အမေရိကန်နိုင်ငံရဲ့ ခြောက်ခြားစရာ အကောင်းဆုံး လမ်းမကြီး ၅ ခု

0
1311
photo – Treebo

သရဲတစ္ဆေတွေ တကယ်ရှိတယ်ဆိုတာ ယုံပါသလား? ဒီမေးခွန်းရဲ့ အဖြေကို အခုထိ ဘယ်သူမှ တိတိကျကျ ဖြေဆိုနိုင်ခြင်းမရှိသေးပါဘူး။ ယုံကြည်လက်ခံတဲ့သူရှိသလို အများစုကတော့ ကိုယ်တိုင်မကြုံတွေ့ရသရွေ့ လက်ခံကြမှာမဟုတ်ပါဘူး။ ဒီတစ်ခါမှာတော့ အမေရိကန်နိုင်ငံရဲ့ သရဲအခြောက်ဆုံး လမ်းမကြီး ၅ ခု အကြောင်းကို ပြောပြပေးမှာပါ။

photo – dangerousroad

Boy Scout Lane
ဒီလမ်းပေါ်မှာ ကင်းထောက်လူငယ်အုပ်စု သေဆုံးခဲ့ကြပါတယ်။ အမှန်တော့ ကင်းထောက်လူငယ်လေးတွေ ဒီလမ်းမှာ သေဆုံးခဲ့ကြလို့ ဒီနာမည်ပေးထားခဲ့တာတော့ မဟုတ်ပါဘူး။ကင်းထောက်လူငယ်လေးတွေ သေဆုံးတဲ့ ဇာတ်လမ်းက အမျိုးမျိုးကွဲပြားနေပါတယ်။ တချို့က ဒီလူငယ်လေးတွေကို ဘတ်စ်ကားမောင်းသူက သတ်ဖြတ်ခဲ့တယ်လို့ ပြောကြတဲ့သူတွေရှိသလို တချို့ကတော့ ကင်းထောက်အဖွဲ့ခေါင်းဆောင်က သတ်ဖြတ်ခဲ့တယ်လို့လည်း ပြောပါတယ်။ နောက်ထပ် ဇာတ်လမ်းတစ်ခုကြားရပြန်တာက ကင်းထောက်အဖွဲ့ဟာ စခန်းကနေထွက်ခွာခဲ့ပြီး စခန်းကို မီးရှို့ပြီး ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီအဖွဲ့ထဲမှာ လူငယ်နှစ်ဦးသာအသက်ရှင် ကျန်ရစ်ခဲ့ပြီး၊ တောထဲမှာပင် အစာရေစာပြတ်လတ်ပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ ကင်းထောက်လူငယ်လေးတွေရဲ့ ဝိညာဉ်ဟာ အခုအချိန်ထိ မကျွတ်မလွတ်နိုင်ကြသေးဘဲ သူတို့သေဆုံးခဲ့ကြတဲ့ ဒီတောလမ်းအတွင်းမှာပဲ ပိတ်မိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ညရောက်ပြီဆိုတာနဲ့ ဒီလမ်းလေးမှာ မီးအိမ်တွေနဲ့ ပုံဖော်လို့မရနိုင်တဲ့ အရိပ်မည်းမည်းကြီးသွားလာလှုပ်ရှားနေတာကို တွေ့ကြရတဲ့အပြင် သစ်ပင်တွေမှာလည်း လက်ရာသေးသေးလေးတွေကို တွေ့ကြရတယ်လို့ ဆိုပါတယ်။

