စာသင်ခန်းထဲသရဲခေါ်ဂိမ်းဆော့ကြတဲ့ ကျောင်းသူလေးတွေရဲ့အဖြစ်ဆိုး

0
114
photo internet

မှတ်မိနေသေးတဲ့ အဖြစ်လေးတစ်ခုကိုပြန်ပြောပြချင်ပါတယ်။ ကျောင်းတက်စဉ် အချိန်တွေတုန်းကကြုံခဲ့တဲ့ အဖြစ်လေးတစ်ခုဖြစ်ပါတယ်။ ထုံးစံအတိုင်းပါပဲ ကျောင်းမှာ ဆရာမမရှိရင် အုပ်စုလေးတွေဖွဲ့ပြီး နေတတ်ကြတာဆိုတော့၊ အဲဒီလိုနေကြပြီဆိုရင်သတိ ထားရတော့မယ့်အခြေအနေဖြစ်ပါတယ်။ မှတ်မိနေတာကတော့ အဲဒီနေ့က ကျောင်းမှာ ဆရာဆရာမတွေ အစည်းအဝေးပြုလုပ်ကြမှာမို့ အတန်းခေါင်းဆောင်ကိုထိန်းထား ဖို့တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ခေါင်းဆောင်အနေနဲ့လည်း ငြိမ်နေရင်ပြီးရောလို့ဆိုပြီး၊ လွှတ်ထားလိုက်တာဟာ အမှားဖြစ်ခဲ့ပါတယ်။

photo internet

၁၀တန်းဆိုတော့လည်း ဆရာမကြီးတွေပေါ့၊ ကျောင်းမှာဆိုတော့လည်း လွယ်လွယ်ကူကူပဲ လိုအပ်တဲ့ ပစ္စည်းကို အဝေးကြီးမှာရှာစရာမလိုဘူးလေ။ မိန်းကလေးတို့စုံပြီဆိုတော့ စပ်စုစိန်တို့ထုံးစံအတိုင်း စာရွက်အကြီးတစ်ရွက်ရလာပြီဆိုရင်ပဲအလုပ်စဖို့ အတွက် အဲဒီစာရွက်ပေါ်အလယ်မှာ ရေသန့်ဘူး အဖုံးလေးထားပြီး၊ သုံးယောက်ကလက်နဲ့ထောက်ထားရပါမယ်။ မကြောက်တတ်တဲ့သူကခေါ်မှရပါတယ်။ အဲလိုမှမဟုတ်ဘဲ ခေါ်တဲ့သူကကြောက်တဲ့သူဆို အဖုံးလေးကိုထိထားတဲ့ လက်ကိုလွှတ်လိုက်တာနဲ့ ဝင်လာတော့မယ့်သရဲက စိတ်ဆိုးတတ် တယ်လို့ပြောကြပါတယ်။ ကျောင်းသူတစ်ဦးကစကာ ‘ဒီအနီးတစ်ဝိုက်မှာ ရှိတဲ့ပရလောကသားများ…အခုခေါ်နေတဲ့ ကျွန်မတို့နဲ့ ဆော့ချင်တယ်ဆိုရင် ဒီအဖုံးလေးကို ရွေ့အောင်လုပ်ပြပြီး၊မေးတာလေးတွေဖြေပေးပါ’၊ ပရလောကသားတွေကဘယ်လောက်များနေလဲဆိုတာ တစ်ယောက်စီ ခေါ်လိုက်တာမှ ၃ယောက်မြောက်ခေါ်တဲ့စကားအပြီးမှာတော့ အဖုံးလေးဟာ ရွေ့လာတာကို အားလုံးမြင်လိုက်ကြပါတယ်။ဒါကြောင့် အခုဝင်လာတဲ့ ပရလောကသားဟာ ယောကျာ်းလား၊ မိန်းမလားဆိုတာကို ထပ်မေးလိုက်ပါတယ်။ စာရွက်လေးပေါ်ဆွဲထားတဲ့GIRL အကွက်လေးနဲ့ BOY အကွက်လေးပေးထားတာမှာ အဖုံးလေးဟာ ရွေ့ပြီး GIRLအကွက်လေးစီကို ဖြည်းဖြည်းချင်း ရွေ့သွားတာတွေ့လိုက်ကြပါတယ်။ ဆက်ပြီးဝင်လာသူရဲ့ နာမည်ကို မေးလိုက်ပြန်တော့ ခကွေးနဲ့ရကောက်ရယ်ကို ဖြည်းဖြည်းချင်းရွှေ့သွားတဲ့အချိန်မှာပဲ “ငါတို့နဲ့ ဆော့ချင်လား…မဆော့ချင်ဘူးလား”မေးလိုက်တဲ့အခါ၊ အဖုံးလေးဟာ NO ကိုအမြန်ဆုံးရွှေ့သွားတာမို့ နှစ်ယောက်လောက်ထပ်မေးတော့လည်း NOမှာပဲ အကြာချည်းရပ်နေခဲ့တာကြောင့် ပြန်လွှတ်ပေးလိုက်ကြပါတယ်။

