လူပေါင်းနှစ်ရာကျော်အသေဆိုးနဲ့ သေခဲ့ရတဲ့ရွာ

0
1802
photo internet

လူသားတွေအားလုံးတစ်ပြုံကြီး သေဆုံးရတဲ့ရွာဆိုတာ ရှိတော့ရှိတယ်ရှားမယ်လို့ထင်ပါတယ်။ တစ်ယောက်ချင်းသေဆုံးတယ်ဆိုတာက သမားရိုးကျဖြစ်ပေမယ့် ရွာရှိသမျှလူအားလုံး ဘယ်မှာမှ သွားသေလို့မရဘဲ ရွာအတွင်းမှာပဲ စုပြုံသေပွဲဝင်ကြရတာပဲဖြစ်ပါတယ်။ အမှန်တကယ်ဖြစ်ရပ်ကိုပြောပြရမယ် ဆိုရင်တော့ အခုခေတ်လို မထွန်းကားသေးတာကြောင့်လည်း မဖြစ်သင့်ဘဲသေခဲ့ကြရတာဖြစ်ပါတယ်။ ကျန်ခဲ့သူအနည်းစုကလည်း အဲဒီရွာအနားကိုတောင် ပြန်မလာကြတော့ဘူးလို့ဆိုပါတယ်။

photo internet

Black Plague လို့ ခေါ်တဲ့ ပလိပ်ရောဂါဟာ ၁၃၄၇ ခုနဲ့ ၁၃၅၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပလိပ်ရောဂါဆိုးဟာ ဥရောပနဲ့ ယူရေးရှားဒေသမှာဖြစ်ပွားခဲ့တဲ့ ဒီရောဂါကြောင့် လူပေါင်း သန်း၇၀ကျော်ကနေ သန်း၂၀၀အကြားရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရောဂါဟာ သန်းကောင်တွေကမှတစ်ဆင့် သင်္ဘောသားကြွက်လို့ သိကြတဲ့Black Ratတွေရဲ့ ကိုယ်ပေါ်မှာ ပေါက်ပွားကြပြီး ရှင်သန်ကြတယ်လို့ဆိုပါတယ်။ ရောဂါရှိနေတဲ့ ကြွက်တွေဟာ အာရပ်ကုန်သည်များရောက်ရှိလာချိန်များမှာ သူတို့သင်္ဘောနဲ့ ပါလာကာရောဂါများပျံ့နှံ့ ကုန်တာဖြစ်ပါတယ်။ ဒီရောဂါပိုးကြောင့်ပဲ ဥရောပမှာဆိုရင် လူဦးရေ ၄၇၅သန်းရှိနေတဲ့ အထဲကမှ ၃၇၅သန်းအထိ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်တွေနဲ့ ဆိုးရွားစွာပဲကြုံလာခဲ့ပါတယ်။ အခုလို ကပ်ရောဂါကြုံလာခဲ့ကြတဲ့အချိန်များမှာတော့ အသေအကြေပိုများလာတာကြောင့် မိမိတို့မှာရောဂါပိုးရှိမရှိကို စစ်ဆေးတာမျိုးလည်း မလုပ်တော့ဘဲ ကပ်ရောဂါဘေးမှ လွတ်မြောက်ရာအရပ်ကို ပြောင်းပြေးကြတော့ တာပဲဖြစ်ပါတယ်။ ဒီလိုထွက်ပြေးသွားမှုတွေကြောင့်ပဲ တခြားမြို့များမှာလည်း ရောဂါတွေကူးစက်ခဲ့မှုတွေကြောင့် မြို့များပျက်စီးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