photo – scary for kids

Annie’s Road
နယူးဂျာစီမှာရှိတဲ့ ဒီလမ်းလေးမျာ အန်နီ ဆိုတဲ့ မိန်းကလေးတစ်ဦး ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပြီးတဲ့နောက် ဒီလမ်းမကြီးဟာ ခြောက်ခြားစရာကောင်းတဲ့နေရာဖြစ်လာခဲ့ပါတယ်။အန်နှစ်ဟာ ၁၉၆၀ ခုနှစ်ဝန်းကျင်မှာ ဒီဒေသမှာ နေထိုင်ခဲ့ပြီး သူမရဲ့ကျောင်းဆင်းပွဲကအပြန် ညမှာ ဒီလမ်းမကြီးကနေ တစ်ဦးတည်းလမ်းလျှောက်ပြန်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ အရက်မူးနေတဲ့ အမျိုးသားတွေပါဝင်တဲ့ ကားတစ်စီးဟာ သူမအနားကို ချဉ်းကပ်လာပြီး ကားထဲဆွဲသွင်းပြီး အဓမ္မပြုကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပြီး လမ်းမပေါ်မှာ ပစ်ထားခဲ့ကြပါတယ်။ အန်နီသေဆုံးတဲ့ နှစ်ပတ်လည်နေ့ရောက်တိုင်း ဒီလမ်းမကြီးပေါ်မှာ မတော်တဆမှုတစ်ခုမဟုတ် တစ်ခုဖြစ်ပျက်ပြီး သေဆုံးမှုတွေ အခုထိဖြစ်ပေါ်နေဆဲပါ။ ညသန်းခေါင်မှာ ဖြတ်သန်းသွားလာတဲ့ ကားတချို့ဟာလည်း လမ်းမပေါ်မှာ မိန်းကလေးတစ်ယောက် လမ်းလျှောက်နေတာကို တွေ့ရတတ်လို့ဆိုပါတယ်။

photo – Flickr

Route 2A
အမေရိကန်နိုင်ငံက ထရပ်ကားသမား တော်တော်များများက Route 2A လမ်းကို ခြောက်ခြားစရာ အကောင်းဆုံးလမ်းလို့ သိထားကြပါတယ်။ ဆောင်းရာသီမတိုင်မီအချိန်မှာကိုပဲ နှင်း၊ ရေခဲနဲ့ မြူတွေ အုံ့ဆိုင်းနေတတ်တဲ့ ဒီလမ်းမကြီးမှာ သရဲ အင်မတန်ခြောက်တယ်ဆိုတော့ တွေးမိရုံနဲ့တင် ကြက်သီးထစရာပါ။ ကားသမားတွေကတော့ မိန်းကလေးငယ်ငယ်လေးတစ်ယောက်ကို ဒီလမ်းမကြီးပေါ်မှာ တခါတရံ တွေ့ရတတ်ပြီး၊ တခါတလေကျတော့ မိန်းမကြီးတစ်ယောက်က သူ့ယောက်ျားအန္တရာယ်ဖြစ်နေပါတယ်ဆိုပြီး အော်ဟစ် အကူအညီ တောင်းနေတတ်တယ်လို့ဆိုပါတယ်။ကားရပ်ပြီး အကူအညီပေးဖို့ ဆင်းသွားလိုက်တာနဲ့ အဲဒီမိန်းမကြီးက ပျောက်ပျောက်သွားတတ်ပါတယ်တဲ့။ ကဲ…အဲဒီလမ်းမကြီးကို သွားမကြည့်ချင်ကြဘူးလား…

photo – antique archaeology

Route 44
ဒီလမ်းက Massachusetts မြို့လေးမှာရှိပါတယ်။ ဒီလမ်းက မကြောက်တတ်တဲ့သူအဖို့ ဆိုရင်တော့ ရယ်စရာတောင် ဖြစ်နေပါလိမ့်မယ်။ ဒီသရဲက အန္တရာယ်တော့ မပြုပါဘူး။ Route 44 လမ်းဘေးမှာ ဖလန်ထည်အနွေးထည်နဲ့ ဂျင်းဘောင်းဘီဝတ်ဆင်ထားပြီး အနီရောင်ဆံပင်တွေပိုင်ဆိုင်ထားတဲ့ အမျိုးသားကြီးဟာ လမ်းပေါ်ဖြတ်သန်း သွားလာတဲ့ကားသမျှကို သူ့သွားကြီးတွေပေါ်အောင် ရယ်ပြတတ်ပါတယ်။ တစ်ခါတလေ ကားကြုံလိုက်စီးတတ်ပြီး နောက်ခန်းမှာ ထိုင်နေရင်းနဲ့ တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်ပါတယ်လို့ ကားသမားတွေက ပြန်ပြောခဲ့တာပါ။

