လူကိုမှီခိုပြီးနေထိုင်ခဲ့တဲ့မကောင်းဆိုးဝါးသားအဖ

0
539
photo internet

လူတိုင်းလူတိုင်း ကြားဖူးကြတယ်ဆိုပေမယ့် တကယ်လက်တွေ့မှာ ဘယ်လိုမျိုးတွေကိုမှ ဖုတ်ဝင်တယ်လို့ခေါ်လဲဆိုတာကို ဗဟုသုတအဖြစ်သိစေချင်တာမို့ ပုံပြင်မဟုတ်တဲ့ ဖြစ်ရပ်လေးကို ပြောပြပေးချင်ပါတယ်။မိတ်ဆွေတို့လည်း ကြုံဖူး၊ ကြားဖူးကြတာတွေလည်း ရှိကြမယ်ထင်ပါတယ်။ ရှေးလူကြီးတွေပြောဆိုကြတာတွေလည်း မှတ်သားခဲ့ဖူးမယ်လို့ယုံကြည်ပါတယ်။ အပင်အမြင့်တွေကိုတက်ရင် သတိထားဖို့၊ အမြင့်တက်ပြီးပြန်ဆင်းတဲ့အခါလည်း သတိထားဆင်းဖို့ဆိုတဲ့စကားတွေဟာ နေ့တိုင်းပြောနေကြစကားလို့ဆိုပေမယ့် ဘယ်တော့မှမရိုးနိုင်တဲ့ သတိပေးစကားတွေဖြစ်တယ်ဆိုတာ အခုတင်ပြပေးတဲ့ အဖြစ်အမှန်လေးကို နားထောင်ကြည့်ပြီး မှတ်သားထားစေချင်ပါတယ်။

photo internet

ဟိုးရှေးတုန်းကလို့ ပြောရမှာဖြစ်ပေမယ့် အခုပြောပြပေးမယ့် အကြောင်းလေးက ပုံပြင်လေးမဟုတ်တာကြောင့် နာမည်လွှဲထားတဲ့ စည်ပင်ရွာလေးတစ်ရွာမှာဖြစ်ခဲ့တဲ့အဖြစ်လေးလို့ပဲဆိုရမှာဖြစ်ပါတယ်။ အဲဒီစည်ပင်ရွာလေးဟာ စီးပွားရေးအဖြစ် အုန်းဆီထုတ်လုပ်တဲ့ လုပ်ငန်းအပြင် လယ်ယာလုပ်ငန်းတွေနဲ့ လုပ်ကိုင်စားသောက်ကြတဲ့ ရွာလေးဖြစ်ပါတယ်။ ဒီလိုမျိုးစီးပွားရေးနဲ့ နေထိုင်ကြတဲ့ရွာလေးမှာ ဖိုးထောင်နဲ့ မယ်အေးတို့လင်မယားဟာ သားလေးတစ်ယောက်နဲ့ အတူ ပျော်ရွှင်စွာနေထိုင်လျက်ရှိပါတယ်။ ဖိုးထောင်ဟာ ကျားသဘာဝအတိုင်း မူးအောင်သောက်တတ်ပေမယ့်သောက်ပြီးရင်လည်းအုန်းပင်ကိုတော့ တက်ဆဲတက်မြဲဘယ်တော့မှလွဲချော်တယ်ဆိုတာ မရှိခဲ့သူဖြစ်ပါတယ်။ ဒီလို မြင့်မားလွန်းတဲ့ အုန်းပင်ကိုမူးနေပေမယ့်လည်း တက်နိုင်ခဲ့တဲ့ ဖိုးထောင်ဟာ တစ်နေ့မှာတော့ အမြင့်ဆုံးလို့မဆိုလောက်တဲ့ အုန်းပင်ကိုတက်ရင်း ခြေချော်ကျကာမြေကြီးမှာအိပ်ပျော်သွားခဲ့ပါတယ်။