photo internet

၁၆၆၅ ခုနှစ် အင်္ဂလန်ပြည် ပလိပ်ရောဂါကပ်ဆိုးဟာ Eyamလို့ခေါ်တဲ့ ရွာလေးကို ရောက်ခဲ့ပါတယ်။ ပလိပ်ရောဂါကူးစက်ခံခဲ့ရတဲ့ သူတွေရဲ့ အဝတ်တစ်ထုပ်ရောက်လာတဲ့အချိန်မှစပြီး၊ ရွာလူကြီးအပါအဝင် အိမ်ထောင်စုအတော်များများ ဟာ သေဆုံးခဲ့ကြတာတွေကြောင့် တာဝန်ရှိသူများဆုံးဖြတ်ချက်အရ ပြင်ပလောကကို ပျံ့နှံ့ခြင်း မဖြစ်ပွားစေအောင်ဆိုကာ ရွာထဲကနေဘယ်သူမှ ထွက်သွားခွင့် မပေးဘဲ အတူနေထိုင်ကြရပါတယ်။ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ဒီရွာလေးဟာ Ghost ရွာလေးဖြစ်လာမှာ မလွဲတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ရောဂါဖြစ်သူရော၊ မဖြစ်သူပါ အတူနေထိုင်ရင်း ကြံ့ကြံ့ခံနိုင်ခဲ့ကြပေမယ့်၊ ၁၄ လကျော်ကြာတဲ့နောက်မှာတော့ တခြားနေရာတွေကို ရောဂါများ ပျံ့သွားတာမျိုးမရှိတော့ဘဲ ရွာရှိလူဦးရေ၃၅၀မှာ အသက်ရှင်တဲ့သူဟာ ၈၃ယောက်ပဲရှိတော့တာကို သိသွားကြတဲ့ အတွက် အနယ်နယ်အရပ်ရပ်က ချီးမွမ်းဂုဏ်ပြုပေးလာကြပါတယ်။ သေဆုံးသူတွေကို လည်း ဂုဏ်ပြုမှတ်တမ်းတင်ထားခဲ့ပါတယ်။ နောက်ဆုံးကျန်ခဲ့တဲ့ သူတွေဟာလည်း တစ်ရွာလုံးကုန်သလောက်ရှိနေပြီဖြစ်တာကြောင့် ရွာတံခါးပိတ်ကာ အားလုံး အသေခံခဲ့ကြတယ်လို့ စိတ်မကောင်းစွာပဲ သိခဲ့ရပါတယ်။ နာရေးဖြစ်သွားခဲ့တဲ့ အိမ်တိုင်းမှာလည်း ကိုယ့်အိမ်ခြံဝင်းထဲမှာပင် မြှုပ်နှံထားခဲ့ကြတာမို့ သရဲကျေးရွာလို့တောင် ခေါ်ရမလိုဖြစ်ခဲ့ပါတယ်။ ၂၀၁၁ခုနောက်ပိုင်း မှာတော့ အဲဒီကျေးရွာလေးဟာ လူဦးရေ ၉၆၉ရှိပြီး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ကြကာ Plague Village လို့ နာမည်ကျော်ကြားပြီး သမိုင်းမှတ်တမ်းများအရ အချက်အချာကျတဲ့နေရာတစ်ခုအဖြစ်နဲ့ လူသိများ ထင်ရှားလျက်ရှိပါတယ်။

photo internet

(Zawgyi Version)

လူေပါင္းႏွစ္ရာေက်ာ္အေသဆိုးနဲ႔ ေသခဲ့ရတဲ့ရြာ

လူသားေတြအားလံုးတစ္ၿပံဳႀကီး ေသဆံုးရတဲ့ရြာဆိုတာ ရွိေတာ့ရွိတယ္ရွားမယ္လို႔ထင္ပါတယ္။ တစ္ေယာက္ခ်င္းေသဆံုးတယ္ဆိုတာက သမားရိုးက်ျဖစ္ေပမယ့္ ရြာရွိသမွ်လူအားလံုး ဘယ္မွာမွ သြားေသလို႔မရဘဲ ရြာအတြင္းမွာပဲ စုၿပံဳေသပြဲ၀င္ၾကရတာပဲျဖစ္ပါတယ္။ အမွန္တကယ္ျဖစ္ရပ္ကိုေျပာျပရမယ္ဆိုရင္ေတာ့ အခုေခတ္လို မထြန္းကားေသးတာေၾကာင့္လည္း မျဖစ္သင့္ဘဲေသခဲ့ၾကရတာျဖစ္ပါတယ္။ က်န္ခဲ့သူအနည္းစုကလည္း အဲဒီရြာအနားကိုေတာင္ ျပန္မလာၾကေတာ့ဘူးလို႔ဆိုပါတယ္။

Black Plague လို႔ ေခၚတဲ့ ပလိပ္ေရာဂါဟာ ၁၃၄၇ ခုနဲ႔ ၁၃၅၁ ခုနွစ္မွာ ျဖစ္ပြားခဲ့တဲ့ ပလိပ္ေရာဂါဆိုးဟာ ဥေရာပနဲ႔ ယူေရးရွားေဒသမွာျဖစ္ပြားခဲ့တဲ့ ဒီေရာဂါေၾကာင့္ လူေပါင္း သန္း၇၀ေက်ာ္ကေန သန္း၂၀၀အၾကားရွိခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီေရာဂါဟာ သန္းေကာင္ေတြကမွတစ္ဆင့္ သေဘၤာသားၾကြက္လို႔ သိၾကတဲ့Black Ratေတြရဲ႕ ကိုယ္ေပၚမွာ ေပါက္ပြားၾကၿပီး ရွင္သန္ၾကတယ္လို႔ဆိုပါတယ္။ ေရာဂါရွိေနတဲ့ ၾကြက္ေတြဟာ အာရပ္ကုန္သည္မ်ားေရာက္ရွိလာခ်ိန္မ်ားမွာ သူတို႔သေဘၤာနဲ႔ ပါလာကာေရာဂါမ်ားပ်ံ႕ႏွံ႔ ကုန္တာျဖစ္ပါတယ္။ ဒီေရာဂါပိုးေၾကာင့္ပဲ ဥေရာပမွာဆိုရင္ လူဦးေရ ၄၇၅သန္းရွိေနတဲ့ အထဲကမွ ၃၇၅သန္းအထိ ထိတ္လန္႔ဖြယ္ရာ အျဖစ္အပ်က္ေတြနဲ႔ ဆိုးရြားစြာပဲႀကံဳလာခဲ့ပါတယ္။ အခုလို ကပ္ေရာဂါႀကံဳလာခဲ့ၾကတဲ့အခ်ိန္မ်ားမွာေတာ့ အေသအေၾကပိုမ်ားလာတာေၾကာင့္ မိမိတို႔မွာေရာဂါပိုးရွိမရွိကို စစ္ေဆးတာမ်ိဳးလည္း မလုပ္ေတာ့ဘဲ ကပ္ေရာဂါေဘးမွ လြတ္ေျမာက္ရာအရပ္ကို ေျပာင္းေျပးၾကေတာ့ တာပဲျဖစ္ပါတယ္။ ဒီလိုထြက္ေျပးသြားမႈေတြေၾကာင့္ပဲ တျခားၿမိဳ႕မ်ားမွာလည္း ေရာဂါေတြကူးစက္ခဲ့မႈေတြေၾကာင့္ ၿမိဳ႕မ်ားပ်က္စီးတဲ့အထိ ျဖစ္ခဲ့ပါတယ္။

