အချမ်းသာဆုံးအမျိုးသမီးများ

0
153
photo internet

လောကကြီးမှာ လူတိုင်းဟာ ချမ်းသာချင်ကြတဲ့သူတွေချည်းပဲ ဆိုတာပြေးကြည့်စရာတောင်မလိုပါဘူး။ တွေးကြည့်တာနဲ့တင်လုံလောက်ပါတယ်။ ဖြစ်နိုင်ရင်တော့ စည်းစိမ်ချမ်းသာအပြည့်နဲ့ စိတ်လည်းချမ်းသာမယ်၊ အေးချမ်းသာယာနေမယ်ဆိုရင်တော့ ပိုလိုတောင်ကောင်းလွန်းလို့ အချမ်းသာဆုံးများထဲက ကမ္ဘာ့အချမ်းသာဆုံး လူသားဖြစ်သွားမယ်ဆိုရင် အပျော်ဆုံးဖြစ်မှာ ပါလို့ပြောချင်ပါတယ်။

photo internet

အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်တဲ့ ဂျက်ဘိဇို့စ်၊ဝါရင်းဘတ်ဖတ်၊ဘီဂိတ်စ်တို့လိုပဲ ချမ်းသာတဲ့စာရင်းထဲမှာ ပါဝင်လာပြီဖြစ်တဲ့အမျိုးသမီးတွေအကြောင်းပြောပြပေးမှာဖြစ်ပါတယ်။ ကမ္ဘာကျော်Walmartကုမ္ပဏီကို တည်ထောင်သူဆမ်ဝေါ်တန်ရဲ့ သမီးဖြစ်တဲ့ အဲလစ်ဝေါ်တန်ဟာ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဘာသာရပ် များဖြင့်ဘွဲ့ရခဲ့တာဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုဖြစ်တဲ့ Llama ဘဏ်ကိုတည်ထောင်ခဲ့သူလည်းဖြစ်ပါ တယ်။ အာကန်ဆတ်ပြည်နယ်အနောက်မြောက်ပိုင်း ကောင်စီရဲ့ ပထမဆုံးဥက္ကဌဖြစ်ခဲ့ပြီး၊ အာကန်ဆတ်စီးပွားရေးသင်တန်းကျောင်းရဲ့ အကြံပေးလည်းဖြစ်ပါတယ်။ သူမအနေနဲ့ ဖခင်ဖြစ်သူရဲ့ Walmartကုမ္ပဏီကို မွေးချင်းမောင်နှမတွေစိတ်ဝင်စားနေကြသလောက် သူမကတော့လုံး၀ စိတ်ဝင်စားမှုမရှိခဲ့ပါဘူးလို့ပြောချင်ပါတယ်။ သူမရဲ့ စိတ်အဝင်စားဆုံးဝါသနာကတော့ အနုပညာလုပ်ငန်းဖြစ်တာမို့ ၂၀၁၁ခုမှာတော့ Crystal Bridges အနုပညာ ပြတိုက်ကိုမွေးရပ်မြေဖြစ်တဲ့ Bentoniville မြို့မှာ စဖွင့်ခဲ့ကာသန်းပေါင်းရာချီတန်တဲ့အနုပညာပစ္စည်းတွေကို ဝယ်ယူစုဆောင်းလေ့ရှိပါတယ်။ အခုသူမရဲ့ပိုင်ဆိုင်မှုဟာ ၄၄.၄ဘီလီယံရှိကြောင်းသိရပါတယ်။

photo internet

ဟားဗတ်စီးပွားရေးကျောင်းဆင်းကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ အဘီးဂျေးလ်ဂျွန်ဆင်ဟာ အမေရိကန်လုပ်ငန်းရှင်တစ်ဦးဖြစ်ကာ အကြီးဆုံးငွေကြေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Fidelity Invesments မှာစီအီးအို အဖြစ်တာဝန်ထမ်းဆောင်နေခဲ့တာဟာ ၂၀၁၄ခုကတည်းဖြစ်ပါတယ်။ အဲဒီကုမ္ပဏီရဲ့ မူလတည်ထောင်သူကတော့ သူမရဲ့ အဘိုးဖြစ်သူ အက်ဒွပ်ဂျွန်ဆင်ဖြစ်ပြီး၊သူမအနေနဲ့ ရှယ်ယာ ၂၄.၅% ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ၂၀၁၆မှာတော့ ဘုတ်အဖွဲ့ဒါရိုက်တာဖြစ်လာခဲ့ကာ သူမရဲ့ ပိုင်ဆိုင်မှုတွေဟာလည်း အမေရိကန်ဒေါ်လာ ၁၆.၄ဘီလီယံပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