photo internet

ဒီလိုပြုတ်ကျသွားခဲ့ရတာဟာ သူငယ်ချင်းတွေရဲ့ မခံနိုင်အောင်ပြောဆိုမှုတွေကြောင့်အုန်းပင်ပေါ်တက်ရင်းဖြစ်သွားတာမို့ သူနိုးလာတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့အိမ်နီးချင်းများဟာ အံ့သြခြင်းများစွာနဲ့ ဝိုင်းကြည့်နေကြပါတယ်။ သူဟာဘာမှမဖြစ်သလို ကုန်းရုန်းထလာခဲ့ကာ ဗိုက်ဆာကြောင်းပြောဆိုပြီး မိန်းမဖြစ်သူကို ထမင်းခူးကျွေးခိုင်းခဲ့ပါတယ်။ သူအပင်ပေါ်ကနေပြုတ်ကျသွားတဲ့ အချိန်ဟာ ညနေ နေဝင်ရီတရော အချိန်ဖြစ်နေတဲ့အပြင် အုန်းပင်ပေါ်ကပြုတ်ကျသူအဖို့ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းပကတိဖြစ်လာဖို့ဆိုတာဟာ ဘယ်လိုမှမဖြစ်နိုင်တာကြောင့်အခုလိုထလာတာကို သူငယ်ချင်းတွေဟာ ဘာမှမပြောနိုင်အောင် ပါးစပ်ဟောင်းလောင်းဖြစ်နေခဲ့ပါတယ်။ပွန်းပဲ့ဒဏ်ရာတစ်ချက်မှမရှိဘဲ ထမင်းထစားလာတာကိုတွေ့ရသူအပေါင်းဟာ မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ပါတယ်။ ဒီထက်အံ့သြဖို့ဖြစ် လာတာကတော့ ဖိုးထောင်ဟာ ပြုတ်ကျပြီးတဲ့နောက်ပိုင်းမှာ ပူံမှန်နေမြဲအတိုင်းနေခြ့ဲပီး၊နှစ်အနည်းငယ်အကြာမှာ နောက်ထပ်သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။

photo internet

အဲဒီနောက်ပိုင်း မှာလည်း လူအသားနဲ့ ထိတွေ့နေရတာကို အင်မတန်ပြုလုပ်လာတာကြောင့်ထူးဆန်းလာခဲ့ပါတယ်။ မယ်အေးတစ်ယောက်လည်း ယောကျာ်းဖြစ်သူရဲ့ ထူးဆန်းမှုတွေကို သတိပြုမိတဲ့အချိန်မှာပဲ သူတို့ရွာလေးကို လာရောက် သတင်းသုံးတဲ့ ဆရာတော်တစ်ပါးဟာ ဖိုးထောင်အလုပ်သွားနေခိုက်မှာ မယ်အေးတို့အိမ်ကို ကြွလာခဲ့ပါတယ်။ ဆရာတော်ဟာ အိမ်တွင်းမှာ မကောင်းတဲ့ အညံ့တွေရှိနေတာကို သိခဲ့တာမို့ ဖယ်ရှားပေးဖို့ ပြင်ဆင်ခဲ့ပြီး၊ ဖိုးထောင်ပြန်ရောက်လာချိန်မှာတော့ စီစဉ်ထားတဲ့အတိုင်း ပြုလုပ်ခဲ့ရာမှာ သူ့ကိုမှီပြီး အသားယူ စားသောက်နေထိုင်နေတဲ့ မကောင်းဆိုးဝါးဟာ ဖိုးထောင်ကိုယ်မှခွာထွက်သွားပါတယ်။ ဆရာတော်ရဲ့ ပဌာန်းရေတန်ခိုးတွေကြောင့်ပဲ ၅နှစ်ကြာလောက်ဖိုးထောင်ကိုမှီကာစားသောက်နေတဲ့ ဖုတ်ကောင်ဟာမရဏလမ်းမြန်းခဲ့ရပါတော့တယ်။

