နိမိတ်စကား လေးစားသင့်ကြောင်း

0
1801
photo internet

တစ်ခါတလေမှာ မထင်မှတ်တဲ့အဖြစ်အပျက်တွေဟာ ကိုယ့်အတွက်နိမိတ်ပေးတယ်ဆိုပေမယ့် ကာယကံရှင်တွေ ကိုယ်တိုင်က ဘာမှမသိသလိုဖြစ်နေတတ်ပါတယ်။ ကာယကံရှင်တွေကမသိလိုက်ပေမယ့် ဘေးပတ်ဝန်းကျင်ကနေ သတိထားလိုက်မိတာမျိုး၊ တွေကြုံခဲ့ကြတာမျိုးရှိပါတယ်။ တစ်ဆင့်စကားနဲ့မှ ပြန်သိကြတာမျိုးတွေရှိပါတယ်။ မှတ်မှတ်ရရ ရှိခဲ့ဖူးတဲ့အဖြစ်အပျက်လေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ စည်ခမ်းမြို့လေးတစ်မြို့မှာနှင်းမှုန် ဆိုတဲ့ မိန်းမချောလေးတစ်ယောက်ဟာ အရွယ်ရောက်လာတဲ့အခါမှာ ထမန်သီရှမ်းလူမျိုးတစ်ယောက်နဲ့ လက်ထပ်ပြီးယောင်နောက်ဆံထုံးပါလိုက်သွားခဲ့ပါတယ်။

photo internet

သမီးလေးမမြနှင်း မွေးပြီၤးချိန်မှာတော့ ခင်ပွန်းဖြစ်သူဟာ သေဆုံးခဲ့ရပါတယ်။ဖခင်ဖြစ်သူသေဆုံးပြီးနောက်ပိုင်း သမီးလေးလည်းအရွယ်ရောက်လာချိန်မှာတော့ အိမ်ထောင်ကျကာ သားဖြစ်သူု မောင်အေးချမ်းလေးမွေးဖွား လာခဲ့ပါတယ်။ သားလေးမွေးပြီးချိန်မှာပဲ မမြနှင်းရဲ့ ယောကျာ်းဖြစ်သူဟာလည်းသေဆုံးခဲ့ရပြန်ပါတယ်။ အဲဒီလို မိခင်ရောသမီးဖြစ်သူပါ ယောကျာ်းတွေသေဆုံးခဲ့ရတာဟာ သူတို့သားအမိဟာ ရိုးရိုးသားသားမဟုတ်နိုင်ဘူးဆိုပြီး၊ ပတ်ဝန်းကျင်မှ ကဲ့ရဲ့ ပြစ်တင်စကားများပြောကြတာကို ခံခဲ့ရတဲ့သူတို့ မိသားစုလေးဟာ ဆွေမဲ့မျိုုးမရှိ အပယ်ခံဘဝလေးနဲ့ နေထိုင်လာခဲ့ကြပါတယ်။ ဒီလိုအပယ်ခံဘဝနဲ့ နေလာခဲ့တဲ့မိသားစုလေးဟာ ၂နှစ်လောက်အကြာမှာတော့မိခင်ဖြစ်သူနဲ့ အဘွားဖြစ်သူတို့ဟာ ဘုရားတရားအလုပ်ဖြင့်သာ အချိန်ကုန်နေခဲ့ရာမှ တစ်ရက်မှာတော့ သူတို့အရပ်ဒေသလေးမှာ ဒုစရိုက်မှုတွေများလာပြီး၊ ဂရုဓမ္မတရားမမြဲတဲ့ အဖြစ်အပျက်တွေ တွေ့လာရတာကြောင့် မင်းနဲ့တကွပြည်သူပြည်သားတွေကို နတ်တို့က ရွံ့ရှာမုန်းတီးလာကြပါတယ်။ ဒီလိုအကြောင်းအရာတွေကို ကြိုသိလိုက်တဲ့ မုဆိုးမသားအမိအနေနဲ့ မကောင်းတဲ့နိမိတ်တစ်ခုကို သိလိုက်ရပါတယ်။