photo internet

နောက်တစ်ယောက်ထပ်ခေါ်လိုက်တဲ့အခါမှာတော့ အမြန်ဆုံးဝင်လာတာကြောင့် ကြောက်စရာကောင်းအောင်လန့် သွားခဲ့ပါတယ်။ ခေါ်တဲ့သူရဲ့ စကားတောင် မဆုံးခင်မှာရောက်လာတဲ့သရဲကြောင့် အတူတူဆော့မှာလားလို့ တောင်မမေးရဲတေ့ာတဲ့အချိန်မှာပဲ အဖုံးလေးဟာ yesကို ရွေ့သွားပြီး၊ အဖုံးကို ပြန်ထိန်းရွှေ့လို့မရဘူးဖြစ်ခဲ့ပါတယ်။ မထူးတော့ဘူးဆိုပြီးဆယ်တန်းကိုနှစ်ချင်းပေါက်အောင်မှာလား၊ ဂုဏ်ထူးတွေထွက်မှာလားဆိုတာတွေကို ဆက်မေးနေတုန်းမှာပဲ ဝိုင်းဖွဲ့ဆော့နေကြတဲ့ စားပွဲခုံကို တစ်ယောက်ယောက်က ခေါက်နေတဲ့ အသံကို ကြားလိုက်မိတာကြောင့် အချင်းချင်း ဘယ်သူခေါက်နေတာလဲမေးမြန်းကြပြီး၊ တစ်ယောက်မှမဟုတ်တဲ့ အကြောင်းပြောကာ မျက်လုံးပြူးနေကြစဉ် သူတို့ဘေးကနေ လေဝှေ့တိုက်သွားတာကြောင့်အားလုံး ကြောက်လန့်လာကြပါတယ်။ ဝင်လာခဲ့တဲ့ ပရလောကသားကို ပြမပို့ရသေးတာကြောင့် လက်ကို ဘယ်သူမှမလွှတ်ကြဖို့လည်း အော်နေရပါတော့တယ်။