photo internet

အဲဒီမကောင်းဆိုးဝါးထွက်သွားချိန်မှာပဲ ဖိုးထောင်ရဲ့ နဂိုရုပ်ဟာ ဘယ်သူမှ မမှတ်မိနိုင်အောင် အရိုးပြိုင်းနေကာအမွှေးတွေဗလပွနဲ့ ကြောက်စရာပုံစံဖြစ်နေပြီး၊ မကြာခင်မှာပဲ အမှန်တကယ်ဆုံးပါးခဲ့ပါတော့တယ်။ သူတို့စုံတွဲရဲ့ နောက်ထပ်မွေးတဲ့ ကလေးဟာလည်း ဖိုးထောင်ဆုံးပြီးမကြာခင်မှာ ဖခင်ဖြစ်သူသေဆုံးသွားသလိုပုံစံမျိုးနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။ ပုံပြင်လေးမဟုတ်တဲ့ ဒီဇာတ်လမ်းလေးကို သိခဲ့ရပြီးတဲ့နောက် အဲဒီလိုမကောင်းဆိုးဝါးတွေဆိုတာ တကယ်ရှိကြောင်းသိလိုက်ရတာကြောင့် လူကြီးသူမတွေပြောစကားများကို အလေးထားမှတ်သားစေချင်ပါတယ်။

photo internet

(Zawgyi Version)

လူကိုမွီခိုၿပီးေနထိုင္ခဲ့တဲ့မေကာင္းဆိုး၀ါးသားအဖ

လူတိုင္းလူတိုင္း ၾကားဖူးၾကတယ္ဆိုေပမယ့္ တကယ္လက္ေတြ႔မွာ ဘယ္လိုမ်ိဳးေတြကိုမွ ဖုတ္၀င္တယ္လို႔ေခၚလဲဆိုတာကို ဗဟုသုတအျဖစ္သိေစခ်င္တာမို႔ ပံုျပင္မဟုတ္တဲ့ ျဖစ္ရပ္ေလးကို ေျပာျပေပးခ်င္ပါတယ္။မိတ္ေဆြတို႔လည္း ႀကံဳဖူး၊ ၾကားဖူးၾကတာေတြလည္း ရွိၾကမယ္ထင္ပါတယ္။ ေရွးလူႀကီးေတြေျပာဆိုၾကတာေတြလည္း မွတ္သားခဲ့ဖူးမယ္လို႔ယံုၾကည္ပါတယ္။ အပင္အျမင့္ေတြကိုတက္ရင္ သတိထားဖို႔၊ အျမင့္တက္ၿပီးျပန္ဆင္းတဲ့အခါလည္း သတိထားဆင္းဖို႔ဆိုတဲ့စကားေတြဟာ ေန႔တိုင္းေျပာေနၾကစကားလို႔ဆိုေပမယ့္ ဘယ္ေတာ့မွမရိုးနိုင္တဲ့ သတိေပးစကားေတြျဖစ္တယ္ဆိုတာ အခုတင္ျပေပးတဲ့ အျဖစ္အမွန္ေလးကို နားေထာင္ၾကည့္ၿပီး မွတ္သားထားေစခ်င္ပါတယ္။

