေသရင္ သတို႔သမီး၀တ္စံုေလးနဲ႔ ျမင္ရဖို႔ဟာလည္း သူမရဲ႕ဆႏၵျဖစ္တယ္”ဆိုတာေတြလည္း ျပန္လည္ၾကားေယာင္ကာ၀မ္းနည္းပူေဆြးေနခဲ့ပါတယ္။ တက္ေရာက္လာသူဧည့္သည္အမ်ားစုဟာလည္း ေသဆံုးသူဆႏၵျပည့္၀ေအာင္ ျဖည့္ဆည္းေပးခဲ့သူအမ်ိဳးသားကို၀ိုင္းၿပီး ႏွစ္သိမ့္အားေပးခဲ့ၾကပါတယ္။