photo internet

အဲဒီလိုအော်ပြီးသတိပေးနေစဉ်မှာပဲ တစ်ယောက်ကလန့်ပြီးလက်ကိုဖယ်လိုက်ကာ ငါတို့ဆက်မဆော့တော့ဘူးလို့ ဆိုကာ ပြောပေမယ့် ၊NOဆိုတဲ့ စာလုံးအနားကနေ လုံး၀ မခွာသွားဘဲရှိနေကာ ဖိနပ်ရှပ်တိုက်စီးတဲ့ အသံတွေနဲ့ ပြူတင်းပေါက်မှ လေတဝုန်းဝုန်းတိုက်ခတ်သံတွေနဲ့အတူ မှန်ချပ်တွေလည်း ကွဲကုန်တဲ့ အထိ သောင်းကျန်းလာတာမို့ ဘုရားစာရွတ်ဆိုလိုက်တဲ့အချိန်မှာကိုပဲ စာရွက်ကြီးဟာလေထဲမြောက်တက်သွားကာ အဖုံးကလည်း ဘယ်ရောက်မှန်းမသိဖြစ်သွားကာ သူတို့အားလုံးလည်း ထွက်ပြေးလို့မရအောင်ချုပ်မိသွားခဲ့ကြပါတယ်။ အခန်းထဲမှာကျယ်လောင်တဲ့အသံတွေနဲ့ ဗြောင်းဆန်နေပေမယ့်၊ အပြင်ကနေ ဘယ်သူမှ မကြားဘူးဖြစ်နေတာတွေကြောင့် လက်အုပ်ချီထိုင်ကန်တော့ရတဲ့ အနေအထားမှာကိုပဲ လေတဝူးဝူးတိုက် ပြေးလိုက်လွှားလိုက် အသံတွေနဲ့အတူမီးပါပျက်သွားခဲ့ပါတယ်။ ညမဟုတ်တာတောင် ဒီလောက်သောင်းကျန်းနေရင် အမလေးညဆိုရင်တော့ မတွေးရဲလောက်အောင်ကိုဖြစ်နေမှာပါ။

photo internet

ဂိမ်းကစားတဲ့သူတွေ အားလုံးခမျာရသမျှ ဘုရားစာရွတ်ဖတ်လိုက်တဲ့အခါမှ ခြောက်လှန့်မှုနဲ့ကြောက်ရွံ့ မှုတွေဟာ ပိုပြီးဆိုးလာပါတယ်။ ဘယ်လိုမှ မနိုင်တဲ့အဆုံး ထိုင်ပြီး လက်အုပ်လေးချီကာ ဘုရားစာဆိုကာ ထိုင်ကန်တော့မှပဲ တံခါးတွေပွင့်ကုန်ပြီး၊ အလုအယက်ထွက်ပြေးဖို့ကြိုးစားစဉ်မှာပဲ ဝင်ပေါက်ဝမှာ တွေ့လိုက်ရတဲ့ သွေးအလိမ်းလိမ်းနဲ့ လူကြီးတစ်ယောက်ကိုလှမ်းမြင်လိုက်တဲ့အုပ်စုဟာ တိုင်ပင်ထားခြင်းမရှိဘဲနဲ့ တစ်ဟုန်ထိုး ပြေးထွက်ခဲ့ကြပါတော့တယ်။ ဂိမ်းကစားတဲ့ အခန်းကနေ ကျောင်းစာသင်ခန်းထဲရောက်အောင်ပြေးလာကြပြီး ၃ယောက်ကတော့ အခန်းထဲမှာတင် သတိမေ့သွားပြီး၊ ကျန်တဲ့ လူတွေထဲကနှစ်ယောက်ကတော့ ရှော့်ခ်ရသွားကာ ရူးနှမ်းသွားတဲ့အထိဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ ပညာရေးအထိခိုက်ခံရတဲ့ အနေအထားအထိဖြစ်သွားခဲ့တာကို သာဓကထားမှတ်သားကြစေပြီး၊ သုူများစမ်းသပ်မယ်ဆိုတိုင်း လိုက်မလုပ်မိကြစေဖို့ နဲ့ ပရလောကဆိုတာဟာ ကြမ်းတဲ့သူတွေကလည်း ကြမ်းရမ်းကြတယ်ဆိုတာကိုသတိလေးပေးလိုက်ချင်ပါတယ်။

photo internet

(Zawgyi Version)