ဟိုးေရွးတုန္းကလို႔ ေျပာရမွာျဖစ္ေပမယ့္ အခုေျပာျပေပးမယ့္ အေၾကာင္းေလးက ပံုျပင္ေလးမဟုတ္တာေၾကာင့္ နာမည္လႊဲထားတဲ့ စည္ပင္ရြာေလးတစ္ရြာမွာျဖစ္ခဲ့တဲ့အျဖစ္ေလးလို႔ပဲဆိုရမွာျဖစ္ပါတယ္။ အဲဒီစည္ပင္ရြာေလးဟာ စီးပြားေရးအျဖစ္ အုန္းဆီထုတ္လုပ္တဲ့ လုပ္ငန္းအျပင္ လယ္ယာလုပ္ငန္းေတြနဲ႔ လုပ္ကိုင္စားေသာက္ၾကတဲ့ ရြာေလးျဖစ္ပါတယ္။ ဒီလိုမ်ိဳးစီးပြားေရးနဲ႔ ေနထိုင္ၾကတဲ့ရြာေလးမွာ ဖိုးေထာင္နဲ႔ မယ္ေအးတို႔လင္မယားဟာ သားေလးတစ္ေယာက္နဲ႔ အတူ ေပ်ာ္ရႊင္စြာေနထိုင္လ်က္ရွ္ိပါတယ္။ ဖိုးေထာင္ဟာ က်ားသဘာ၀အတိုင္း မူးေအာင္ေသာက္တတ္ေပမယ့္ေသာက္ၿပီးရင္လည္းအုန္းပင္ကိုေတာ့ တက္ဆဲတက္ၿမဲဘယ္ေတာ့မွလြဲေခ်ာ္တယ္ဆုိတာ မရွိခဲ့သူျဖစ္ပါတယ္။ ဒီလို ျမင့္မားလြန္းတဲ့ အုန္းပင္ကိုမူးေနေပမယ့္လည္း တက္ႏိုင္ခဲ့တဲ့ ဖိုးေထာင္ဟာ တစ္ေန႔မွာေတာ့ အျမင့္ဆံုးလို႔မဆိုေလာက္တဲ့ အုန္းပင္ကိုတက္ရင္း ေျခေခ်ာ္က်ကာေျမႀကီးမွာအိပ္ေပ်ာ္သြားခဲ့ပါတယ္။

ဒီလိုျပဳတ္က်သြားခဲ့ရတာဟာ သူငယ္ခ်င္းေတြရဲ႕ မခံႏိုင္ေအာင္ေျပာဆိုမႈေတြေၾကာင့္အုန္းပင္ေပၚတက္ရင္းျဖစ္သြားတာမို႕ သူႏုိးလာတဲ့အခ်ိန္မွာ သူငယ္ခ်င္းေတြနဲ႔အိမ္နီးခ်င္းမ်ားဟာ အံ့ၾသျခင္းမ်ားစြာနဲ႔ ၀ိုင္းၾကည့္ေနၾကပါတယ္။ သူဟာဘာမွမျဖစ္သလို ကုန္းရုန္းထလာခဲ့ကာ ဗိုက္ဆာေၾကာင္းေျပာဆိုျပီး မိန္းမျဖစ္သူကို ထမင္းခူးေက်ြးခိုင္းခဲ့ပါတယ္။ သူအပင္ေပၚကေနျပဳတ္က်သြားတဲ့ အခ်ိန္ဟာ ညေန ေန၀င္ရီတေရာ အခ်ိန္ျဖစ္ေနတဲ့အျပင္ အုန္းပင္ေပၚကျပဳတ္က်သူအဖို႔ ဘယ္လိုပဲျဖစ္ျဖစ္ အေကာင္းပကတိျဖစ္လာဖို႔ဆိုတာဟာ ဘယ္လိုမွမျဖစ္ႏိုင္တာေၾကာင့္အခုလိုထလာတာကို သူငယ္ခ်င္းေတြဟာ ဘာမွမေျပာႏိုင္ေအာင္ ပါးစပ္ေဟာင္းေလာင္းျဖစ္ေနခဲ့ပါတယ္။ပြန္းပဲ့ဒဏ္ရာတစ္ခ်က္မွမရွိဘဲထမင္းထစားလာတာကိုေတြ႔ရသူအေပါင္းဟာ မယံုၾကည္ႏိုင္ေလာက္ေအာင္ျဖစ္ခဲ့ပါတယ္။ ဒီထက္အံ့ၾသဖို႔ျဖစ္လာတာကေတာ့ ဖိုးေထာင္ဟာ ျပဳတ္က်ၿပီးတဲ့ေနာက္ပိုင္းမွာ ပံူမွန္ေနၿမဲအတိုင္းေနချ့ဲပီး၊ႏွစ္အနည္းငယ္အၾကာမွာ ေနာက္ထပ္သားတစ္ေယာက္ထြန္းကားခဲ့ပါတယ္။

