အရောင်အသွေးစုံလင်တဲ့ချစ်စရာတိရစ္ဆာန်လေးများ

0
1396
photo internet

ပန်းကလေးတွေမှာမှ အရောင်အသွေးစုံလင်တာမဟုတ်ပါဘူး၊ ငှက်ကလေးတွေ၊ ခွေးလေးတွေနဲ့ တခြားအကောင်လေးတွေမှာလည်း အရောင်အသွေးစုံလင်လှတာတွေလည်း အများကြီးတွေ့ဖူးကြမှာဖြစ်ပါတယ်။ အဲဒီလို များလွန်းလှတဲ့ ချစ်စရာအရောင်စုံ ကောင်လေးတွေကို ကိုင်တွယ်ယုယတတ်ကြတဲ့ မိတ်ဆွေတို့အတွက် ရေအောက်ကြမ်းပြင်မှာသာမြင်နိုင်တဲ့ အကောင်လေးတွေနဲ့ သဘာဝတရားကြီးရဲ့ လှပဆန်းပြားစွာဖြစ်တည်ထား မှုလေးတွေအတိုင်းလှပစွာရှိနေတဲ့ ငါးကလေးတွေနဲ့တခြားအကောင်လေးတွေ အကြောင်းကို ပါပြောပြပေးမှာမို့ ဖတ်ရှုအားပေးစေချင်ပါတယ်။

photo internet

ဘယ်လောက်ထိချစ်စရာကောင်းနေလဲဆိုရင် ခရစ်စမတ်သစ်ပင်နဲ့ ပုံစံတူနေတဲ့ တီကောင်လေးတွေ ဟာလည်းအရောင်စုံလေးတွေဖြစ်နေတာမို့ လှပလွန်းတဲ့ ကြမ်းခင်းကမ္ဘာကြီးကို ရောက်နေသလားလို့ တောင်ထင်ရပါတယ်။တီကောင်လေးတွေအနေနဲ့ တောက်ပတဲ့အရောင်တွေကို ပိုင်ဆိုင်ထားပြီး၊ သူတို့မှာ ရှည်လျားပြန့်ကားပြီးရစ်ပတ်နိုင်တဲ့ အမွှေးအတောင်လေးတွေလည်းရှိတယ်လို့ဆိုပါတယ်။

photo internet

နောက်တစ်မျိုးကိုပြောပြရမယ်ဆိုရင် အမွှေးအတောင်လေးတွေဟာ အနီ၊လိမ္မော်၊အဝါ၊အဖြူ၊ပန်းရောင်တို့နဲ့လှပနေပြီး၊ အစာရှာရာမှာလည်း အဲဒီအမွှေးအတောင်လေးတွေကို အဓိကအသုံးပြုတယ်လို့ဆိုပါတယ်။ သူ့နာမည်လေးကလည်းဆန်းပြားလှပါတယ်။ Christmas Tree Wormလို့အမည်ရပါတယ်။ ဒီအကောင်လေးတွေရဲ့ မျက်နှာပြင်ပေါ်က အမွှေးတောင်လေးတွေဟာ သူတို့အနီးကိုရောက်လာတဲ့ ရေအောက်နေ သတ္တဝါငယ်လေးတွေ ဖမ်းယူကာ ပါးစပ်ထဲအထိရောက်အောင် သယ်ပို့ယူတာဖြစ်ပါတယ်။