စာသင္ခန္းထဲသရဲေခၚဂိမ္းေဆာ့ၾကတဲ့ ေက်ာင္းသူေလးေတြရဲ႕အျဖစ္ဆုိး

မွတ္မိေနေသးတဲ့ အျဖစ္ေလးတစ္ခုကိုျပန္ေျပာျပခ်င္ပါတယ္။ ေက်ာင္းတက္စဥ္ အခ်ိန္ေတြတုန္းကႀကံဳခဲ့တဲ့အျဖစ္ေလးတစ္ခုျဖစ္ပါတယ္။ ထံုးစံအတိုင္းပါပဲ ေက်ာင္းမွာ ဆရာမမရွိရင္ အုပ္စုေလးေတြဖြဲ႕ၿပီး ေနတတ္ၾကတာဆိုေတာ့၊ အဲဒီလိုေနၾကၿပီဆုိရင္သတိ ထားရေတာ့မယ့္အေျခအေနျဖစ္ပါတယ္။ မွတ္မိေနတာကေတာ့ အဲဒီေန႔က ေက်ာင္းမွာ ဆရာဆရာမေတြ အစည္းအေ၀းျပဳလုပ္ၾကမွာမို႔ အတန္းေခါင္းေဆာင္ကိုထိန္းထားဖို႔တာ၀န္ေပးအပ္ခဲ့တာျဖစ္ပါတယ္။ ေခါင္းေဆာင္အေနနဲ႔လည္း ၿငိမ္ေနရင္ၿပီးေရာလို႔ဆိုၿပီး၊ လႊတ္ထားလိုက္တာဟာ အမွားျဖစ္ခဲ့ပါတယ္။

၁၀တန္းဆိုေတာ့လည္း ဆရာမႀကီးေတြေပါ့၊ ေက်ာင္းမွာဆိုေတာ့လည္း လြယ္လြယ္ကူကူပဲ လိုအပ္တဲ့ ပစၥည္းကို အေ၀းႀကီးမွာရွာစရာမလိုဘူးေလ။ မိန္းကေလးတို႔စံုၿပီဆိုေတာ့ စပ္စုစိန္တို႔ထံုးစံအတိုင္း စာရြက္အႀကီးတစ္ရြက္ရလာၿပီဆိုရင္ပဲအလုပ္စဖို႔ အတြက္ အဲဒီစာရြက္ေပၚအလယ္မွာ ေရသန္႔ဘူး အဖံုးေလးထားၿပီး၊ သံုးေယာက္ကလက္နဲ႔ေထာက္ထားရပါမယ္။ မေၾကာက္တတ္တဲ့သူကေခၚမွရပါတယ္။ အဲလိုမွမဟုတ္ဘဲ ေခၚတဲ့သူကေၾကာက္တဲ့သူဆို အဖံုးေလးကိုထိထားတဲ့ လက္ကိုလႊတ္လိုက္တာနဲ႔ ၀င္လာေတာ့မယ့္သရဲက စိတ္ဆိုးတတ္ တယ္လို႔ေျပာၾကပါတယ္။
ေက်ာင္းသူတစ္ဦးကစကာ ‘ဒီအနီးတစ္၀ိုက္မွာ ရွိတဲ့ပရေလာကသားမ်ား…အခုေခၚေနတဲ့ က်ြန္မတို႔နဲ႔ ေဆာ့ခ်င္တယ္ဆိုရင္ ဒီအဖံုးေလးကို ေရြ႕ေအာင္လုပ္ျပၿပီး၊ေမးတာေလးေတြေျဖေပးပါ’၊ ပရေလာကသားေတြကဘယ္ေလာက္မ်ားေနလဲဆိုတာ တစ္ေယာက္စီ ေခၚလိုက္တာမွ ၃ေယာက္ေျမာက္ေခၚတဲ့စကားအၿပီးမွာေတာ့ အဖံုးေလးဟာ ေရြ႕လာတာကို အားလံုးျမင္လိုက္ၾကပါတယ္။ဒါေၾကာင့္ အခု၀င္လာတဲ့ ပရေလာကသားဟာ ေယာက်ာ္းလား၊ မိန္းမလားဆိုတာကို ထပ္ေမးလိုက္ပါတယ္။ စာရြက္ေလးေပၚဆြဲထားတဲ့GIRL အကြက္ေလးနဲ႔ BOY အကြက္ေလးေပးထားတာမွာ အဖံုးေလးဟာ ေရြ႕ၿပီး GIRLအကြက္ေလးစီကို ျဖည္းျဖည္းခ်င္း ေရြ႔သြားတာေတြ႔လိုက္ၾကပါတယ္။ ဆက္ၿပီး၀င္လာသူရဲ႕ နာမည္ကို ေမးလိုက္ျပန္ေတာ့ ခေကြးနဲ႔ရေကာက္ရယ္ကို ျဖည္းျဖည္းခ်င္းေရႊ႕သြားတဲ့အခ်ိန္မွာပဲ “ငါတို႔နဲ႔ ေဆာ့ခ်င္လား…မေဆာ့ခ်င္ဘူးလား”ေမးလိုက္တဲ့အခါ၊ အဖံုးေလးဟာ NO ကိုအျမန္ဆံုးေရႊ႔သြားတာမို႔ ႏွစ္ေယာက္ေလာက္ထပ္ေမးေတာ့လည္း NOမွာပဲ အၾကာခ်ည္းရပ္ေနခဲ့တာေၾကာင့္ ျပန္လႊတ္ေပးလိုက္ၾကပါတယ္။