အဲဒီေနာက္ပိုင္း မွာလည္း လူအသားနဲ႔ ထိေတြ႔ေနရတာကို အင္မတန္ျပဳလုပ္လာတာေၾကာင့္ထူးဆန္းလာခဲ့ပါတယ္။ မယ္ေအးတစ္ေယာက္လည္း ေယာက်ာ္းျဖစ္သူရဲ႕ ထူးဆန္းမႈေတြကို သတိျပဳမိတဲ့အခ်ိန္မွာပဲ သူတို႔ရြာေလးကို လာေရာက္ သတင္းသံုးတဲ့ ဆရာေတာ္တစ္ပါးဟာ ဖိုးေထာင္အလုပ္သြားေနခိုက္မွာ မယ္ေအးတို႔အိမ္ကို ၾကြလာခဲ့ပါတယ္။ ဆရာေတာ္ဟာ အိမ္တြင္းမွာ မေကာင္းတဲ့ အညံ့ေတြရွိေနတာကို သိခဲ့တာမို႔ ဖယ္ရွားေပးဖို႔ ျပင္ဆင္ခဲ့ၿပီး၊ ဖိုးေထာင္ျပန္ေရာက္လာခ်ိန္မွာေတာ့ စီစဥ္ထားတဲ့အတိုင္း ျပဳလုပ္ခဲ့ရာမွာ သူ႕ကိုမွီၿပီး အသားယူ စားေသာက္ေနထိုင္ေနတဲ့ မေကာင္းဆိုး၀ါးဟာ ဖိုးေထာင္ကိုယ္မွခြာထြက္သြားပါတယ္။ ဆရာေတာ္ရဲ႕ ပဌာန္းေရတန္ခိုးေတြေၾကာင့္ပဲ ၅ႏွစ္ၾကာေလာက္ဖိုးေထာင္ကိုမွွီကာစားေသာက္ေနတဲ့ ဖုတ္ေကာင္ဟာမရဏလမ္းျမန္းခဲ့ရပါေတာ့တယ္။

အဲဒီမေကာင္းဆိုး၀ါးထြက္သြားခ်ိန္မွာပဲ ဖိုးေထာင္ရဲ႕ နဂိုရုပ္ဟာ ဘယ္သူမွ မမွတ္မိႏိုင္ေအာင္ အရိုးျပိဳင္းေနကာအေမႊးေတြဗလပြနဲ႔ ေၾကာက္စရာပံုစံျဖစ္ေနၿပီး၊ မၾကာခင္မွာပဲ အမွန္တကယ္ဆံုးပါးခဲ့ပါေတာ့တယ္။ သူတို႔စံုတြဲရဲ႕ ေနာက္ထပ္ေမြးတဲ့ ကေလးဟာလည္း ဖိုးေထာင္ဆံုးၿပီးမၾကာခင္မွာ ဖခင္ျဖစ္သူေသဆံုးသြားသလိုပံုစံမ်ိဳးနဲ႔ပဲေသဆံုးသြားခဲ့ပါတယ္။ ပံုျပင္ေလးမဟုတ္တဲ့ ဒီဇာတ္လမ္းေလးကို သိခဲ့ရၿပီးတဲ့ေနာက္ အဲဒီလိုမေကာင္းဆိုး၀ါးေတြဆိုတာတကယ္ရွိေၾကာင္းသိလိုက္ရတာေၾကာင့္ လူႀကီးသူမေတြေျပာစကားမ်ားကို အေလးထားမွတ္သားေစခ်င္ပါတယ္။