photo internet

အဲဒါကတော့ မုဆိုးမသားအမိ တရားအားထုတ်အလုပ်လုပ်စဉ်ညဉ့်သန်းခေါင်မှာ ကောင်းကင်ယံမှ ကြွေးကြော်သံကြီးမြည်ဟည်း လာတာကို သိလိုက်ရတဲ့ သားအမိဟာ ကြောက်ရွံ့တုန်လှုပ်ခဲ့ပါတယ်။ နတ်တို့ရဲ့ ကြွေးကြော်သံကိုလည်း ကြားလိုက်ရတဲ့ သားအမိခမျာ ဒီနိမိတ်စကားတွေကို မြို့ရှိလူအားလုံးကို ပြောပြဖို့ရာအခက်တွေ့ခဲ့ကြပါတယ်။ နတ်တို့ရဲ့ ကြွေးကြော်သံကို အားလုံးကြားအောင်ပြောပေမယ့်လည်း အကြိမ်ကြိမ်တိုင်းမှာ မုဆိုးမသားအမိသာ ကြားခဲ့ရတာမို့ ဒီနိမိတ်စကားကို တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ပြောပေမယ့်လည်း သားအမိပြောသမျှစကားကို ယုံကြည်သူတစ်ယောက်မှမရှိဖြစ်ခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း မြို့သူမြို့သားများဒုက္ခရောက်ကြမှာစိုးတာကြောင့် နတ်တို့ရဲ့ ကြွေးကြော်သံစကားကို ပြန်လည်ပြောပြခဲ့ရာ မှာတော့ မြို့သူမြို့သားအပေါင်းတို့ ရှေ့ခုနစ်ရက်မတိုင်ခင်မှာ ဒီမြို့ဟာ ရေပြင်အတိနဲ့ အင်းဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တာတွေကို သားအမိနှစ်ယောက်ပြန်ပြောပြခဲ့ပေမယ့် ဟိုးဘိုးစဉ်ဘောင်ဆက်ကစပြီး မကြား၊မသိရ၊ မင်္ဂလာမရှိတဲ့ စကားကို မုဆိုးမနှစ်ယောက်က လာပြောနေတာကြောင့် တခြားမြို့သူမြို့သားတွေကလည်း အပြစ်တင်စကားတွေပြောပြီးလက်မခံတဲ့အပြင်၊ လင်လိုချင်လို့ မဟုတ်တာတွေလိုက်ပြောနေတယ်လို့ ပဲထင်မြင်ကြကာ အလေးမထား ကြဘဲ ဆဲဆို ပြောလွှတ်ခဲ့ကြတာကြောင့် မုဆိုးမသားအမိ မြေးအဘွားနဲ့အတူ သူတို့ကိုယုံကြည်သူအချို့ စုပေါင်းကာ အဘယဂီရိ တောင်ကုန်းပေါ်ကို တက်ပြေးပြီးနောက် လှည့်ကြည့်လိုက်စဉ်မှာပဲ စည်ခမ်းမြို့ကြီးတစ်မြို့လုံးဟာ ရေပြင်အတိဖြစ်သွားခဲ့ပြီး မုဆိုးမစကားမယုံကြည်ကြသူများအားလုံးရေအောက်ရောက်ခဲ့ရတာကို မြင်လိုက်ရပါတော့တယ်။

photo internet

ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ တခြားနေရာတွေမှာပဲဖြစ်ဖြစ် ထူးထူးခြားခြား ဖြစ်အင်များ၊ သတင်းထုူးသတင်းဦးများ လာပြောပေးတာ၊ အကြောင်းကြားပေးတာများ ကြုံလာခဲ့တာများ ရှိခဲ့ရင်ကိုယ့်အတွက် နိမိတ်ပြစကားများအဖြစ်အလေးအနက်ရှိသင့်ကြောင်းနဲ့ ဟုတ်ပါ့မလားဆိုတဲ့ အတွေးတွေကို ခဏဖယ်ထားပြီး၊ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ထားဖို့နဲ့ အန္တရာယ်ကင်းအောင်တော့ ရှောင်ဖို့ သင့်ပါတယ်လို့ပြောချင်ပါတယ်။

photo internet

(Zawgyi Version)