ေနာက္တစ္ေယာက္ထပ္ေခၚလိုက္တဲ့အခါမွာေတာ့ အျမန္ဆံုး၀င္လာတာေၾကာင့္ ေၾကာက္စရာေကာင္းေအာင္လန္႔သြားခဲ့ပါတယ္။ ေခၚတဲ့သူရဲ႕ စကားေတာင္ မဆံုးခင္မွာေရာက္လာတဲ့သရဲေၾကာင့္ အတူတူေဆာ့မွာလားလို႔ေတာင္မေမးရဲေတ့ာတဲ့အခ်ိန္မွာပဲ အဖံုးေလးဟာ yesကို ေရြ႔သြားၿပီး၊ အဖံုးကို ျပန္ထိန္းေရႊ႕လို႔မရဘူးျဖစ္ခဲ့ပါတယ္။ မထူးေတာ့ဘူးဆိုၿပီးဆယ္တန္းကိုႏွစ္ခ်င္းေပါက္ေအာင္မွာလား၊ ဂုဏ္ထူးေတြထြက္မွာလားဆိုတာေတြကို ဆက္ေမးေနတုန္းမွာပဲ ၀ိုင္းဖြဲ႕ေဆာ့ေနၾကတဲ့ စားပြဲခံုကို တစ္ေယာက္ေယာက္က ေခါက္ေနတဲ့ အသံကို ၾကားလိုက္မိတာေၾကာင့္ အခ်င္းခ်င္း ဘယ္သူေခါက္ေနတာလဲေမးျမန္းၾကၿပီး၊ တစ္ေယာက္မွမဟုတ္တဲ့ အေၾကာင္းေျပာကာ မ်က္လံုးျပဴးေနၾကစဥ္ သူတို႔ေဘးကေန ေလေ၀ွ႔တိုက္သြားတာေၾကာင့္အားလံုးေၾကာက္လန္႔လာၾကပါတယ္။ ၀င္လာခဲ့တဲ့ ပရေလာကသားကို ျပမပို႕ရေသးတာေၾကာင့္ လက္ကို ဘယ္သူမွမလႊတ္ၾကဖို႔လည္း ေအာ္ေနရပါေတာ့တယ္။