၁၆၆၅ ခုႏွစ္ အဂၤလန္ျပည္ ပလိပ္ေရာဂါကပ္ဆိုးဟာ Eyamလို႔ေခၚတဲ့ ရြာေလးကို ေရာက္ခဲ့ပါတယ္။ ပလိပ္ေရာဂါကူးစက္ခံခဲ့ရတဲ့ သူေတြရဲ႕ အ၀တ္တစ္ထုပ္ေရာက္လာတဲ့အခ်ိန္မွစၿပီး၊ ရြာလူႀကီးအပါအ၀င္ အိမ္ေထာင္စုအေတာ္မ်ားမ်ား ဟာ ေသဆံုးခဲ့ၾကတာေတြေၾကာင့္ တာ၀န္ရွိသူမ်ားဆံုးျဖတ္ခ်က္အရ ျပင္ပေလာကကို ပ်ံ႕ႏွံ႔ျခင္း မျဖစ္ပြားေစေအာင္ဆိုကာ ရြာထဲကေနဘယ္သူမွ ထြက္သြားခြင့္ မေပးဘဲ အတူေနထိုင္ၾကရပါတယ္။ အျဖစ္ဆိုးနဲ႔ ႀကံဳခဲ့ရတဲ့ဒီရြာေလးဟာ Ghost ရြာေလးျဖစ္လာမွာ မလဲြေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ေရာဂါျဖစ္သူေရာ၊ မျဖစ္သူပါ အတူေနထိုင္ရင္း ၾကံ႕ၾကံ႕ခံႏိုင္ခဲ့ၾကေပမယ့္၊ ၁၄ လေက်ာ္ၾကာတဲ့ေနာက္မွာေတာ့ တျခားေနရာေတြကို ေရာဂါမ်ား ပ်ံ႕သြားတာမ်ိဳးမရွိေတာ့ဘဲ ရြာရွိလူဦးေရ၃၅၀မွာ အသက္ရွင္တဲ့သူဟာ ၈၃ေယာက္ပဲရွိေတာ့တာကို သိသြားၾကတဲ့ အတြက္ အနယ္နယ္အရပ္ရပ္က ခ်ီးမြမ္းဂုဏ္ျပဳေပးလာၾကပါတယ္။ ေသဆံုးသူေတြကို လည္း ဂုဏ္ျပဳမွတ္တမ္းတင္ထားခဲ့ပါတယ္။ ေနာက္ဆံုးက်န္ခဲ့တဲ့ သူေတြဟာလည္း တစ္ရြာလံုးကုန္သေလာက္ရွိေနၿပီျဖစ္တာေၾကာင့္ ရြာတံခါးပိတ္ကာ အားလံုး အေသခံခဲ့ၾကတယ္လို႔ စိတ္မေကာင္းစြာပဲ သိခဲ့ရပါတယ္။ နာေရးျဖစ္သြားခဲ့တဲ့ အိမ္တိုင္းမွာလည္း ကိုယ့္အိမ္ျခံ၀င္းထဲမွာပင္ ျမွဳပ္ႏွံထားခဲ့ၾကတာမို႔ သရဲေက်းရြာလို႔ေတာင္ ေခၚရမလုိျဖစ္ခဲ့ပါတယ္။ ၂၀၁၁ခုေနာက္ပိုင္း မွာေတာ့ အဲဒီေက်းရြာေလးဟာ လူဦးေရ ၉၆၉ရွိၿပီး၊ ကမၻာလွည့္ခရီးသြားလုပ္ငန္းကို လုပ္ကိုင္ၾကကာ Plague Village လို႔ နာမည္ေက်ာ္ၾကားၿပီး သမိုင္းမွတ္တမ္းမ်ားအရ အခ်က္အခ်ာက်တဲ့ေနရာတစ္ခုအျဖစ္နဲ႔ လူသိမ်ား ထင္ရွားလ်က္ရွိပါတယ္။