photo internet

နောက်တစ်ယောက်ကတော့ ပညာရေး၊ကျန်းမာရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ မီဒီယာ၊ဂျာနယ်လုပ်ငန်းတွေမှာ အများဆုံးလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ လော်ရင်းပေါင်ဝဲလ်ဖြစ်ပါတယ်။ သူမဟာ Emerson Collective အဖွဲ့အစည်းကို တည်ထောင်ခဲ့သူလည်းဖြစ်ကာဥက္ကဌတာဝန်ကိုလည်းယူထားသူဖြစ်ပါတယ်။ Appleရဲ့ ဖခင်ကြီး စတိဂျော့ဘ်ဟာ သူမရဲ့ ခင်ပွန်းဖြစ်ကြောင်းအပြင်၊ Appleနဲ့ ဒစ္စနေးကုမ္ပဏီတွေမှာရှိတဲ့ ခင်ပွန်းဖြစ်သူပိုင်ဆိုင်မှုမှ ဒေါ်လာ၂၀ ဘီလီယံခန့်ကို သူမကရရှိထားတာဖြစ်ပါတယ်။ သူမဟာ ၂၀၁၇ခုနှစ် အတ္တလန်တစ်မဂ္ဂဇင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူကာရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူမဟာ College Trackရဲ့ ပူးတွဲတည်ထောင်သူဥက္ကဌလည်းဖြစ်ပါတယ်။ဒါ့ကြောင့် အခုချိန်မှာ သူမရဲ့ကြွယ်ဝမှုဟာ ၁၉.၄ဘီလီယံရှိတယ်လို့သိရပါတယ်။ အချမ်းသာဆုံးစာရင်းထဲမှာ သူမကလည်း ပါဝင်နေပါတယ်။ သူ့နာမည်ကတော့ ဖရန့်ချွိုင်းဘက်တန်းခေါ့မိုင်ယာဖြစ်ပါတယ်။ အမျိုးသမီးတွေအားလုံးသိနေကြတဲ့ ကမ္ဘာကျော် အလှကုန်ကုမ္ပဏီဖြစ်တဲ့ L’Oreal ကို တည်ထောင်သူ Eugene Schueller ရဲ့ မြေးဖြစ်တယ်လို့ဆိုပါတယ်။ သူမရဲ့ မိသားစုဟာ အဲဒီကုမ္ပဏီရဲ့စုစုပေါင်းရှယ်ယာမှ ၃၃%ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဦးဆောင်သူဖြစ်တဲ့အပြင် ဘုတ်အဖွဲ့မှာ လည်းပါဝင်ခဲ့ပါတယ်။

photo internet

၂၀၁၇မှာတော့ မိခင်ဖြစ်သူရဲ့ အမွေကို ဆက်ခံခဲ့ရပြီးနောက် အချမ်းသာဆုံးအမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ နေရာအနှံ့မှာ ဆိုင်ခွဲပေါင်းများစွာ ရှိကာ ဝန်ထမ်းပေါင်းလည်း ၉၀၀၀၀ကျော်ကို ဦးဆောင်သူဖြစ်တဲ့အပြင် စာရေးဆရာမတစ်ယောက် လည်းဖြစ်ကြောင်း သိရတဲ့အတွက် လေးစားမိပါတယ်။ ဒါကြောင့် အမျိုးသမီးတွေထဲမှာ နံပါတ်၁ အချမ်းသာဆုံးဖြစ်ပြီး ၊ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာတော့ နံပါတ်၁၅ဖြစ်ပါတယ်။

photo internet

(Zawgyi Version)