photo – business insider singapore

Kelly Road
ဒေသခံတော်တော်များများကတော့ Kelly Road လမ်းမကြီးကို “ထူးခြား လျှို့ဝှက်မှုတွေနဲ့ပြည်နေတဲ့လမ်း” လို့ ခေါ်ဆိုကြပါတယ်။ အဲဒီလိုခေါ်ရတာကလည်း ရာဇဝင်ကြီးကြီးမားမားရှိခဲ့လို့ပါ။ဒီလမ်းမကြီးပေါ်မှာ စုံတွဲတစ်တွဲ ဆိုးရွားတဲ့ အဖြစ်အပျက်ဆိုးကြီးနဲ့ သေဆုံးခဲ့ပြီးတဲ့နောက်မှာ ညဖက်ဖြတ်သန်းသွားလာတဲ့ ကားတချို့ဟာ အော်ဟစ်ငိုယိုပြီး အကူအညီတောင်းနေတဲ့ အသံတွေ ကြားရတယ်လို့ ဆိုပါတယ်။ စုံတွဲဟာ Kelly လမ်းမကြီးပေါ်မှာ ကားမောင်းနှင်နေတဲ့အချိန်မှာ ယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီး ကားမှာချိတ်ပါလာတဲ့ ယာဉ်နောက်က ခုံဟာ သူတို့အတွဲပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျခဲ့တာပါ။ ကောင်မလေးကတော့ လည်ပင်းထက်ပိုင်းပြတ်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ကောင်လေးကတော့ မိနစ်အနည်းငယ်ကြာပြီးနောက်မှ သေဆုံးသွားခဲ့တာပါ။

ကဲ…ဒီခြောက်ခြားစရာ ကောင်းတဲ့ လမ်းတွေပေါ်ကို သွားကြည့်ကြမလား?

Zawgyi Version

အေမရိကန္ႏုိင္ငံရဲ႕ ေျခာက္ျခားစရာ အေကာင္းဆုံး လမ္းမႀကီး ၅ ခု

သရဲတေစၦေတြ တကယ္ရွိတယ္ဆုိတာ ယုံပါသလား? ဒီေမးခြန္းရဲ႕ အေျဖကုိ အခုထိ ဘယ္သူမွ တိတိက်က် ေျဖဆုိႏုိင္ျခင္းမရွိေသးပါဘူး။ ယုံၾကည္လက္ခံတဲ့သူရွိသလုိ အမ်ားစုကေတာ့ ကုိယ္တုိင္မႀကဳံေတြ႕ရသေရြ႕ လက္ခံၾကမွာမဟုတ္ပါဘူး။ ဒီတစ္ခါမွာေတာ့ အေမရိကန္ႏုိင္ငံရဲ႕ သရဲအေျခာက္ဆုံး လမ္းမႀကီး ၅ ခု အေၾကာင္းကုိ ေျပာျပေပးမွာပါ။

Boy Scout Lane

ဒီလမ္းေပၚမွာ ကင္းေထာက္လူငယ္အုပ္စု ေသဆုံးခဲ့ၾကပါတယ္။ အမွန္ေတာ့ ကင္းေထာက္လူငယ္ေလးေတြ ဒီလမ္းမွာ ေသဆုံးခဲ့ၾကလုိ႔ ဒီနာမည္ေပးထားခဲ့တာေတာ့ မဟုတ္ပါဘူး။ကင္းေထာက္လူငယ္ေလးေတြ ေသဆုံးတဲ့ ဇာတ္လမ္းက အမ်ဳိးမ်ဳိးကြဲျပားေနပါတယ္။ တခ်ဳိ႕က ဒီလူငယ္ေလးေတြကုိ ဘတ္စ္ကားေမာင္းသူက သတ္ျဖတ္ခဲ့တယ္လုိ႔ ေျပာၾကတဲ့သူေတြရွိသလုိ တခ်ဳိ႕ကေတာ့ ကင္းေထာက္အဖြဲ႕ေခါင္းေဆာင္က သတ္ျဖတ္ခဲ့တယ္လုိ႔လည္း ေျပာပါတယ္။ ေနာက္ထပ္ ဇာတ္လမ္းတစ္ခုၾကားရျပန္တာက ကင္းေထာက္အဖြဲ႕ဟာ စခန္းကေနထြက္ခြာခဲ့ၿပီး စခန္းကုိ မီး႐ႈိ႕ၿပီး ထြက္ခြာသြားခဲ့ပါတယ္။ အဲဒီအဖြဲ႕ထဲမွာ လူငယ္ႏွစ္ဦးသာအသက္ရွင္ က်န္ရစ္ခဲ့ၿပီး၊ ေတာထဲမွာပင္ အစာေရစာျပတ္လတ္ၿပီး ေသဆုံးခဲ့ရတာျဖစ္တယ္လုိ႔ ဆုိျပန္ပါတယ္။ ကင္းေထာက္လူငယ္ေလးေတြရဲ႕ ၀ိညာဥ္ဟာ အခုအခ်ိန္ထိ မကၽြတ္မလြတ္ႏုိင္ၾကေသးဘဲ သူတုိ႔ေသဆုံးခဲ့ၾကတဲ့ ဒီေတာလမ္းအတြင္းမွာပဲ ပိတ္မိေနတယ္လုိ႔ ေဒသခံေတြကဆုိပါတယ္။ ညေရာက္ၿပီဆုိတာနဲ႔ ဒီလမ္းေလးမွာ မီးအိမ္ေတြနဲ႔ ပုံေဖာ္လုိ႔မရႏုိင္တဲ့ အရိပ္မည္းမည္းႀကီးသြားလာလႈပ္ရွားေနတာကုိ ေတြ႕ၾကရတဲ့အျပင္ သစ္ပင္ေတြမွာလည္း လက္ရာေသးေသးေလးေတြကုိ ေတြ႕ၾကရတယ္လုိ႔ ဆုိပါတယ္။