အဲဒီလိုေအာ္ၿပီးသတိေပးေနစဥ္မွာပဲ တစ္ေယာက္ကလန္႔ၿပီးလက္ကိုဖယ္လိုက္ကာ ငါတို႔ဆက္မေဆာ့ေတာ့ဘူးလို႔ဆိုကာ ေျပာေပမယ့္ ၊NOဆိုတဲ့ စာလံုးအနားကေန လံုး၀ မခြာသြားဘဲရွိေနကာ ဖိနပ္ရွပ္တိုက္စီးတဲ့ အသံေတြနဲ႔ ျပဴတင္းေပါက္မွ ေလတ၀ုန္း၀ုန္းတိုက္ခတ္သံေတြနဲ႔အတူ မွန္ခ်ပ္ေတြလည္း ကြဲကုန္တဲ့ အထိ ေသာင္းက်န္းလာတာမို႔ ဘုရားစာရြတ္ဆိုလိုက္တဲ့အခ်ိန္မွာကိုပဲ စာရြက္ႀကီးဟာေလထဲေျမာက္တက္သြားကာ အဖံုးကလည္း ဘယ္ေရာက္မွန္းမသိျဖစ္သြားကာ သူတို႔အားလံုးလည္း ထြက္ေျပးလို႔မရေအာင္ခ်ဳပ္မိသြားခဲ့ၾကပါတယ္။ အခန္းထဲမွာက်ယ္ေလာင္တဲ့အသံေတြနဲ႔ ေျဗာင္းဆန္ေနေပမယ့္၊ အျပင္ကေန ဘယ္သူမွ မၾကားဘူးျဖစ္ေနတာေတြေၾကာင့္ လက္အုပ္ခ်ီထိုင္ကန္ေတာ့ရတဲ့ အေနအထားမွာကိုပဲ ေလတ၀ူး၀ူးတိုက္ ေျပးလိုက္လႊားလိုက္ အသံေတြနဲ႔အတူမီးပါပ်က္သြားခဲ့ပါတယ္။ ညမဟုတ္တာေတာင္ ဒီေလာက္ေသာင္းက်န္းေနရင္ အမေလးညဆိုရင္ေတာ့ မေတြးရဲေလာက္ေအာင္ကိုျဖစ္ေနမွာပါ။

ဂိမ္းကစားတဲ့သူေတြ အားလံုးခမ်ာရသမွ် ဘုရားစာရြတ္ဖတ္လိုက္တဲ့အခါမွ ေျခာက္လွန္႔မႈနဲ႔ေၾကာက္ရြံ႕မႈေတြဟာ ပိုၿပီးဆိုးလာပါတယ္။ ဘယ္လိုမွ မႏိုင္တဲ့အဆံုး ထိုင္ၿပီး လက္အုပ္ေလးခ်ီကာ ဘုရားစာဆိုကာ ထိုင္ကန္ေတာ့မွပဲ တံခါးေတြပြင့္ကုန္ၿပီး၊ အလုအယက္ထြက္ေျပးဖို႔ႀကိဳးစားစဥ္မွာပဲ ၀င္ေပါက္၀မွာ ေတြ႔လိုက္ရတဲ့ ေသြးအလိမ္းလိမ္းနဲ႔ လူႀကီးတစ္ေယာက္ကိုလွမ္းျမင္လိုက္တဲ့အုပ္စုဟာ တိုင္ပင္ထားျခင္းမရွိဘဲနဲ႔ တစ္ဟုန္ထိုး ေျပးထြက္ခဲ့ၾကပါေတာ့တယ္။ ဂိမ္းကစားတဲ့ အခန္းကေန ေက်ာင္းစာသင္ခန္းထဲေရာက္ေအာင္ေျပးလာၾကၿပီး ၃ေယာက္ကေတာ့ အခန္းထဲမွာတင္ သတိေမ့သြားၿပီး၊ က်န္တဲ့ လူေတြထဲကႏွစ္ေယာက္ကေတာ့ ေရွာ့္ခ္ရသြားကာ ရူးႏွမ္းသြားတဲ့အထိျဖစ္ခဲ့ရပါတယ္။ ဒါေၾကာင့္ မိမိတို႔ရဲ႕ ပညာေရးအထိခိုက္ခံရတဲ့ အေနအထားအထိျဖစ္သြားခဲ့တာကို သာဓကထားမွတ္သားၾကေစၿပီး၊ သုူမ်ားစမ္းသပ္မယ္ဆိုတိုင္း လိုက္မလုပ္မိၾကေစဖို႔ နဲ႔ ပရေလာကဆိုတာဟာ ၾကမ္းတဲ့သူေတြကလည္း ၾကမ္းရမ္းၾကတယ္ဆိုတာကိုသတိေလးေပးလိုက္ခ်င္ပါတယ္။