နိမိတ္စကား ေလးစားသင့္ေၾကာင္း

တစ္ခါတေလမွာ မထင္မွတ္တဲ့အျဖစ္အပ်က္ေတြဟာ ကိုယ့္အတြက္နိမိတ္ေပးတယ္ဆိုေပမယ့္ ကာယကံရွင္ေတြ ကိုယ္တိုင္က ဘာမွမသိသလိုျဖစ္ေနတတ္ပါတယ္။ ကာယကံရွင္ေတြကမသိလိုက္ေပမယ့္ ေဘးပတ္၀န္းက်င္ကေန သတိထားလိုက္မိတာမ်ိဳး၊ ေတြႀကံဳခဲ့ၾကတာမ်ိဳးရွိပါတယ္။ တစ္ဆင့္စကားနဲ႔မွ ျပန္သိၾကတာမ်ိဳးေတြရွိပါတယ္။ မွတ္မွတ္ရရ ရွိခဲ့ဖူးတဲ့အျဖစ္အပ်က္ေလးတစ္ခုကို ေျပာျပေပးခ်င္ပါတယ္။ စည္ခမ္းၿမိဳ႕ေလးတစ္ၿမိဳ႕မွာႏွင္းမႈန္ဆိုတဲ့ မိန္းမေခ်ာေလးတစ္ေယာက္ဟာ အရြယ္ေရာက္လာတဲ့အခါမွာ ထမန္သီရွမ္းလူမ်ိဳးတစ္ေယာက္နဲ႔ လက္ထပ္ၿပီးေယာင္ေနာက္ဆံထံုးပါလိုက္သြားခဲ့ပါတယ္။

သမီးေလးမျမႏွင္း ေမြးၿပီၤးခ်ိန္မွာေတာ့ ခင္ပြန္းျဖစ္သူဟာ ေသဆံုးခဲ့ရပါတယ္။ဖခင္ျဖစ္သူေသဆံုးၿပီးေနာက္ပိုင္း သမီးေလးလည္းအရြယ္ေရာက္လာခ်ိန္မွာေတာ့ အိမ္ေထာင္က်ကာ သားျဖစ္သူု ေမာင္ေအးခ်မ္းေလးေမြးဖြားလာခဲ့ပါတယ္။ သားေလးေမြးၿပီးခ်ိန္မွာပဲ မျမႏွင္းရဲ႕ ေယာက်ာ္းျဖစ္သူဟာလည္းေသဆံုးခဲ့ရျပန္ပါတယ္။ အဲဒီလို မိခင္ေရာသမီးျဖစ္သူပါ ေယာက်ာ္းေတြေသဆံုးခဲ့ရတာဟာ သူတို႔သားအမိဟာ ရိုးရိုးသားသားမဟုတ္ႏိုင္ဘူးဆိုၿပီး၊ ပတ္၀န္းက်င္မွ ကဲ့ရဲ႕ ျပစ္တင္စကားမ်ားေျပာၾကတာကို ခံခဲ့ရတဲ့သူတို႔ မိသားစုေလးဟာ ေဆြမဲ့မ်ိုဳးမရွိ္ အပယ္ခံဘ၀ေလးနဲ႔ ေနထိုင္လာခဲ့ၾကပါတယ္။ ဒီလိုအပယ္ခံဘ၀နဲ႔ ေနလာခဲ့တဲ့မိသားစုေလးဟာ ၂ႏွစ္ေလာက္အၾကာမွာေတာ့မိခင္ျဖစ္သူနဲ႔ အဘြားျဖစ္သူတို႔ဟာ ဘုရားတရားအလုပ္ျဖင့္သာ အခ်ိန္ကုန္ေနခဲ့ရာမွ တစ္ရက္မွာေတာ့ သူတို႔အရပ္ေဒသေလးမွာ ဒုစရိုက္မႈေတြမ်ားလာၿပီး၊ ဂရုဓမၼတရားမၿမဲတဲ့ အျဖစ္အပ်က္ေတြ ေတြ႕လာရတာေၾကာင့္ မင္းနဲ႕တကြျပည္သူျပည္သားေတြကို နတ္တို႔က ရြံ႕ရွာမုန္းတီးလာၾကပါတယ္။ ဒီလိုအေၾကာင္းအရာေတြကို ႀကိဳသိလိုက္တဲ့ မုဆိုးမသားအမိအေနနဲ႔ မေကာင္းတဲ့နိမိတ္တစ္ခုကို သိလိုက္ရပါတယ္။