Annie’s Road

နယူးဂ်ာစီမွာရွိတဲ့ ဒီလမ္းေလးမ်ာ အန္နီ ဆုိတဲ့ မိန္းကေလးတစ္ဦး ရက္ရက္စက္စက္သတ္ျဖတ္ခံခဲ့ရၿပီးတဲ့ေနာက္ ဒီလမ္းမႀကီးဟာ ေျခာက္ျခားစရာေကာင္းတဲ့ေနရာျဖစ္လာခဲ့ပါတယ္။အန္ႏွစ္ဟာ ၁၉၆၀ ခုႏွစ္၀န္းက်င္မွာ ဒီေဒသမွာ ေနထုိင္ခဲ့ၿပီး သူမရဲ႕ေက်ာင္းဆင္းပြဲကအျပန္ ညမွာ ဒီလမ္းမႀကီးကေန တစ္ဦးတည္းလမ္းေလွ်ာက္ျပန္လာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ အရက္မူးေနတဲ့ အမ်ဳိးသားေတြပါ၀င္တဲ့ ကားတစ္စီးဟာ သူမအနားကုိ ခ်ဥ္းကပ္လာၿပီး ကားထဲဆြဲသြင္းၿပီး အဓမၼျပဳက်င့္ကာ ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့ၾကၿပီး လမ္းမေပၚမွာ ပစ္ထားခဲ့ၾကပါတယ္။ အန္နီေသဆုံးတဲ့ ႏွစ္ပတ္လည္ေန႔ေရာက္တုိင္း ဒီလမ္းမႀကီးေပၚမွာ မေတာ္တဆမႈတစ္ခုမဟုတ္ တစ္ခုျဖစ္ပ်က္ၿပီး ေသဆုံးမႈေတြ အခုထိျဖစ္ေပၚေနဆဲပါ။ ညသန္းေခါင္မွာ ျဖတ္သန္းသြားလာတဲ့ ကားတခ်ဳိ႕ဟာလည္း လမ္းမေပၚမွာ မိန္းကေလးတစ္ေယာက္ လမ္းေလွ်ာက္ေနတာကုိ ေတြ႕ရတတ္လုိ႔ဆုိပါတယ္။

Route 2A

အေမရိကန္ႏုိင္ငံက ထရပ္ကားသမား ေတာ္ေတာ္မ်ားမ်ားက Route 2A လမ္းကုိ ေျခာက္ျခားစရာ အေကာင္းဆုံးလမ္းလုိ႔ သိထားၾကပါတယ္။ ေဆာင္းရာသီမတုိင္မီအခ်ိန္မွာကုိပဲ ႏွင္း၊ ေရခဲနဲ႔ ျမဴေတြ အုံ႔ဆုိင္းေနတတ္တဲ့ ဒီလမ္းမႀကီးမွာ သရဲ အင္မတန္ေျခာက္တယ္ဆုိေတာ့ ေတြးမိ႐ုံနဲ႔တင္ ၾကက္သီးထစရာပါ။ ကားသမားေတြကေတာ့ မိန္းကေလးငယ္ငယ္ေလးတစ္ေယာက္ကုိ ဒီလမ္းမႀကီးေပၚမွာ တခါတရံ ေတြ႕ရတတ္ၿပီး၊ တခါတေလက်ေတာ့ မိန္းမႀကီးတစ္ေယာက္က သူ႔ေယာက္်ားအႏၱရာယ္ျဖစ္ေနပါတယ္ဆုိၿပီး ေအာ္ဟစ္ အကူအညီ ေတာင္းေနတတ္တယ္လုိ႔ဆုိပါတယ္။ကားရပ္ၿပီး အကူအညီေပးဖုိ႔ ဆင္းသြားလုိက္တာနဲ႔ အဲဒီမိန္းမႀကီးက ေပ်ာက္ေပ်ာက္သြားတတ္ပါတယ္တဲ့။ ကဲ…အဲဒီလမ္းမႀကီးကုိ သြားမၾကည့္ခ်င္ၾကဘူးလား…