photo internet

ပန်းလေးတွေလိုပဲလှနေတဲ့ သတ္တဝါလေးတွေလည်းရှိနေပါတယ်။ အဲဒီအကောင်လေးဟာ အသွေးအရောင်စုံပြီးလှနေတဲ့ပန်းလေးတွေလိုဖြစ်နေပေမယ့် အမှန်တကယ်တော့ အဲဒီပန်းလေးတွေဟာ အင်းဆက်တွေကိုမှ စားသုံးတဲ့ အကောင်လေးတွေဖြစ်ပါတယ်။ ဒီအကောင်လေးတွေကို Sea Anemone လို့ ခေါ်ကာ သူတို့ရဲ့ အရောင်လေးတွေဟာဖျော့တယ်ဆိုရုံလေးနဲ့ မီးချောင်းကြီးတွေလို လင်းထိန်နေတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထား ကြကာ သူတို့တွေရဲ့ ပါးစပ်ပေါက်နေရာမှာတော့ဆယ်ဂဏန်းကနေ ရာချီတဲ့အထိ အဆိပ်လက်တံတွေကာရံထားကြောင်း ဗဟုသုတရရှိပါတယ်။ အဲဒီလက်တံတွေဟာ အစာရှာရာမှာအသုံးပြုကြပြီး သတ္တဝါကြီးတွေရဲ့ ရန်ကနေလွတ်မြောက်ဖို့အသုံးပြုတယ်လို့ဆိုပါတယ်။

photo internet

သဘာဝတရားကြီးရဲ့ ထူးခြားဆန်းပြားစွာဖြစ်တည်နေမှုတွေဟာ အားလုံး အံ့သြလို့ မကုန်နိုင်အောင်ဖြစ်ရပါတယ်။ လူတွေကပြုလုပ်ထားတဲ့ အရုပ်လေးတွေအတိုင်း လှပဆန်းပြားနေတဲ့ ငါးကလေးတစ်ကောင်ကတော့ အရောင်လေးတွေဆန်းပြားလှပလွန်းတာမို့ Parrotfishလို့ခေါ်ပါတယ်။ သူ့ရဲ့ နှုတ်သီးလေးဟာ ကြက်တူရွေးနှုတ်သီးနဲ့တူနေတာကာ၊ ပိုပြီးထူးခြားတာကတော့ သူတို့လေးတွေဟာ အသွေးအရောင်နဲ့ အထီး၊အမ ၊လိင်တွေဟာ ငါးရဲ့ ကြီးထွားမှုပုံစံကိုလိုက်ပြီး ပြောင်းလဲတာလို့သိရပါတယ်။ စမွေးကာစမှာတော့ အမသဘာဝနဲ့မွေးကာ၊ တဖြည်းဖြည်းကြီးလာချိန်မှာတော့ လိင်များပြောင်းလဲကုန်တယ်လို့ဆိုပါတယ်။ မွေးစမှာ အညို၊မီးခိုးအနီရောင် နဲ့ဖြစ်ပြီး၊ အသက်ကြီးလာတဲ့အခါမှာ အစိမ်း၊အပြာရောင်များအဖြစ်အရောင်ပြောင်းသွား ကြောင်းဆိုပါတယ်။ အဲဒီငါးတွေဟာလည်း နေထိုင်ရာဒေသရဲ့အနေအထားကိုလိုက်ပြီးလည်း အရောင်ပြောင်းလဲတတ် တယ်လို့ဆိုပါတယ်။ ဒါကြောင့် သဘာဝအတိုင်း ဖြစ်တည်လာကြတဲ့ တိရစ္ဆာန်လေးတွေဟာ အများကြီးရှိပါတယ်။ ဘယ်လိုဖြစ်ဖြစ် ထူးခြားလှပနေပြီးဆန်းပြားတဲ့အကောင်လေးတွေမှ သဘောကျတဲ့သူတွေဆို ရေအောက်ကနေကို အပေါ်ပြန်တက်ချင်မှာကို မဟုတ်တော့ဘူးလို့ဆိုပါတယ်။

photo internet

(Zawgyi Version)