အဲဒါကေတာ့ မုဆိုးမသားအမိ တရားအားထုတ္အလုပ္လုပ္စဥ္ညဥ့္သန္းေခါင္မွာ ေကာင္းကင္ယံမွ ေၾကြးေၾကာ္သံႀကီးျမည္ဟည္း လာတာကို သိလိုက္ရတဲ့ သားအမိဟာ ေၾကာက္ရြံ႕တုန္လႈပ္ခဲ့ပါတယ္။ နတ္တို႔ရဲ႕ ေၾကြးေၾကာ္သံကိုလည္း ၾကားလိုက္ရတဲ့ သားအမိခမ်ာ ဒီနိမိတ္စကားေတြကို ၿမိဳ႕ရွိလူအားလံုးကို ေျပာျပဖို႔ရာအခက္ေတြ႔ခဲ့ၾကပါတယ္။ နတ္တို႔ရဲ႕ ေၾကြးေၾကာ္သံကို အားလံုးၾကားေအာင္ေျပာေပမယ့္လည္း အႀကိမ္ႀကိမ္တိုင္းမွာ မုဆိုးမသားအမိသာ ၾကားခဲ့ရတာမို႔ ဒီနိမိတ္စကားကို တစ္အိမ္၀င္တစ္အိမ္ထြက္ လိုက္ေျပာေပမယ့္လည္း သားအမိေျပာသမွ်စကားကို ယံုၾကည္သူတစ္ေယာက္မွမရွိျဖစ္ခဲ့ပါတယ္။ မိခင္ျဖစ္သူကလည္း ၿမိဳ႕သူၿမိဳ႕သားမ်ားဒုကၡေရာက္ၾကမွာစိုးတာေၾကာင့္ နတ္တို႔ရဲ႕ ေၾကြးေၾကာ္သံစကားကို ျပန္လည္ေျပာျပခဲ့ရာ မွာေတာ့ ၿမိဳ႕သူၿမိဳ႕သားအေပါင္းတို႔ ေရွ႕ခုနစ္ရက္မတိုင္ခင္မွာ ဒီၿမိဳ႕ဟာ ေရျပင္အတိနဲ႔ အင္းျဖစ္လာလိမ့္မယ္လို႔ ေျပာခဲ့တာေတြကို သားအမိႏွစ္ေယာက္ျပန္ေျပာျပခဲ့ေပမယ့္ ဟိုးဘိုးစဥ္ေဘာင္ဆက္ကစၿပီး မၾကား၊မသိရ၊ မဂၤလာမရွိတဲ့ စကားကို မုဆိုးမႏွစ္ေယာက္က လာေျပာေနတာေၾကာင့္ တျခားၿမိဳ႕သူၿမိဳ႕သားေတြကလည္း အျပစ္တင္စကားေတြေျပာၿပီးလက္မခံတဲ့အျပင္၊ လင္လိုခ်င္လို႔ မဟုတ္တာေတြလိုက္ေျပာေနတယ္လို႔ ပဲထင္ျမင္ၾကကာ အေလးမထား ၾကဘဲ ဆဲဆို ေျပာလႊတ္ခဲ့ၾကတာေၾကာင့္ မုဆိုးမသားအမိ ေျမးအဘြားနဲ႔အတူ သူတို႔ကိုယံုၾကည္သူအခ်ိဳ႕ စုေပါင္းကာ အဘယဂီရိ ေတာင္ကုန္းေပၚကို တက္ေျပးၿပီးေနာက္ လွည့္ၾကည့္လိုက္စဥ္မွာပဲ စည္ခမ္းၿမိဳ႕ႀကီးတစ္ၿမိဳ႕လံုးဟာ ေရျပင္အတိျဖစ္သြားခဲ့ၿပီး မုဆိုးမစကားမယံုၾကည္ၾကသူမ်ားအားလံုးေရေအာက္ေရာက္ခဲ့ရတာကို ျမင္လိုက္ရပါေတာ့တယ္။ ဒါေၾကာင့္ ကိုယ့္ပတ္၀န္းက်င္မွာပဲျဖစ္ျဖစ္၊ တျခားေနရာေတြမွာပဲျဖစ္ျဖစ္ ထူးထူးျခားျခား ျဖစ္အင္မ်ား၊ သတင္းထုူးသတင္းဦးမ်ား လာေျပာေပးတာ၊ အေၾကာင္းၾကားေပးတာမ်ား ႀကံဳလာခဲ့တာမ်ား ရွိခဲ့ရင္ကိုယ့္အတြက္ နိမိတ္ျပစကားမ်ားအျဖစ္အေလးအနက္ရွိသင့္ေၾကာင္းနဲ႔ ဟုတ္ပါ့မလားဆိုတဲ့ အေတြးေတြကို ခဏဖယ္ထားၿပီး၊ ျပင္ဆင္သင့္တာေတြကို ျပင္ဆင္ထားဖို႔နဲ႔ အႏၱရာယ္ကင္းေအာင္ေတာ့ ေရွာင္ဖို႔ သင့္ပါတယ္လို႔ေျပာခ်င္ပါတယ္။