Route 44

ဒီလမ္းက Massachusetts ၿမိဳ႕ေလးမွာရွိပါတယ္။ ဒီလမ္းက မေၾကာက္တတ္တဲ့သူအဖုိ႔ ဆုိရင္ေတာ့ ရယ္စရာေတာင္ ျဖစ္ေနပါလိမ့္မယ္။ ဒီသရဲက အႏၱရာယ္ေတာ့ မျပဳပါဘူး။ Route 44 လမ္းေဘးမွာ ဖလန္ထည္အေႏြးထည္နဲ႔ ဂ်င္းေဘာင္းဘီ၀တ္ဆင္ထားၿပီး အနီေရာင္ဆံပင္ေတြပုိင္ဆုိင္ထားတဲ့ အမ်ဳိးသားႀကီးဟာ လမ္းေပၚျဖတ္သန္း သြားလာတဲ့ကားသမွ်ကုိ သူ႔သြားႀကီးေတြေပၚေအာင္ ရယ္ျပတတ္ပါတယ္။ တစ္ခါတေလ ကားႀကဳံလုိက္စီးတတ္ၿပီး ေနာက္ခန္းမွာ ထုိင္ေနရင္းနဲ႔ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားတတ္ပါတယ္လုိ႔ ကားသမားေတြက ျပန္ေျပာခဲ့တာပါ။

Kelly Road

ေဒသခံေတာ္ေတာ္မ်ားမ်ားကေတာ့ Kelly Road လမ္းမႀကီးကုိ “ထူးျခား လွ်ဳိ႕၀ွက္မႈေတြနဲ႔ျပည္ေနတဲ့လမ္း” လုိ႔ ေခၚဆုိၾကပါတယ္။ အဲဒီလုိေခၚရတာကလည္း ရာဇ၀င္ႀကီးႀကီးမားမားရွိခဲ့လုိ႔ပါ။ဒီလမ္းမႀကီးေပၚမွာ စုံတြဲတစ္တြဲ ဆုိးရြားတဲ့ အျဖစ္အပ်က္ဆုိးႀကီးနဲ႔ ေသဆုံးခဲ့ၿပီးတဲ့ေနာက္မွာ ညဖက္ျဖတ္သန္းသြားလာတဲ့ ကားတခ်ဳိ႕ဟာ ေအာ္ဟစ္ငုိယုိၿပီး အကူအညီေတာင္းေနတဲ့ အသံေတြ ၾကားရတယ္လုိ႔ ဆုိပါတယ္။ စုံတြဲဟာ Kelly လမ္းမႀကီးေပၚမွာ ကားေမာင္းႏွင္ေနတဲ့အခ်ိန္မွာ ယာဥ္မေတာ္တဆမႈျဖစ္ခဲ့ၿပီး ကားမွာခ်ိတ္ပါလာတဲ့ ယာဥ္ေနာက္က ခုံဟာ သူတုိ႔အတြဲေပၚကုိ အရွိန္ျပင္းျပင္းနဲ႔ ျပဳတ္က်ခဲ့တာပါ။ ေကာင္မေလးကေတာ့ လည္ပင္းထက္ပုိင္းျပတ္ကာ ပြဲခ်င္းၿပီး ေသဆုံးခဲ့ၿပီး၊ ေကာင္ေလးကေတာ့ မိနစ္အနည္းငယ္ၾကာၿပီးေနာက္မွ ေသဆုံးသြားခဲ့တာပါ။

ကဲ…ဒီေျခာက္ျခားစရာ ေကာင္းတဲ့ လမ္းေတြေပၚကုိ သြားၾကည့္ၾကမလား?