အေရာင္အေသြးစံုလင္တဲ့ခ်စ္စရာတိရစၧာန္ေလးမ်ား

ပန္းကေလးေတြမွာမွ အေရာင္အေသြးစံုလင္တာမဟုတ္ပါဘူး၊ ငွက္ကေလးေတြ၊ ေခြးေလးေတြနဲ႔ တျခားအေကာင္ေလးေတြမွာလည္း အေရာင္အေသြးစံုလင္လွတာေတြလည္း အမ်ားႀကီးေတြ႔ဖူးၾကမွာျဖစ္ပါတယ္။ အဲဒီလို မ်ားလြန္းလွတဲ့ ခ်စ္စရာအေရာင္စံု ေကာင္ေလးေတြကို ကိုင္တြယ္ယုယတတ္ၾကတဲ့ မိတ္ေဆြတို႔အတြက္ ေရေအာက္ၾကမ္းျပင္မွာသာျမင္ႏိုင္တဲ့ အေကာင္ေလးေတြနဲ႔ သဘာ၀တရားႀကီးရဲ႕ လွပဆန္းျပားစြာျဖစ္တည္ထားမႈေလးေတြအတိုင္းလွပစြာရွိေနတဲ့ ငါးကေလးေတြနဲ႔တျခားအေကာင္ေလးေတြ အေၾကာင္းကို ပါေျပာျပေပးမွာမို႔ ဖတ္ရႈအားေပးေစခ်င္ပါတယ္။

ဘယ္ေလာက္ထိခ်စ္စရာေကာင္းေနလဲဆိုရင္ ခရစ္စမတ္သစ္ပင္နဲ႔ ပံုစံတူေနတဲ့ တီိေကာင္ေလးေတြ ဟာလည္းအေရာင္စံုေလးေတြျဖစ္ေနတာမို႔ လွပလြန္းတဲ့ ၾကမ္းခင္းကမၻာႀကီးကို ေရာက္ေနသလားလို႔ ေတာင္ထင္ရပါတယ္။တီေကာင္ေလးေတြအေနနဲ႔ ေတာက္ပတဲ့အေရာင္ေတြကို ပိုင္ဆိုင္ထားၿပီး၊ သူတို႔မွာ ရွည္လ်ားျပန္႔ကားၿပီးရစ္ပတ္ႏိုင္တဲ့ အေမႊးအေတာင္ေလးေတြလည္းရွိတယ္လို႔ဆိုပါတယ္။

ေနာက္တစ္မ်ိဳးကိုေျပာျပရမယ္ဆိုရင္ အေမႊးအေတာင္ေလးေတြဟာ အနီ၊လိေမၼာ္၊အ၀ါ၊အျဖဴ၊ပန္းေရာင္တို႔နဲ႔လွပေနၿပီး၊ အစာရွာရာမွာလည္း အဲဒီအေမႊးအေတာင္ေလးေတြကို အဓိကအသံုးျပဳတယ္လို႔ဆိုပါတယ္။ သူ႔နာမည္ေလးကလည္းဆန္းျပားလွပါတယ္။ Christmas Tree Wormလို႔အမည္ရပါတယ္။ ဒီအေကာင္ေလးေတြရဲ႕ မ်က္ႏွာျပင္ေပၚက အေမႊးေတာင္ေလးေတြဟာ သူတို႔အနီးကိုေရာက္လာတဲ့ ေရေအာက္ေန သတၱ၀ါငယ္ေလးေတြ ဖမ္းယူကာ ပါးစပ္ထဲအထိေရာက္ေအာင္ သယ္ပို႔ယူတာျဖစ္ပါတယ္။

ပန္းေလးေတြလိုပဲလွေနတဲ့ သတၱ၀ါေလးေတြလည္းရွိေနပါတယ္။ အဲဒီအေကာင္ေလးဟာ အေသြးအေရာင္စံုၿပီးလွေနတဲ့ပန္းေလးေတြလိုုျဖစ္ေနေပမယ့္ အမွန္တကယ္ေတာ့ အဲဒီပန္းေလးေတြဟာ အင္းဆက္ေတြကိုမွ စားသံုးတဲ့ အေကာင္ေလးေတြျဖစ္ပါတယ္။ ဒီအေကာင္ေလးေတြကို Sea Anemone လို႔ ေခၚကာ သူတို႔ရဲ႕ အေရာင္ေလးေတြဟာေဖ်ာ့တယ္ဆိုရံုေလးနဲ႔ မီးေခ်ာင္းႀကီးေတြလို လင္းထိန္ေနတဲ့ ခႏၶာကိုယ္ပိုင္ဆိုင္ထားၾကကာ သူတို႔ေတြရဲ႕ ပါးစပ္ေပါက္ေနရာမွာေတာ့ဆယ္ဂဏန္းကေန ရာခ်ီတဲ့အထိ အဆိပ္လက္တံေတြကာရံထားေၾကာင္းဗဟုသုတရရွိပါတယ္။ အဲဒီလက္တံေတြဟာ အစာရွာရာမွာအသံုးျပဳၾကၿပီး သတၱ၀ါႀကီးေတြရဲ႕ ရန္ကေနလြတ္ေျမာက္ဖို႔အသံုးျပဳတယ္လို႔ဆိုပါတယ္။

သဘာ၀တရားႀကီးရဲ႕ ထူးျခားဆန္းျပားစြာျဖစ္တည္ေနမႈေတြဟာ အားလံုး အံ့ၾသလို႔ မကုန္ႏိုင္ေအာင္ျဖစ္ရပါတယ္။ လူေတြကျပဳလုပ္ထားတဲ့ အရုပ္ေလးေတြအတိုင္း လွပဆန္းျပားေနတဲ့ ငါးကေလးတစ္ေကာင္ကေတာ့ အေရာင္ေလးေတြဆန္းျပားလွပလြန္းတာမို႔ Parrotfishလို႔ေခၚပါတယ္။ သူ႔ရဲ႕ ႏႈတ္သီးေလးဟာ ၾကက္တူေရြးႏႈတ္သီးနဲ႔တူေနတာကာ၊ ပိုၿပီးထူးျခားတာကေတာ့ သူတို႔ေလးေတြဟာ အေသြးအေရာင္နဲ႔ အထီး၊အမ ၊လိင္ေတြဟာ ငါးရဲ႕ ႀကီးထြားမႈပံုစံကိုလိုက္ၿပီး ေျပာင္းလဲတာလို႔သိရပါတယ္။ စေမြးကာစမွာေတာ့ အမသဘာ၀နဲ႔ေမြးကာ၊ တျဖည္းျဖည္းႀကီးလာခ်ိန္မွာေတာ့ လိင္မ်ားေျပာင္းလဲကုန္တယ္လို႔ဆိုပါတယ္။ ေမြးစမွာ အညိဳ၊မီးခိုးအနီေရာင္ နဲ႔ျဖစ္ၿပီး၊ အသက္ႀကီးလာတဲ့အခါမွာ အစိမ္း၊အျပာေရာင္မ်ားအျဖစ္အေရာင္ေျပာင္းသြားေၾကာင္းဆိုပါတယ္။ အဲဒီငါးေတြဟာလည္း ေနထိုင္ရာေဒသရဲ႕အေနအထားကိုလိုက္ၿပီးလည္း အေရာင္ေျပာင္းလဲတတ္ တယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ သဘာ၀အတိုင္း ျဖစ္တည္လာၾကတဲ့ တိရစၧာန္ေလးေတြဟာ အမ်ားႀကီးရွိပါတယ္။ဘယ္လိုျဖစ္ျဖစ္ ထူးျခားလွပေနၿပီးဆန္းျပားတဲ့အေကာင္ေလးေတြမွ သေဘာက်တဲ့သူေတြဆို ေရေအာက္ကေနကို အေပၚျပန္တက္ခ်င္မွာကို မဟုတ္ေတာ့ဘူးလို႔ဆိုပါတယ္။